← Chapters

အခန်း (၂၀၉)

Vol. 14 Ch. 209

အခန်း (၂၀၉)

Vol. 14 Ch. 209

"ကျန်းချန်.. မင်းဒီအဆင့်ထိ တောင့်ခံနိုင်မယ်လို့ ငါတကယ် မထင်ထားမိဘူး"

"နောက်လာမယ့် အဋ္ဌမမြောက် မိစ္ဆာဖိအားလှိုင်းကို မင်းဘယ်လို ခံနိုင်ရည်ရှိမလဲဆိုတာ ငါကြည့်ချင်တယ်"

ယဲ့ချမ်ချိုးက သူ့ဘေးမှာ ထိုင်နေသည့် ကျန်းချန်ကိုကြည့်ကာ မထီမဲ့မြင် အမူအရာဖြင့် ပြောလိုက်သည်။

အစောပိုင်းက သတ္တမဖိအားလှိုင်းသည် သာမန် မူလဘူတ နယ်ပယ်အဆင့်၁မှ ကျောင်းသားများ ခံနိုင်ရည်ရှိသည့် အရာ မဟုတ်ပေ။

ထို့ကြောင့် ဤတစ်ကြိမ် ကျရောက်လာမည့် အဋ္ဌမဖိအားလှိုင်းဒဏ်ကို ကျန်းချမ် ခံနိုင်ရည်ရှိမည်ဟု ယဲ့ချမ်ချိုး မယုံကြည်ခဲ့ပေ။

"ငါဘယ်လိုခံနိုင်ရည် ရှိမလဲဆိုတာ မင်းစိတ်ပူစရာမလိုဘူး"

ကျန်းချန်က ယဲ့ချမ်ချိုးကို ပေါ့ပါးစွာ ကြည့်လိုက်သည်။

"မင်းကိုယ်မင်းပဲ ပိုပြီးဂရုစိုက်သင့်တယ်.. မင်းရှုံးတဲ့အခါ အဆင့်နိမ့်မှော်စွမ်းအင် ကျောက်တုံးအစား ဘာကို အသုံးပြုမလဲ ဆိုတာကိုပဲ စဉ်းစားစမ်းပါ"

"ဟားဟား... ဒါက တကယ့်ဟာသပဲ.. မင်းငါ့ကို နိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား"

ယဲ့ကျန့်ချိုးက မထီမဲ့မြင် ပြုံးကာ ရယ်မောလိုက်သည်။

သူက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

"ဒီဖယ်ရှားခြင်း ပြိုင်ပွဲရဲ့ ပထမနေရာကို ငါယဲ့ချမ်ချိုးပဲ ရမှာ"

ယဲ့ချမ်ချိုးက သူ့ကိုယ်သူ အလွန်အမင်း ယုံကြည်မှု ရှိနေခဲ့သည်။

အဆုံးသတ်တွင် သူက နက်နဲသော ဓားဆန္ဒကို နားလည်ထားသည့် ဓားရေးပါရမီရှင်တစ်ယောက် ဖြစ်သည်။

ဓားဆန္ဒကို အသုံးပြု၍ ဤအရိပ်တစ်ထောင် ပုံရိပ်ယောင် သတ်ဖြတ်ခြင်းအစီအရင်၏ အသက်ရှူကြပ်စေသည့် ဖိအားလှိုင်းကို ခုခံရာတွင် သဘာဝအားသာချက် ရှိ၏။

ဤကိစ္စနဲ့ပတ်သက်လျှင် ချန်လုံကျောင်းတော်မှ ယင်ခိုင်ပင် သူနှင့် မယှဉ်နိုင်ပေ။

သူက အရိပ်တစ်ထောင် ပုံရိပ်ယောင် သတ်ဖြတ်ခြင်း အစီအရင်ထဲတွင် အချိန်အကြာဆုံး နေနိုင်မည့်သူဟု ယုံကြည်နေခဲ့သည်။

ကျန်းချန်က သူ့ကို နိုင်ချင်သည်မှာ အိပ်မက် မက်နေခြင်းပင်။

"မင်းအနေနဲ့ စကားကြီးစကားကျယ် ပြောမနေဘဲ ငါ့လို နှိမ့်ချပြီးနေသင့်တယ်"

"မင်းနဲ့ယင်ခိုင်ကို ငါလုံးဝစိတ်မဝင်စားဘူး.. မင်းက ယင်ခိုင်ကိုအနိုင်ရရင်တောင် ပထမနေရာကို မင်းပိုင်မှာမဟုတ်ဘူး"

ကျန်းချန်၏ ပါးစပ်ထောင့်က အနည်းငယ် ကွေးညွှတ်သွားခဲ့သည်။

"ငါရှိနေသ၍ ပထမနေရာအတွက် လုံးဝ မစဉ်းစားနဲ့"

"............"

ကျန်းချန်နှင့် ယဲ့ချမ်ချိုး တို့၏ စကားပြောဆိုမှုသည် ရင်ပြင်ထဲရှိ လူတိုင်းကို ပါးစပ်ရွဲ့စောင်းမတတ် ဖြစ်စေခဲ့သည်။

သူတို့က သူတို့၏ နဖူးပေါ်မှ ကျလာသည့် ချွေးစေများကို မသုတ်ဘဲ မနေနိုင်ခဲ့ပေ။

"ဒီကောင်က ယဲ့ချမ်ချိုးကိုတောင် အထာမထားဘဲ နှိပ်ကွပ်တာဟ"

"ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီးနေသင့်တယ် ဆိုပြီး ငါရှိနေသ၍ ပထမနေရာကို မစဥ်းစားနဲ့ ဆိုတာက ကိုယ့်ကိုယ်ကိုယ် နှိမ့်ချတဲ့ လူတစ်ယောက်ရဲ့ စကားလား"

လူတိုင်းက ကျန်းချန်၏ စကားကြောင့် အံ့အားသင့်နေသော အချိန်မှာပင် အရိပ်တစ်ထောင် ပုံရိပ်ယောင် သတ်ဖြတ်ခြင်း အစီအရင်ထဲ၌ ကျယ်လောင်သော နဂါးဟိန်းသံက ထွက်ပေါ်လာခဲ့သည်။

မကြာခင်မှာပင် အစီအရင်အတွင်းရှိိ ကောင်းကင်ထက်၌ ပုံရိပ်ယောင် နဂါးတစ်ကောင် ဖြစ်တည်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ် နဂါးအရှိန်အဝါသည် သတ်ဖြတ်ခြင်း အစီအရင်တစ်ခုလုံးကို ပြည့်နှက်သွားခဲ့သည်။

ထိုအချိန်တွင် ယင်ခိုင်နဲ့ ယဲ့ချမ်ချိုး အပါအဝင် ကျောင်းသားအားလုံး၏ မျက်နှာများသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

သူတို့က သူတို့၏ အတွင်းအားများကို အပြည့်အဝ လှုံ့ဆော်ပြီး သူတို့နားလည်ထားသည့် လက်သီးဆန္ဒ နှင့် ဓားဆန္ဒ ရှေ့ပြေးပုံစံများဖြင့် နဂါးစွမ်းအား၏ ဖိနှိပ်မှုကို ရင်ဆိုင်ခဲ့ကြသည်။

ကျန်းချန်၏ မျက်နှာအမူအရာကမူ တည်ငြိမ်နေခဲ့၏။

သူက အစီအရင်ကို ခဏမျှ စိုက်ကြည့်ပြီးနောက်တွင် ဘယ်ဘက်အောက်ပိုင်းရှိ နေရာကို တည်နေရာရွှေ့​ပြောင်းလိုက်သကဲ့သို့ ပြောင်းရွှေ့ကာ ခြေချိတ်၍ ဆက်လက်ထိုင်နေခဲ့သည်။

ထိုအချိန်တွင် ကျောင်းသားအများအပြားသည် အားကောင်းလွန်းသည့် နဂါးစွမ်းအားကို မခုခံနိုင်တော့ဘဲ အရှုံးပေးဖို့ရွေးချယ်ခဲ့ကြ၏။

ဆယ်မိနစ်မပြည့်ခင်မှာပင် အရိပ်တစ်ထောင် ပုံရိပ်ယောင် သတ်ဖြတ်ခြင်း အစီအရင်ထဲ၌ ယင်ခိုင်၊ ယဲ့ချမ်ချိုးနှင့် ကျန်းချန် တို့သာ ကျန်ရှိတော့သည်။

ယင်ခိုင်၏ မျက်လုံးများက ရွှေရောင်အလင်းများဖြင့် လင်းလက်နေသည်။

သူ့တစ်ကိုယ်လုံးက လျှို့ဝှက်ဆန်းကြယ်ပြီး အားကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေခဲ့၏။

ယဲ့ချမ်ချိုးကလည်း ခန္ဓာကိုယ်ကနေ ထက်မြက်သည့် ဓားဆန္ဒတစ်ခု ကောင်းကင်ကို ပို့လွှတ်၍ ခုခံလိုက်သည်။

ထိုသို့ ယင်ခိုင်နှင့် ယဲ့ချမ်ချိုး တို့ သူတို့၏ ခွန်အားအပြည့်အစုံနှင့် နဂါးစွမ်းအားကို ရင်ဆိုင်နေသော အချိန်တွင် ကျန်းချန်သည် ဘုန်းတော်ကြီး တစ်ပါးလို ငြိမ်သက်စွာ ထိုင်နေခဲ့သည်။

သူက နဂါးစွမ်းအား၏ သက်ရောက်မှုကို လုံးဝ မခံရသလိုမျိုး ငြိမ်သက်စွာ ထိုင်နေခြင်း ဖြစ်၏။

အခန်း(၂၀၉) ပြီး၏

All Chapters