← Chapters

အခန်း (၂၀၇)

Vol. 14 Ch. 207

အခန်း (၂၀၇)

Vol. 14 Ch. 207

"ချီး.. ဒီတစ်ကြိမ် ဖယ်ရှားခြင်း အဆင့်မှာ ကြုံရမှာက စတုတ္ထအဆင့် အရိပ်တစ်ထောင် ပုံရိပ်ယောင် သတ်ဖြတ်ခြင်း အစီအရင်ဟ"

"စတုတ္ထအဆင့် အရိပ်တစ်ထောင် ပုံရိပ်ယောင် သတ်ဖြတ်ခြင်း အစီအရင်က သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်က ကျင့်ကြံသူတွေကိုတောင် အန္တရာယ် အနည်းငယ် ပေးနိုင်တယ်.. သာမန် မူလဘူတအဆင့် ကျင့်ကြံသူတွေ အနေနဲ့က အချိန်အကြာကြီး တောင့်မခံနိုင်ဘူးလို့ ပြောကြတယ်"

"တကယ်ပါပဲ... လင်ယွင်ကျောင်းတော်ရဲ့ ကျန်းချန်က ဘယ်အဆင့်ထိ သတ်မှတ်ခံရမလဲ မသိဘူး.. သူသာ ထိပ်ဆုံးခြောက်ဆယ့်လေးယောက်ထဲကို မဝင်နိုင်ရင် လူအတော်များများ သူတို့ရဲ့ငွေတွေကို ဆုံးရှုံးရလိမ့်မယ်"

ရှားတုန်ဟွမ်၏ စည်းမျဉ်းများကို ကြားသည့်အခါတွင် ပတ်ဝန်းကျင်မှ မရေမတွက်နိုင်သည့် ကြည့်ရှုသူများသည် တီးတိုး ပြောဆိုနေခဲ့ကြသည်။

"မင်းတို့ကို သတိပေးမယ်.. မင်းတို့တွေ အစီအရင်ထဲမှာ တောင့်မခံနိုင်တော့ရင် အရှုံးပေးဖို့ အော်ဟစ်လိုက်ပါ.. ငါက မင်းတို့ကို အစီအရင်ထဲကနေ ဆွဲထုတ်ပေးမယ်"

"ဒီအရိပ်တစ်ထောင် ပုံရိပ်ယောက်သတ်ဖြတ်ခြင်း အစီအရင်က အားနည်းတဲ့အစီအရင် မဟုတ်ဘူး.. မင်းတို့တွေ အတင်းအကျပ် တောင့်ခံနေရင် အန္တရာယ်ရှိလာနိုင်တယ်"

"အခု ငါက ပြိုင်ပွဲ စတင်ပြီလို့ ကြေညာပါတယ်"

ရှားတုန်ဟွမ်က စကားဆုံးသည်နှင့် ချက်ချင်းပင် သူ၏ လက်ဝါးကို လှုပ်ရှားလိုက်ရာ အရိပ်တစ်ထောင် ပုံရိပ်ယောင် သတ်ဖြတ်ခြင်း အစီအရင်သည် ချက်ချင်းပင် အသက်ဝင်သွားခဲ့သည်။

အစီအရင် လည်ပတ်လာသည့်အချိန်တွင် အစီအရင်ထဲရှိ ပြိုင်ပွဲဝင်အားလုံးသည် သူတို့ကို ဖိနှိပ်ထားသည့် အလွန်အားကောင်းသော အရှိန်အဝါကို ခံစားလိုက်ရ၏။

အားနည်းသော ချီကာကွယ်ရေး နယ်ပယ်အဆင့် ကျောင်းသားအများအပြားကမူ ချက်ချင်းပင် မျက်နှာပျက်သွားခဲ့ကြသည်။

သူတို့က အလျင်အမြန် ခြေချိတ်ထိုင်လိုက်ပြီး ခန္ဓာကိုယ်ထဲကခွန်အားကို လှုံ့ဆော်ကာ အစွမ်းကုန် ခုခံခဲ့ကြသည်။

သို့သော် ယင်ခိုင်လို ပါရမီရှင်များကမူ ဤခွန်အားကြောင့် လုံးဝ မထိခိုက်ခဲ့ပေ။

သူတို့က အစီအရင်ထဲတွင် နေရာတစ်ခုကို ကျပန်းရှာပြီး ခြေချိတ်၍ ထိုင်လိုက်ကြသည်။

ပတ်ဝန်းကျင်ရှိ ကျောင်းသားများ၏ အခြေအနေကို ကြည့်ပြီးနောက်တွင် ကျန်းချန်သည် ချက်ချင်း မထိုင်သေးဘဲ အရိပ်တစ်ထောင် ပုံရိပ်ယောင် သတ်ဖြတ်ခြင်း အစီအရင်ကို တိုက်ရိုက် အကဲခတ်လိုက်၏။

"ဒင်.. စတုတ္ထအဆင့် အစီအရင်၊ အရိပ်တစ်ထောင် ပုံရိပ်ယောင် သတ်ဖြတ်ခြင်း အစီအရင်ကို ကြည့်ရှုခြင်းဖြင့် အဆတစ်ရာ နားလည်မှုကို ရရှိပါတယ်"

"ဒင်.. သင်က အရိပ်တစ်ထောင် ပုံရိပ်ယောင် သတ်ဖြတ်ခြင်းအစီအရင်ရဲ့ အနှစ်သာရနဲ့ ချိုးဖျက်တဲ့နည်းလမ်းကို အောင်မြင်စွာ နားလည်သွားပါပြီ"

အစီအရင်ကို ချိုးဖျက်သည့် နည်းလမ်းကို နားလည်ပြီးနောက်တွင် ကျန်းချန်သည် အစီအရင်၏ ညာဘက် အပေါ်ပိုင်း နေရာကို တိုက်ရိုက် လျှောက်သွားခဲ့ပြီး ခြေချိတ်၍ လျင်မြန်စွာ ထိုင်ချခဲ့သည်။

ကျန်းချန်ဘေးတွင် ဟောင်ထျန်းကျောင်းတော်မှ ယဲ့ချမ်ချိုးလည်း ရှိနေ၏။

"ကျန်းချန်.. လူအများအပြားက မင်းကို ဘာလို့ အကောင်းမြင်နေလဲ ဆိုတာ ငါမသိပေမယ့် ငါ့မျက်လုံးထဲမှာတော့ မင်းက ပထမနေရာ အတွက် ငါနဲ့ယှဉ်ပြိုင်ဖို့ အရည်အချင်းမရှိသေးဘူး"

"နောက်တစ်ချက်အနေနဲ့ မင်းနဲ့ငါ့ကြားက ကွာဟချက်က ဘယ်လောက်ကြီးသလဲဆိုတာ မင်းကို ငါသိစေမယ်"

ယဲ့ချမ်ချိုးက သူ့ဘေးတွင် ခြေချိတ်ထိုင်နေသည့် ကျန်းချန်ကိုကြည့်ပြီး အနည်းငယ် အေးစက်စက် ကြိမ်းဝါးလိုက်သည်။

"မင်းနဲ့ငါ့ကြားက ကွာဟချက်က တကယ်ပဲ တော်တော်ကြီးတယ်

ကျန်းချန်က ပေါ့ပါးစွာ ပြောလိုက်သည်။

"ဘာလို့လဲဆိုတော့ မင်းက ငါ့ဖိနပ်ကိုတောင် ကိုင်ဖို့ မထိုက်တန်လို့ပဲ"

"ကျန်းချန်.. မင်းက ငါ့ရှေ့မှာ မာန်တက်ပြနေတာလား"

ယဲ့ချမ်ချိုး၏ မျက်လုံးများက အေးစက်သွားသည်။

"မင်းသတ္တိရှိရင် အစီအရင်ထဲမှာ ဘယ်သူက ပိုကြာကြာ ခံနိုင်မလဲဆိုတာကို လောင်းကြေးထပ်ရအောင်"

"မင်းက ဘယ်လို လောင်းကြေးထည့်ချင်တာလဲ"

ကျန်းချန်၏ ပါးစပ်ထောင့်က အနည်းငယ် ကွေးညွှတ်သွားခဲ့သည်။

ဤစတုတ္ထအဆင့် အရိပ်တစ်ထောင် ပုံရိပ်ယောင် သတ်ဖြတ်ခြင်း အစီအရင်သည် အလွန် အားကောင်းသော်လည်း ဤအစီအရင်ကို ကျွမ်းကျင်ထားသည့် သူ့အတွက် ဘာအန္တရာယ်မှမပေးနိုင်ပေ။

သူသာ ဆန္ဒရှိလျှင် အစီအရင်ထဲ၌ တစ်နေ့ကုန်နေလျှင်ပင် ဘာပြဿနာမှ ရှိမည်မဟုတ်ချေ။

ယဲ့ချန်ချိုးက အခြေအနေကို ဘာမှမသိဘဲ ကိုယ်တိုင် တံခါးဝထိ လာပို့နေသောကြောင့် သူက လက်မခံစရာမရှိချေ။

ယဲ့ချမ်ချိုးက အေးစက်စွာ ပြောလိုက်သည်။

"အဆင့်နိမ့်မှော်စွမ်းအင် ကျောက်တုံး တစ်သောင်းလောင်းကြေး ထည့်ရင် ဘယ်လိုလဲ"

"အဆင့်နိမ့် မှော်စွမ်းအင်ကျောက်တုံး တစ်သောင်းထဲလား.. ဒါက သေးငယ်တဲ့ပမာဏ မဟုတ်ဘူးနော်"

ကျန်းချန်က မဲ့ပြုံး ပြုံး၍ ပြောလိုက်သည်။

"မင်းထုတ်နိုင်လို့လား"

"မင်း ဒီအတွက် စိတ်ပူစရာမလိုဘူး.. မင်းသာအနိုင်ရရင် ငါက အဆင့်နိမ့် မှော်စွမ်းအင် ကျောက်တုံး တစ်သောင်း တန်တဲ့ ပစ္စည်းတစ်ခုကို ထုတ်ပေးမယ်"

ယဲ့ချမ်ချိုးက မထီမဲ့မြင်ပြုံးကာ ပြောလိုက်သည်။

"အပိုစကားတွေမပြောနဲ့.. တစ်ခွန်းတည်းပဲပြော...မင်းငါနဲ့အလောင်းအစား လုပ်ဖို့ သတ္တိရှိလား"

"ဘာလို့မရှိရမှာလဲ"

ကျန်းချန်က ကောက်ကျစ်စွာ ပြုံးလိုက်သည်။

"မင်းရဲ့လောင်းကြေးကို ငါ့အတွက်ပဲလေ"

အခန်း(၂၀၇) ပြီး၏

All Chapters