ဖုန့်ချန်းနဲ့လန်မိသားစု
Vol. 14 Ch. 185
လန်မိသားစု၏ လက်ရှိမိသားစုခေါင်းဆောင် လန်ကျင်းသည် လေမုန်တိုင်းလိုအဟုန်ဖြင့် ခန်းမကြီးထဲသို့ဝုန်းဒိုင်းကြဲဝင်လာ၏။ မျက်နှာထားမှာတော့ မိုးကြိုးလျှပ်စီးများပစ်ချတော့မလို ခက်ထန်ကြမ်းတမ်းလျက်။
အခန်းထဲသို့ရောက်သော် သူ့အကြီးအကဲများဖြစ်ပျက်နေပုံကိုကြည့်ပြီး ဒေါသထွက်နေသည့်မျက်နှာမှ လန့်ဖျပ်အံ့သြသွားဟန်ပြောင်းသွားတော့သည်။
ဝတ်ရုံတွေမှာ အပိုင်းပိုင်းအစစစုတ်ပြဲနေပြီး မျက်နှာပြင်ထက် သွေးအလူးလူးနှင့်ရုပ်ပျက်ဆင်းပျက်ဖြစ်လျက်။ အရှိန်အဝါဆိုသည်မှာ မရှိတော့ပြီ။
သူ့အကြီးအကဲများ ချီစွမ်းအင်တကယ်ပျက်ပြားသွားခြင်းမဟုတ်ပါဘဲ ပျက်ပြားဟန်ဆောင်ထားသည်ဆိုလျှင်ပင် ဤမျှအထိတော့ဟန်ဆောင်နိုင်မည်မဟုတ်။
ရုတ်တရတ်တစ်စုံတစ်ခုကို နားလည်လိုက်ပြီး တစ်ကိုယ်လုံးမိုးကြိုးပစ်ခံလိုက်ရသည့်နှယ် တောင့်ခနဲဖြစ်သွားရ၏။ ထိုအကြီးအကဲတို့မှာ ကျင့်ကြံသူများမဟုတ်ကြတော့ပေ။ သေမျိုးလူသားများအဖြစ်သာ ကျန်ရှိနေခဲ့လေပြီ။
"မင်းကများ ရာရာစစ"
လန်ကျင်းကကြိမ်းဝါးလိုက်သည်။ သူ့အသံမှာဒေါသနှင့်မယုံကြည်မှုများပြည့်နှက်ကာ အဖျားခတ်တုန်ယင်နေလျက်။
"ဖုန့်ချန်း မင်းဘာလုပ်ခဲ့တယ်ဆိုတာ မင်းသိရဲ့လား"
ဖုန့်ချန်းကသူ့ကို တည်တည်ငြိမ်ငြိမ်ပင် ပြန်လည်စိုက်ကြည့်လိုက်သည်။
"ကျုပ်ကတော့ ကျုပ်ဘာလုပ်ခဲ့မှန်းသေချာသိပါတယ် ခင်ဗျားရောသိရဲ့လား"
လန်ကျင်းအနောက်သို့ လိုက်ပါလာကြသော ပွဲကြည့်မိသားစုဝင်များပါ တမုဟုတ်ချင်း ငြိမ်သက်တိတ်ဆိတ်သွားရ၏။
အစောကတော့ သူတို့ဒီအထိလိုက်ဝင်လာဖို့မရဲပေမယ့် မိသားစုခေါင်းဆောင်အားကိုးဖြင့် ရဲဆေးတင်ကာ လိုက်ပါလာကြခြင်းပင်။
ဖုန့်ချန်းက လေသံမှန်မှန်နှင့်ပင် ဆက်ပြောလာသည်။
"ခင်ဗျားရဲ့ဒီအကြီးအကဲတွေက ကျုပ်မိသားစုကို ရာရာစစပစ်မှတ်ထားရဲတယ် ကျုပ်အိမ်ဝင်းထဲကိုလည်း ခွင့်တောင်းခြင်းမရှိဘဲဝင်တယ် ဒါကသူတို့လုပ်ရပ်တွေအတွက် မဆိုစလောက်တဲ့ပြစ်ဒဏ်လေးပဲ ဒါပေမယ့် ကျုပ်ဒီကိုလာတာ သူတို့ကြောင့်မဟုတ်ဘူး"
လန်ကျင်းလက်သီးများကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီး ဒေါသကြောင့်ဆူပွက်လာသောချီစွမ်းအင်များကို ပြန်လည်ထိန်းသိမ်းလိုက်ရ၏။
သူ့အကြီးအကဲများ ဘယ်ကနေဘယ်လို ဒီအခြေအနေထိရောက်သွားရလဲ သူမသိပေ။ သူသိတာတစ်ခုက လန်မိသားစုဟာ ဒီလိုအရှက်ကွဲသိမ်ငယ်မှုမျိုးကို လုံးဝသည်းခံနိုင်မည်မဟုတ်ကြောင်းပင်။
ဖုန့်ယွင်တစ်ယောက် ဤသို့ပြေးလွှားနေရသည်မှာလည်း လန်မိသားစုကိုထိပါးခဲ့၍ဖြစ်သည်။ ဘယ်လိုအကြောင်းရင်းကြောင့်ပင်ဖြစ်စေ လန်မိသားစုကိုစော်ကားထိပါးခြင်းမှာ ခွင့်လွှတ်၍မရသောအပြစ်ပင်။
"တစ်ခုမေးပါဦးစေဦး လန်မိသားစုခေါင်းဆောင် ကျုပ်ညီကိုဒီလိုလိုက်ဖမ်းဖို့ ဘယ်သူကများခင်ဗျားကိုလုပ်ပိုင်ခွင့်ပေးထားတာလဲ ကျုပ်ကျေနပ်လောက်မယ့်အဖြေ မပေးနိုင်လို့ကတော့ လန်မိသားစုတစ်ခုလုံး အဖျက်ဆီးခံရပြီမှတ်ပါ"
ဖုန့်ချန်း၏စကားလုံးများတွင် နောက်တွန့်ခြင်းအရိပ်အယောင်မပါရှိ။ ပြတ်သားခိုင်မာလျက်သာ။
လူအုပ်ကြီးမှာ အာမေဋိတ်သံများပင်ထွက်လာရသည်။ ဒီလူ့သတ္တိကတော့ အံ့မခန်းပါပဲလား။
"ဘာပြောတယ် ရဲတင်းချက်..."
"သူ့ကိုယ်သူဘာများထင်နေလဲမသိဘူး ငါတို့မိသားစုကို ဖျက်ဆီးဦးမယ်တဲ့လား ဒီနေ့သူအသက်ရှင်လျက်ထွက်သွားနိုင်ရင်တောင် အံ့သြစရာကောင်းနေဦးမယ် ပြောရဲလိုက်တဲ့ပါးစပ်"
"ဒီနေရာကို အရှေ့ပိုင်းစီရင်စုလို့များထင်နေသလား သူ့နေရာမှာတော့သူဗိုလ်ကျလို့ရမယ် ဒါကလန်မိသားစုပိုင်နယ်မြေပဲ"
.........
ဘေးကဝိုင်းကြည့်နေကြသော လန်မိသားစုဝင်များမှာ ဒီနှစ်၏အကောင်းဆုံးပြက်လုံးကိုကြားလိုက်ရသကဲ့သို့ ခေါင်းတခါခါဖြင့် အံ့သြတကြီးတီးတိုးဆိုလျက်ရှိကြသည်။
လန်ကျင်းပင် ကြောင်တောင်တောင်ဖြစ်သွားရသည်သာ။ သူမျက်နှာတမုဟုတ်ချင်းမည်းမှောင်သွားပြီး တုံ့ပြန်ဖို့စကားလုံးကိုပင် ရုတ်တရတ်ရှာမတွေ့နိုင်တော့ပေ။
"ဟားဟားဟား ဖုန့်ချန်း မင်းကမင်းညီထက်ကို ပိုပြီးမာန်တက်နေတာပဲ လန်မိသားစုကိုများ ဟိုလိုလုပ် ဒီလိုလုပ်လို့ လာပြီးအမိန့်ပေးလို့ရမယ်ထင်နေလား"
လန်ကျင်းက ဒေါသတကြီးဖြင့် ထွီခနဲတံတွေးထွေးလိုက်သည်။
"မင်းက ကိုယ့်ကိုယ်ကိုအတော်အထင်ကြီးနေတာပါလား ဒါလန်အိမ်တော်ကွ မင်းတို့တောက မြူခိုးချိုင့်ဝှမ်းမြို့တော်မဟုတ်ဘူး လက်နက်ချပြီးသာ မကြာခင်ဖမ်းမိလာမယ့်မင်းညီနဲ့အတူ အပြစ်ခံယူဖို့စောင့်နေလိုက်တော့"
လန်ကျင်းသည် သတ်ချင်ဖြတ်ချင်စိတ်အပြည့်ဖြင့် ပြောလာလေသည်။
လန်ကျင်းမှာ ဓာတ်ကြီးသုံးပါးနတ်အဆင့်အထွဋ်အထိပ်ဆင့်ကိုပင် ရောက်ပြီးဖြစ်သော ကျင့်ကြံသူတစ်ဦးဖြစ်ကာ ဝိဉာဥ်သန္ဓေကျင့်ကြံဆင့်အောက်တွင် အင်အားအကြီးဆုံးဟု ဆိုရပေမည်။
ကောလဟလများအရ လန်မိသားစုဘိုးဘေးတစ်ဦးက သူ့အား လျှို့ဝှက်ကျင့်စဥ်တစ်ခုချန်ထားပေးခဲ့သည်ဟုသိရ၏။ ထိုကျင့်စဥ်မှာ မိမိ၏လက်ရှိကျင့်ကြံဆင့်ကို ထာဝရစတေးပစ်ကာ နောက်တစ်ဆင့်ကို ယာယီတက်နိုင်စေသည့်ကျင့်စဥ်ပင်။
ဆိုလိုသည်မှာ လန်မိသားစုခေါင်းဆောင်များသည် သူတို့အလိုရှိလျှင် ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူနှင့်ပင် ယာယီမျှ တစ်ပွဲတစ်လမ်းစမ်းလို့ရသည်အနေအထားရှိသည်ဟူ၍ပင်။ ထိုကောလဟလကြောင့် သူတို့၏အရှိန်အဝါက ပိုကြီးမားနေခြင်းဖြစ်သည်။
"ကျုပ်ဘက်ကတော့ စကားကုန်ပြောပြီးသွားပြီ ခင်ဗျားစမ်းချင်သပဆို အဆင်သင့်ပဲ"
ဖုန့်ချန်း၏မျက်လုံးများမှာ ရေခဲငွေ့များဖြာထွက်နေသကဲ့သို့ အေးစက်စူးရှလှသည်။
"ဟမ့် မင်းတို့ဘာစောင့်နေကြတာလဲ သူ့ကိုဝိုင်းလိုက်ကြ လုံးဝအလွတ်မပေးနဲ့"
လန်ကျင်းအမိန့်ပေးလိုက်သော် အကြီးအကဲအချို့က ဖုန့်ချန်းကိုဝန်းရံလာကြသည်။
ထိုဝိုင်းလာသောအကြီးအကဲများထဲတွင် တစ်ဦးကသာ ဓာတ်ကြီးသုံးပါးနတ်အဆင့်ဖြစ်ပြီး ကျန်သူများမှာ ချီအရည်ဖွဲ့ခြင်းအဆင့်ကျင့်ကြံသူများပင်။
မင်းနေပြည်တော်ပင်ဖြစ်သော်ငြား ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူကတော့ ရှားပါးသေးသည်သာ။ လန်မိသားစုတွင် ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူ၄ယောက်ရှိပြီး ထိုပမာဏက အသိအမှတ်ပြုချင်စရာအနေအထားပင်။
သို့ပေမယ့် ယခုတော့ နှစ်ဦးကိုဖုန့်ချန်းကဖျက်ဆီးလိုက်သောကြောင့် နောက်နှစ်ဦးသာကျန်ရှိတော့၏။
"ဖုန့်ချန်း ဒီနေ့တော့ မင်း အသက်ရှင်လျက်ပြန်ထွက်ဖို့မစဥ်းစားနဲ့တော့"
လန်ကျင်းသည် ယုံကြည်မှုအပြည်ဖြင့် အောင်နိုင်သူတစ်ယောက်ကဲ့သို့ ဟစ်ကြွေးလိုက်သည်။
"မိသားစုခေါင်းဆောင် ကျွန်တော်တို့ကိုကယ်ပါ"
"ဒီအပြစ်သားကို သတ်ပစ်လိုက်ကြစမ်း"
......
အနားတွင်တွဲချည်ခံထားရသော ဒုက္ခိတအကြီးအကဲများမှာ သနားစဖွယ်အော်ဟစ်မြည်တမ်းလာကြလေသည်။
မိသားစုဝင်များရှေ့တွင် သနားစဖွယ်အခြေအနေကိုထုတ်မပြဖြစ်အောင် အတတ်နိုင်ဆုံးကြိုးစားခဲ့ကြပါသော်လည်း စတင်တိုက်ခိုက်တော့မည့်အချိန်တွင် သူတို့မနေနိုင်တော့ဘဲ အော်ဟစ်အကူအညီတောင်းလာကြတော့၏။
သူတို့၏လက်ရှိအခြေအနေနှင့်ဆိုလျှင် တိုက်ပွဲတွင်းမှလွင့်ထွက်လာသော ဓားချက်အဟုန်ဖြင့်ပင် သေသွားနိုင်ပေမည်။
လန်ကျင်းသည် ထိုအကြီးအကဲများကို စိတ်ရှုပ်သလိုလှမ်းကြည့်လိုက်၏။ ကျင့်ကြံဆင့်သာမရှိတော့လျှင် အဲ့လူတွေက ဘာတန်ဖိုးရှိတော့မည်နည်း။ ဆန်ကုန်မြေလေးကို ဆန်ကုန်မြေလေးလိုသာဆက်ဆံသင့်ပေသည်။
လန်ကျင်းမှ သူတို့ကိုမျက်နှာလွှဲခဲပစ်လုပ်လိုက်သည်ကိုမြင်သော် အကြီးအကဲများမှာ ခေါင်းဆောင်၏သဘောထားကိုနားလည်သွားကြပါသည်။ အချို့ကတော့ ဆက်လက်ငိုကြွေးမြည်တမ်းနေဆဲဆိုပေသည့် အချို့ကတော့ တိတ်တိတ်ဆိတ်ဆိတ်သာ သူတို့ကံကြမ္မာကို လက်ခံဖို့ပြင်ဆင်လိုက်တော့၏။
ဖုန့်ချန်းသည် ခန်းမအလယ်တင်မတ်မတ်ရပ်လျက်ရှိပြီး လူအဝိုင်းခံလိုက်ရသည်ကိုလည်း တုန်လှုပ်ဟန်မပြပေ။
အော်ဟစ်နေကြသောဒုက္ခိတများကိုလည်း အရေးစိုက်စရာမလိုတော့ပေ။ သူတို့ကိုဒီရောက်သည်အထိဆွဲခေါ်လာရခြင်းမှာလည်း လန်မိသားစုကိုအရှက်ခွဲဖို့သာပင်။ ယခု အောင်အောင်မြင်မြင် အရှက်ခွဲပြီးပြီဟု ဆိုနိုင်ပေသည်။
ကျန်တာဘာဆက်ဖြစ်ဖြစ် သူ့အပူမပါတော့ပါချေ။
"လန်မိသားစုရဲ့သိက္ခာကိုလာထိပါးရင် ဘယ်လိုအဆုံးသတ်ရမယ်ဆိုတာ ဒီနေ့မင်းကောင်းကောင်းနားလည်သွားစေရမယ်"
လန်ကျင်းမှ လက်ဝေ့ပြီးအချက်ပြလိုက်သည်နှင့် ကျင့်ကြံသူများမှာ လက်နက်များကိုဆွဲထုတ်လျက် ခုန်ဝင်လာကြသည်။ ချီစွမ်းအင်များမှာလည်း ဖြာခနဲလွင့်ထွက်လာလျက်။
ဖုန့်ချန်းကတော့ သနားသလိုသက်ပြင်းချလိုက်မိသည်။
"စောက်ရူးတွေ"
ဖုန့်ချန်းလျင်မြန်စွာဖြင့် ဓားကိုဆွဲထုတ်လိုက်သော် တလက်လက်တောက်ပနေသောဓားသွားမှာ သွေးဆာနေဟန်အငွေ့အသက်တို့ ထုတ်လွှတ်နေသည်။
သူဓားကိုဝှေ့ယမ်းလိုက်သော် လေထုမှာစွမ်းအားအဟုန်ဖြင့် ကွဲထွက်သွားတော့မယောင်ပင်။ သူထုတ်လွှတ်လိုက်သော အားအင်မှာ လေထုထဲသို့လှိုင်းတွန့်များအဖြစ်ကန်ထွက်သွားပြီး လန်ကျင်းနှင့် လန်အကြီးအကဲများထံသို့ ဦးတည်ပစ်ဝင်သွားတော့၏။
ဘုန်း
ဓားသွားမှထွက်လာသော သေစေနိုင်လောက်သည့်စွမ်းအင်အဟုန်မှာ ခန်းမတစ်လျှောက်ပျံ့ထွက်သွားပြီး အနီးဆုံးရှိကျင့်ကြံသူများကို အရင်ဝင်တိုက်ဖျက်ကာ သူတို့အားလုံး၏လက်နက်များ ကြမ်းပေါ်သို့လွတ်ကျသွားရတော့သည်။
အသက်ရှူကျပ်လောက်သောဖိအားမှာ ခန်းမတစ်လျှောက်ပျံ့နှံ့သွားပြီး အများစုမှာ မခံနိုင်လွန်းသဖြင့် ဒူးထောက်ကျရသည်အထိ။
လန်ကျင်းက သူ့လက်နက်ကိုအချိန်မီမြှောက်၍ တိုက်ကွက်ကိုတားဆီးလိုက်သည်။
တိုက်စစ်နှင့်ခံစစ်တွေ့ဆုံသွားချိန်တွင် မီးပွားများလွင့်စင်ထွက်လာတော့၏။ သို့သော် ဖုန့်ချန်း၏တိုက်ကွက် အင်အားပိုကြီးသောကြောင့် လန်ကျင်းမှာ ခြေချော်သွားပြီး လက်မောင်းတို့လည်းတုန်ယင်သွားကာ အတော်ဟန်ချက်ပျက်သွားရသည်။
ထိုတိုက်ကွက်မှာ ရိုးရိုးဓားချက်တစ်ချက်မျှသာဖြစ်သည်။ သို့သော် ဓားစိတ်ဆန္ဒဖြင့်ပေါင်းစည်းထားသဖြင့် အခြားပိုအဆင့်မြင့်သည့်တိုက်ကွက်များထက် အဆပေါင်းများစွာ ပိုမိုထိရောက်အားပြင်းပေလိမ့်မည်။
"ဒါ..ဒါက ဘယ်လိုမကောင်းဆိုးဝါးပါလိမ့်"
လူငယ်ကျင့်ကြံသူတစ်ဦးက အသက်ကိုခက်ခက်ခဲခဲလုရှူနေရင်း တုန်လှုပ်စွာဆိုလာသည်။
"ဒါက ဖုန့်မိသားစုခေါင်းဆောင်ရဲ့ အင်အားတဲ့လား"
ဝိုင်းကြည့်နေသော လူအုပ်ကြီးမှာ လွယ်ကူမည့်တိုက်ပွဲတော့မဟုတ်သည်မှန်း နားလည်သွားကြကာ အလုအယက်ထွက်ပြေးကုန်ကြတော့၏။
လန်ကျင်းမျက်နှာမှာ မည်းမှောင်လျက်ရှိပြီး နောက်အမိန့်တစ်ခုထပ်ပေးလိုက်သည်။
"တွန့်ဆုတ်မနေကြနဲ့ သူ့ဘက်မှာလူမရှိဘူး အစီအရင်စခင်း"
ကျန်ရှိသောကျင့်ကြံသူများမှာ ပြန်လည်အုပ်စုဖွဲ့လိုက်ပြီး တိုက်ပွဲအစီအရင်တစ်ခုအဖြစ် နေရာယူလိုက်သည်။
သူတို့အားလုံး၏ချီစွမ်းအင်များမှာ ဝဲဂယက်တစ်ခုအဖြစ်ပေါင်းစည်းသွားပြီး စွမ်းအင်အရံအတားတစ်ခုဖြစ်လာကာ ဖုန့်ချန်းကိုဖိနှိပ်ရန်ပြင်ဆင်လာကြသည်။
ဖုန့်ချန်းမှာ တိုက်ပွဲအစီအရင်တစ်ခုဖြင့် တစ်ခါမှယှဥ်တိုက်ဖူးသည်မဟုတ်ပေ။ တိုက်ပွဲအစီအရင်ဆိုသည်မှာ အတူတကွလုပ်ဆောင်ရသောကျင့်စဥ်တစ်မျိုးဖြစ်ပြီး ကျင့်ကြံသူအုပ်စုတစ်ခုက သူတို့ချီစွမ်းအင်များနှင့် အရည်အသွေးများကိုပေါင်းစည်းကာ တိုက်ခိုက်ကြခြင်းပင်ဖြစ်သည်။
သူတို့၏စွမ်းအင်များနှင့် လှုပ်ရှားမှုများကို ညှိနှိုင်းပေါင်းစည်းကြပြီး ပူးပေါင်းအရံအတားတစ်ခုဖြစ်စေ ကာကွယ်ရေးယန္တရားတစ်ခုဖြစ်စေ ပုံဖော်လိုက်ပြီး သူတို့၏နဂိုလက်ရှိလုပ်နိုင်စွမ်းထက် များစွာသာလွန်သောတိုက်ကွက်တစ်ခုကို ရရှိနိုင်သည်။
မိသားစုများနှင့် ဂိုဏ်းဂဏများလို လူအင်အားများသောအဖွဲ့အစည်းများတွင်အသုံးများသည်။ အင်အားနည်းသောကျင့်ကြံသူများအနေဖြင့် အသင်းအဖွဲ့လုပ်ဆောင်ချက်ကောင်းမွန်လျှင် စွမ်းဆောင်ရည်ကောင်းကောင်းထုတ်ပြနိုင်မည့်အခွင့်အရေးတစ်ခုဖြစ်၏။ အင်အားကြီးသောပြိုင်ဘက်များကိုလည်း အတူတကွစိန်ခေါ်လို့ရနိုင်သည်။
သို့သော် အစီအရင်တိုက်ကွက်တစ်ခု၏ထိရောက်မှုမှာ အဖွဲ့ဝင်များပေါင်းစည်းမှုနှင့် အစီအရင်ကျွမ်းကျင်မှုအပေါ် မူတည်ပေသည်။ တစ်ယောက်ယောက်က အသေးအမွှားလေးတစ်ခုလွဲချော်သွားလျှင်ပင် အစီအရင်တစ်ခုလုံးချွတ်ချော်ပျက်စီးကာ နှစ်ဖက်ချွန်ဓားသွားကဲ့သို့ မိမိဘက်ကိုပင်ပြန်လည်ထိခိုက်လာနိုင်သည်။
ထိုသို့အစီအရင်များမှာ လွန်စွာရှားပါးအဖိုးတန်ပြီး နာမည်ကြီးဂိုဏ်းများတွင်သာ ရှိတတ်ကြတာပင်။ လန်မိသားစုမှာ ဒီလိုအစီအရင်တစ်ခုရှိနေတာ အတော်အံ့အားသင့်စရာကောင်းလေ၏။ သူတို့၏ဝိဉာဥ်သန္ဓေကျင့်ကြံသူဘိုးဘေးအမွေချန်ရစ်သော ရတနာတစ်ခုပါပေ။
"ဒီလောက်လေးနဲ့ ငါ့ကိုတားနိုင်မယ်ထင်လား" ဖုန့်ချန်းခပ်မြူးမြူးမေးလိုက်ပြီး နောက်ဓားချက်တစ်ချက်ကိုပြင်ဆင်လိုက်သည်။ ဤချီအရည်ဖွဲ့ခြင်းကျင့်ကြံသူများပြင်ဆင်ထားသော တိုက်ပွဲအစီအရင်က သူ့ပုံမှန်ဓားချက်တစ်ချက်ကို တောင့်ခံနိုင်မည်ဆိုပါလျှင် သူထိုကျင့်စဥ်ကိုလေ့လာကာ သူ့မိသားစုတွင် ပြန်လည်သင်ကြားပေးဦးမည်ဖြစ်၏။
သူဓားကိုတစ်ချက်ဝင့်လိုက်သော် အေးစက်စက်အရောင်အဝါများ တောက်ပဖြာထွက်သွားသည်။
"ဒီတစ်ချက်ကို ရအောင်တားကြည့်လိုက်ကြစမ်း"