← Chapters

အခန်း (၁၈၆)

Vol. 13 Ch. 186

အခန်း (၁၈၆)

Vol. 13 Ch. 186

ကျန်းချန်၏ ကောင်းကင်ကိုပင် ဆန့်ကျင်နေသည့် စွမ်းဆောင်ရည်ကြောင့် ခန်းမထဲရှိ လူတိုင်းသည် အံ့သြတုန်လှုပ်သွားပြီး ဘာစကားမှ မပြောနိုင်ခဲ့ကြပေ။

"ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"

သူ့ဆရာက ကျန်းချန်၏ အဖြေကို ထောက်ခံလိုက်လျှင် ယန်ဖျင်သည် မယုံကြည်နိုင်သော လေသံဖြင့် အော်ဟစ်လိုက်သည်။

တတိယအဆင့် အဂ္ဂိရတ်သခင်ဖြစ်လာကတည်းကပင် ယန်ဖျင်သည် သူ့ကိုယ်သူ မဟာရှားနိုင်ငံ၏ နံပါတ်တစ် အဂ္ဂိရတ် ပါရမီရှင်အဖြစ် သတ်မှတ်ထားခဲ့သည်။

မူလက ယန်ဖျင်သည် သူ့ရှေ့မှ ကောင်လေးက တတိယအဆင့် အဂ္ဂိရတ်သခင် ဖြစ်နေလျှင်ပင် အဂ္ဂိရတ်ပညာရပ်၌ သူ၏ အတွေ့အကြုံနှင့် အသိပညာကို မယှဉ်နိုင်လောက်ဟု ထင်ခဲ့သည်။

သို့သော် သူ မျှော်လင့်ထားသလို ဖြစ်မလာဘဲ ကျန်းချန်တွင် စတုတ္ထအဆင့် ဆေးလုံးနှင့် ပတ်သက်သည့် အသိပညာများ ရှိနေခဲ့၏။

ယင်းမှာသူ၏ ကိုယ်စိတ် နှစ်ပါးလုံးကို ကြီးမားသည့် ထိုးနှက်ချက်ဖြစ်စေခဲ့ပြီး ဤအရာအားလုံးက အမှန်တရားဖြစ်သည် ဆိုတာကိုပင် မယုံချင်ခဲ့ပေ။

ဟုတ်ပါသည်၊ ယန်ဖျင် တစ်ယောက်တည်းသာ သူ့ရှေ့မှ အရာကို မယုံကြည်နိုင် ဖြစ်နေခြင်း မဟုတ်ပေ။

ကျန်းချန်ကို ပြဿနာ ရှာရန် ပွဲတက်လာသည့် တန်ဟောင်ချမ်ပင် အချိန်အတော်ကြာ မှင်တက်နေခဲ့သည်။

တန်ဟောင်ချမ်သည် မဟာရှားနိုင်ငံ၏ နာမည်ကျော် အဂ္ဂိရတ် မိသားစုတွင် မွေးဖွားလာသူ ဖြစ်သည်။

ထို့ကြောင့် ငယ်စဉ်ကတည်းကပင် မရေမတွက်နိုင်သည့် အဂ္ဂိရတ်ပါရမီရှင်များ၏ ကြီးထွားမှုကို သူမြင်တွေ့ခဲ့ရ၏။

သို့သော် တန်မိသားစု၏ ပါရမီရှင်များထဲတွင် အသက်ဆယ့်ငါးနှစ်ဖြင့် စတုတ္ထအဆင့် ဆေးလုံး၏ အသိပညာများကို မည်သူမှ မဆုပ်ကိုင်နိုင်ခဲ့ပေ။

ကျန်းချန်က ခန်းမထဲရှိ လူတိုင်း၏ တုန်လှုပ်မှုကို လျစ်လျူရှုထားလိုက်သည်။

သူက ဖန်းယုံနျန်ကို မထီတရီကြည့်ကာ ပြောလိုက်သည်။

"အဘိုးကြီး...မင်းနဲ့ အဂ္ဂိရတ်ပညာရပ်ကို ဆွေးနွေးဖို့ ငါ အရည်အချင်း ပြည့်မီပြီလား"

"ကောင်လေး.. မင်းက တကယ်ကို ရှားပါးတဲ့ ပါရမီရှင်ဆိုတာငါဝန်ခံပါတယ်"

"ဒါပေမဲ့... မင်း ငါနဲ့ အဂ္ဂိရတ် အကြောင်း ဆွေးနွေးချင်ရင်တော့ နောက်ထပ် ဆယ်နှစ်လောက် အချိန်ထပ်ယူမှ ဖြစ်နိုင်လိမ့်မယ်"

ဖန်းယုံနျန်က ခေါင်းခါယမ်း၍ ပြောလိုက်သည်။

သူက ကျန်းချန်းကို မထီမဲ့မြင် ကြည့်လိုက်၏။

"မင်းက စတုတ္ထအဆင့် အဂ္ဂိရတ်ပညာရဲ့ အသိပညာကို သိတာလောက်ကို မပြောနဲ့၊ မင်းက စတုတ္ထအဆင့် အဂ္ဂိရတ်သခင် ဖြစ်နေရင်တောင် ငါနဲ့ အဂ္ဂိရတ် အကြောင်း ဆွေးနွေးဖို့ အရည်အချင်း မပြည့်မီသေးဘူး"

"အဘိုးကြီး.. ကိုယ့်ကိုယ်ကို အထင်ကြီးမနေနဲ့"

"ပဉ္စမအဆင့် အဂ္ဂိရတ်သခင်က တခြားသူတွေရဲ့ မျက်လုံးတွေထဲမှာ ကြီးကျယ်နိုင်ပေမဲ့ ငါ့မျက်လုံးတွေထဲမှာတော့ သာမန်ပါပဲ"

ကျန်းချန်းက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

မင်းက မင်းရဲ့ တပည့်အတွက် မင်းရဲ့ ဒေါသကို ထုတ်ဖော်ချင်နေတာ မဟုတ်လား.. မင်းက အဂ္ဂိရတ်ပညာ ဆွေးနွေးရာမှာ ငါ့ကို အနိုင်ယူနိုင်သရွေ့ ငါ့ကိုစိတ်ကြိုက် စီရင်ခွင့်ပေးမယ်"

"ကောင်းတယ် သိပ်ကောင်းတယ်"

"ကောင်လေး.. ဒီနှစ်တွေအတွင်း ငါ့ရှေ့မှာ ဒီလောက်ထိမောက်မာရဲတာ မင်း ပထမဆုံးပဲ"

ဖန်းယုံနျန်က မဲ့ပြုံး ပြုံးလိုက်သည်။

သူက ကျန်းချန်ကို အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်၏။

"မင်းက ငါနဲ့ အဂ္ဂိရတ်ပညာရပ် ဆွေးနွေးချင်တယ် ဆိုမှတော့ မင်းဆန္ဒကို ငါ ဖြည့်ဆည်းပေးမယ်.. မင်းက ငါ့ရဲ့ မေးခွန်းသုံးခုကို ဖြေနိုင်သရွေ့ ငါ ချက်ချင်း လှည့်ထွက်သွားမယ်"

ကျန်းချန်းက အမှုမထားဟန်ဖြင့် ပြောလိုက်သည်။

"မင်းမှာ မေးခွန်းတွေ ရှိရင် မေးလို့ရပြီ"

"ဟမ့်.. ကောင်လေး.. မင်းအနေနဲ့ ငါ့ရဲ့ မေးခွန်းတွေကို ဖြေနိုင်ဖို့အတွက် ဆုတောင်းထားတာ အကောင်းဆုံးပဲ"

"မဟုတ်ရင် ပဉ္စမအဆင့် အဂ္ဂိရတ်သခင်ကို ဒေါသထွက်စေတဲ့ အကျိုးဆက်က ဘာလဲဆိုတာ မင်းကို ငါ ပြသပေးမယ်"

ဖန်းယုံနျန်က အေးစက်စွာ ပြောလိုက်သည်။

"ပထမမေးခွန်းက တတိယအဆင့် ဆေးလုံးကို သန့်စင်ရာမှာ စတုတ္ထအဆင့် အဂ္ဂိရတ်သခင်နဲ့ တတိယအဆင့် အဂ္ဂိရတ် သခင်ကြားမှာ ဘာကွာခြားမှုရှိလဲ"

"အဂ္ဂိရတ်နယ်ပယ်မှာတော့ တတိယအဆင့်ဆေးလုံးကို သန့်စင်ရာမှာ စတုတ္ထအဆင့် အဂ္ဂိရတ်သခင်နဲ့ တတိယအဆင့် အဂ္ဂိရတ်သခင်ကြားမှာ ကွာခြားချက် အရမ်း ကြီးကြီးမားမားတော့မရှိဘူး"

"စတုတ္ထအဆင့် အဂ္ဂိရတ်သခင်တွေက တတိယအဆင့် အဂ္ဂိရတ်သခင်တွေထက် အားကောင်းတဲ့ စိတ်အာရုံရှိပြီး လုပ်ဆောင်ရမဲ့ အဆင့်တွေကို ပိုပြီး စည်းချက်ကျကျ လုပ်ဆောင်နိုင်ကြတယ်.. အထူးသဖြင့် ဆေးလုံးသိပ်သည်းတဲ့ လုပ်ငန်းစဥ်မှာပဲ"

"တတိယအဆင့် ဆေးလုံးကို သန့်စင်တာခြင်း တူနေရင်တောင် စတုတ္ထအဆင့် အဂ္ဂိရတ်သခင် ပြုလုပ်တဲ့ ဆေးလုံးရဲ့ အရည်အသွေးက အနည်းဆုံး အဆင့်တစ်ခု ပိုမြင့်ရမယ်"

ကျန်းချန်က ဖန်းယုံနျန် မေးခွန်းကို ပေါ့ပါးစွာ ဖြေလိုက်သည်။

သူ၏ တည်ငြိမ်သော အသံက ခန်းမထဲတွင် ချက်ချင်း ပဲ့တင်ထပ်သွားခဲ့၏။

"အဘိုးကြီး.. မင်းမေးတဲ့ မေးခွန်းက အရမ်းရိုးရှင်းတယ်"

"မင်းက ငါ့ကို မရှုံးချင်ရင် ဒီထက်ပိုခက်တဲ့ မေးခွန်းတွေပဲ ရွေးချယ်ပြီးမေးပါ"

အခန်း(၁၈၆) ပြီး၏

All Chapters