အခန်း (၂၀၈)
Vol. 14 Ch. 208
"ကျန်းချန်.. မင်းစောင့်ကြည့်နေ.. မင်းအရှုံးကို လက်ခံအောင် ငါလုပ်ပြမယ်"
ယဲ့ချမ်ချိုးက အေးစက်စွာ ကြုံးဝါးလိုက်သည်။
ထို့နောက် သူက ချက်ချင်းပင် ကျန်းချန်ကို လျစ်လျူရှုလိုက်ကာ သူ့ကိုယ်သူ တည်ငြိမ်အောင် မျက်လုံးများကို မှိတ်ထားလိုက်တော့သည်။
ကျန်းချန်နှင့် ယဲ့ချမ်ချိုးတို့ လောင်းကြေးထပ်နေသောအချိန်တွင် အရိပ်တစ်ထောင် ပုံရိပ်ယောင် သတ်ဖြတ်ခြင်း အစီအရင်၏ ပထမဆုံးဖိအားလှိုင်းသည် ပြီးဆုံးသွားခဲ့သည်။
ချက်ချင်းဆိုသလို ယခင်တစ်ခုထက် အဆပေါင်းများစွာ ပိုပြီး ကြောက်စရာကောင်းသည့် အရှိန်အဝါတစ်ခုသည် အစီအရင်အတွင်း လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
စတုတ္ထအဆင့် အစီအရင်ဖြစ်သည့် အရိပ်တစ်ထောင် ပုံရိပ်ယောင်သတ်ဖြတ်ခြင်း အစီအရင်သည် အလွန်အားကောင်းသော ပုံရိပ်ယောင် သတ်ဖြတ်ခြင်း အစီအရင်တစ်ခု ဖြစ်၏။
အစီအရင် စတင်လည်ပတ်သည်နှင့် မိစ္ဆာအရှိန်အဝါနှင့် ဖိအားအလွှာက တစ်ဆင့်ချင်းစီ တိုးမြှင့်လာမည် ဖြစ်သည်။
ဖိအားအလွှာများသည် ယခင်အလွှာများထက် အများကြီး ပိုမိုအားကောင်းလာမည် ဖြစ်၏။
ဒုတိယတစ်ချီ၏ မိစ္ဆာအရှိန်အဝါ ဖိအားဒဏ်ကို အားနည်းသည့် ကျောင်းသားအများအပြားသည် သည်းမခံနိုင်ခဲ့ကြပေ။
သူတို့အားလုံးက ကြောက်လန့်တကြား အော်ဟစ်လိုက်ရာ ရှားတုန်ဟွမ် သူတို့ကို အစီအရင်ကနေ ဆွဲထုတ်လိုက်သည်။
အလွန်မြန်ဆန်စွာပင် ဒုတိယဖိအားလှိုင်းအောက်၌ ကျောင်းသား ရာပေါင်းများစွာကို ဖယ်ရှားလိုက်၏။
ဒုတိယဖိအားလှိုင်း ပြီးဆုံးပြီး လူတိုင်း ကောင်းစွာ အနားမယူရသေးခင်မှာပင် တတိယဖိအားလှိုင်းက ထပ်မံ ရောက်လာခဲ့သည်။
ဤတစ်ကြိမ်ဖိအားသည် ဒုတိယလှိုင်း၏ ဖိအားထက် အဆပေါင်းများစွာ ပိုမို အားကောင်းသည်။
ကျောင်းသားအများအပြားသည် ဤကြောက်စရာကောင်းသည့် အရှိန်အဝါဖိအားအောက်တွင် သွေးမအန်ဘဲ မနေနိုင်ခဲ့ကြပေ။
သူတို့က တုံ့ဆိုင်းမနေဘဲ ကြောက်လန့်တကြားဖြင့် အရှုံးပေးရန် လျင်မြန်စွာ ရွေးချယ်ခဲ့ကြသည်။
အချိန်ကုန်လွန်လာသည်နှင့် အမျှ အရိပ်တစ်ထောင် ပုံရိပ်ယောင် သတ်ဖြတ်ခြင်း အစီအရင်ထဲရှိ ဖိအားက ပို၍ ကြောက်စရာ ကောင်းလာခဲ့ပြီး အစီအရင်ထဲမှ လူများကလည်း ပို၍ နည်းပါးလာခဲ့သည်။
တတိယဖိအားလှိုင်းအဆုံးတွင် အရိပ်တစ်ထောင် ပုံရိပ်ယောင် သတ်ဖြတ်ခြင်း အစီအရင်ထဲရှိ ပါရှိသူများသည် တစ်ဝက်မျှ လျော့ကျသွားပြီး လူ ၅၀၀ အောက်သာ ကျန်ရှိတော့၏။
ပြိုင်ပွဲဝင်တစ်ဝက်ကို ဖယ်ရှားပြီးသည့် နောက်တွင် အစီအရင်က ပို၍ ကြောက်စရာကောင်းသည့် ဖိအားလှိုင်းများကို ထုတ်လွှတ်ပြီး အစီအရင်ထဲမှ ကျောင်းသားများကို ဆက်လက် ဖိနှိပ်နေခဲ့သည်။
ဆဋ္ဌမဖိအားလှိုင်း အဆုံးသတ်တွင် အစီအရင်ထဲရှိ ကျောင်းသား အရေအတွက်သည် လူတစ်ရာအောက်အထိ ကျဆင်းသွားခဲ့သည်။
ဤအချိန်တွင် မူလဘူတ နယ်ပယ် အဆင့်ကျင့်ကြံသူမှ လွဲ၍ ကျန်ရှိသည့် သူများအားလုံးသည် ချွေးများဖြင့် ရွှဲနစ်နေကြပြီ ဖြစ်သည်။
သူတို့၏ မျက်လုံးများသည် ယခင်က မရှိဖူးသည့် တည်ကြည်သော အမူအရာကို ဖော်ပြနေသည်။
"ဝုန်း"
ထိုအချိန်တွင် အားကောင်းသော ဖိအားတစ်ခုသည် အစီအရင်ထဲတွင် ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။
အစီအရင်ထဲရှိ ကျောင်းသားတိုင်း၏ ခေါင်းပေါ်တွင် ရက်စက်သော ပုံရိပ်ယောင် ကျားတစ်ကောင်က ဖြစ်တည်လာခဲ့၏။
ထိုကျားက သူ၏ သွားများ၊လက်သည်းများဖြင့် အောက်ဘက်ရှိ ကျောင်းသားကို ဖိနှိပ်ရန် အသင့်ဖြစ်နေသည်။
ထိုမြင်ကွင်းကို မြင်သည့်အခါတွင် ကျောင်းသားအများအပြား၏ မျက်နှာများသည် ချက်ချင်းပင် ဖျော့တော့သွားခဲ့၏။
ဤသတ္တမဖိအားလှိုင်းသည် ယခင်ခြောက်လှိုင်းနှင့် လုံးဝမတူပေ။
ချီကာကွယ်ရေး အဆင့်မှ ကျောင်းသားအများအပြားသည် လုံးဝ မေ့မြောသွားပြီး ချက်ချင်းပင် ဖယ်ရှားခံလိုက်ရ၏။
မူလဘူတနယ်ပယ် အဆင့်ကို ရောက်ရှိထားသည့် ကျောင်းသားအချို့ပင် ရင်ဆိုင်ရန် အလွန် ခက်ခဲလာခဲ့သည်။
မိနစ်အနည်းငယ်အတွင်း အစီအရင်ထဲမှ လူအများစုသည် ထပ်မံ ဖယ်ရှားခံလိုက်ရပြန်၏။
နန်းကုန်းရီနှင့် လဲ့ချင်း တို့လိုလူများပင် ဖိအားလှိုင်းဒဏ်ကို မခုခံနိုင်ခဲ့ပေ။
သတ္တမဖိအားလှိုင်း၏ အဆုံးတွင် အရိပ်တစ်ထောင်ပုံရိပ်ယောင် သတ်ဖြတ်ခြင်း အစီအရင်၌ လူဆယ်သာသာ ကျန်ရှိတော့၏။
ကျန်းချန်က သဘာဝကျစွာပင် ဒီလူဆယ်ယောက်ထဲမှ တစ်ယောက် ဖြစ်သည်။
"လခွမ်း.. လင်ယွင်ကျောင်းတော်ရဲ့ ကျန်းချန်က တကယ်အံ့သြစရာကောင်းတာပဲ.. သူက အခုထိ အစီအရင်ထဲမှာ ရှိနေတုန်းပဲဟ"
"အရိပ်တစ်ထောင် ပုံရိပ်ယောင် သတ်ဖြတ်ခြင်း အစီအရင်ထဲမှာ ကျန်ရစ်ခဲ့သူအားလုံးက ကျောင်းတော်၉ခုရဲ့ ထိပ်တန်းပါရမီရှင်တွေချည်းပဲ.. ကျန်းချန်မှာ ဒီလောက်အထိ ကြောက်စရာကောင်းတဲ့ ခွန်အားရှိနေမယ်လို့ ငါမထင်ထားဘူး"
"ဒီကောင်လေးက အကြီးအကဲတွေ မျက်နှာသာပေးခံရဖို့ ထိုက်တန်ပါတယ်"
အစီအရင်အတွင်းမှ အခြေအနေကိုကြည့်ပြီး ရင်ပြင်ထဲရှိ လူအများအပြားသည် အံ့အားသင့်သွားခဲ့သည်။
အမြဲတစေ အောက်ဆုံးမှာသာ ရပ်တည်ခဲ့သည့် လင်ယွင်ကျောင်းတော်တွင် ကျန်းချန်လို ပါရမီရှင်တစ်ယောက် ရှိနေလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။
"ဒီကောင်လေးက ဖျက်မြင်းတွေထဲက ဖျက်မြင်းပဲ"
အခန်း(၂၀၈) ပြီး၏