← Chapters

အခန်း (၂၁၀)

Vol. 14 Ch. 210

အခန်း (၂၁၀)

Vol. 14 Ch. 210

"လခွမ်း.. ကျန်းချန်က အခုထိ မလှုပ်မရှား ထိုင်နေဆဲပဲဟ"

"ယင်ခိုင်နဲ့ ယဲ့ချမ်ချိုးတောင် သူတို့၏ စွမ်းရည်တွေကို အကုန်အစင် ထုတ်သုံးနေရတယ် ဆိုတော့ နဂါးစွမ်းအားကတကယ်ကို ကြောက်စရာကောင်းမှာ လုံးဝ သေချာတယ်.. သူက ဘာလို့ လုံးဝ မထိခိုက်နိုင်တာလဲ"

"ဘုရားရေ.. ဒီကောင်က ဒီအဆင့်အထိတောင် ရောက်လာတယ်ဟ"

ကျန်းချန်က အစီအရင်ထဲတွင် တောင်တစ်လုံးလို တည်ငြိမ်စွာ ထိုင်နေသည်ကိုမြင်လျှင် ရင်ပြင်ရှိ လူတိုင်းသည် မှင်တက်သွားကြသည်။

ယင်ခိုင်နှင့် ယဲ့ချမ်ချိုးသည် အားလုံးက အသိအမှတ်ပြုထားသည့် အားအကောင်းဆုံး ပါရမီရှင်များ ဖြစ်၏။

ယခု ထိုနှစ်ယောက်လုံးသည် သူတို့၏ မူလဘူတနယ်ပယ်အဆင့်စွမ်းအားကို ဓားဆန္ဒဖြင့် ရောယှက် အသုံးပြု၍ အစီအရင်ထဲမှ နဂါးစွမ်းအားနှင့် တိုက်ခိုက်နေကြသည်။

သို့သော် ကျန်းချန်ကမူ နဂါးစွမ်းအားနှင့် ဘာမှမသက်ဆိုင်သလိုမျိုး လုံးဝ မထိခိုက်ခဲ့ပေ။

ဤကောင်လေးသည် အစီအရင်ထဲရှိ နဂါးစွမ်းအားကိုလျစ်လျူရှုနိုင်လောက်သည်အထိ အားကောင်းနေပါသလော။

"ဒါ...ဒါက မယုံနိုင်စရာပဲ"

"မထင်မှတ်ဘဲ ညီလေးကျန်းချန်က အစီအရင်ကို အေးအေးဆေးဆေး ရင်ဆိုင်နိုင်ခဲ့တယ်.. ငါ့အထင် မမှားရင် သူက ဒီအရိပ်တစ်ထောင် ပုံရိပ်ယောင် သတ်ဖြတ်ခြင်း အစီအရင်ရဲ့ အားနည်းချက်ကို တွေ့ရှိထားတာကြောင့် အစီအရင်ရဲ့ ဖိအားကို အပြည့်အဝ ရှောင်ရှားနိုင်တာပဲ ဖြစ်ရမယ်"

ယန်ချင်းရွှယ်က လုံးဝ မထိခိုက်သည့် ကျန်းချန်ကိုကြည့်ရင်း သူ၏ အိုမင်းသော မျက်လုံးထဲတွင် အံ့အားသင့်သော အကြည့်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"ဟားဟား... ဆရာယန် ခန့်မှန်းတာ အမှန်ပဲ.. ညီလေးကျန်းချန်က တကယ်ပဲ အစီအရင်သခင် တစ်ယောက်ပဲ.. လွန်ခဲ့တဲ့ နှစ်လသုံးလက သူ့ကိုတွေ့တဲ့အခါ သူက တတိယအဆင့် အစီအရင်သခင်တစ်ယောက် ဖြစ်နေခဲ့ပြီ"

တတိယအဆင့် အစီအရင်သခင်။

ယန်ချင်းရွှယ်က စိတ်ထဲတွင် ခါးသီးစွာမပြုံးဘဲ မနေနိုင်ခဲ့ပေ။

ဤကောင်လေးသည် နယ်ပယ်တိုင်းတွင် အလွန်ပါရမီရှိသည့် မွန်းစတားတစ်ကောင် ဖြစ်နေခဲ့သည် မဟုတ်လော။

"ဒီကောင်လေး..."

အစီအရင်အတွင်းရှိ အခြေအနေကိုကြည့်ကာ အစီအရင်ကို ထိန်းချုပ်နေသည့် ရှားတုန်ဟွမ်၏ အိုမင်းသော မျက်လုံးထဲတွင် မယုံနိုင်လောက်အောင် ထိတ်လန့်မှုတစ်ခု ရှိနေခဲ့သည်။

အစပထမတွင် အစီအရင်ထဲ၌ လူအများအပြားရှိနေသောကြောင့် ရှားတုန်ဟွမ်သည် ကျန်းချန်ကို သတိမထားမိခဲ့ပေ။

အစီအရင်ထဲတွင် လူတစ်ရာအောက်သာ ကျန်တော့သည့်အချိန်မှသာ ကောင်းစွာ သတိထားမိခဲ့သည်။

ထိုကောင်လေး၏ တည်နေရာသည် အရိပ်တစ်ထောင် ပုံရိပ်ယောင် သတ်ဖြတ်ခြင်း အစီအရင်၏ တစ်ခုတည်းသော အားနည်းချက် ဖြစ်၍ ထိုကောင်လေးသည် အစီအရင်ကြောင့် လုံးဝ မထိခိုက်ခဲ့ပေ။

ရှာတုန်းဟွမ်က ဤအရာကို တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်သည်ဟု ထင်ခဲ့သည်။

ထို့ကြောင့် အဋ္ဌမ ဖိအားလှိုင်းသို့ ရောက်သောအခါတွင် သူက အစီအရင်၏ လမ်းကြောင်းကို ပြောင်းလဲခဲ့သည်။

သို့သော် ရှားတုန်းဟွမ် အံ့အားသင့်သွားသည်မှာ ကျန်းချန်သည် အစီအရင်၏ အားနည်းချက် တည်နေရာကို နောက်တစ်ကြိမ် တိကျစွာ ရှာဖွေတွေ့ရှိခဲ့ခြင်းပင်။

သူ၏ အရိပ်တစ်ထောင် ပုံရိပ်ယောင် သတ်ဖြတ်ခြင်း အစီအရင်၏ အားနည်းချက်များသည် စတုတ္ထအဆင့် အစီအရင်သခင်ပင် ရှာတွေ့ရန် မလွယ်ကူပေ။

အစီအရင်ပညာရပ်တွင် ထိုကောင်လေး၏ အောင်မြင်မှုသည် အဘယ်ကြောင့် ဤမျှအထိ ကြောက်မက်ဖွယ်အဆင့်ထိ ရောက်နေပါသနည်း။

လူတိုင်းက ကောင်းကင်ကိုပင် ဆန့်ကျင်နေသည့် ကျန်းချန်၏ စွမ်းဆောင်ရည်ကြောင့် အံ့အားသင့်နေသော အချိန်မှာပင် အဆုံးသတ်၌ နဂါးစွမ်းအားလှိုင်းက ပြီးဆုံးတော့မည် ဖြစ်သည်။

ယင်ခိုင်နှင့် ယဲ့ချမ်ချိုးတို့ နှစ်ယောက်စလုံးသည် ဤနဂါးစွမ်းအားလှိုင်းကို တောင့်ခံရန်အတွက် သူတို့၏ အားကောင်းသော စွမ်းရည်များကို အသုံးပြုခဲ့ကြသည်။

"ဒီကောင်လေး အခုလောက်ဆို ထွက်သွားလောက်ပြီ"

ယဲ့ချမ်ချိုးက အစီအရင်ထဲရှိ နဂါးစွမ်းအားနှင့် ရင်ဆိုင်ပြီးနောက်တွင် ဂုဏ်ယူသောအမူအရာဖြင့် ကျန်းချန်၏ ဦးတည်ရာ ဆီသို့ ကြည့်လိုက်သည်။

သို့သော်လည်း သူက မျက်လုံးမှိတ်ပြီး ခြေချိတ်ထိုင်နေသည့် ကျန်းချန်ကို မြင်လိုက်ရလျှင် ခန္ဓာကိုယ် တစ်ခုလုံး ရုတ်တရက် တောင့်တင်းသွားခဲ့သည်။

"မင်း... မင်း ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ယဲ့ချမ်ချိုး၏ နှုတ်ကနေ မယုံကြည်နိုင်သည့် ရေရွတ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

သူက နဂါးစွမ်းအားလှိုင်းကို ရင်ဆိုင်ရသည့်အခါတွင် ဓားဆန္ဒကိုသုံးပြီး အကောင်းဆုံး ကြိုးစားခဲ့ရသည်။

"ဒီကောင်လေး.. သူ... သူက ဘယ်လိုလုပ် ဒီလောက်အလွယ်တကူ တားဆီးနိုင်ရတာလဲ"

"ဒီကမ္ဘာမှာ မဖြစ်နိုင်တာ ဘာမှမရှိဘူး"

ကျန်းချန်က မဲ့ပြုံးပြုံးလိုက်သည်။

သူ၏ မောက်မာသော လေသံသည် လူတိုင်း၏ နားထဲတွင်ချက်ချင်း ထွက်ပေါ်လာခဲ့သည်။

"ဒီအစီအရင်က မင်းဘာမှမလုပ်ဘဲ ထိုင်နေရင်တောင် မင်းကိုစက္ကန့်ပိုင်းအတွင်း သတ်နိုင်တယ်.. ဒါပေမဲ့ ငါ့အတွက်တော့ ဒီအစီအရင်ထဲက ဖိအားက ဘာမှမဟုတ်သလိုပါပဲ"

အခန်း(၂၁၀) ပြီး၏

All Chapters