← Chapters

အခန်း (၁၉၉)

Vol. 14 Ch. 199

အခန်း (၁၉၉)

Vol. 14 Ch. 199

တုယွီရှန်က ကျန်းချန်ကို တိုက်ရိုက် တိုက်ခိုက်လိုက်သည်ကို မြင်လျှင် နန်ကုန်းရီ၏ မျက်လုံးထဲတွင် ဝမ်းသာအားရသော အပြုံးတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။

တုယွီရှန်က သူ့စကားကို လျစ်လျူရှုပြီး အပြင်လူဖြစ်သည့် ကျန်းချန်ကို ယုံကြည်မည် မဟုတ်မှန်း သူသိထားသည်။

"သောက်ရူးကောင်က အကြီးအကဲတုကို စိတ်သွားဆွနေတာ တကယ်ကို ရယ်စရာကောင်းတယ်"

"ဒီကောင်က သူ့သေလမ်းကို သူကိုယ်တိုင် ရှာနေတာပဲ"

တုယွီရှန်၏ ပြင်းထန်သောတိုက်ခိုက်မှုသည် ကျန်းချန်၏ မျက်လုံးများကို ရုတ်တရက် အေးစက်သွားစေခဲ့သည်။

သူက လက်သီးကို ရုတ်တရက် ဆုပ်လိုက်ပြီး ကောင်းကင်ဖျက်ဆီးနဂါးလက်သီးကို ထုတ်ဖော်ကာ တုယွီရှန်၏ ပြင်းထန်သော လက်ဝါးရိုက်ချက်ကို ခုခံလိုက်သည်။

"ဒါ.. ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"

သူ့ရှေ့မှ ထိတ်လန့်စရာကောင်းသော မြင်ကွင်းကိုကြည့်ရင်း

နန်းကုန်းရီ၏ ခန္ဓာကိုယ်သည် နေရာမှာတင် ချက်ချင်း တောင့်တင်းသွားခဲ့သည်။

သူ၏ နှုတ်ကနေလည်း မယုံကြည်နိုင်သည့် တီးတိုးရေရွတ်သံ တစ်သံ ထွက်ပေါ်လာခဲ့၏။

တုယွီရှန်၏ လက်ချက်အောက်တွင် ကျန်းချန်သည် မသေလျှင်ပင် အရေခွံဆုတ်ခံရမည်ဟု မူလက သူ ထင်ခဲ့သည်။

သူက ဘယ်လိုမှ မမျှော်လင့်ထားသည်မှာ ကျန်းချန်က တုယွီရှန်၏ တိုက်ခိုက်မှုကို အလွယ်တကူ ကာကွယ်နိုင်ခဲ့ခြင်းပင်။

နန်းကုန်းရီ နံဘေးရှိ ကျီယွင်ကျောင်းတော်မှ ကျောင်းသားများသည် မျက်လုံးများ ကျွတ်ကျလုနီးပါးအထိ အံ့အားသင့်သွားကြသည်။

တုယွီရှန်။

၎င်းက သူတို့ ကျီယွင်ကျောင်းတော်၏ လက်ထောက် အကြီးအကဲဖြစ်ပြီး မူလဘူတနယ်ပယ် အဆင့်၉ကို ရောက်ရှိိနေသည့် အားကောင်းသော ကျင့်ကြံသူ တစ်ယောက်ဖြစ်၏။

သူက သာမန်ကာလျှံကာ လက်ဝါး ရိုက်ချက်တစ်ချက် ထုတ်ဖော်လျှင်ပင် လူအများစုသည် ရှောင်ရှားနိုင်မည် မဟုတ်ပေ။

သို့သော် သူ့ရှေ့မှ ကောင်လေးကမူ တုယွီရှန်၏ တိုက်ခိုက်မှုကို လက်သီးဖြင့် ထိပ်တိုက် ရင်ဆိုင်ကာ ချေဖျက်လိုက်သည်။

ဤကဲ့သို့ ခွန်အားမျိုးနှင့်ဆိုလျှင် သူတို့ ကျီယွင်ကျောင်းတော်၏ နံပါတ်တစ် ပါရမီရှင် ကျန်းဟုန်ပင် လိုက်မမီနိုင်သော အဆင့် ဖြစ်သည်။

"ဒီကောင်က တော်တော်အားကောင်းတာပဲ...ဒီနေ့သူ မသေရင် စီရင်စုကိုးခု ကိုယ်ခံပညာ ပြိုင်ပွဲမှာ ငါ့အတွက် အားကောင်းတဲ့ ပြိုင်ဘက် တစ်ယောက် ဖြစ်လာမှာ သေချာတယ်"

ကျီယွင်ကျောင်းတော်၏ ကျောင်းသားအုပ်စုရှေ့တွင် ကျောင်းတော်၏ နံပါတ်တစ်ပါရမီရှင် ကျန်းဟုန်သည် အလွန် တည်ငြိမ်သော အမူအရာဖြင့် တိုက်ပွဲကို ကြည့်နေခဲ့သည်။

စီရင်စုကိုးခု၏ ကျောင်းတော်များတွင် အောက်ဆုံးအဆင့်သာရှိသည့် လင်ယွင်ကျောင်းတော်တွင် ဤကဲ့သို့ အားကောင်းသော ပါရမီရှင်တစ်ယောက် ရှိနေခဲ့သည်။

ဤအတိုင်းဆိုလျှင် စီရင်စုကိုးခုကိုယ်ခံပညာ ပြိုင်ပွဲတွင် ဗိုလ်စွဲရန် သူ့အတွက် မလွယ်ကူလောက်ပေ။

ဟုတ်ပါသည်၊ကျီယွင်ကျောင်းတော်မှ ကျောင်းသားများတင်

ကျန်းချန်၏ စွမ်းဆောင်ရည်ကို အံ့အားသင့်နေခြင်း မဟုတ်ပေ။

တုယွီရှန်၏ စိတ်ထဲတွင်လည်း အံ့အားသင့်သွားခဲ့၏။

မူလဘူတ နယ်ပယ်အဆင့်၉ ကျင့်ကြံသူအနေဖြင့် သာမန်တိုက်ခိုက်မှုတစ်ခုပင် မူလဘူတနယ်ပယ်အဆင့်၄ ကျင့်ကြံသူ၏ ခွန်အားအပြည့်ဖြင့် တိုက်ခိုက်မှုအောက် လုံးဝမလျော့ပေ။

သို့သော် သူ့ရှေ့မှ ကောင်လေးသည် အံတုပြီးခုခံနိုင်ခဲ့သည်။

ယင်းမှာ သူ့ရှေ့မှ ကောင်လေးသည် အနည်းဆုံး မူလဘူတ နယ်ပယ်အဆင့် ၄ကျင့်ကြံသူနှင့် တူညီသည့် တိုက်ခိုက်ရေးစွမ်းအား ရှိသည်ဟု ဆိုလိုနေခြင်းပင် မဟုတ်ပါလော။

"တုယွီရှန်.. မင်းက ကျီယွင်ကျောင်းတော်ရဲ့ လက်ထောက်အကြီးအကဲဖြစ်ပေမဲ့ စဥ်းစားဆင်ခြင်ဉာဏ်မရှိတဲ့လူပဲ"

"ငါက မင်းရဲ့ သမီးကို သတ်တယ်ဆိုရင် သက်သေထုတ်ပြပါ...မဟုတ်ရင် ငါ့ကို မနှောင့်ယှက်နဲ့"

တုယွီရှန်၏ တိုက်ခိုက်မှုကို လက်သီးဖြင့် ရင်ဆိုင်ပြီးနောက်တွင် ကျန်းချန်က အေးစက်စွာပြော၍ လှည့်ထွက်သွားရန် ပြင်လိုက်သည်။

"ကောင်လေး.. မင်းငါ့သမီးကို သတ်ထားပြီး ငါ့ရှေ့ကနေ ထွက်သွားချင်သေးတယ်လား.. ဒီလောက်မလွယ်ဘူး"

ကျန်းချန် လှည့်ထွက်သွားတော့မည်ကိုမြင်လျှင် တုယွီရှန်သည် ဒေါသတကြီး အော်ဟစ်လိုက်သည်။

သူက လက်ဝါးရိုက်ချက်ကို ထုတ်ဖော်လိုက်သည်နှင့် ခမ်းနားထည်ဝါသော မူလဘူတ အဆင့်၉၏ စွမ်းအင်များ ပေါက်ကွဲထွက်လာခဲ့ပြီး လေထဲတွင် အပြာရောင်ဧရာမလက်ဝါးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

ထိုအပြာရောင် ဧရာမလက်ဝါးက မျက်စိတစ်မှိတ်အတွင်း ကျန်းချန်ကို တိုက်ခိုက်လိုက်၏။

တုယွီရှန်၏ နောက်တစ်ကြိမ် တိုက်ခိုက်မှုကို မြင်လျှင် ကျန်းချန်၏ မျက်နှာသည် ရုတ်တရက်အေးစက်သွားခဲ့သည်။

သူက ခွန်အားအပြည့်အဝဖြင့် ပြန်လည် တိုက်ခိုက်တော့မည့် အချိန်တွင် ရင်းနှီးသည့် ဒေါသသံတစ်သံသည် လေထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

"တုယွီရှန်.. မင်းက ကျီယွင်ကျောင်းတော်ရဲ့ လက်ထောက်အကြီးအကဲ ဖြစ်ပြီး လူငယ်တစ်ယောက်ကို လုပ်ကြံတာထက် ပိုပြီး ဘာမှမလုပ်နိုင်တော့ဘူးလား.. မင်းက ကောင်းကင်အေးခဲလက်ဝါးကိုတောင် အသုံးပြုခဲ့တယ်..မင်းက ဒီနှစ်တွေတစ်လျောက်လုံးမှာ ခွေးတစ်ကောင်လို အသက်ရှင်ခဲ့တယ်လို့ ငါထင်တယ်"

"ငါ လင်ယွင်ကျောင်းတော်မှာ ရှိနေသ၍ ငါ့ရဲ့ကျောင်းသားတွေကို မင်း အနိုင်ကျင့်လို့ မရစေရဘူး"

အခန်း(၁၉၉) ပြီး၏

All Chapters