← Chapters

မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေ

Vol. 128 Ch. 1914

မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေ

Vol. 128 Ch. 1914

မြို့ဝန်မင်းစံအိမ်မှာ သုံးရက်ကြာကုသပြီးနောက် ဆူဇီမို၏ ဒဏ်ရာအများစုက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ စွမ်းအားကြီးမားသော ပြန်လည်ကုသနိုင်စွမ်းနှင့်အတူ သက်သာပျောက်ကင်းသွား၏။

ပြီးခဲ့သည့်သုံးရက်မှာ ပို့ဆောင်ရေးဝင်္ကပါကိုလည်း ပြင်ဆင်လို့ပြီးသွားခဲ့ပြီဖြစ်၏။

ဆူဇီမိုက ချက်ချင်းထွက်ခွာမသွားခဲ့ပေ။ ထိုအစား သူက ရှုရှစ်ကို သွားရောက်နှုတ်ဆက်ပြီး အချို့အရာများနှင့်ပတ်သက်၍ မေးမြန်းစုံစမ်းချင်၏။

နှင်းလေတောင်ကြောရိုးမှ လူတိုင်းသည် အစိမ်းရောင်တိမ်စိုင်တိုင်းပြည်နှင့် မဟာကျင်းအင်မော်တယ်နိုင်ငံအကြောင်း များစွာသိရှိမထားပေ။

ရှုရှစ်သည်လည်း အောက်ဘုံမှတက်လှမ်းလာသူတစ်ယောက်ဖြစ်သော်လည်း သူသည် သူ့ကိုယ်ပိုင် အစွမ်းအစနှင့်အတူ နဂါးအသူရာချောက်နက်မြို့တော်၏ မြို့တော်အရှင်ဖြစ်လာခြင်းနှင့်အတူ သူက အစိမ်းရောင်တိမ်စိုင်တိုင်းပြည်အကြောင်း အတော်များများ သိရှိထားပေလိမ့်မည်။

သူသည် အစိမ်းရောင်တိမ်စိုင်တိုင်းပြည်နှင့်ပတ်သက်၍ ပိုမိုနားလည်သဘောပေါက်ထားနိုင်မည်ဆိုလျှင် သူသည် ပြဿနာအချို့ကို ကြိုတင်ရှောင်လွှဲနိုင်မည်ဖြစ်၏။

ဆူဇီမိုက ကိုယ်တိုင်ရောက်ရှိလာသောအခါ ရှုရှစ်က အံ့အားသင့်သွား၏။

သူ့ထင်မြင်ချက်အရ အဆင့်-၇ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်၏ လက်ချက်ဖြင့် ဒဏ်ရာအပြင်းအထန် ရရှိပြီးနောက် သူက ကုသဖို့အတွက် အနည်းဆုံး တစ်နှစ်လောက် အချိန်ယူရပေလိမ့်မည်။ သို့သော်လည်း ဆူဇီမိုက သုံးရက်တာမျှနှင့် ကောင်းမွန်လာခဲ့ပြီဖြစ်၏။

ဆူဇီမိုအပေါ် ရှုရှစ်၏ တန်ဖိုးချင့်တွက်မှုက နောက်တစ်ဖန်တိုးမြင့်သွား၏။

“ညီကိုဆူ..”

ရှုရှစ်က ဆူဇီမိုကိုကြိုဆိုပြီး မြို့တော်အရှင်တစ်ယောက်၏ မောက်မာမှုမျိုး နည်းနည်းကလေးမှမရှိဘဲ သူ၏ လက်သီးနှစ်ဖက်ကို ယှက်ပြလိုက်၏။

ဆူဇီမို၏ ကျင့်ကြံမှုနယ်ပယ်က သူ့ထက်ပို၍နိမ့်ကျသော်လည်း ကြော့ရှင်းသော သွင်ပြင်များနှင့် နုနယ်ပုံရသော ဤစာပေသမားက ရက်စက်ကြမ်းတမ်းသော ပုဂ္ဂိုလ်တစ်ယောက်သေချာပေါက်ဖြစ်သည်ကို သူသိထားပြီဖြစ်၏။

“ညီကိုဆူ... ခင်ဗျားသွားတော့မှာလား”

ရှုရှစ်က မေးလိုက်၏။

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်သည်။

“နောက်နှစ်ရက်နေလို့ ကျုပ်ဒဏ်ရာတွေ သက်သာပျောက်ကင်းသွားပြီးရင် ကျုပ်လှုပ်ရှားမယ်... ဒီတစ်ခေါက် ကျုပ်ဒီကိုလာခဲ့တာက မေးခွန်းတချို့မေးချင်လို့ပဲ”

“ညီကိုဆူ... ကျေးဇူးပြုပြီးပြောပါ”

ရှုရှစ်က ပြောလိုက်၏။

ဆူဇီမိုက ခဏမျှစဥ်းစားပြီးနောက် ပြောလိုက်၏။

“အထက်ဘုံမှာ မဟာလောကသုံးထောင်ရှိတယ်လို့ ကျုပ်ကြားထားတယ်... နဂါးအသူရာချောက်နက်ကြယ်က ဘယ်ကမ္ဘာထဲမှာ ပါဝင်တာလဲ”

“ပြောရမယ်ဆိုရင်တော့... အဲ့ဒါက ကောင်းကင်ဘုံကမ္ဘာထဲမှာပဲ”

ရှုရှစ်က ပြန်ဖြေလိုက်၏။

“ဒါပေမဲ့... ကောင်းကင်ဘုံကမ္ဘာက အရမ်းကိုကြီးမားတယ်... စဥ်းစားကြည့်လို့တောင်မရဘူး... ကောင်းကင်အင်မော်တယ်တွေနဲ့ ပကတိအင်မော်တယ်တွေတောင်မှ ကောင်းကင်ဘုံကမ္ဘာတစ်ခုလုံးကို နှံ့စပ်အောင်သွားလာနိုင်မှာ မဟုတ်ဘူး”

ဆူဇီမိုသည် တျဲယွဲ့ထံမှ ကောင်းကင်ဘုံကမ္ဘာအကြောင်း အရင်ကကြားဖူးထားခဲ့၏။

တျဲယွဲ့ပြောပုံအရ အောက်ဘုံလောကမှ သန်းပေါင်းများစွာသောလူသားများ၏ ထက်ဝက်ကျော်သည် ကောင်းကင်ဘုံကမ္ဘာသို့ တက်လှမ်းကြမည်ဖြစ်ပြီး လူသားဧကရာဇ်သည်လည်း ထိုအထဲမှာပါဝင်ခဲ့ပေလိမ့်မည်။

သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည်လည်း ကောင်းကင်ဘုံကမ္ဘာသို့ တက်လှမ်းနိုင်မည်ဖြစ်ကြောင်း တျဲယွဲ့က ပြောခဲ့ဖူး၏။

ဆူဇီမိုသည် သူ၏ တက်လှမ်းစဥ်အတောအတွင်း ပြဿနာများနှင့် ကြုံတွေ့ခဲ့ရသော်လည်း သူက နောက်ဆုံးမှာ ကောင်းကင်ဘုံကမ္ဘာသို့ ရောက်ရှိလာဆဲ ဖြစ်၏။

“ကောင်းကင်ဘုံကမ္ဘာကို အဓိကနယ်မြေ​ဒေသကြီးသုံးခုခွဲခြားထားတယ်... အဲ့ဒါတွေက မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေ ၊ သုခဘုံသန့်စင်ကုန်းမြေနဲ့ မိစ္ဆာမဟာနယ်မြေပဲ”

ရှုရှစ်က ဆက်ပြောလိုက်၏။

“အဲ့ဒီနယ်မြေဒေသကြီးသုံးခုကြားမှာ ကောင်းကင်တစ်ခွင်အုပ်မိုးနေတဲ့ စိမ်းစိုလန်းဆန်းတဲ့သစ်ရွက်တွေနဲ့ အထွတ်အမြတ်သစ်ပင်တစ်ပင်ရှိတယ်လို့ကြားတယ်... အဲ့ဒီသစ်ပင်ရဲ့ တုတ်ခိုင်ပြီးတော့ စွမ်းအားကြီးမားတဲ့သစ်မြစ်တွေက နယ်မြေဒေသကြီးသုံးခုရဲ့ ပိုင်နက်နယ်မြေတွေကို ချိတ်ဆက်ပေးထားတယ်တဲ့”

“သစ်ပင်တစ်ပင်တည်းက နယ်မြေဒေသသုံးခုကို ချိတ်ဆက်ပေးထားတာလား”

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။

အဲ့ဒါက ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားလိုက်သလဲ။

ဤအထွတ်အမြတ်သစ်ပင်က ဘယ်လောက်တောင်စွမ်းအားကြီးမားလိုက်မလဲ။

ရှုရှစ်က ပြောလိုက်၏။

“တကယ်တော့... အဲ့ဒါတွေက အစိမ်းရောင်တိမ်စိုင်တိုင်းပြည်ကို ကျုပ်ရောက်တုန်းက ကြားခဲ့ရတဲ့ ဒဏ္ဍာရီတွေပဲ... ကျုပ်လည်းသေချာမသိဘူး”

“ဒဏ္ဍာရီအရတော့ အဲ့ဒီအထွတ်အမြတ်သစ်ပင်က ကောင်းကင်ဘုံကမ္ဘာရဲ့ အခြေခံအုတ်မြစ်တဲ့... အဲ့ဒါက ထာဝရတည်တံ့ပြီးတော့ ကိုင်လှုပ်လို့မရဘူး... အထက်ဘုံလောကရဲ့ ကောင်းကင်နဲ့မြေကြီး အမြုတေချီတွေကိုလည်း အဲ့ဒီသစ်ပင်က စုစည်းပေးထားတာတဲ့”

သစ်ပင်တစ်ပင်တည်းက... ကမ္ဘာတစ်ခုလုံး၏ အခြေခံအုတ်မြစ်ဖြစ်လာခြင်း။

အဲ့ဒါကို အထွတ်အမြတ်သစ်ပင်တစ်ပင်ဟုခေါ်ဆိုသည်မှာ အံ့ဩစရာမရှိတော့ပေ။

ဆူဇီမိုက ပြောလိုက်၏။

“အဲ့လိုဆိုရင်... မဟာကျင်းအင်မော်တယ်နိုင်ငံက မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်မှာပေါ့”

“ဟုတ်တယ်... ဒါပေမဲ့ မဟုတ်ဘူး”

ရှုရှစ်က ပြုံးပြလိုက်၏။

“မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေဆိုတာ... ယေဘုယျဝေါဟာရတစ်ခုပဲ... အတိအကျပြောရရင် အဲ့ဒီမှာ အင်မော်တယ်မဟာနယ်မြေ စုစုပေါင်း ကိုးခုထိရှိတယ်... အဲ့ဒါကြောင့်လည်းအဲ့ဒါကို မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေလို့ ခေါ်တာပဲ”

“မဟာကျင်းအင်မော်တယ်နိုင်ငံနဲ့ နဂါးအသူရာချောက်နက်ကြယ်က မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေထဲကမှ ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေထဲမှာ ပါဝင်တယ်”

ဆူဇီမိုက တုန်လှုပ်သွားသောအမူအရာနှင့် ပါးစပ်အဟောင်းသားဖြစ်သွား၏။

ကောင်းကင်ဘုံကမ္ဘာတစ်ခုလုံးက သူစဥ်းစားတွေးတောထားသည်ထက် များစွာပိုမိုကြီးမားနေကြောင်း ထိုအခိုက်အတန့်မှသာ သူက နားလည်သဘောပေါက်သွား၏။

သူရှိနေသော နဂါးအသူရာချောက်နက်ကြယ်သည် ဂမ္ဘီရမိုးကောင်းကင် အင်မော််တယ်မဟာနယ်မြေထဲမှ အစွန်အဖျားကြယ်တစ်စင်းမျှသာဖြစ်၏။

အဲ့ဒီမှာ ဂမ္ဘီရမိုးကောင်းကင်အင်မော််တယ်မဟာနယ်မြေကဲ့သို့ နယ်မြေဒေသကြီး စုစုပေါင်း ကိုးခုအထိရှိနေ၏။

မဟာနယ်မြေကိုးခုဖြင့် မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေကို ဖွဲ့စည်းထားခြင်းဖြစ်၏။

သို့သော်လည်း မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေသည် ကောင်းကင်ဘုံကမ္ဘာ၏ အစိတ်အပိုင်းတစ်ခုမျှသာဖြစ်ပြန်၏။

ဆူဇီမို၏ ကြောင်အ,မှင်တက်နေသော အမူအရာကိုတွေ့မြင်သောအခါ ရှုရှစ်ကလည်း ရယ်မောလိုက်၏။

“မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေက ကျုပ်တို့နဲ့အရမ်းကိုဝေးကွာလွန်းတယ်... တခြား အင်မော်တယ်မဟာနယ်မြေကြီး ရှစ်ခုကို နာမည်ဘယ်လိုခေါ်လည်းဆိုတာတောင် ကျုပ်မသိဘူး”

“ကျုပ်က... အထက်ဘုံမှာ တိုက်ခိုက်လာခဲ့တာ နှစ်ပေါင်းသောင်းချီကြာသွားခဲ့ပြီ... ဒီနေ့ဒီအချိန်ထိကို ကျုပ်က မဟာကျင်းအင်မော်တယ်နိုင်ငံကိုမပြောနဲ့ အစိမ်းရောင်တိမ်စိုင်တိုင်းပြည်ကနေတောင်မှာ တစ်ခါမှမထွက်ခွာခဲ့ဖူးဘူး... ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေဆိုတာ ကျုပ်နဲ့အဝေးကြီးပဲ”

ဆူဇီမိုက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူ့ကိုယ်သူတည်ငြိမ်စေလိုက်၏။

အစိမ်းရောင်တိမ်စိုင်တိုင်းပြည်သည် ထျန်ဟွမ်ကုန်းမြေတိုက်ထက် အဆများစွာပိုမိုကြီးမား၏။ မဟာကျင်းအင်မော်တယ်နိုင်ငံတစ်ခုလုံး... ဂမ္ဘီရမိုးကောင်းကင်အင်မော််တယ်မဟာနယ်မြေ၊ မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေနှင့် ကောင်းကင်ဘုံကမ္ဘာတစ်ခုလုံးမှာဆိုလျှင် မရေမတွက်နိုင်သော ပြိုင်စံရှားများနှင့် ပြန်ဝင်စားမွန်းစတားများက မွေးဖွားပေါ်ထွက်လာပေလိမ့်မည်။

သို့သော်လည်း ကောင်းကင်ဘုံကမ္ဘာက မဟာလောကသုံးထောင်ထဲမှ တစ်ခုသာလျှင်ဖြစ်၏။

လူသားဧကရာဇ်နှင့် တျဲယွဲ့သည် ဆင်တူသော ကိစ္စများကိုပြောဆိုခဲ့သည်မှာ မထူးဆန်းတော့ပေ။ အထက်ဘုံမှာ ပြိုင်စံရှားများက မြင့်မားပေါ်ထွက်လာပြီး ပြန်ဝင်စားမွန်းစတားများက ကြီးစိုးခြယ်လှယ်ကြ၏။

အဲ့ဒါသည် ထျန်ဟွမ်ကုန်းမြေတိုက်မှာထက် များစွာပို၍ကြောက်စရာကောင်းပြီး များစွာပို၍ ရက်စက်ကြမ်းတမ်းသော စစ်တလင်းမြေတစ်ခုဖြစ်၏။

“ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ မဟာကျင်းအင်မော်တယ်နိုင်ငံလို အဖွဲ့အစည်းဘယ်နှစ်ခုရှိလဲ”

ဆူဇီမိုက မေးလိုက်၏။

“စုစုပေါင်း သုံးခု”

ရှုရှစ်က ပြောလိုက်၏။

“မဟာကျင်းအင်မော်တယ်နိုင်ငံရယ်... ယင်ယန်အင်မော်တယ်နိုင်ငံရယ်... ပြီးတော့ ကျိရွှမ်အင်မော်တယ်နိုင်ငံ... အဲ့ဒီနိုင်ငံတစ်ခုချင်းစီကို အင်မော်တယ်ဘုရင်တစ်ပါးစီက အုပ်ချုပ်ပြီးတော့ သူတို့ပိုင်နက်နယ်မြေတွေကို ဂမ္ဘီရမိုးကောင်းကင် အင်မော််တယ်မဟာနယ်မြေကနေ ခွဲခြားပေးထားတယ်”

အင်မော်တယ်ဘုရင်...

အင်မော်တယ်ဘုရင်များသည် ပကတိအင်မော်တယ်များ၏ အထက်မှာ ဖြစ်၏။

“အင်မော်တယ်နိုင်ငံ သုံးနိုင်ငံရဲ့ တရားစီရင်မှုအောက်မှာဆိုရင် ဘယ်ကျင့်ကြံသူ ဘယ်ဂိုဏ်း ဘယ်အဖွဲ့အစည်းကမှ အဲ့ဒီအင်မော်တယ်နိုင်ငံတွေရဲ့ အမိန့်အာဏာကို မဆန့်ကျင်ရဲဘူး”

ရှုရှစ်က ပြောလိုက်၏။

“ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာဆို... အင်မော်တယ်နိုင်ငံ သုံးနိုင်ငံက ပကတိဩဇာလွှမ်းမိုးမှုရှိတယ်”

ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်ပြီး မေးလိုက်၏။

“ဘယ်ဂိုဏ်း ဘယ်အဖွဲ့အစည်းကမှ အင်မော်တယ်နိုင်ငံတွေကို မဆန့်ကျင်နိုင်ဘူးလား”

“မရဘူး”

ရှုရှစ်က သူ၏ ခေါင်းကို ခါပြလိုက်၏။

“ဂမ္ဘီရမိုးကောင်းကင်အင်မော််တယ်မဟာနယ်မြေမှာဆို ဂိုဏ်းတွေကိုအဆင့်နှစ်ဆင့်ခွဲထားတယ်... အဲ့ဒါက မဟူရာအဆင့်နဲ့ ကမ္ဘာမြေအဆင့်ပဲ... ကမ္ဘာမြေအဆင့်ဂိုဏ်းတွေရဲ့ ဂိုဏ်းချုပ်တွေက ပကတိအင်မော်တယ်ပညာရှင်တွေပဲ”

“အဲ့လိုဆိုရင်တောင်... မဟူရာအဆင့်နဲ့ ကမ္ဘာမြေအဆင့်ဂိုဏ်းတွေက အင်မော်တယ်နိုင်ငံတွေကို ဆန့်ကျင်နိုင်မှာ မဟုတ်ဘူး... အင်မော်တယ်ဘုရင်တစ်ပါး အမျက်ဒေါသထွက်သွားမယ်ဆိုရင်... လူသန်းပေါင်းများစွာသေဆုံးပြီးတော့ သွေးပင်လယ်တစ်ခုစီးသွားနိုင်တယ်... အဲ့ဒါက ဘယ်ဂိုဏ်း ဘယ်အဖွဲ့အစည်းကိုမဆို ပြားပြားကပ်သွားအောင်လုပ်နိုင်တယ်”

ထိုနေရာအရောက်တွင် ရှုရှစ်က တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး ခဏမျှရပ်တန့်ကာ ပြောလိုက်၏။

“ကမ္ဘာမြေအဆင့်ဂိုဏ်းတွေရဲ့အထက်မှာ ကောင်းကင်အဆင့်ဂိုဏ်းတွေရှိတယ်လို့တော့ ကျုပ်ကြားဖူးတယ်... သူတို့က ဂမ္ဘီရမိုးကောင်းကင်အင်မော််တယ်မဟာနယ်မြေထဲမှာ ရှိပေမယ့်လို့ သူတို့က အင်မော်တယ်နိုင်ငံ သုံးနိုင်ငံရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိမနေဘူး... သူတို့က တစ်သီးတစ်ခြား ကွဲထွက်နေတယ်”

ရှုရှစ်က ညည်းတွားရေရွတ်လိုက်၏။

“အဲ့ဒါတွေအကုန်လုံးက မရေရာတဲ့ ဒဏ္ဍာရီတွေပဲ... အဲ့ဒီမှာ ကောင်းကင်အဆင့်ဂိုဏ်းတွေက တကယ်ပဲရှိနေမယ်ဆိုရင်တောင်.. ကျုပ်တို့က သူတိုနဲ့ထိတွေ့ခွင့်ရနိုင်မှာ မဟုတ်ဘူး”

ဆူဇီမိုက တိတ်ဆိတ်ငြိမ်သက်နေ၏။

သူသည် အသူရာချောက်နက်မှတိုက်ပွဲကို ကိုယ်တိုင်တွေ့ကြုံခဲ့ရ၏။

ထိုတိုက်ပွဲမှာ ကောင်းကင်အဆင့်ဂိုဏ်းများမှ တပည့်ဂိုဏ်းသားများပေါ်ထွက်လာခဲ့၏။

ဆူဇီမိုက ထပ်မံ၍မေးလိုက်၏။

“အစိမ်းရောင်တိမ်စိုင်တိုင်းပြည်နဲ့ မဟာကျင်းအင်မော်တယ်နိုင်ငံအကြောင်း ဆက်ပြောကြရအောင်”

ရှုရှစ်က ပြောလိုက်၏။

“မဟာကျင်းအင်မော်တယ်နိုင်ငံရဲ့ တရားစီရင်မှုအောက်မှာ စုစုပေါင်းတိုင်းပြည် ၁၆ ခုရှိတယ်.. တိုင်းပြည်တစ်ခုချင်းစီမှာ မြို့တော်ပေါင်း တစ်ရာကျော်စီရှိကြတယ်”

“တိုင်းပြည်တစ်ခုချင်းစီမှာ အရာရာတိုင်းကို စီမံခန့်ခွဲပေးတဲ့ တိုင်းပြည်ဘုရင်ခံတွေရှိကြတယ်... သူတို့အားလုံးနီးပါးက ပကတိအင်မော်တယ် ပညာရှင်တွေပဲ”

ရှုရှစ်က ဆူဇီမိုကို ခန်းမထဲကနေ ခေါ်ထုတ်လာပြီး ကြယ်တာရာ၏ အဆုံးတစ်ဘက်ကို ကြည့်လိုက်၏။

အဲ့ဒီမှာ ကြီးမားသောအရိပ်တစ်ခုရှိနေ၏။

ရှုရှစ်က ထိုအရိပ်ကို လက်ညှိုးထိုးပြလိုက်၏။

“ကျုပ်တို့မြင်နေရတဲ့အရိပ်က ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်ပဲ... ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်ရဲ့ပတ်လည်မှာ ကြယ်ပင်လယ်တစ်ခုလို့ဖြစ်နေတဲ့... နဂါးအသူရာချောက်နက်ကြယ်လို ကြယ်တွေအများကြီး ရှိတယ်... သူတို့အားလုံးကိုစုပေါင်းပြီးတော့ ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေတစ်ခုဖြစ်လာစေတာပဲ”

ရှုရှစ်က ဆက်ပြောလိုက်၏။

“နဂါးအသူရာချောက်နက်ကြယ်လိုမျိုး ဘေးပတ်လည်မှာရှိတဲ့ ကြယ်တွေက မြို့တော်အရှင်တွေက ကျင့်ကြံမှုနယ်ပယ်မြင့်မားမှု မရှိကြဘူး... အဆင့်-၉ မဟူရာအင်မော်တယ်လောက်ဆို လုံလောက်နေပြီ”

“ဒါပေမဲ့... ခင်ဗျားက ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်နယ်မြေကို ရောက်တဲ့အခါ သတိထားရလိမ့်မယ်... အစိမ်းရောင်တိမ်စိုင်တိုင်းပြည်မှာပဲ ဖြစ်ဖြစ် တခြားတိုင်းပြည်တွေမှာပဲဖြစ်ဖြစ်... သူတို့ရဲ့အုပ်ချုပ်မှုအောက်မှာရှိတဲ့ မြို့တော်အရှင်တွေက အနဲဆုံး အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်တွေပဲ... ကြီးမားတဲ့မြို့တော်တွေက မြို့တော်အရှင်တချို့ဆိုရင်... အဆင့်-၉ ကောင်းကင်အင်မော်တယ်တွေတောင် ဖြစ်တတ်ကြတယ်”

ထိုနေရာအရောက်တွင် ဆူဇီမိုသည် ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေနှင့်ပတ်သက်၍ တဖြည်းဖြည်းနားလည်သဘောပေါက်လာခဲ့ပြီဖြစ်၏။

All Chapters