နှင်းဖြူရောင်လိပ်ပြာ
Vol. 129 Ch. 1923
သူသည် သွေးနီရောင်ပင့်ကူနှင့် တွေ့ဆုံသည့်ခဏမှာပင် ဆူဇီမိုက ကြီးမားသောအန္တရာယ်နှင့် တွေ့ကြုံလာရပြီဖြစ်၏။
သူတို့ကြား ခွန်အားကွာဟချက်က အရမ်းကိုကြီးမားနေပြီး သူ၏ ဝှက်ဖဲများအားလုံးက ဤသွေးနီရောင်ပင့်ကူနှင့် ရင်ဆိုင်ရချိန်မှာ လုံးဝသုံးစားမရဖြစ်နေ၏။
ငရဲဖိနှိမ်မီးဖိုထဲမှာ အထွတ်အမြတ်တောကောင်နှစ်ကောင်၏ ဝိညာဥ်များက နိုးထနေခဲ့ပြီဖြစ်၏။
သို့သော်လည်း ယခင်တိုက်ပွဲမှာ အထွတ်အမြတ်တောကောင် ဝိညာဥ်နှစ်ခု၏ ဝိညာဥ်စွမ်းအားက ကုန်ခန်းသွားခဲ့ပြီဖြစ်၏။
ငရဲဖိနှိမ်မီးဖို ဝါးမျိုသန့်စင်ဖို့အတွက် လုံလောက်သည့် အသိစိတ်ရှိ ဓမ္မရတနာများကို ရရှိမှသာလျှင် အထွတ်အမြတ်တောကောင်နှစ်ကောင်၏ ဝိညာဥ်စွမ်းအားကို ပြန်လည်ဖြည့်တင်းပေးနိုင်မည်ဖြစ်သည်။
ယခုအချိန်မှာ ဆူဇီမိုတွင် ဤရှေးဟောင်းသတ္တဝါ၏ စွမ်းအားကို ခုခံဖို့အတွက် မှီခိုစရာမည်သည့်အရာမှ မရှိတော့ပေ။
သွေးနီရောင်ပင့်ကူက ထပ်မံ၍ မတိုက်ခိုက်လျှင်တောင် ပင့်ကူချည်မျှင်ပေါ်ရှိအဆိပ်ဓာတ်က အစိမ်းရောင်ကြားပန် အစစ်အမှန်ခန္ဓာကို သတ်ဖြတ်ပစ်ပေလိမ့်မည်။
စိတ်လှုပ်ရှားနေသော အမူအရာနှင့် ကြမ်းကြုတ်ခက်ထန်သောအကြည့်နှင့်အတူ သွေးနီရောင်ပင့်ကူက စူးစူးဝါးဝါးအော်မြည်ပြီး ၎င်း၏ ခြေရှစ်ချောင်းနှင့်အတူ ဆူဇီမိုထံသို့ ပစ်ဝင်လာခဲ့၏။
အရှေ့မှာရှိသောလမ်းကြောင်းကို ပင့်ကူချည်မျှင်များဖြင့် လုံးဝကိုပိတ်ဆို့ထားပြီး သူက အဲ့ဒီကနေဖြတ်ကျော်နိုင်စရာ နည်းလမ်းမရှိပေ။
နေရာတိုင်းမှာ ပင့်ကူချည်မျှင်များက အရမ်းကိုများပြားလွန်းနေ၏။
အစစ်အမှန်နဂါး လျှပ်စီးကိုးချက်နှင့်ပင်လျှင် ဆူဇီမိုသည် အဲ့ဒါကို မဆင်မခြင် ထုတ်ဖော်ရဲခြင်း မရှိပေ။
ကူကယ်ရာမဲ့စွာဖြင့် ဆူဇီမိုသည် သတ္တုတွင်းဥမင်လမ်းကြောင်းတစ်လျှောက် နောက်သို့ဆုတ်ခွာသွားရ၏။
သို့သော်လည်း ဧရာမရွှေငှက်၏ တောင်ပံများမရှိဘဲ ကန့်သတ်မဲ့ ရွှေအလင်း၊ ကောင်းကင်ဘုံခြေလှမ်းနှင့် အခြားသော လှုပ်ရှားခြင်းနတ်ဘုရားစွမ်းအားများကို ထုတ်ဖော်ထားသည်ဆိုလျှင်တောင် သူ၏ အမြန်နှုန်းက သွေးနီရောင်ပင့်ကူထက် များစွာနိမ့်ကျနေ၏။
သိပ်မကြာခင် သွေးနီရောင်ပင့်ကူက ချဥ်းကပ်လာခဲ့ပြီဖြစ်ပြီး သူ၏ ရှေ့ခြေထောက်များကို ဆန့်ထုတ်ကာ ဆူဇီမိုထံသို့ ပစ်ထိုးလိုက်၏။
သူ၏ ရှေ့ခြေထောက်များပေါ်တွင် ညှီစို့စို့အနံ့တစ်ခုနှင့်အတူ အလွန်တရာအဆိပ်ပြင်းသော စူးချွန်များပင်လျှင် ရှိနေ၏။
သူက ပင့်ကူခြေထောက်ဖြင့် ကုတ်ခြစ်ခြင်းခံရလျှင်တောင် နေရာမှာပင် သေဆုံးသွားနိုင်၏။
ဆူဇီမို၏ ခြေသလုံးပေါ်ရှိ အဆိပ်ဓာတ်က ပျံ့နှံ့နေခဲ့ပြီဖြစ်၏။
သူ၏ ခြေတစ်ဖက်က ထုံကျင်နေပြီး သူ၏ လှုပ်ရှားမှုနည်းစနစ်က လေးကန်လာခဲ့၏။
သွေးနီရောင်ပင့်ကူက ရှေ့သို့ပြေးဝင်လာပြီး သူက မရှောင်တိမ်းနိုင်တော့သည်ကို တွေ့မြင်လိုက်သောအခါ ဆူဇီမိုသည် ငရဲဖိနှိမ်မီးဖိုကို ဆင့်ခေါ်ထုတ်လိုက်၏။
ဖျတ်ခနဲဆို သူက သူ၏ ခန္ဓာကိုယ်ကို ကွေးညွှတ်ပြီး မီးဖိုထဲသို့ လှိမ့်ဝင်လိုက်၏။
ချွမ်း...
ပင့်ကူခြေထောက်တစ်စုံက လေထုကို ဆုတ်ဖြဲ၍ ငရဲဖိနှိမ်မီးဖိုနှင့် ထိခတ်မိသွားပြီး သတ္တုချင်းထိခတ်သံနှင့်အတူ မီးပွားများကို စင်ထွက်လာစေ၏။
သူက ငရဲဖိနှိမ်မီးဖိုထဲမှာ ပုန်းကွယ်နေသော်လည်း အလွန်တရာကြောက်စရာကောင်းသော စွမ်းအားတစ်ခုက ၎င်းကို လွင့်စင်ထွက်သွားစေကို ဆူဇီမိုက ခံစားမိလိုက်ရဆဲ ဖြစ်၏။
ဘုန်း... ဘုန်း... ဘုန်း...
ငရဲဖိနှိမ်မီးဖိုက တစ်လမ်းလုံး နောက်သို့ဆုတ်ခွာလာခဲ့ပြီး သတ္တုတွင်းဥမင်ထဲရှိ ကျောက်သားနံရံများကို တိုက်ချလာခဲ့ကာ ဖုန်လုံးများကို တထောင်းထောင်းထသွားစေ၏။
သွေးနီရောင်ပင့်ကူက နောက်ကနေလိုက်ပါလာခဲ့၏။
ရုတ်တရက်ဆိုသလို... ။
ဆူဇီမိုသည် အေးစက်နေသော စိတ်ဆန္ဒတစ်ခု ဆင်းသက်လာသည်ကို ခံစားလိုက်ရပြီး ငရဲဖိနှိမ်မီးဖိုက လမ်းခုလတ်မှာရပ်တန့်ကာ လေထဲမှာ မလှုပ်မယှက်ရစ်ဝဲသွား၏။
အတိအကျဆိုရလျှင် ငရဲဖိနှိမ်မီးဖိုက လေထဲမှာ အေးခဲသွားခြင်းဖြစ်၏။
ချက်ချင်းပင်... မီးဖို၏ မျက်နှာပြင်ပေါ်ကို နှင်းခဲတစ်လွှာက ဖုံးအုပ်သွား၏။
သူက မီးဖိုထဲမှာ ကွေးညွှတ်သွားသည်ဆိုလျှင်တောင် ဆူဇီမိုသည် တုန်လှုပ်ချောက်ချားမှုကို ခံစားလိုက်ရ၏။ သူက ဘယ်လိုပင်ကြိုးစားသည်ဖြစ်စေ သူ၏ မျိုးဆက်သွေးကို မလှည့်ပတ်နိုင်တော့ပေ။
သူ၏ မျိုးဆက်သွေးထဲမှာ နှင်းခဲများကလည်း ပေါ်ထွက်လာ၏။
ပုံရိပ်တစ်ခုက ငရဲဖိနှိမ်မီးဖိုဘေးကနေ ဖျတ်ခနဲလှုပ်ရှားသွားသည်။
ဆူဇီမိုက အလိုလိုမော့ကြည့်လိုက်၏။
လက်တစ်ဝါးအရွယ် လိပ်ပြာတစ်ကောင်က လေထဲမှာလွင့်မျောနေသည်။
၎င်းက နှင်းဖြူရောင်ဖြစ်ပြီး အအေးဓာတ်တစ်ခုကို ဖြာထုတ်ပေးနေ၏။
၎င်းသည် နှင်းဖြူရောင်လိပ်ပြာကို တွေ့မြင်သောအခါ သွေးနီရောင်ပင့်ကူကလည်း ရုတ်တရက်ရပ်တန့်သွား၏။
နှင်းဖြူရောင်လိပ်ပြာသည် သွေးနီရောင်ပင့်ကူကို လုံးဝမယှဥ်နိုင်ဘဲ အနည်းငယ် အားနည်းသည့်ပုံပေါ်နေ၏။
သို့သော်လည်း ထိုအခိုက်အတန့်မှာ နှင်းဖြူရောင်လိပ်ပြာ၏ အော်ရာက လုံးဝအရေးနိမ့်ခြင်း မရှိပေ။
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး တစ်စုံတစ်ရာကို အမှတ်ရသွား၏။
ယခင်က သူသည် အနီးနားရှိကျောက်သားနံရံတစ်ခုထဲမှာ အနည်းငယ်ထူးဆန်းနေပုံရသော ဝေဝါးနေသည့် အဖြူရောင်အရိပ်တစ်ခုကို ရှာတွေ့ခဲ့၏။
သတိထားသည့်အနေဖြင့် သူက ထိုကျောက်သားနံရံကို တူးဖော်ထုတ်ခြင်း မပြုလုပ်ခဲ့ပေ။
သို့သော်ယခု... သွေးနီရောင်မီးဖို၏ လိုက်လံဖမ်းဆီးမှုကြောင့် ငရဲဖိနှိမ်မီးဖိုက ထိုကျောက်သားနံရံကို အမှတ်တမဲ့ပစ်တိုက်ချခဲ့ပြီး ဝေဝါးနေသော အဖြူရောင်အရိပ်က ပေါ်ထွက်လာခဲ့၏။
အဲ့ဒါက သူ့ရှေ့မှာရှိသော နှင်းဖြူရောင်လိပ်ပြာဖြစ်လေသည်။
ကျောက်သားနံရံအတွင်းမှာ မြှုပ်နှံခံထားရသော နောက်ထပ်ရှေးဟောင်းသတ္တဝါတစ်ကောင်ရှိနေ၏။
ဒါ့အပြင် ဤရှေးဟောင်းသတ္တဝါကလည်း မသေဆုံးသေးပေ။
နှင်းဖြူရောင်လိပ်ပြာ၏ မူလဇာစ်မြစ်ကို မှတ်မိသိရှိသွားသည့်အလား သွေးနီရောင်ပင့်ကူ၏ မျက်လုံးများက ကြောက်ရွံ့မှုဖြင့် ပြည့်နှက်လာ၏။ ၎င်းသည် ယခင်ကကဲ့သို့ မောက်မာခက်ထန်မှုမရှိတော့ဘဲ အကဲစမ်းသည့်သဘောဖြင့် အနီးနားမှာ ရစ်ဝဲကာ ဂနာမငြိမ်ဖြစ်နေ၏။
နှင်းဖြူရောင်လိပ်ပြာက သွေးနီရောင်ပင့်ကူကို စိုက်ကြည့်ပြီး ၎င်း၏ တောင်ပံများကို ခတ်လိုက်၏။
ဖျောက်... ဖျောက်... ဖျောက်...
ကြောက်စရာကောင်းလောက်အောင်အေးစက်နေသော စီးကြောင်းတစ်ခုက ပစ်လွင့်ထွက်ပေါ်လာပြီး သွေးနီရောင်ပင့်ကူပေါ်မှာ နှင်းခဲတစ်လွှာက ဖုံးအုပ်၍ ရေခဲသလင်းကျောက်များပင် ဖြစ်ပေါ်လာ၏။
သွေးနီရောင်ပင့်ကူက တုန်လှုပ်သွား၏။
ဘုန်း...
သွေးနီရောင်ပင့်ကူက ၎င်း၏ သွေးချီကို လှည့်ပတ်ပြီး ၎င်း၏ ခန္ဓာကိုယ်ထဲကနေ ကြောက်စရာကောင်းသော မြည်သံတစ်သံ ထွက်ပေါ်လာ၏။
ချက်ချင်းပင် ၎င်းသည် ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ နှင်းခဲများကနေ ရုန်းထွက်ပြီး ရေခဲလွှာများကို မြေပြင်ပေါ်သို့ ခါချလိုက်၏။
နှင်းဖြူရောင်လိပ်ပြာကို စိုက်ကြည့်ပြီး သွေးနီရောင်ပင့်ကူက ၎င်း၏ ခြေရှစ်ချောင်းကို ဝေ့ယမ်းကာ လာရာလမ်းအတိုင်း ပြန်လှည့်ပြေးသွား၏။
တစ်ခဏချင်းမှာပင် ၎င်းသည် သတ္တုတွင်းအောက်ခြေကနေ ပျောက်ကွယ်သွား၏။
ဆူဇီမိုက တိတ်တဆိတ်ထိတ်လန့်သွားသည်။
အားနည်းပုံရသော နှင်းဖြူရောင်ဤလိပ်ပြာသည် ပို၍ပင်ကြောက်စရာကောင်းပြီး သွေးနီရောင်ပင့်ကူကို တွန်းလှန်ထုတ်နိုင်ခဲ့၏။
နှင်းဖြူရောင်လိပ်ပြာပေါ်ထွက်လာပြီးကတည်းက ၎င်းသည် ဆူဇီမိုကို ပစ်မှတ်ထားခဲ့ခြင်း မရှိပေ။
သို့သော်လည်း သတ္တုတွင်းထဲရှိ အပူချိန်က ၎င်း၏ အကန့်အသတ်အထိ ကျဆင်းလာခဲ့ပြီဖြစ်၏။
စတုရန်းကြေးမီးဖိုပင်လျှင် အအေးဓာတ်ကို ခံနိုင်ရည်မရှိတော့ပေ။
ဆူဇီမိုက နဖူးကနေခြေဖျားထိ တဆတ်ဆတ်တုန်ယင်နေပြီး သူ၏ အပေါ်သွားနှင့်အောက်သွားက တဂတ်ဂတ်ရိုက်နေ၏။
ရုတ်တရက်ဆိုသလို...။
အခြားတစ်ဘက်မှာ ဆူညံပွက်လောရိုက်နေသောလူသံများကို ကြားလိုက်ရ၏။ ကျင့်ကြံသူများစွာက မြေအောက်ထဲသို့ ရောက်ရှိလာပြီး အပြေးအလွှားလာနေကြသည့်အတိုင်းပင်။
“အဲ့ဒီသွေးနီရောင်ပင့်ကူက ဒီလမ်းအတိုင်းထွက်ပြေးသွားတာ... သူ့နောက်ကိုမြန်မြန်လိုက်ကြ”
“သွေးနီရောင်ပင့်ကူရဲ့ ခွန်အားက ကြောက်ဖို့ကောင်းတယ်... အဲ့ဒါက နိုးထခါစမှာတင် လူတစ်သိန်းကျော်ကို သတ်ဖြတ်ခဲ့ပြီးပြီ သူ့ရဲ့တိုက်ခိုက်ရည်ခွန်အားကို အထွတ်အထိပ်ထိ ပြန်ရနေပြီ... ငါတို့က သူ့ရဲ့ပြိုင်ဘက်ဟုတ်ချင်မှ ဟုတ်တော့မှာ”
“ရတယ်... ငါတို့က သူ့ကိုအတတ်နိုင်ဆုံးကြိုးစားပြီး ဒီနေရာမှာထိန်းထားရုံပဲ... တိုင်းပြည်ဘုရင်ခံက သူ့လူတွေနဲ့ ဒီကို ကိုယ်တိုင်လာနေပြီ”
“တိုင်းပြည်ဘုရင်ခံတောင် အဲ့ဒါကို သတိထားမိသွားပြီလား”
“တိုင်းပြည့်ဘုရင်ခံက ပကတိအင်မော်တယ်ပညာရှင်တစ်ယောက်ပဲ... သူရောက်လာပြီဆိုရင်... ငါတို့က အဲ့ဒီတောကောင်ကို သေချာပေါက်ဖိနှိမ်နိုင်လိမ့်မယ်”
ဆူဇီမို၏ အကြားအာရုံက သန်မာအားကောင်းပြီး သူကအရာရာတိုင်းကို ရှင်းလင်းစွာကြားနေရ၏။
အစကတည်းက အမြုတေစိတ်ဝိညာဥ်သတ္တုတွင်းများ၏ အောက်ခြေတွင်... တစ်စုံတစ်ရာဖြစ်ပျက်လာခဲ့သည်မှာ ရှားရှားပါးပါးဖြစ်၏။
သူတို့က အသား သို့မဟုတ် အလောင်းများကို တူးဖော်ထုတ်မိမည်ဆိုလျှင်တောင် မြို့တော်ကြီးများ၏ ကမ္ဘာမြေအင်မော်တယ်များနှင့် ကောင်းကင်အင်မော်တယ်များက အဲ့ဒါကို ကိုင်တွယ်ဖြေရှင်းဖို့လုံလောက်သည်။
ယခုတော့... အမြုတေစိတ်ဝိညာဥ်သတ္တုတွင်းထဲကနေ သူတို့ပင် ကောင်းကောင်းမကိုင်တွယ်နိုင်သည့် သတ္တဝါတစ်ကောင်က ပေါ်ထွက်လာခဲ့၏။
ကောင်းကင်အင်မော်တယ်ပညာရှင်များပင်လျှင် ဤကဲ့သို့သော သတ္တဝါတစ်ကောင်ကို ဖိနှိမ်နိုင်ချင်မှ ဖိနှိမ်နိုင်ပေတော့မည်။
“ဒီဘက်ခြမ်းကနေလည်း အရမ်းကိုစွမ်းအားကြီးမားတဲ့ အသက်ဓာတ်အားတစ်ခုဖြာထွက်နေတယ်... ငါ့နောက်က လိုက်ခဲ့ကြ”
ထိုစဥ်မှာပင် အမျိုးသားတစ်ယောက်က လေးနက်သောအသံဖြင့် ပြောလိုက်၏။
ရောက်ရှိလာသော ကျင့်ကြံသူများက အုပ်စုနှစ်စုခွဲပြီး သူတို့ထဲမှ တစ်အုပ်စုက သတ္တုတွင်း၏ အောက်ခြေသို့ ရောက်လာခဲ့ကြ၏။
ဆူဇီမိုက ညည်းတွားရေရွတ်လိုက်၏။
မဟူရာအင်မော်တယ်တစ်ယောက်အနေဖြင့် သူသည် ဤကဲ့သို့သောအခြေအနေကနေ သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်း မရှိတော့ပေ။
သူတို့သည် လှိုင်းလုံးတစ်လုံးထဲရှိ ငါးများနှင့် ပုစွန်များကဲ့သို့ဖြစ်ပြီး အဲ့ဒါကို လုံးဝမခုခံနိုင်ပေ။
သူက ဤနေရာကနေ တတ်နိုင်သမျှမြန်မြန် ထွက်ပြေးလွတ်မြောက်ချင်၏။
သို့သော်လည်း နှင်းဖြူရောင်လိပ်ပြာက သူ့ရှေ့မှာရှိနေပြီး သူက မဆင်မခြင်ပြုမူလှုပ်ရှားရဲခြင်း မရှိပေ။
သိပ်မကြာခင် လူတချို့က သတ္တုတွင်းဥမင်များထဲကနေ ပြေးထွက်လာခဲ့ကြပြီး သူတို့က အယောက်ရေ ရာချီရှိနေ၏။
သူတို့၏ ခေါင်းဆောင်က စွမ်းအားကြီးမားသော အော်ရာတစ်ခုရှိပြီး လေထဲမှာ မတ်တတ်ရပ်နေ၏။ သူက သံမဏိချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး လှံတစ်လက်ကို ကိုင်ဆွဲထား၏။ သူရောက်ရှိလာသည့်ခဏမှာပင် သူက သုန်မှုန်နေသောအမူအရာဖြင့် မလှမ်းမကမ်းတွင်ရှိသော နှင်းဖြူရောင်လိပ်ပြာကို စိုက်ကြည့်နေ၏။
ချပ်ဝတ်တန်ဆာဝတ်အမျိုးသား၏ နောက်ဘက်မှာ ဖန်သားမြို့တော်အစောင့်တပ်သားများစွာရှိနေ၏။
သူတို့၏ ကျင့်ကြံမှုနယ်ပယ်များက ကွဲပြားသော်လည်း သူတို့အားလုံးက ကမ္ဘာမြေအင်မော်တယ်များဖြစ်သည်။
သို့သော်လည်း ချပ်ဝတ်တန်ဆာဝတ်အမျိုးသား၏ အော်ရာက ကမ္ဘာမြေအင်မော်တယ်များစွာထက် သိသိသာသာပိုမိုသန်မာနေ၏။
မထင်မှတ်ထားစွာပင် ထိုသူက ဖန်သားမြို့တော်၏ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်ရပေမည်။