← Chapters

အခန်း (၁၉၈)

Vol. 14 Ch. 198

အခန်း (၁၉၈)

Vol. 14 Ch. 198

"အကြီးအကဲတု.. ညီမလေးတုနဲ့ အတူတူ လေ့ကျင့်ဖို့ ထျန်းလုံတောင်ကို သွားတုန်းက ကျွန်တော်တို့ တွေ့ခဲ့တဲ့ လင်ယွင်ကျောင်းတော်ကလူက ဒီလူပဲ"

"သူသာ ထျန်းလုံတောင်က လူဆိုးတွေနဲ့ လျှို့ဝှက် မပူးပေါင်းခဲ့ရင် ညီမလေးတုက မတရားသေရမှာ မဟုတ်ဘူး"

"ဒီကောင်က ညီမလေးတုကို သတ်တဲ့ တရားခံတွေထဲက တစ်ယောက်ပဲ"

နန်းကုန်းရီက ကျန်းချန်ကို ညွှန်ပြ၍ ယခုလေးတင် ရောက်ရှိလာသည့် လက်ထောက်အကြီးအကဲ တုယွီရှန်ကို ပြောလိုက်သည်။

ကျန်းချန်က အစောပိုင်းတွင် ထျန်းလုံတောင်မှာ ဖြစ်ပျက်ခဲ့သည့် အရာအားလုံးကို ပြောပြခဲ့၍ နန်းကုန်းရီက ထိတ်လန့်သွားခဲ့သော်လည်း သိပ်မကြာခင်မှာပင် ပြန်လည် တည်ငြိမ်သွားခဲ့သည်။

အဆုံးသတ်တွင် သူသည် ကျီယွင်ကျောင်းတော်၏ ပါရမီရှင်တစ်ယောက် ဖြစ်၏။

ထို့အပြင် ဖြောင့်မတ်သော ယောကျာ်းတစ်ယောက်၏ ပုံရိပ်ကိုသာ ကျီယွင်ကျောင်းတွင် အမြဲပြသခဲ့သည်။

တုယွီရှန်က သူ့ထက်ပိုပြီး အပြင်လူဖြစ်သည့် ကျန်းချန်ကို ယုံကြည်လိမ့်မည်ဟု သူမယုံကြည်ခဲ့ပေ။

တုယွီရှန်သည် ကျန်းချန်က သူ့သမီးကို သတ်သည့် လက်သည်တရားခံမှန်း သိရသည်နှင့် မျက်နှာအမူအရာဟာ ချက်ချင်းပင် မည်းမှောင်သွားခဲ့သည်။

သူက ကျန်းချန်ကို အေးစက်စွာစိုက်ကြည့်၍ မေးလိုက်သည်။

"ကောင်လေး.. ငါ့သမီးကိုသတ်တာ မင်းလား"

"မင်းရဲ့ သမီးသေတာ ငါနဲ့ဘာမှမဆိုင်ဘူး"

"ငါသာ မင်းရဲ့ သမီးကို သတ်ချင်ရင် ထျန်းလုံတောင်က လူတွေနဲ့ ပူးပေါင်းစရာတောင် မလိုဘူး"

ကျန်းချန်က မထီမဲ့မြင်ပြုံးကာ ပြောလိုက်သည်။

"မင်းက နန်ကုန်းရီရဲ့ အမှိုက်စကားကို ယုံနေမှတော့ ငါမှာပြောစရာ ဘာစကားမှမရှိဘူး"

"ဟမ့်.. နန်းကုန်းရီက ကျီယွင်ကျောင်းတော်က ငါတို့ရဲ့ ပါရမီရှင်ပဲ.. သူက ဘယ်လိုလူမျိုးလဲဆိုတာ ငါကောင်းကောင်း သိတယ်"

"ငါ့ရဲ့ ကျောင်းသားတွေကို မယုံကြည်ဘဲ မင်းပြောတာကို ငါက ယုံကြည်ရမှာလား"

"အဓိပ္ပါယ်မရှိတာတွေမပြောစမ်းနဲ့.. မင်းသာ ဒီနေ့ ငါ့သမီး သေရတာ မင်းနဲ့မဆိုင်ဘူးဆိုတဲ့ သက်သေကို မပြနိုင်ရင် ငါ့ကိုယဉ်ကျေးမှုမရှိဘူးဆိုပြီး အပြစ်မတင်နဲ့"

တုယွီရှန်က အေးစက်စက် အော်ငေါက်လိုက်ပြီး ပြင်းထန်သော အရှိန်အဝါဖြင့် ကျန်းချန်ကို ချက်ချင်း ဖိနှိပ်လိုက်သည်။

"ဟားဟား... ရယ်စရာကောင်းလိုက်တာ.. မင်းရဲ့ သမီးကို သူသတ်တာ မဟုတ်ဘူးဆိုတဲ့ သက်သေကို နန်ကုန်းရီကို ဘာလို့မရှင်းပြခိုင်းတာလဲ"

"နောက်ဆုံးတစ်ခေါက်ပြောမယ်.. မင်းရဲ့ သမီးသေတာ ငါနဲ့ဘာမှမဆိုင်တဲ့အတွက် မင်းကိုဘာမှ သက်သေပြနေမှာမဟုတ်ဘူး"

"နန်ကုန်းရီကို ယုံမယုံက မင်းကိစ္စပဲ.. ငါနဲ့ဘာမှမဆိုင်ဘူး!"

တုယွီရှန်၏ အားကောင်းသော အရှိန်အဝါဖြင့် ဖိနှိပ်မှုကို ရင်ဆိုင်ရသော်လည်း ကျန်းချန်၏ မျက်နှာအမူအရာသည် လုံးဝ မပြောင်းလဲခဲ့ပေ။

သူက ပေါ့ပေါ့ပါးပါး ပြောကာ လှည့်ထွက်သွားခဲ့သည်။

တုယွီရှန်သညိ ထွက်သွားတော့မည့် ကျန်းချန်ကိုကြည့်ပြီးနောက် သူ့မျက်လုံးထဲတွင် ဒေါသတရားနှင့် ရှက်ရွံ့မှုများ ဖြတ်ပြေးသွားခဲ့သည်။

ဤကောင်လေးက လင်ယွင်ကျောင်းတော်၏ ကျောင်းသားတစ်ယောက်ဖြစ်သော်လည်း သူ့လို ကျီယွင်ကျောင်းတော်၏ လက်ထောက် အကြီးအကဲကိုပင် မျက်စိထဲထည့်ပုံ မရပေ။

"ကောင်လေး.. မင်းသာ ဒီနေ့ ငါ့ကို ကျေနပ်လောက်တဲ့ ရှင်းပြချက်မပေးရင် ထွက်သွားဖို့ မစဉ်းစားနဲ့"

တုယွီရှန်၏ မျက်နှာအမူအရာဟာ အေးစက်သွားသည်။

သူ၏ ပုံရိပ်က ကျန်းချန်ရှေ့သို့ လျှပ်တပြက် အတွင်း ရောက်ရှိသွားခဲ့သည်။

ကျန်းချန်က အေးစက်စက် လေသံဖြင့် မေးလိုက်သည်။

"လက်ထောက် အကြီးအကဲတု.. မင်းဘာကိုဆိုလိုတာလဲ"

တုယွီရှန်က အေးစက်စွာ ပြောလိုက်သည်။

"မင်းက ငါ့သမီးကိုသတ်တဲ့သူပဲ.. ဘာကိုဆိုလိုတာလဲလို့ ပြန်မေးရအောင် မင်းမရှက်ဘူးလား"

"မင်း လူစကား နားမလည်ဘူးလား... မင်းရဲ့ သမီးသေတာ ငါနဲ့ ဘာမှမဆိုင်ဘူးလို့ ငါဘယ်နှစ်ခါပြောပြီးပြီလဲ"

"ထျန်းလုံတောင်က လူတွေက အခုထိ မသေသေးဘူး.. မင်းရဲ့သမီး ဘယ်လိုသေလဲဆိုတာ သိချင်ရင် မင်းကိုယ်တိုင် စစ်ဆေးကြည့်ရင် သိရမှာပဲ"

ကျန်းချန်က တုယွီရှန်ကို မထီမဲ့မြင် ကြည့်ကာ ပြောလိုက်သည်။

"ဂုဏ်သိက္ခာကြီးမားတဲ့ ကျီယွင်ကျောင်းတော်ရဲ့ လက်ထောက် အကြီးအကဲက အမှိုက်ကျောင်းသား တစ်ယောက်ရဲ့ လှည့်စားတာကို ခံနေရတာ တော်တော် ရှက်စရာကောင်းတာပဲ"

"ကောင်လေး.. မင်းငါ့သမီးကို သတ်ပြီး ငါ့ရှေ့မှာ မာန်တက်ပြနေတာလား"

"ငါ တုယွီရှန် ဒီနေ့မင်းကို အလွှတ်မပေးနိုင်ဘူး.. မင်းသေချာပေါက်သေစေရမယ်"

တုယွီရှန်က ကောက်ကျစ်စွာ ပြုံးလိုက်သည်။

နောက်ထပ်တခဏတွင် သူက သူ၏ လက်ကို ဝှေ့ယမ်းလိုက်၏။

ထိုအခါ ပြင်းထန်သော စွမ်းအားသည် လျှပ်စီးလိုအရှိန်ဖြင့် ကျန်းချန်ဆီသို့ တိုက်ရိုက် ဦးတည်သွားခဲ့သည်။

အခန်း(၁၉၈) ပြီး၏

All Chapters