← Chapters

အခန်း (၁၉၀)

Vol. 13 Ch. 190

အခန်း (၁၉၀)

Vol. 13 Ch. 190

ဤမြင်ကွင်းကြောင့် ခန်းမထဲရှိ လူတိုင်းသည် ချက်ချင်းပင် ကြောင်အသွားကြသည်။

ယန်ဖျင်က ပဉ္စမအဆင့် အဂ္ဂိရတ်သခင် ဖန်းယုံနျန်ကို ခေါ်လာပြီးသည့်နောက်တွင် ကျန်းချန်း တစ်ယောက် မသေလျှင်ပင် အရေခွံခွာခံရမည်ဟု သူတို့ ထင်ခဲ့ကြသည်။

သို့သော် ကျန်းချန်သည် ကောင်းကင်ကိုပင် ဆန့်ကျင်နေသော အဆင့်ကို ရောက်ရှိနေပြီ ဖြစ်၏။

ဂုဏ်သိက္ခာကြီးမားသည့် ပဉ္စမအဆင့် အဂ္ဂိရတ်သခင် ဖန်းယုံနျန်သည်ပင် ကျန်းချန်နှင့် အဂ္ဂိရတ်ပညာ အကြောင်း ဆွေးနွေးရာတွင် ရှုံးနိမ့်သွားခဲ့သည်။

သူက သူ့တပည့် အတွက် လက်စားမချေနိုင်ရုံသာ မက သူ့တပည့်ကိုပါ ကျန်းချန်းကို တောင်းပန်ဖို့ ဦးညွှတ်ခိုင်းခဲ့၏။

"တုန်လှုပ်စရာ.. တကယ်ကို တုန်လှုပ်စရာပဲ"

"ဘယ်.. ဘယ်လိုဖြစ်နိုင်မှာလဲ"

တန်ဟောင်ချမ်လည်း စိတ်ထဲကနေ တုန်လှုပ်သွားခဲ့သည်။

ဖန်းယုံနျန်နှင့် ကျန်းချန်တို့ ထိပ်တိုက်စတွေ့ကတည်းကပင် တန်ဟောင်ချမ်သည် ကျန်းချန်းကို သူ့စိတ်ထဲကနေ သေဒဏ်ချမှတ်ပြီးသား ဖြစ်ခဲ့၏။

ဂုဏ်သိက္ခာ​ကြီးမားသည့် ပဉ္စမအဆင့် အဂ္ဂိရတ်သခင်နှင့် သဘာဝ စွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့်က ကျင့်ကြံသူ အတွက် ကျန်းချန်းလိုမျိုး ကောင်လေးတစ်ယောက်ကို ရှင်းထုတ်ရန်မှာ လွယ်ကူသော ကိစ္စသာ ဖြစ်သည်။

သို့သော် အမှန်တရားမှာ ကျန်းချန်ကို ရှင်းမထုတ်နိုင်ရုံသာမက ကျန်းချန်၏ အဂ္ဂိရတ်စွမ်းရည်ကို သဘောကျသွားပြီး ယဉ်ကျေးစွာ ဆက်ဆံခဲ့သည်။

ဤသည်က ပဉ္စမအဆင့် အဂ္ဂိရတ်သခင် ဖြစ်သည်။

သူတို့၏ တန်မိသားစုမှာပင် ဖန်းယုံနျန်ကို ဤကဲ့သို့ ဆက်ဆံနိုင်သည့်သူ မရှိသလောက်ပင်။

"ဒီကောင်လေးက အရမ်းဆွဲဆောင်မှုရှိတာပဲ"

တတိယမင်းသား ရှားရွှယ်လည်း အလွန်တုန်လှုပ်သွားခဲ့သည်။

ဤကောင်လေးက လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ အမြင့်ဆုံး ရွှေတံဆိပ်ပြားရှိပြီး လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ အကြီးအကဲနှင့် တူညီသော အဆင့်အတန်းကို ပိုင်ဆိုင်ထား၏။

ထို့အပြင် မုန့်မိသားစုမှ ပါရမီရှင် အလှဘုရင်မလေး မုန့်ချင်းရွှယ်ကိုလည်း အစေခံသဖွယ် နံဘေးတွင် ရှိစေခဲ့သည်။

အဂ္ဂိရတ်နယ်ပယ်တွင်လည်း ပဉ္စမအဆင့် အဂ္ဂိရတ်သခင် တစ်ယောက်ကို ဦးညွှတ်လာအောင် လုပ်ဆောင်နိုင်စွမ်းရှိ၏။

ထိုထက်အရေးပါသည်မှာ ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင် ယန်ချင်းရွှယ်နှင့် ညီအစ်ကိုလို ဆက်ဆံရေး ရှိနေခြင်းပင်။

ထိုခဏတွင် ရှားရွှယ်၏ စိတ်ထဲ၌ ကြီးမားသော အကြံအစည်များ ဖြစ်ပေါ်လာသည်။

ကျန်းချန်က ပါရမီတွင်ဖြစ်စေ၊နောက်ခံတွင်ဖြစ်စေ အံ့သြစရာကောင်းလောက်အောင် အားကောင်းသည်။

သူက ကျန်းချန်နှင့် ကောင်းမွန်စွာ ဆက်ဆံနိုင်သ၍ သူ၏ အင်အားသည် သေချာပေါက် တိုးတက်လာလိမ့်မည် ဖြစ်၏။

ဤအတိုင်းဆိုလျှင် သူက မဟာရှားနိုင်ငံ၏ ထီးနန်းဆက်ခံသူ ဖြစ်လာနိုင်ပြီး သူ့အကိုတော်ပင် သူ့ကို မတားဆီးနိုင်မည်ကို စိုးရိမ်မိသည်။

ယန်ဖျင်က ကျန်းချန်ရှေ့တွင် ဒူးထောက် တောင်းပန်ပြီးသည့်နောက်တွင် ဖန်းယုံနျန်သည် ကျန်းချန်ကို နှုတ်ဆက်ကာ ယန်ဖျင်နှင့် အတူ ခန်းမထဲကနေ ထွက်ခွာသွားခဲ့၏။

အထူးဧည့်သည်တော် နေရာတွင် ထိုင်နေသည့် တန်ဟောင်ချမ်သည် ဤအချိန်တွင် ကျန်းချန်ကို ဒုက္ခပေးရန် မည်သည့် နည်းလမ်းမှ မရှိတော့ပေ။

တန်ဟောင်ချမ်က စိတ်ပျက်လက်ပျက် အမူအရာဖြင့် အပြင်သို့ ထွက်သွားခဲ့သည်။

ဖန်းယုံနျန်နှင့် တခြားသူများ ထွက်သွားပြီးသည့်နောက်တွင် ကျန်းချန်က ဧည့်ခံပွဲ၌ ဆက်လက်နေဖို့ စိတ်ကူးမရှိတော့ပေ။

သူက မုန့်ချင်းရွှယ်ကို ခေါ်ကာ တတိယမင်းသား၏ အိမ်တော် ကနေ ချက်ချင်း ထွက်ခွာသွားခဲ့၏။

"ချင်းရွှယ်.. မင်း မုန့်အိမ်တော်ဆီ ပြန်မှာလား ဒါမှမဟုတ် ငါနဲ့အတူ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမကို သွားကြမလား"

တတိယမင်းသား၏ အိမ်တော် တံခါးကနေ ထွက်လာပြီးသည့်နောက်တွင် ကျန်းချန်သည် သူ့နံဘေးရှိ မုန့်ချင်းရွှယ်ကို မေးလိုက်သည်။

"မုန့်မိသားစုမှာ ကိုင်တွယ်ရမယ့် အရာတွေ ကျန်သေးတယ်.. ဒါကြောင့် ငါ မုန့်အိမ်တော်ဆီပဲ အရင်ပြန်လိုက်မယ်"

မုန့်ချင်းရွှယ်က ခပ်တိုးတိုးလေး ပြောလိုက်သည်။

"စိတ်မပူပါနဲ့.. စီရင်စုကိုးစု ပြိုင်ပွဲ ပြီးသွားရင် ငါ့ကတိကို ဖြည့်ဆည်းဖို့ ယန်ဟွမ်ကျောင်းတော်ကို အတူတူသွားကြတာပေါ့"

မုန့်ချင်းရွှယ်နှင့် ခွဲခွာပြီးသည့်နောက်တွင် ကျန်းချန်သည် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမကို ပြန်လာခဲ့သည်။

သူက သူ့နေအိမ်သို့ ပြန်ရောက်သောအခါ ခြံဝင်းထဲတွင် စောင့်နေသော ယွဲ့ယန်ကျိုးကို တွေ့လိုက်ရ၏။

သူက ကျန်းချန်ကို ပြုံး၍ မေးလိုက်သည်။

"ဒီနေ့ တတိယမင်းသားရဲ့ ပွဲတော်ကို တက်ရောက်ရတာ ဘယ်လိုခံစားရလဲ။"

"ပုံမှန်ပါပဲ"

ကျန်းချန်းက ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ယွဲ့ယန်ကျိုးကို သံသယ မျက်ဝန်းဖြင့် ကြည့်လိုက်သည်။

"အကိုယွဲ့မှာ ကိစ္စတစ်ခုခုများ ရှိနေလား"

"ကိစ္စလေးတစ်ခုပါပဲ"

"ညီလေး ကျန်းချန်က လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမရဲ့ အမြင့်မြတ်ဆုံး ရွှေတံဆိပ်ပြားကို ပိုင်ဆိုင်ထားတယ်.. ဒါက ငါတို့ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမရဲ့ အကြီးအကဲ ဖြစ်လာတာနဲ့ အတူတူပဲ"

ယွဲ့ယန်ကျိုးက ပြုံး၍ ပြောလိုက်သည်။

"ဒီနေ့ ညီနောင်ကျန်းချန်ကို လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမရဲ့ ဧည့်အကြီးအကဲ အဖြစ် တရားဝင် သတ်မှတ်ဖို့ ရောက်လာခဲ့တာပါ.. စကားမစပ် ညီလေး ကျန်းချန်ရဲ့ အကူအညီကို ငါအရေးတကြီး လိုအပ်နေတယ်"

အခန်း(၁၉၀) ပြီး၏

All Chapters