← Chapters

အခန်း (၂၀၁)

Vol. 14 Ch. 201

အခန်း (၂၀၁)

Vol. 14 Ch. 201

ကျန်းချန်နဲ့ ယန်စန်းမင်တို့ ပေါင်းဆုံပြီးနောက် သုံးရက်တာအချိန်သည် လျင်မြန်စွာပင် ကုန်လွန်သွားခဲ့သည်။

မဟာရှားနိုင်ငံ၏ နှစ်စဉ်ကိုယ်ခံပညာ ပွဲတော်ဖြစ်သည့် စီရင်စုကိုးခု ကိုယ်ခံပညာ ပြိုင်ပွဲသည်လည်း ရေတွက်၍ မရနိုင်သည့် လူများ၏ မျှော်လင့်ချက်အောက်မှာပင် အချိန်ဇယားအတိုင်းရောက်ရှိလာခဲ့သည်။

ယနေ့တွင် ကျန်းချန်နှင့် လင်ယွင်ကျောင်းတော်မှ ကျောင်းသား ဒါဇင်ပေါင်းများစွာသည် ယန်စန်းမင်၏ ဦးဆောင်မှုအောက်တွင် လူထောင်ပေါင်းများစွာ ဆံ့သည့် နန်းတော်ထဲရှိ ဧရာမ ရင်ပြင်တစ်ခုကို ရောက်ရှိလာခဲ့၏။

ကျန်းချန်နဲ့ အခြားသူများ ရင်ပြင်ကို ရောက်လာသောအခါတွင် ရင်ပြင်သည် လူပေါင်းများစွာဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။

စီရင်စုကိုးခု၏ ပြိုင်ပွဲဝင် အများအပြားသာမက ကိုယ်ခံပညာ ပြိုင်ပွဲကို ကြည့်ရှုရန် လူအများအပြားလည်း ရောက်လာကြ၏။

"အားလုံး ကြည့်ကြစမ်း...လင်ယွင်ကျောင်းတော်က လူတွေရောက်လာပြီ"

"ချီး.. လင်ယွင်ကျောင်းတော်က ပြိုင်ပွဲမှာ အမြဲတမ်း အောက်ဆုံးနေရာမှာပဲ ရှိနေတာ ဘာများ စိတ်ဝင်စားစရာ ကောင်းလို့လဲ"

"ဟုတ်ပါ့ကွာ.. လင်ယွင်ကျောင်းတော်ရဲ့ နံပါတ်တစ်ပါရမီရှင်က ကျန်းချန်လို့ ကြားတယ်..ဒီကောင်လေး အကြောင်းဆို ငါကြားတောင်မကြားဖူးဘူး.. ဒီတစ်ခေါက် ပြိုင်ပွဲမှာလည်း လင်ယွင်ကျောင်းတော်က အရင်လို အောက်ဆုံးမှာပဲ ရှိဦးမယ်ထင်တယ်"

ကျန်းချန်တို့ လင်ယွင် ကျောင်းတော်အဖွဲ့ ရောက်ရှိလာသောအခါတွင် ရင်ပြင်ပတ်ပတ်လည်မှ မထီမဲ့မြင် လှောင်ပြောင်သံများ ထွက်ပေါ်လာခဲ့သည်။

"ဒီလူတွေက အရမ်းလွန်လွန်းတာပဲ"

"လင်ယွင်ကျောင်းတော်က မဟာရှားနိုင်ငံရဲ့ ထိပ်တန်း ကိုယ်ခံပညာ ကျောင်း၉ ကျောင်းထဲကပါ.. သူတို့က ငါတို့လင်ယွင်ကျောင်းတော်ကို ဘာလို့ ဒီလောက်ထိ အထင်သေးနေကြတာလဲ"

ပတ်ဝန်းကျင်မှ မထီမဲ့မြင် ပြုမှုများ နှင့် လှောင်ပြောင်မှုများကို ကြားလျှင် လင်ယွင်ကျောင်းတော်မှ ကျောင်းသားများသည် ဒေါသများ ပြည့်နှက်လာခဲ့ပြီး စိတ်တိုသော အမူအရာကို မပြသဘဲ မနေနိုင်ခဲ့ကြပေ။

"ဝေဖန်သံတွေကို အရမ်းကြီး စိတ်ထဲမထားပါနဲ့.. မကြာသေးခင်နှစ်တွေက စီရင်စုကိုးခု ပြိုင်ပွဲတွေမှာ ငါတို့လင်ယွင်ကျောင်းတော်ရဲ့ စွမ်းဆောင်ရည်က ကျေနပ်စရာ မကောင်းခဲ့ဘူးလေ.. ဒါက ငြင်းမရတဲ့အချက်ပဲ"

"ဒီတစ်ခေါက် ကိုယ်ခံပညာပြိုင်ပွဲမှာ မင်းတို့ရဲ့ခွန်အားကို ပြသနိုင်ရင် သူတို့ရဲ့ ပါးစပ်ပေါက်က အလိုအလျောက် တိတ်ဆိတ်သွားလိမ့်မယ်"

ယန်စန်းမင်က ပေါ့ပါးစွာ ပြောလိုက်သည်။

ဤတစ်ကြိမ် စီရင်စုကိုးစု ကိုယ်ခံပညာပြိုင်ပွဲတွင် လင်ယွင်ကျောင်းတော်၌ ကျန်းချန်လို ပါရမီရှင် ရှိနေပြီ ဖြစ်သည်။

ထို့ကြောင့် လာမည့်ပြိုင်ပွဲသည် လင်ယွင်ကျောင်းတော်ကို တောက်ပစေလိမ့်မည်ဟု ယန်စန်းမင် ယုံကြည်ခဲ့သည်။

"ဝိုး.. ဟောင်ထျန်းကျောင်းတော်က လူတွေ ရောက်လာပြီဟေ့"

"ကြည့်စမ်းပါဦး.. သူက ဟောင်ထျန်းကျောင်းတော်ရဲ့ နံပါတ်တစ် ပါရမီရှင် ယဲ့ချမ်ချိုးပဲ.. သူက ဓားဆန္ဒကို နားလည်တဲ့ ဓားရေးပါရမီရှင်လို့ ပြောကြတယ်"

"တော်တော်ချောတာပဲ.. ယဲ့ချမ်ချိုးက အစွမ်းထက်ရုံတင်မကဘဲ ဒီလောက်ထိ ချောမယ်လို့ မထင်ထားမိဘူး"

ထိုအချိန်တွင် ပတ်ဝန်းကျင်၌ အံ့အားသင့်သော ရေရွတ်သံများ ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်နှင့် အခြားသူများကလည်း နောက်ကို လှည့်မကြည့်ဘဲ မနေနိုင်ခဲ့ပေ။

ဖြောင့်မတ်ရဲဝံ့သော အသွင်အပြင်ရှိသည့် အမျိုးသား တစ်ယောက်သည် ကျောင်းသားတစ်ရာနီးပါးနှင့် အတူ ရင်ပြင်ဆီသို့ ဖြည်းဖြည်းချင်းလျှောက်လာသည်ကို အားလုံးက တွေ့လိုက်ရသည်။

ထိုကျောင်းသားအများစုသည် သူတို့၏ နောက်ကျောတွင် ဓားရှည်တစ်လက်စီကို လွယ်ထားကြပြီး သာမန်ထက် ထူးခြားသည့် အသွင်အပြင်များ ရှိကြ၏။

အထူးသဖြင့် ဦးဆောင်လာသူ ယဲ့ချမ်ချိုးသည် အလွန်တရာ ခံ့ညားချောမောနေခြင်းပင်။

"ဟားဟား.. ယဲ့ချမ်ချိုး.. မင်းတို့ ဟောင်ထျန်းကျောင်းတော်က ငါတို့ထက် စောရောက်လာတာပဲ"

ထိုအချိန်တွင် မိုးခြိမ်းသံကဲ့သို့ ရယ်သံတစ်သံက ရင်ပြင်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

မကြာခင်မှာပင် ခံ့ညားသော လူလတ်ပိုင်းအရွယ် ယောကျ်ားတစ်ယောက်သည် ထူးခြားသော အရှိန်အဝါရှိသည့် ကျောင်းသားအုပ်စု တစ်စုနဲ့အတူ ရင်ပြင်တွင် ပေါ်လာခဲ့သည်။

ထိုလူလတ်ပိုင်းအရွယ် ယောကျ်ားဘေးတွင် ရွှေရောင်ဝတ်ရုံဝတ်ထားသည့် လူငယ်တစ်ယောက်သည် ဝင့်ကြွားစွာ ရပ်နေ၏။

သူ့ထံကနေ စိတ်နှလုံးကို တုန်လှုပ်စေလောက်သည့် အရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။

"လခွမ်း.. ချန်လုံကျောင်းတော်က လူတွေလည်း ရောက်လာကြပြီဟ"

"ရွှေရောင်ဝတ်ရုံ ဝတ်ထားတဲ့လူငယ်က ချန်လုံ ကျောင်းတော်ရဲ့ နံပါတ်တစ်ပါရမီရှင် ယင်ခိုင်ပဲ"

"စီရင်စုကိုးခု ကိုယ်ခံပညာ ပြိုင်ပွဲရဲ့ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါတယ်.. သူက တကယ်ကို အားကောင်းတာပဲ"

ချန်လုံကျောင်းတော်မှ လူများ ထွက်ပေါ်လာသည်ကို မြင်လျှင် ရင်ပြင်ပေါ်ရှိ လူအများအပြားသည် အံ့အားသင့်စွာ ရေရွတ်လိုက်ကြ၏။

"ကျန်းချန်.. ယင်ခိုင်နဲ့ ယဲ့ချမ်ချိုးတို့ နှစ်ယောက်စလုံးက အနည်းဆုံးတော့ မူလဘူတနယ်ပယ် အဆင့်၃မှာ ရှိကြတယ်.. သူတို့ရဲ့ တိုက်ခိုက်ရေး စွမ်းအားတွေကလဲ အရမ်း အံ့သြစရာကောင်းတယ်"

"ဒီတစ်ကြိမ် ပြိုင်ပွဲကိုတော့ ပါရမီရှင်တွေ တစ်စုတစ်ဝေးထဲ အပြိုင်ကြဲမဲ့ ပြိုင်ပွဲလို့တောင် သတ်မှတ်လို့ရနေပြီ"

ယန်စန်းမင်က ယင်ခိုင်နှင့် ယဲ့ချန်ချိုးကို အကဲခတ်ပြီးနောက် သူ့ဘေးမှာရှိနေသည့် ကျန်းချန်ကို ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"ဒီတစ်ကြိမ် ပြိုင်ပွဲမှာ မင်းက ပထမနေရာ လိုချင်ရင် ဒီလူနှစ်ယောက်က မင်းရဲ့အကြီးမားဆုံး ပြိုင်ဘက်တွေ ဖြစ်လာနိုင်တယ်"

အခန်း(၂၀၁) ပြီး၏

All Chapters