← Chapters

အခန်း (၁၉၄)

Vol. 13 Ch. 194

အခန်း (၁၉၄)

Vol. 13 Ch. 194

"ဒီကောင်လေးက တကယ်ကို ထူးဆန်းတဲ့သူပဲ"

ကျန်းချန်က အချိန်တိုအတွင်း ကျုံးကျီဟဲ၏ ပြဿနာများကို အလွယ်တကူ ဖြေရှင်းပြီး ကျုံးကျီဟဲနှင့် တခြားသူများအား သောက်ခွက်ဖြတ်ရိုက်လိုက်သည်ကို မြင်လိုက်ရလျှင် ယွဲ့ယန်ကျိုးသည် အံ့သြတုန်လှုပ်မှုကနေ ပြန်လည်ကောင်းမွန်လာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။

ယွဲ့ယန်ကျိုးက ကျန်းချန်ကို အကူအညီလာတောင်းခြင်းမှာ ကျန်းချန်း၏ စွမ်းဆောင်ရည်က စတုတ္ထအဆင့် အဂ္ဂိရတ်ဆရာသခင် အဆင့်သို့ ရောက်နေပြီမှန်း သိ၍ ဖြစ်သည်။

ကျန်းချန်က ဆရာကျုံးကို မပြည့်စုံသည့် ရှေးဟောင်း ဆေးညွှန်းကို ပြန်လည်ဖြည့်စွက်ရာတွင် ကူညီနိုင်လိမ့်မည်ဟု သူယုံကြည်၏။

သို့သော် ယွဲ့ယန်ကျိုးသည် ကျန်းချန်၏ အဂ္ဂိရတ်လမ်းစဥ်တွင် အောင်မြင်မှုက ဤမျှလောက် နတ်ဆိုးဆန်သည့် အဆင့်ကို ရောက်ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

မပြည့်စုံသည့် ဆေးညွှန်းကို တစ်ချက်ကြည့်ရုံဖြင့် ပြီးပြည့်စုံသည့် ဆေးညွှန်းကို တစ်ခါထဲ နားလည်နိုင်သည်။

ကျန်းချန်က လူတိုင်း၏ အံ့သြတုန်လှုပ်မှုကို လျစ်လျူရှုလိုက်သည်။

ခန်းမထဲရှိ လူတိုင်း၏ အကြည့်အောက်မှာပင် သူသည် ကျုံးကျီဟဲ အရှေ့မှ ဆေးညွှန်း အနည်းငယ်ကို လှမ်းယူလိုက်သည်။

ဆေးညွှန်းကို ကြည့်နေသည့် သူ့မျက်လုံးက ဆယ်စက္ကန့်ပင် မပြည့်သေးသော်လည်း ကျန်းချန်သည် စုတ်တံကို ယူ၍ ဆေးဖက်ဝင်ပစ္စည်း အနည်းငယ်ကို ရေးချလိုက်သည်။

ပထမဆေးညွှန်းကို ဖြေရှင်းပြီးသည့်နောက်တွင် ကျန်းချန်းသည် ဒုတိယဆေးညွှန်းကို စတင်လေ့လာခဲ့၏။

မကြာခင်မှာပင် သူက ဒုတိယဆေးညွှန်း၏ ပျောက်ဆုံးနေသည့်အပိုင်းကို ဖြည့်စွက်လိုက်သည်။

ဤသို့ဖြင့် ကျန်းချန်သည် ခန်းမထဲရှိ မှင်တက်နေသော အကြည့်များ အောက်မှာပင် မပြည့်စုံသည့် ဆေးညွှန်းများကို အလျင်အမြန် ဖြည့်စွက်နိုင်ခဲ့၏။

ဆယ်မိနစ်မပြည့်ခင်မှာပင် ကျန်းချန်သည် ဆေးညွှန်းအားလုံးကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့သည်။

ခန်းမတစ်ခုလုံးသည် ချက်ချင်းပင် တိတ်ဆိတ်သွား၏။

ကျန်းချန်ကို ကြည့်နေသည့် လူတိုင်း၏ အကြည့်တွင် မယုံကြည်နိုင်လောက်သော တုန်လှုပ်မှုများ ဖြစ်ပေါ်လာသည်။

"လခွမ်း.. ဒီကောင်လေးက ဆယ်မိနစ်အတွင်း မပြည့်စုံတဲ့ ဆေးညွှန်းအားလုံးက တကယ်ကြီး နားလည်သွားတာဟ"

သူတို့အားလုံးက ရှင်းရှင်းလင်းလင်း သိကြသည်။

ဤဆေးညွှန်းများ ထဲတွင် အလွန်လေးနက်သည့် စတုတ္ထအဆင့် ဆေးညွှန်းနှစ်ခု ရှိသည်။

ကျုံးကျီဟဲက လခြမ်းတံဆိပ် ကုန်သွယ်ရေး ခန်းမ၏ အဓိကကျသောလူများကို စုရုံး၍ ရက်အနည်းငယ်ကြာ လေ့လာခဲ့သော်လည်း ဘာသဲလွန်စမှ မရခဲ့ပေ။

သို့သော် သူတို့ရှေ့မှ ကောင်လေးကမူ အားစိုက်ထုတ်စရာပင် မလိုဘဲ အားလုံးကို ပေါ့ပေါ့ပါးပါးပင် ဖြေရှင်းလိုက်သည်။

"ဒါ... ဒါက အရမ်းမလွန်လွန်းဘူးလား"

လူတိုင်းက ကျန်းချန်၏ တုန်လှုပ်လောက်ဖွယ် စွမ်းရည်ကြောင့် လွှမ်းမိုးခံလိုက်ရ၏။

ကျုံးကျီဟဲက ပထမဆုံး ပြန်အသိဝင်လာခဲ့သည်။

သူက အသက်ခပ်ပြင်းပြင်း ရှူလိုက်ပြီး တုန်ယင်နေသည့် လက်များနှင့် ကျန်းချန်း ပြီးမြောက်အောင် လုပ်ထားသည့် ဆေးညွှန်းများကို ကောက်ယူလိုက်သည်။

သူက ဆေးညွှန်းတစ်ခုကို ကြည့်လိုက်တိုင်းတွင် လူတစ်ကိုယ်လုံး အသိဉာဏ်ပွင့်လင်းသွားသလို အံ့အားသင့်ခဲ့ရသည်။

မကြာခင်မှာပင် ကျုံးကျီဟဲသည် ဆေးညွှန်းများကို တစ်ခုချင်း ဖတ်ရှုပြီးသွားခဲ့သည်။

ကျန်းချန် ပြီးမြောက်အောင် လုပ်ထားသည့် ဆေးညွှန်းတိုင်းက လုံးဝနီးပါး ပြည့်စုံပြီး ဘာချို့ယွင်းချက်မှ မရှိသည်ကို သူအံ့သြစွာ တွေ့ရှိခဲ့သည်။

ဤအချိန်တွင် ကျုံးကျီဟဲသည် ကျန်းချန်ကို လုံးဝ ယုံကြည်သွားပြီ ဖြစ်သည်။

ကျန်းချန်းအပေါ် သူ၏ အကြည့်က အရင်လို မထီမဲ့မြင်ပြုသောအကြည့်ကနေ လေးစားမှုအဖြစ်သို့ ထူးထူးဆန်းဆန်းပင် ပြောင်းလဲသွားခဲ့သည်။

သူ့ရှေ့မှ အသက် ဆယ့်ငါးနှစ် သိူ့မဟုတ် ဆယ့်ခြောက်နှစ်သာ ရှိပုံရသည့် ကောင်လေး၏ အဂ္ဂိရတ်လမ်းစဥ်တွင် နားလည်မှုသည် သူ လက်လှမ်းမမီနိုင်သည့် အဆင့်ကို ရောက်ရှိနေပြီ ဖြစ်၏။

"ဆရာကျုံး.. ငါ ပြီးမြောက်အောင် လုပ်ထားတဲ့ ဒီဆေးညွှန်းတွေက မင်းရဲ့ အမြင်မှာ အသုံးကျရဲ့လား သိပါရစေ"

ကျုံးကျီဟဲက စိတ်နှလုံးထဲကနေ အလွန်အမင်း တုန်လှုပ်နေချိန်မှာပင် ကျန်းချန်၏ ခပ်ထေ့ထေ့ အသံက သူ့နားထဲကနေ ထွက်ပေါ်လာခဲ့သည်။

"ဆရာကျန်းရဲ့ အဂ္ဂိရတ်ပညာရပ် အပေါ် နားလည်နိုင်စွမ်းက ဒီအဘိုးကြီးကို တကယ်ပဲ ရှက်ရွံ့စေတယ်"

"ဆရာကျန်း ပြီးမြောက်အောင် လုပ်ထားတဲ့ ဆေးတွေက လုံးဝနီးပါး ပြည့်စုံတယ်.. ဒီအဘိုးကြီး အနည်းငယ်လေးတောင် အမှားမတွေ့ခဲ့ပါဘူး"

"ဆရာကျန်း... အစောပိုင်းက ငါမျက်စိကန်းနေလို့ စော်ကားမိခဲ့တာတွေအတွက် မင်းကို တောင်းပန်ပါတယ်"

ကျုံးကျီဟဲက ခါးသီးစွာ ပြုံးလိုက်ပြီး ချက်ချင်းပင် ကျန်းချန်ကို ရိုရိုသေသေ ဦးညွှတ်လိုက်သည်။

"ဒီနေ့ကစပြီး ကျွန်တော်ကျုံးကျီဟဲက ဆရာကျန်းကို လေးလေးစားစား ဆက်ဆံပါ့မယ်"

အခန်း(၁၉၄) ပြီး၏

All Chapters