← Chapters

အခန်း (၁၉၅)

Vol. 13 Ch. 195

အခန်း (၁၉၅)

Vol. 13 Ch. 195

ကျန်းချန်ကို ကျုံးကျီဟဲက ရိုရိုသေသေ ပြောဆိုနေသည်ကို တွေ့လိုက်ရလျှင် ခန်းမထဲရှိ အဂ္ဂိရတ်သခင် အားလုံးလည်း ကြောက်လန့်မှုကနေ အချိန်အတော်ကြာ ပြန်မကောင်းနိုင်ကြသေးပေ။

ဤဆေးညွှန်းများသည် ရှေးယခင်ကတည်းက ပျောက်ဆုံးနေတဲ့ ရှေးဟောင်း ဆေးညွှန်းများသာ မဟုတ်လျှင် သူတို့သည် ဤကောင်လေးက ဆေးညွှန်းများကို ယခင်ကတည်းက သိနေသလား ဆိုသည်ကိုပင် သံသယအနည်းငယ် ဝင်မိကြပေလိမ့်မည်။

စတုတ္ထအဆင့် အဂ္ဂိရတ်သခင် ကျုံးကျီဟဲ၏ ဦးဆောင်မှုအောက်တွင် သူတို့သည် ဤဆေးညွှန်းများကို ရက်အတော်ကြာမှသာ နားလည်ခဲ့ကြသည်။

သို့တိုင် ဆေးညွှန်းများကို အပြည့်အဝ နားမလည်ကြသေးပေ။

သူတို့ရှေ့မှ ကောင်လေးကမူ ဆေးညွှန်းကို ပြီးပြည့်စုံသည်အထိ နားလည်ရန် ဆယ်မိနစ်ပင် မလိုချေ။

[မင်းက ဒီလောက်အထိ ချဲ့ကားစရာ လိုလို့လား.. မင်းက ကောင်းကင်ကို ဆန့်ကျင်ချင်နေတာလား]

ကျန်းချန်းက မယုံနိုင်လောက်သည့် နည်းလမ်းများကို အသုံးပြုပြီး ရှေးဟောင်း ဆေးညွှန်းများကို ဖြည့်စွက်ပေးပြီးနောက်တွင် အဆုံးသတ်၌ ကျုံးကျီတို့ အဂ္ဂိရတ်သခင်များ၏ ယုံကြည်မှုကို ရရှိခဲ့သည်။

ထို့နောက်တွင် ကျန်းချန်က ထွက်မသွားသေးဘဲ ခန်းမထဲမှာပင် တိုက်ရိုက် အခြေချနေထိုင်ခဲ့သည်။

ယခုအခါတွင် စီရင်စုကိုးခု ပြိုင်ပွဲကျင်းပရန် တစ်လပင် မလိုတော့ပေ။

ကျန်းချန်က ဤကာလအတွင်း လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ ဆေးဝါးပြုလုပ်သည့် ခန်းမတွင် သူ၏ ခွန်အားများကို တိုးတက်စေမည့် ဆေးအချို့ကို သန့်စင်ခဲ့သည်။

သူက လက်ရှိတွင် မူလဘူတ နယ်ပယ် အဆင့်၁တွင်သာ ရှိသေးသော်လည်း အဆင့်၄မှ ကျင့်ကြံသူပင် သူ၏ ပြိုင်ဘက်မဟုတ်ပေ။

မဟာရှားနိုင်ငံ၏ စီရင်စုကိုးခုတွင် ပါရမီရှင်များနှင့် ပြည့်နှက်နေသည်။

လွန်ခဲ့သည့် နှစ်ရက်က ယွဲ့ယန်ကျိုးနှင့် စကားပြောဆိုသောအခါ ယွဲ့ယန်ကျိုးက တခြားသော ကိုယ်ခံပညာကျောင်းများမှ ပါရမီရှင် ကျောင်းသားအနည်းငယ် အကြောင်းကို ပြောပြခဲ့၏။

အထူးသဖြင့် မဟာရှားနိုင်ငံ၏ စီရင်စုကိုးခုတွင် ပထမဖြစ်သည့် ချန်လုံကျောင်းတော်တွင် ယင်ခိုင်ဟုခေါ်သည့် ပါရမီရှင်တစ်ယောက် ရှိပြီး အတော်လေး နတ်ဆိုးဆန်သည်ဟု သိခဲ့ရသည်။

ထိုအချိန်က ယင်ခိုင်သည် မူလဘူတနယ်ပယ် အဆင့်၄ကျင့်ကြံသူကို တစ်ကွက်တည်းဖြင့် အနိုင်ယူခဲ့ဖူး၏။

ကျန်းချန်ကမူ မူလဘူတအဆင့် ၄ ကျင့်ကြံသူဖြစ်သည့် ပိုင်ကျန်းထျန်းနှင့် ရင်ဆိုင်ရာတွင် သူ၏ခွန်အားကို ပေါက်ကွဲလုနီးပါး အသုံးပြုခဲ့ရသည်ကို သိထားရပေမည်။

သံသယဖြစ်စရာ မလိုလောက်အောင်ပင် ကျန်းချန်သည် လက်ရှိခွန်အားဖြင့် ယင်ခိုင်ကို အနိုင်ရရန် အခွင့်အရေး ကြီးကြီးမားမား မရှိမည်ကို စိုးရိမ်မိသည်။

ထို့ကြောင့် ကျန်းချန်က နောက်ထပ် ရက်အနည်းငယ် အတွင်း သူ၏ ခွန်အားကို တိုးမြှင့်ရန် ဆုံးဖြတ်ခဲ့၏။

စီရင်စုကိုးခု ပြိုင်ပွဲ မစတင်ခင် သူ၏ ခွန်အားကို မူလဘူတ နယ်ပယ်အဆင့်၃ ဒါမှမဟုတ် အဆင့်၄အထိ မြှင့်တင်ရပေမည်။

ဤနည်းဖြင့် အဆင့်မြင့် ကိုယ်ခံပညာကျောင်းတော် အမြောက်အမြားနှင့် အားကောင်းသောဓားဆန္ဒများသည် သူ့ကို ခြိမ်းခြောက်နိုင်တော့မည် မဟုတ်ပေ။

နောက်ရက်အနည်းငယ်အကြာထိ ကျန်းချန်သည် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ အဂ္ဂိရတ်ခန်းထဲကနေ မထွက်တော့ပေ။

ကျုံးကျီဟဲတို့ကို ရံဖန်ရံခါ အကြံဉာဏ်ပေးသည်က လွဲလျှင် ကျန်ရှိသည့် သူ့အချိန်အများစုကို အဂ္ဂိရတ် ပြုလုပ်ရင်းဖြင့်သာ ကုန်ဆုံးခဲ့သည်။

ရက်ပေါင်း ဆယ်ရက်နီးပါး ကြာပြီးသည့်နောက်တွင် ကျန်းချန်းသည် အပြင်ထွက်ရန် ဆုံးဖြတ်လိုက်ပြီး သူသန့်စင်ထားသောဆေးလုံးများထဲမှ ဆေးလုံးတချို့ကို လခြမ်းတံဆိပ် ကုန်သွယ်ရေး ခန်းမထံ ပေးအပ်ခဲ့၏။

ထို့နောက်တွင် ကျန်းချန်သည် အဂ္ဂိရတ်ခန်းမကနေ ထွက်ပြီး သူ၏ နေအိမ်ကို ပြန်လာကာ တစ်ကိုယ်တော် လေ့ကျင့်ခဲ့သည်။

ဟုတ်ပါသည်၊ ကျန်းချန်၏ လေ့ကျင့်မှုသည် လူအများစုထက် ကျင့်ကြံသည့် ပုံစံထက် အများကြီး ပိုပို ရိုးရှင်းတာ သေချာ၏။

သူက ပဲလှော်စားသလိုမျိုး ဆေးလုံးများကို တစ်လုံးပြီးတစ်လုံး သူ့ပါးစပ်ထဲသို့ ထည့်လိုက်သည်။

"ဒင်.. သင်က တတိယအဆင့် အခြေခံဆေး ဖြစ်တဲ့ မူလသန္ဓေ ဝိညာဉ်ဆေးကို သောက်သုံးလိုက်ပြီး အတွေ့အကြုံရမှတ် ၃၀၀၀ကို အဆ၁၀၀ ရရှိပါတယ်"

"ဒင်.. သင်က တတိယအဆင့် အဆင့်မြင့်ဆေးဖြစ်တဲ့ ကျွီယွမ်ဆေးလုံးကို သောက်သုံးလိုက်ပြီး အတွေ့အကြုံရမှတ် ၃၆၆၆ကို အဆတစ်ရာ ရရှိပါတယ်

"ဒင်.. သင်က မူလဘူတနယ်ပယ် အဆင့်၂ကို အောင်မြင်စွာ ရောက်ရှိသွားပါပြီ"

".........."

စနစ်၏ အဆတစ်ရာ အတွေ့အကြုံနှင့်အတူ ကျန်းချန်သည် ဆေးလုံးများကို မျိုချပြီးနောက် ခွန်အားများ လျင်မြန်စွာ တိုးတက်လာခဲ့သည်။

ဤသို့ဖြင့် တစ်နာရီမပြည့်သေးသောအချိန်မှာပင် ကျန်းချန်သည် မူလဘူတနယ်ပယ် အဆင့်၁ကနေ အဆင့်၄ထိ တိုးတက်သွားခဲ့သည်။

အခန်း(၁၉၅) ပြီး၏

All Chapters