← Chapters

ပါးစပ်ဟလိုက်သည်နှင့် ပေါက်ကရများ ပြောခြင်း

Vol. 46 Ch. 686

ပါးစပ်ဟလိုက်သည်နှင့် ပေါက်ကရများ ပြောခြင်း

Vol. 46 Ch. 686

အစားများကို ချန်ရှောင်ယန်က ရွေးချယ်ပေးထားမှန်း သိသာပေသည်။ သူမသည် ရဲ့လင်းချန်ကို ကောင်းကောင်း နားလည်ပြီး သူ၏ မည်သည့် ခန္ဓာကိုယ် အစိတ်အပိုင်းကိုမှ မပေါ်အောင် သေချာ လုပ်ပေး ထားလေသည်။

ယင်းက အဆင်ပြေပေသည်။

ရဲ့လင်းချန် အဝတ်အစားများကို ဘေးချလိုက်ပြီး ကတိပေးထားသည့်အတိုင်း ဖုန်းခေါ်ဆိုမှုတစ်ခု ဝင်လာသည်။

“ဟဲလို ရှင်က ဆရာ စူပါမန်းလား၊ ကျွန်မက Masked Singer က ရိုက်ကူးရေးဝန်ထမ်းပါ၊ ကျွန်မက ရှင့်ကို ကြိုဆိုဖို့ တာဝန်ရှိတဲ့သူပါ၊ ကျွန်မနာမည်က ဆုမိုပါ”

“ဟဲလို”

“ရှင် မျက်နှာဖုံးနဲ့ ဝတ်စုံလေး ရပြီလား မသိဘူး”

“ရပါပြီ”

“အကုန် တော်ရဲ့လား မသိဘူး၊ မတော်ဘူးဆိုရင် ကျွန်မ ဒီဇိုင်းနာတွေကို လဲပေးဖို့ ပြောလိုက်ပါ့မယ်”

“အဆင်ပြေပါတယ်”

“ဒါဆိုရင် ပြီးတာပါပဲ၊ ရိုက်ကူးရေးဝန်ထမ်းတွေအတွက် ပြင်ဆင်တာတွေက ပြီးသွားပြီလို့ ကျွန်မ ရှင့်ကို လာအသိပေးတာပါ၊ အစီအစဉ်အတိုင်း သွားမယ်ဆိုရင် ရှင့်အပိုင်းက မနက်ဖြန်အတွက် စီစဉ်ထားတာပါ၊ နေရာနဲ့ အသားကျသွားအောင် ဒီနေ့ နေ့ခင်းလောက် လာလို့ရပါတယ်၊ ကျွန်မတို့က အစီအစဉ်တစ်ခုလုံးကို တိုက်ရိုက် ထုတ်လွှင့်မှာပါ၊ အဲ့ဒါကြောင့် ပြဿနာ တစ်စုံတစ်ရာမဖြစ်အောင် ကြိုပြင်ဆင်ထားတာက အကောင်းဆုံးပါပဲ”

“ဒီနေ့လယ်ခင်း ဟုတ်လား”

“ဟုတ်ပါတယ်၊ ရှင် အချိန်ရလား”

“ရပါတယ်”

“အင်း … ဒါဆို အဆင်ပြေပါတယ်၊ ကျွန်မ ရှင့်ကို ဒီက စောင့်နေပါမယ်၊ ရှင် ကျွန်မကို အချိန်မရွေး ခေါ်လို့ရပါတယ်”

“အင်း”

သူတို့ကိုယ်တိုင် နေရာနှင့် ရင်းနှီးနေရန် အရေးကြီးပေသည်။ ပွဲတစ်ခုလုံးသည် ပြန်ရစ်လို့မရသည့် တိုက်ရိုက် ထုတ်လွှင့်ခြင်း အစီအစဉ် ဖြစ်သည်။ ထို့ကြောင့် သူ ပြင်ဆင်ထားရပေမည်။

လူတိုင်း မျက်နှာဖုံး တပ်ထားကြသည်။ အစီအစဉ်၏ အတွေးအခေါ်က အလွန် ထူးခြားပေသည်။ လူတိုင်း၏ ပုံစံကို ဖုံးကွယ်ထားပြီး အစီအစဉ်အဖွဲ့က အလွန် သတိထားရပေမည်။ မည်သည့် အမှားမျိုးမှ အဖြစ်ခံ၍ မရပေ၊ သို့မဟုတ်ပါက လူရယ်စရာ ဖြစ်သွားပေလိမ့်မည်။

၎င်းတို့က ရဲ့လင်းချန်အတွက် အသေးအဖွဲ ကိစ္စလေးများသာ ဖြစ်သည်။

နေ့လယ်ခင်းအချိန် သုံးနာရီခွဲ၌။

Masked Singer အဖွဲသားများအားလုံး စိတ်အားထက်သန်ကာ စိတ်လှုပ်ရှားနေကြသည်။ ယနေ့ ဤနေရာသို့ လာကြမည့် လူများအားလုံးသည် နာမည်ကြီး အဆိုတော်များ ဖြစ်ပြီး သူတို့၏ ပုံစံအမှန်ကို ဖုံးကွယ် ထားကြသော်ငြားလည်း သူတို့ ပို၍ မျှော်လင့်နေမိသည်။

“အခြေအနေ ဘယ်လိုရှိလဲ၊ ဒီကို လူဘယ်နှစ်ယောက် ရောက်နေပြီလဲ”

“အခုလောလောဆယ်တော့ ခြောက်ယောက် ရှိတယ်”

“အားလုံး နေရာတကျ ရှိရဲ့လား”

“အင်း၊ လူတစ်ယောက်စီကို တစ်ခန်းစီ ထားထားတယ်၊ ပြီးတော့ သူတို့ကို အချင်းချင်း မတိုးမိအောင် သေချာ လုပ်ထားတယ်”

“ကောင်းတယ်”

“ဒီအစီအစဉ်က တကယ် လျှို့ဝှက်ဆန်းကြယ်တာပဲ၊ ငါတို့လူတွေတောင်မှ ဘယ်သူက ဘယ်သူလဲဆိုတာ မသိကြဘူး၊ သူတို့ကို ဖိတ်တဲ့သူတွေကပဲ သူတို့ ဘယ်သူဆိုတာကို သိကြတာ”

“အဲ့ဒါက ပိုပြီး စိတ်ဝင်စားစရာကောင်းသွားတယ် မဟုတ်ဘူးလား”

“မြန်မြန် အဆင်သင့်ပြင်ကြ၊ အရင် ရောက်လာတဲ့သူတွေကို သူတို့ မိုက်ခ်တွေ စမ်းခိုင်းလိုက်”

လူတိုင်း တာဝန်ကျရာ နေရာအသီးသီးသို့ ပြန်သွားကြသည်။

သူတို့သည် စတိတ်စင်၏ သက်ရောက်မှုများ၊ အသံဖမ်းမှု အမှားများကို ရှာဖွေခြင်းနှင့် တူရိယာများအတွက် အသံစမ်းခြင်းများကို ပြုလုပ်ကြလေသည်။

ထိုအချိန်တွင် ဝန်ထမ်းတစ်ဦးက မျက်နှာဖုံးနှင့် အဆိုတော်တစ်ယောက်ကို စင်ပေါ်သို့ ခေါ်လာသည်။ အဆိုတော်၏ code name မှာ နေ ဖြစ်သည်။ မျက်နှာဖုံးမှာလည်း ပြုံးနေသောနေပုံစံ ဖြစ်ပြီး ချစ်စရာကောင်းကာ ပျော်စရာ ကောင်းပေသည်။

သူ့ပုံစံကို မသိကြသဖြင့် လူတိုင်းက သူ့အား စူးစမ်းစွာ ကြည့်နေကြသည်။ အဆိုတော်ကလည်း သူ့ကိုယ်သူ ကောင်းကောင်းကြီး ဖုံးကွယ်ထားနိုင်ပြီး အသံတုဖြင့် ပြောသဖြင့် အတော်‌လေး ရယ်ချင်စရာ ကောင်းလှသည်။

ထို့နောက် အသံစမ်းခြင်း စတင်လေသည်။ ထိုလူ၏ ရယ်ချင်စရာကောင်းသော အသံက သီချင်းစဆိုသည်နှင့် ပျောက်ကွယ်သွားလေသည်။ အသံက ကျယ်လောင်၍ မာန်အပြည့်ပင်။

မိုက်ခ်စမ်းခြင်းက အောင်မြင်သွားပြီး ထိုသူက ဘယ်သူလဲ ဆိုသည်ကို ဘယ်သူမှ မမှန်းနိုင်သော်လည်း ထိုလူ၏ အသံက ကောင်းမွန်ပြီး စင်မြင့်ပေါ်၌ ရှိသင့်ပေသည်။

ရိုက်ကူးရေးဝန်ထမ်းများရှိရာ စင်အနောက်ဘက်တွင်။

မိန်းကလေးတစ်ယောက်က ဖုန်းကို တင်းနေအောင် ဆုပ်ကိုင်ထားပြီး ရှေ့နောက် ခေါက်တုံ့ခေါက်ပြန် လျှောက်နေပြီး သူမပုံစံက စိုးရိမ်ပူပန်နေသလိုပင်။

နောက်ဆုံးတွင် သူမက အံကြိတ်၍ ဖုန်းဆက်လိုက်သည်။

“ဆရာ စူပါမန်း၊ ရှင် မရောက်သေးဘူးလား”

“အာ … ငါ အခုလေးတင် ရောက်ပြီ”

ရဲ့လင်းချန်၏ အသံက ခပ်သဲ့သဲ့ ထွက်ပေါ်လာသည်။

“ရှင် ရောက်ပြီလား၊ ရှင် ဘယ်နားမှာလဲ”

ဆုမို အလျင်စလို မေးလိုက်သည်။

“တံခါးဝမှာ”

ရဲ့လင်းချန် ပြုံးနေသည်။ ဆုမိုက ခေါင်းမော့၍ ခပ်သွက်သွက် လျှောက်လာသည်။ ထို့နောက် သူမသည် ခေါင်းအစ ခြေအဆုံး အပြည့်အဝ ဖုံးကွယ်ထားသည့် မျက်နှာဖုံးနှင့် လူတစ်ယောက်က တံခါးရှေ့၌ ရပ်နေသည်ကို တွေ့လိုက်ရသည်။

“ရှင်က … ဆရာ စူပါမန်းလား”

“ငါပဲ”

“ရှင် ဒီကို ဒီအဝတ်အစားနဲ့ လာတာလား”

ဆုမို မေးလိုက်မိသည်။ အနုပညာရှင် တစ်ယောက်ယောက်၏ မျက်နှာအစစ်ကို မြင်ရရန် သူမ မျှော်လင့် ထားသော်လည်း သူက အပြည့်အဝ ဝတ်ဆင်၍ ရောက်လာခဲ့သည်။

“ဘာဖြစ်လို့လဲ၊ မင်း စိတ်ပျက်သွားတာလား”

ရဲ့လင်းချန်က ထိုမိန်းကလေးကို ကြည့်လိုက်သည်။

“ရှင် ဒီရောက်မှ အဝတ်အစား လဲလိမ့်မယ်လို့ ကျွန်မ ထင်နေတာ၊ ကျွန်မလဲ မြင်ချင်တာပေါ့ …”

“ငါ အဝတ်အစား လဲနေတာကို မင်းက ကြည့်ချင်တာလား”

“??”

ရိုက်ကူးရေးအဖွဲ့က သူ့အတွက် ပြင်ပေးထားသည့် အခန်းကို ရောက်သောအခါ အခန်းက ကျယ်ဝန်ပြီး ပစ္စည်းပစ္စယ အပြည့်အစုံ ထားရှိပေးထားသည်ကို ရဲ့လင်းချန် တွေ့လိုက်ရသည်။

ဆုမိုက လက်ဖက်ရည်တစ်ခွက်ကို ငှဲ့ပြီး ရဲ့လင်းချန်ကို ကမ်းပေးလေသည်။

“ဆရာ စူပါမန်း ရေလေးနည်းနည်း သောက်ပါဦး”

ထို့နောက် သူမက ရဲ့လင်းချန်ကို စိတ်ဝင်တစား ကြည့်နေသည်။ သို့သော် ရဲ့လင်းချန်က ထိုင်မြဲထိုင်နေကာ သူ့မျက်နှာဖုံးကို ချွတ်လိုစိတ် မရှိပေ။ သူက ခပ်အေးအေးသာ ပြန်ပြောလိုက်သည်။

“ငါ ရေမဆာဘူး”

ဆုမိုက လက်မလျှော့ဘဲ မုန့်ယူ၍ ရဲ့လင်းချန်ကို ပေးလာသည်။

“ဆရာ စူပါမန်း၊ မုန့်လေး စားပါဦးလား”

“ငါ ဗိုက်မဆာဘူး”

ဆုမို နှုတ်ခမ်းကိုက်မိသွားသည်။

သူတို့ နှစ်ယောက်သည် နားနေခန်း၌ မျက်နှာချင်းဆိုင်၍ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြသည်။

ထိုပြဿနာရှာနေသော မိန်းကလေးသည် သူ့အား လှည့်စားရန် ဆုံးဖြတ်ထားဆဲ ဖြစ်လေသည်။ သူ၏နောက်ကြောင်းက ထူးခြားပြီး အဆိုတော်ဝိုင် ဖြစ်က‌ြောင်း သတိထားမိသွားနိုင်သည်။ အကယ်၍ သူ၏ အစိတ်အပိုင်း တစ်ခုခုသာ ဤနေရာ၌ ပေါ်သွားပါက အဆိုတော်ဝိုင်၏ ပုံစံကို ဖော်ပြသလို ဖြစ်သွားပေလိမ့်မည်။

ဆုမိုသည် တစ်ခဏမျှကြာသော် စိတ်မရှည်တော့ချေ။ သူမ စိတ်ထဲရှိသော အတွေးများကို ထုတ်မေးလာသည်။

“ဆရာ စူပါမန်း၊ ရှင်က ဂီတလောကထဲက နာမည်ကြီး အဆိုတော် ဖြစ်ကိုဖြစ်ရမယ် ဟုတ်တယ်မလား”

“မင်း ဘယ်လိုထင်လဲ”

“ကျွန်မကတော့ ရှင်က စူပါစတား ဖြစ်လိမ့်မယ်လို့ ထင်တယ်”

“အင်း”

“ရှင်က အဲ့လောက် အသက်မကြီးသေးဘူး မဟုတ်လား”

“မှန်းကြည့်လေ”

“ရှင် အခွေထုတ်ဖူးလား”

“မမှတ်မိဘူး”

ဆုမို နင်သွားလေသည်။

*မမှတ်မိဘူးဆိုတာက ဘာပြောချင်တာလဲ၊ ငါ့မေးခွန်းတွေကို မဖြေဘဲ ငါ့ကို ပါးစပ်ပိတ်သွားအောင် လုပ်ချင်နေတာ အသိသာကြိး၊ စကားလေး ကောင်းကောင်းမွန်မွန် ပြောဖို့က သူ့အတွက် အဲ့လောက် ခက်နေတာလား*

မကြာခင်မှာပင် ရဲ့လင်းချန်က အရင် စကားစပြောလာသည်။

“မင်းကြည့်ရတာ ငယ်သေးတဲ့ပုံပဲ၊ မင်း အခုမှ ဘွဲ့ရတာလား”

“အင်း၊ ကျွန်မက ဒီနှစ်မှ ဂီတကျောင်းက ဘွဲ့ရတာလေ၊ ကျွန်မ ဒီမှာ အလုပ်သင် ဆင်းနေတာ”

ဆုမိုက အမှန်အတိုင်း ပြောလိုက်သည်။

“မင်း ဘွဲ့ရပြီးတာနဲ့ ဒီလို အစီအစဉ်မှာ အလုပ်သင် ဝင်လုပ်နိုင်တယ်ဆိုတော့ မဆိုးပါဘူး၊ မင်း ဘာလို့ ဂီတကို သင်ယူခဲ့တာလဲ”

ရဲ့လင်းချန် ထပ်မေးလိုက်သည်။

“ကျွန်မ ဂီတကို သဘောကျတယ်၊ ကျွန်မ ဂီတကို ဖန်တီးရင် ပိုက်ဆံရှာနိုင်မှာ”

“မင်းရဲ့ ဝါသနာကို အသက်မွေးဝမ်းကြောင်းအဖြစ် သဘောထားတာက ကောင်းပါတယ်”

ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။ သို့သော် တစ်ခဏအကြာ၌ သူက သူမကို လေးလေးနက်နက် အကြံပေး လာသည်။

“လူငယ်တွေက ပိုက်ဆံရှာတာကို အရမ်းကြီး အားမစိုက်သင့်ဘူး၊ လောကကြီးက မျှတတယ်ဆိုတာကို မင်း နားလည်ထားရမယ်၊ မင်း ရတာတွေ များလာလေလေ ဆုံးရှုံးရတာတွေ များလာလေလေပဲ၊ ငါ ပြောချင်တာကို မင်း နားလည်လား”

ဆုမိုက စဉ်းစား၍ ခေါင်းညိတ်လိုက်သည်။

“အင်း နည်းနည်းပေါ့”

ရဲ့လင်းချန်က သူမကို စိတ်ကျေနပ်ဟန်ဖြင့် ကြည့်လိုက်သည်။

“ငါ့ကိုပဲ ကြည့်လေ၊ ငါ ပိုက်ဆံ အများကြီး ရပင်မယ့် ငါ့ဘဝထဲမှာ ဆုံးရှုံးလိုက်ရတဲ့ အရာတွေက အများကြီးပဲ”

ဆုမိုက သူ့အား သိချင်စိတ်ဖြင့် ကြည့်လာသည်။

“ရှင့်ဘဝထဲမှာ ဆုံးရှုံးလိုက်ရတဲ့ အရာက ဘာလဲ”

“ဒုက္ခတွေ”

“…”

လေထုက ချက်ချင်း အေးခဲသွားလေသည်။ ကံကောင်းစွာနှင့်ပင် စက္ကန့်ပိုင်းမျှအကြာ၌ တံခါးခေါက်သံ ပေါ်လာသဖြင့် အနေရခက်သော ခံစားချက် ပျောက်ကွယ်သွားသည်။

“ဟဲလို ဆရာ စူပါမန်း၊ ရှင်ရဲ့ အသံစမ်းတာကို စလို့ရပါပြီ”

“အင်း … သွားကြစို့”

ရဲ့လင်းချန်က အရှေ့မှ ထွက်လာပြီး သူ့အနောက်မှ အနည်းငယ် ဒေါသထွက်နေသော ဆုမိုက လိုက်လာသည်။

အပြင်သို့ ထွက်လာသူက ရဲ့လင်းချန်တစ်ယောက်တည်း မဟုတ်ပေ။ သူ့ဘေးမှ တံခါးသည်လည်း ပွင့်လာပြီး အနက်ရောင် ငှက်မွေး မျက်နှာဖုံးကို တပ်ထားသည့် လူတစ်ယောက် ထွက်လာသည်။ ထိုသူသည် အနက်ရောင် ပိုးသားဝတ်စုံကို ဝတ်ဆင်ထားသဖြင့် မိန်းကလေးဖြစ်မှန်း သိသာလှသည်။

သူမသည်လည်း သူတို့၏ ထူးခြားဆန်းကြယ်သော ဧည့်သည်တော်များထဲမှ တစ်ယောက် ဖြစ်သည်။

သူတို့နှစ်ယောက် မျက်လုံးချင်း ဆုံမိသောအခါ အခြေအနေက ချက်ချင်း တင်းမာလာသည်။

သူတို့က တိတ်တဆိတ် ဘေးချင်းယှဉ်၍ လမ်းလျှောက်လာပြီး ဆုမိုက သူတို့ကို အလျင်အမြန် မိတ်ဆက် ပေးလေသည်။

“ဒါက ဆရာ စူပါမန်းပါ၊ ဒါက မိန်းကလေး ယွီမောင် (Feather)ပါ”

ရဲ့လင်းချန်က ခေါင်းညိတ်လိုက်သည်”

“ဟဲလို”

“ဟိုင်း”

ယွီမောင်က ခေါင်းညိတ်၍ တုံ့ပြန်လာသည်။

“ရှင်က အသက် ဘယ်နှစ်နှစ်လဲ”

ရဲ့လင်းချန်က ရုတ်တရက် သူ့အသံကို ခပ်အက်အက်ဖြစ်အောင် ပြင်လိုက်သည်။

“ရှစ်ဆယ်၊ မင်းကရော”

“ဆယ့်ရှစ်နှစ်”

“ဪ … မင်း ဘာအလုပ်လုပ်လဲ”

ရဲ့လင်းချန်၏အသံက ပုံမှန်သို့ ပြန်ပြောင်းသွားသည်။

“ကျောင်းသူ၊ ရှင်ကရော”

“စူပါမန်း၊ ကမ္ဘာကြီးကို အချိန်ပိုင်း ကယ်တင်သူ”

“…”

*သူ တခါလောက်လေး တည်ငြိမ်လို့ ရမလား၊ တည်ငြိမ်ဖို့ အဲ့လောက်တောင် ခက်နေသလား၊ သူ ပါးစပ်ဟ လိုက်တိုင်း ပေါက်ကရ ပြောလို့ ကောင်းတယ်လို့ ထင်နေတာလား*

All Chapters