အခန်း (၂၀၅)
Vol. 14 Ch. 205
"ဘာတွေဖြစ်နေတာလဲ ငါ...ငါမူးနေတာ မဟုတ်ဘူးမလား"
"လင်ယွင်ကျောင်းတော်က ကျန်းချန်ဘက်ကနေ အကြီးအကဲတွေက လောင်းကြေးထပ်နေတယ်ဟ.. ဒါက မယုံနိုင်စရာပဲ"
"ဒီကျန်းချန်က တကယ်ပဲ ပထမနေရာ အတွက် ယှဉ်ပြိုင်ဖို့ ခွန်အားရှိလို့လား"
ရင်ပြင်မှာ ရုတ်တရက်ပေါ်လာသည့် တုန်လှုပ်စရာ ကောင်းသည့် မြင်ကွင်းသည် ပတ်ဝန်းကျင်ကို တိုက်ရိုက် ပေါက်ကွဲသွားစေခဲ့သည်။
ကျန်းချန်အပေါ်တွင် သူတို့၏ အကြည့်များသည် ယခင်က မရှိဖူးသည့် အံ့သြ တုန်လှုပ်မှုမျိုးကို ပြသခဲ့သည်။
မဟာရှားနိုင်ငံ၏ စီရင်စုကိုးခုရှိ ကျောင်းတော်များတွင် အောက်ဆုံးမှာ တည်ရှိနေသည့် လင်ယွင်ကျောင်းတော်။
သဘောဝကျစွာပင် ထိုလင်ယွင်ကျောင်းတော်၏ နံပါတ်တစ်ပါရမီရှင် ကျန်းချန်က လူတိုင်း၏ မျက်လုံးထဲတွင် ပထမနေရာအတွက် အနိုင်ရရှိရန် မဖြစ်နိုင်ဆုံးကိုယ်စားလှယ်ပင်။
သို့သော်လည်း ကျန်းချန်သည် အကြီးအကဲများ၏ ထောက်ခံမှုကို အမှန်တကယ် ရရှိနေခဲ့သည်။
မုန့်မိသားစု၏ ပါရမီရှင် အလှဘုရင်မလေး မုန့်ချင်းရွှယ် ပင်လျှင် အဆင့်နိမ့် မှော်စွမ်းအား ကျောက်တုံး တစ်သောင်း လောင်းခဲ့၏။
လခြမ်းတံဆိပ် ကုန်သွယ်ရေးအဖွဲ့မှ ယွဲ့ယန်ကျိုးနဲ့ ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင် ယန်ချင်းရွှယ်တို့ကလည်း တစ်သိန်းစီ လောင်းခဲ့ကြသည်။
လင်ယွင်ကျောင်းတော်မှ ကျန်းချန်သည် စီရင်စုကိုးခု ကိုယ်ခံပညာပြိုင်ပွဲ၏ အကြီးမားဆုံး ဖျက်မြင်း ဖြစ်လာတော့မည်လော။
ယန်ချင်းရွှယ်တို့ သုံးယောက်၏ အားကောင်းသော ထောက်ခံမှုသည် ယဲ့ချမ်ချိုးနှင့် အနက်ရောင်တိမ်တိုက် ကုန်သွယ်ရေးအဖွဲ့မှ လူလတ်ပိုင်းအရွယ် ဝဖိုင့်ဖိုင့်လူကို အနည်းငယ် မနှစ်မြို့ဖွယ် ဖြစ်စေခဲ့၏။
ယဲ့ချမ်ချိုးက ကျန်းချန်ကို အေးစက်စွာ တစ်ချက် ကြည့်ပြီးနောက် ဘာစကားမှမပြောဘဲ လှည့်ထွက်သွားခဲ့သည်။
စီရင်စုကိုးခု ကိုယ်ခံပညာ ပြိုင်ပွဲတွင် တွေ့မှသာ သင်ခန်းစာပေးမည်ဟု စိတ်ထဲကနေ လျှို့ဝှက်စွာသစ္စာဆိုခဲ့၏။
အနက်ရောင်တိမ်တိုက် ကုန်သွယ်ရေးအဖွဲ့မှ လူလတ်ပိုင်းအရွယ် ဝဖိုင့်ဖိုင့်လူသည် ရုတ်တရက် စိတ်ထဲတွင် မကောင်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သူက လင်ယွင်ကျောင်းတော်မှ ကျန်းချန်အကြောင်းကို စုံစမ်းစစ်ဆေးဖို့ ပိုပြီး အားစိုက်မထုတ်မိသည့် အတွက် နောင်တရနေခဲ့၏။
ဤတစ်ကြိမ်တွင် ကျန်းချန်၏ ပထမနေရာအတွက် အလေးသာမှုကို သူတို့၏ အနက်ရောင်တိမ်တိုက် ကုန်သွယ်ရေးအဖွဲ့က ၁၀၀ လေး ၁လေး သတ်မှတ်ထားသည်။
ကျန်းချန်သာ တကယ်ပဲ ပထမနေရာကို အနိုင်ရခဲ့လျှင် အနက်ရောင်တိမ်တိုက် ကုန်သွယ်ရေးအဖွဲ့သည် ယွဲ့ယန်ကျိုးနှင့် ယန်ချင်းရွှယ်နှစ်ယောက်ကိုပင် အဆင့်နိမ့် မှော်စွမ်းအား ကျောက်တုံး သန်းနှစ်ဆယ်ပေးရပေမည်။
ဤမျှကြီးမားသော ပမာဏသည် အနက်ရောင်တိမ်တိုက် ကုန်သွယ်ရေးအဖွဲ့ အတွက်ပင် ရိုးရှင်းသည့်ကိစ္စ မဟုတ်ပေ။
ယန်ချင်းရွှယ်တို့ သုံးယောက်က ကျန်းချန်ဘက်ကနေ လောင်းပြီးနောက်တွင် လူအများအပြားသည် ကျန်းချန်ဘက်ကနေ လောင်းလာခဲ့ကြသည်။
"ဒီတစ်ကြိမ် စီရင်စုကိုးခု ကိုယ်ခံပညာ ပြိုင်ပွဲက ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာပြီ"
"မထင်မှတ်ဘဲ အကြီးအကဲတွေက လင်ယွင်ကျောင်းတော်က ကျန်းချန်ကို သဘောကျနေတဲ့ပုံပဲ"
"ငါတို့ ကျန်းချန်ဘက်ကနေ စွန့်စားပြီး လောင်းကြည့်ရမယ်"
"ကျန်းချန်သာ တကယ်ပဲ ပထမနေရာ ရခဲ့ရင် ငါတို့က ငွေတွေ သောက်သောက်လဲ ရမှာဟ"
အနက်ရောင်တိမ်တိုက် ကုန်သွယ်ရေးအဖွဲ့မှ လူလတ်ပိုင်းအရွယ် ဝဖိုင့်ဖိုင့်လူ၏ ခန့်မှန်းချက်သည် မကြာခင်မှာပင် အမှန်တကယ် ဖြစ်လာခဲ့သည်။
ကျန်းချန် အပေါ် အမြင်ကောင်း သိပ်မရှိသော်လည်း လူအများအပြားသည် ချက်ချင်းဆိုသလို သူတို့၏ အာရုံကိုပြောင်းလဲလိုက်ကြပြီး ကျန်းချန်ဘက်ကနေ လောင်းကြေး ထည့်ခဲ့ကြသည်။
ဤသို့ဖြင့် ကျန်းချန် အပေါ်တွင် ထည့်ဝင်ထားသည့် လောင်းကြေးသည် ယင်ခိုင်နှင့် ယဲ့ချမ်ချိုးတို့ ထက်ပင် အများကြီး ကျော်လွန်သွားခဲ့၏။
အချိန်တိုအတွင်း ကျန်းချန်သည် ဤတစ်ကြိမ်ပြိုင်ပွဲ၏ ပထမနေရာ အတွက် လူကြိုက်များသည့် လူတစ်ယောက် ဖြစ်လာပုံရသည်။
ကျန်းချန်ပေါ်မှာ လောင်းကြေးထည့်ဝင်သည့်လူ ပိုပိုပြီး များလာသည်ကိုမြင်လျှင် ဝဖိုင့်ဖိုင့်လူသည် နဖူးပေါ်တွင် ချွေးများ ထွက်လာခဲ့သည်။
ယခုအခါ သူသည် ကျန်းချန် ပထမနေရာ မရရှိရန်အတွက် စိတ်ထဲကနေ ဆုတောင်းနေရုံသာ တတ်နိုင်ခဲ့သည်။
အလေးသာမှု ၁၀၀လေး ၁လေးအရဆိုလျှင် သူတို့၏ အနက်ရောင်တိမ်တိုက် ကုန်သွယ်ရေးအဖွဲ့သည် အတော်လေး လျော်ပေးရမည့် အခြေအနေ ရှိသည်။
"ယန်ချင်းရွှယ်နဲ့ ယွဲ့ယန်ကျိုးတို့ရဲ့ အာရုံစိုက်မှုကို ရဖို့ဆိုတာ မလွယ်ကူနိုင်ဘူး.. ယင်ခိုင်.. မင်းသူ့ကို လျော့မတွက်နဲ့"
"သူက ပထမနေရာအတွက် မင်းရဲ့အကြီးမားဆုံး ပြိုင်ဘက်တွေထဲက တစ်ယောက် ဖြစ်လာနိုင်တယ်"
ချန်လုံကျောင်းတော်၏ အကြီးအကဲက တစ်ဖက်မှ ကျန်းချန်ကို အကဲခတ်ပြီးနောက် သူ့ဘေးမှ ယင်ခိုင်ကို တည်ကြည်စွာပြောလိုက်သည်။
"စိတ်မပူပါနဲ့အကြီးအကဲ.. ကျွန်တော်က ဘယ်ပြိုင်ဘက်ကိုမှ လျော့မတွက်ထားပါဘူး"
ယင်ခိုင်၏ မျက်လုံးများက တောက်ပနေခဲ့သည်။
"ငါ ပထမနေရာရဖို့အတွက် ဒီယဲ့ချမ်ချိုးနဲ့ ကျန်းချန်က ခြေနင်းကျောက်တုံး တစ်ခု ဖြစ်လာစေရမယ်
အခန်း(၂၀၅) ပြီး၏