← Chapters

အခန်း (၂၀၂)

Vol. 14 Ch. 202

အခန်း (၂၀၂)

Vol. 14 Ch. 202

"ဘယ်လို ကျန်းချန်က ပြိုင်ပွဲရဲ့ ပထမနေရာအတွက် ယင်ခိုင်နဲ့ ယဲ့ချမ်ချိုး တို့နဲ့ ယှဉ်ပြိုင်ချင်တယ်တဲ့လား"

ယန်စန်းမင်၏ စကားကို သူ့နောက်မှ လင်ယွင်ကျောင်းတော်မှ ကျောင်းသားများကြားလျှင် အံ့အားသင့်သွားခဲ့ကြသည်။

တစ်ချိန်က လင်ယွင်ကျောင်းတော်၏ နံပါတ်တစ် ပါရမီရှင်ဖြစ်ခဲ့သည့် ဝူဖေးလုံပင် မျက်လုံးထဲ၌ မယုံနိုင်လောက်အောင် တုန်လှုပ်သော အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။

နှစ်ပေါင်းများစွာကြာအောင် လင်ယွင်ကျောင်းတော်သည် စီရင်စုကိုးခုမှ ကျောင်းတော်များတွင် အောက်ဆုံးမှာသာ ရှိခဲ့သည်။

ဝူဖေးလုံက အကြောင်းရင်းကို ကောင်းစွာ သိသည်။

သူက လင်ယွင်စာရင်း၏ ထိပ်ဆုံးကို သုံးနှစ်ကြာအောင်သိမ်းပိုက်ထားဖူးသော်လည်း သူ၏ ကိုယ်ခံပညာသည် အခြားကျောင်းတော်မှ ထိပ်တန်းပါရမီရှင်များနှင့် ယှဉ်လျှင် ကွာခြားချက် အလွန်ကြီးမားနေခဲ့သည်။

အထူးသဖြင့် ယင်ခိုင်၊ ယဲ့ချမ်ချိုးနှင့် အခြားသူများသည် လွန်ခဲ့သည့် တစ်နှစ်ကတည်းက စီရင်စုကိုးခု ပြိုင်ပွဲတွင် တောက်ပခဲ့ပြီး ယန်ဟွမ်ကျောင်းတော်ကို ဝင်ရောက်ဖို့ အရည်အချင်းများ ပြည့်မီခဲ့ကြသည်။

ယင်ခိုင်နှင့် ယဲ့ချမ်ချိုးသည် အလွန်မာနကြီးသောသူများ ဖြစ်၏။

ပြီးခဲ့တဲ့နှစ်က သူတို့သည် စီရင်စုကိုးခု ကိုယ်ခံပညာ ပြိုင်ပွဲကို ပထမဆုံးအကြိမ် ပါဝင်ခဲ့ကြခြင်း ဖြစ်သည်။

သူတို့၏ စွမ်းဆောင်ရည်က အလွန် ထင်ပေါ်ခဲ့သော်လည်း နောက်ဆုံးအဆင့်တွင် ထိပ်ဆုံးဆယ်ယောက် စာရင်းထဲ၌ မပါဝင်ခဲ့ပေ။

သူတို့က ဟန်ဟွမ်ကျောင်းတော်ကို ဝင်ရောက်ရန် တစ်နှစ်ရွှေ့ဆိုင်းဖို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ခဲ့ကြသည်။

ထိုသို့ ဆုံးဖြတ်ချက် ချရသည့် အကြောင်းရင်းမှာ သူတို့နှစ်ယောက်သည် ပြိုင်ပွဲတွင် ပထမနေရာကို ရယူလိုသေးသောကြောင့်ပင်။

စီရင်စုကိုးခု ကိုယ်ခံပညာ ပြိုင်ပွဲသည် မဟာရှားနိုင်ငံတွင် နှစ်စဉ်ကျင်းပသော ကိုယ်ခံပညာပွဲတော် တစ်ခုဖြစ်သည်။

ပြိုင်ပွဲ၏ ထိပ်ဆုံး ခြောက်ဆယ့်လေးယောက် စာရင်းထဲကို ဝင်နိုင်သူတိုင်းသည် အမျိုးမျိုးသော ဆုလာဘ်များကို ရရှိမည် ဖြစ်၏။

ပြိုင်ပွဲတွင် အဆင့်တစ်ဆင့် ပိုပြီး တက်နိုင်လေ ဆုလာဘ်က ပိုပြီး ရက်ရက်ရောရောရလေ ဖြစ်သည်။

အထူးသဖြင့် ပထမရသူသည် ရေတွက်၍မရနိုင်သော ကိုယ်ခံပညာရှင်များ၏ အိပ်မက်ဖြစ်သည့် အခွင့်ထူးတစ်ခုကိုရရှိနိုင်သည်ဟု ဆိုကြသည်။

ထိုအခွင့်ထူးသည် သိုင်းသခင် နယ်ပယ်၏ ကိုယ်ခံပညာအမှန်တရားကို လေ့လာခွင့်ရမည့် အခွင့်ထူးဖြစ်သည်။

ယင်းအတွက်ကြောင့် ပထမနေရာ အတွက် တိုက်ပွဲသည် အလွန်ပင် ပြင်းထန်၏။

သို့ရာတွင် ယခုအခါ၌ ယန်စန်းမင်သည် ပထမနေရာအတွက် ယင်ခိုင်နှင့် ယဲ့ချန်ချိုးတို့ကို ယှဉ်ပြိုင်ရန် ကျန်းချန်တွင် အရည်အချင်းရှိသည်ဟု အမှန်တကယ် ခံစားနေရသည်။

ဤနှစ်လအတွင်း ထိုကောင်လေး၏ ခွန်အားသည် ဤမျှလောက် ကြောက်စရာကောင်းသော အဆင့်အထိ မြင့်တက်သွားသည်မှာ မယုံနိုင်စရာပင်။

"ယင်ခိုင်.. မတွေ့ရတာကြာပြီ.. လက်ရည်စမ်းကြည့်ရအောင်"

လင်ယွင်ကျောင်းတော်မှ ကျောင်းသားများ ယန်စန်းမင်၏ စကားများကြောင့် အံ့အားသင့်နေသောအချိန်မှာပင် ဟောင်ထျန်းကျောင်းတော်မှ ယဲ့ချမ်ချိုးသည် ချန်လုံကျောင်းတော်မှယင်ခိုင်ကို စူးရှစွာစိုက်ကြည့်၍ ​ပြောလိုက်သည်။

ထို့နောက်တွင် ယဲ့ချန်ချိုးထံမှ အံ့သြစရာကောင်းသည့် ဓားဆန္ဒတစ်ခု ချက်ချင်း ထွက်ပေါ်လာခဲ့သည်။

"ဟမျ့"

ထိုအချင်းအရာကို မြင်လျှင် ချန်လုံကျောင်းတော်မှ ယင်ခိုင်၏ မျက်လုံးများက အေးစက်သွားခဲ့သည်။

ယင်းနောက်တွင် သူ့မျက်လုံးထဲကနေ တောက်ပသော ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ယဲ့ချမ်ချိုး၏ ဓားဆန္ဒနှင့် ထိပ်တိုက်ဆုံမိသွားကြသည်။

ချက်ချင်းဆိုသလို မျက်စိဖြင့် မြင်နိုင်သည့် ခွန်အားတိုက်မိမှု တစ်ခုသည် လေထဲတွင် တိုက်ရိုက် ထွက်ပေါ်လာခဲ့၏။

"လခွမ်း...ယဲ့ချန်ချိုး နဲ့ ယင်ခိုင်တို့က တိုက်ခိုက်နေကြပြီ.. ဘယ်သူက ပိုအားကောင်းလဲ မသိဘူး"

"ယဲ့ချမ်ချိုးရဲ့ ဓားရေးက အားကောင်းတယ်.. ယင်ခိုင်ကတော့ ကိုယ်ခံပညာ နှစ်မျိုးစလုံး လေ့ကျင့်ထားတယ်...အထူးသွေးကြောလည်းရှိတယ်.. သူတို့နှစ်ယောက်ကြားက ရင်ဆိုင်မှုက အရမ်းစိတ်လှုပ်ရှားစရာကောင်းမှာ သေချာတယ်"

ယင်ခိုင်နဲ့ ယဲ့ချန်ချိုးတို့၏ ထိပ်တိုက် ရင်ဆိုင်မှုကို မြင်လျှင် ပတ်ဝန်းကျင်ရှိ လူတိုင်းသည် အံ့အားသင့်သွားခဲ့သည်။

ကျန်းချန်တို့ လင်ယွင်ကျောင်းတော်ကိုမူ လူတိုင်းက လုံးဝလျစ်လျူရှုထားခဲ့ကြ၏။

ချန်လုံကျောင်းတော်နှင့် ဟောင်ထျန်းကျောင်းတော်မှ လူများပင် အစကနေအဆုံးအထိ သူတို့ကို နှုတ်ဆက်ဖို့ မလာခဲ့ကြပေ။

"သွားကြစို့"

ယန်စန်းမင်၏ မျက်နှာက ဟန်အမူအရာ ကင်းမဲ့နေသည်။

သူက လင်ယွင်ကျောင်းတော်မှ ကျောင်းသားများကို ခေါ်သွားတော့မည့် အချိန်မှာပင် ကျယ်လောင်သော အသံတစ်သံက ရင်ပြင်၏ လေထုထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

"အားလုံးပဲ.. မကြာခင်ကျင်းပတော့မဲ့ ပြိုင်ပွဲနှင့် ပတ်သက်ပြီး အနက်ရောင်တိမ်တိုက် ကုန်သွယ်ရေးအဖွဲက လောင်းကြေး စတင်ဖွင့်ပါတော့မယ်.. လူတိုင်းပါဝင်ကြဖို့ ကြိုဆိုပါတယ်"

"လောင်းကြေးတင်နိုင်မဲ့ ကိုယ်စားလှယ် ကိုးယောက်ရှိပြီး သူတို့က ကျောင်းတော်အသီးသီးရဲ့ နံပါတ်တစ် ပါရမီရှင်တွေပဲ"

"ချန်လုံကျောင်းတော်ရဲ့ နံပါတ်တစ်ပါရမီရှင် ယင်ခိုင်ရဲ့အလေးသာမှုက ၁လေး ၁လေး"

"ဟောင်ထျန်း ကျောင်းတော်ရဲ့ နံပါတ်တစ်ပါရမီရှင် ယဲ့ချမ်ချိုးရဲ့ အလေးသာမှုက ၂လေး ၁လေး"

"............"

"လင်ယွင် ကျောင်းတော်ရဲ့ နံပါတ်တစ်ပါရမီရှင် ကျန်းချန်ရဲ့အလေးသာမှုက ၁၀၀လေး ၁လေး"

အခန်း(၂၀၂) ပြီး၏

All Chapters