← Chapters

ကြောက်စရာကောင်းသော ရေခဲလိပ်ပြာ

Vol. 129 Ch. 1924

ကြောက်စရာကောင်းသော ရေခဲလိပ်ပြာ

Vol. 129 Ch. 1924

“တိုက်ခိုက်ကြ”

ချပ်ဝတ်တန်ဆာဝတ်အမျိုးသားက သူ၏ လှံဖြင့် နှင်းဖြူရောင်လိပ်ပြာကို ထိုးညွှန်ပြီး အေးစက်စွာပြောလိုက်၏။

ရာနှင့်ချီသော ကမ္ဘာမြေအင်မော်တယ်များစွာက လူစုခွဲပြီး နှင်းဖြူရောင်လိပ်ပြာထံသို့ ပြေးဝင်သွားကြ၏။ လေထဲမှာပင် သူတို့သည် တဖျတ်ဖျတ်တလက်လက် ဓမ္မရတနာများကို ထုတ်လွှတ်လိုက်ကြ၏။

ဝှစ်...

အမြုတေချီက သတ္တုတွင်းဥမင်ထဲမှာ တလိပ်လိပ်တိုးဝင်လာခဲ့၏။

ကမ္ဘာမြေအင်မော်တယ်များစွာသည် မဆင်မခြင်ပြုမူရဲခြင်းမရှိဘဲ ထုတ်ဖော်ဖို့အတွက် အဆင့်မြင့်နတ်ဘုရားစွမ်းအားများကို ချက်ချင်းပင်စုဖွဲ့လိုက်ကြ၏။

သူသည် အားနည်းသည်ဟုထင်ရသော လိပ်ပြာတစ်ကောင်နှင့် ရင်ဆိုင်နေရသော်လည်း ချပ်ဝတ်တန်ဆာဝတ်အမျိုးသားက ထိန်ချန်ထားဖို့ စိတ်ကူးမရှိပေ။ သူက သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်ပြီး သူ၏ လှံက တဖျတ်ဖျတ်တလက်လက်အလင်းရောင်တစ်ခုဖြင့် တောက်ပလာခဲ့၏။

သတ္တုတွင်းဥမင်တစ်ခုလုံးက တရုန်းရုန်းထကြွလာပြီး ၎င်းသည် နောက်ခဏ၌ပြိုကျကာ သက်ရှိများအားလုံးကို မြှုပ်နှံပစ်တော့မည့်အလား အဆက်မပြတ် တုန်ခါလာခဲ့၏။

ကြောက်စရာကောင်းသော နတ်ဘုရားစွမ်းအားတစ်ခုက ပစ်လွင့်ထွက်ပေါ်လာ၏။

ဆူဇီမိုသည် ထိုနတ်ဘုရားစွမ်းအားကို မသိရှိသော်လည်း ၎င်း၏ စွမ်းပကားအရ အဲ့ဒါသည် အန္တိမနတ်ဘုရားစွမ်းအားတစ်ခု ဖြစ်သည်ဆိုတာကို ချက်ချင်းပင် ပြောနိုင်၏။

ဤလူက အမှန်တကယ်ပင် ကောင်းကင်အင်မော်တယ်ပညာရှင်တစ်ဦးဖြစ်၏။

ဤအဆင့်တိုက်ပွဲတစ်ပွဲမှာ တုန်ခါလှိုင်းတစ်လှိုင်းကပင်လျှင် သူ့ကို ဒဏ်ရာအပြင်းအထန် ရရှိစေဖို့ သို့မဟုတ် သတ်ဖြတ်ပစ်ဖို့ ဖြစ်နိုင်၏။

သို့သော်လည်း သူ၏ နောက်မှာ မည်သည့်ထွက်ပေါက်မှ မရှိတော့ပေ။

ငရဲဖိနှိမ်မီးဖိုသည် တိုက်ရိုက်တိုက်ခိုက်မှုများကို ခုခံပေးနိုင်သော်လည်း ၎င်းမှာ အဖုံးတစ်ခုမပါရှိသည့်အတွက် ရုန်းရင်းဆန်ခတ်အမှန်တကယ် တိုက်ပွဲတစ်ပွဲမှာ သူ့ကိုကာကွယ်ပေးနိုင်လိမ့်မည် မဟုတ်ပေ။

ရုတ်တရက်ဆိုသလို...။

လေထဲမှာရှိသော နှင်းဖြူရောင်လိပ်ပြာက ၎င်း၏ တောင်ပံများကို ခတ်လိုက်၏။

မကြီးမားသော တောင်ပံတစ်စုံအောက်မှာ ကြောက်စရာကောင်းသော အေးစက်စီးကြောင်းနှစ်ခုကို သာမန်မျက်စိနှင့်ပင် မြင်တွေ့လာနိုင်၏။

သူတို့က ဖြူဖွေး၍ မြူခိုးများဖြင့် ပြည့်နှက်နေ၏။

ဖျောက်... ဖျောက်... ဖျောက်….

သတ္တုတွင်းဥမင်ထဲရှိ အပူချိန်က ထိုးဆင်းသွားပြီး အေးစက်နေသော စိတ်ဆန္ဒတစ်ခုက ဖြန့်ကြက်လာခဲ့၏။ ဓမ္မရတနာများစွာက ဆင်းသက်မလာခင်မှာပင် သူတို့သည်လေထဲမှာ နှင်းခဲတစ်လွှာဖြင့် ဖုံးအုပ်ခံရကာ အေးခဲသွား၏။

နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များစွာကလည်း နှင်းခဲချီများဖြင့် အေးခဲခံလိုက်ရ၏။

ကောင်းကင်အင်မော်တယ်ပညာရှင် ချပ်ဝတ်တန်ဆာဝတ်အမျိုးသားထုတ်ဖော်လိုက်သော အန္တိမနတ်ဘုရားစွမ်းအားပင်လျှင် အေးစက်စီးကြောင်းတစ်ခု၏ စွမ်းအားကို ချေဖျက်နိုင်ခြင်းမရှိပေ။

အရောင်အဝါများအားလုံးက မှေးမှိန်ကျဆင်းသွား၏။

ချပ်ဝတ်တန်ဆာဝတ်အမျိုးသား၏ လှံပေါ်မှာ ရေခဲသလင်းများက ဖြစ်ပေါ်လာပြီး လှံ၏ ကိုယ်ထည်တစ်လျှောက်၊ သူ၏ လက်ဖဝါး၊ လက်ခလယ်နှင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ပင် ဖြန့်ကြက်လာခဲ့၏။

အဲ့ဒါက အရမ်းကိုမြန်ဆန်၏။

ချပ်ဝတ်တန်ဆာဝတ်အမျိုးသားက တုံ့ပြန်လိုက်သည့်အချိန်မှာ သူ၏ လက်ဖဝါးက သူ၏ လှံနှင့်အတူ အေးခဲသွားခဲ့ပြီဖြစ်၏။

“နောက်ဆုတ်ကြ”

ချပ်ဝတ်တန်ဆာဝတ်အမျိုးသား၏ အမူအရာကပြောင်းလဲသွားပြီး အော်ဟစ်အမိန့်ပေးလိုက်၏။

ကံဆိုးစွာနှင့်ပင် အဲ့ဒါက နောက်ကျလွန်းသွားခဲ့လေပြီ။

နှင်းဖြူရောင်အေးစက်စီးကြောင်းတစ်ခုက တလိပ်လိပ်တိုးဝင်လာပြီး လေထဲရှိ ရာနှင့်ချီသော ကမ္ဘာမြေအင်မော်တယ်ပညာရှင်များက အေးခဲသွားကြ၏။ သူတို့၏ ခန္ဓာကိုယ်များက ဆီးနှင်းများ၊ ရေခဲသလင်းများဖြင့် ပြည့်နှက်သွား၏။

သူတို့သည် လူပုံသဏ္ဌာန် ရေခဲပန်းပုရုပ်များအဖြစ် ပြောင်းလဲသွားသည့်အလားပင်။

ရေခဲပန်းပုရုပ်များ၏ မျက်နှာများပေါ်ရှိအမူအရာများနှင့် သူတို့၏ မျက်ဝန်းများထဲရှိ ကြောက်ရွံ့မှုများက အေးခဲတောင့်တင်းနေ၏။ အရာရာတိုင်းသည် အတိတ်ကာလမှာ အေးခဲကျန်ရစ်ခဲ့သည့်အတိုင်းပင်။

ဆူဇီမိုက ကြောင်အ,မှင်တက်နေ၏။

အစကတော့... ဤတိုက်ပွဲမှာ ရောပါငြိစွန်းခံရမည်ကို သူကစိုးရိမ်နေခဲ့၏။

နှင်းဖြူရောင်လိပ်ပြာက အေးစက်စီးကြောင်းနှစ်ခုနှင့်အတူ တိုက်ခိုက်လိုက်သည့်အချိန်မှာပင် မည်သည့်ဓမ္မရတနာ သို့မဟုတ် မည်သည့်စွမ်းအားကမှ ၎င်း၏ ခန္ဓာကိုယ်ကို မထိုးဖောက်နိုင်တော့ပေ။

ရာနှင့်ချီသော လူပုံသဏ္ဌာန် ရေခဲပန်းပုရုပ်များက စတင်၍ ကျဆင်းလာ၏။

နှင်းဖြူရောင်လိပ်ပြာက ၎င်း၏ တောင်ပံများကို နောက်တစ်ဖန်ခတ်လိုက်၏။

ဘန်း.... ဘန်း... ဘန်း...

လူပုံသဏ္ဌာန် ရေခဲပန်းပုရုပ်များက တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်သွား၏။

ဆူဇီမို၏ ရှေ့မှောက်မှာပင် ကမ္ဘာမြေအင်မော်တယ်များစွာသည် တဖြည်းဖြည်းလွင့်မျောကျဆင်းလာသည့် နှင်းဖြူရောင်လိပ်ပြာကလေးများအဖြစ် ကြေမွသွား၏။

အဲ့ဒီမှာ မည်သည့်သွေးမှ ထွက်မလာခဲ့ဘဲ ရေခဲလိပ်ပြာများက ကြောက်စရာကောင်းသော ပုံစံဖြင့် ကခုန်နေကြ၏။

အဲ့ဒီမှာ ကမ္ဘာမြေအင်မော်တယ်ပညာရှင် ရာနှင့်ချီရှိခဲ့သော်လည်း သူတို့အားလုံးက သူတို့၏ အမြုတေစိတ်ဝိညာဥ်များ ဖျက်ဆီးခံရခြင်းနှင့်အတူ တစ်ခဏချင်းမှာ သေဆုံးသွားကြ၏။

ငရဲဖိနှိမ်မီးဖိုထဲမှာ ပုန်းကွယ်ရင်း ဆူဇီမိုက တုန်လှုပ်ချောက်ချားနေ၏။

သတ္တုတွင်းဥမင်ထဲမှာ အသက်ရှင်ကျန်ရစ်နေသည့် တစ်ဦးတည်းသောသူမှာ ကောင်းကင်အမြုတေနယ်ပယ်မှာရှိသော ချပ်ဝတ်တန်ဆာဝတ်အမျိုးသားဖြစ်သည်။

သို့သော်လည်း ကောင်းကင်အင်မော်တယ်ပညာရှင်သည် နှင်းဖြူရောင်လိပ်ပြာ၏ တိုက်ခိုက်မှုနှစ်ကြိမ်အပြီး၌ အ​ခြေအနေကောင်းမည့်ပုံ မရှိချေ။

သူ၏ လှံနှင့် ချပ်ဝတ်များပေါ်တွင်လည်း ရေခဲတစ်လွှာက ဖြစ်ပေါ်နေ၏။

အဲ့ဒါက အေးစက်၍ သူ့ကို လုံးဝအေးခဲစေလုနီးပါးပင်။

ဘုန်း...

သူ၏ သွေးချီကိုလှည့်ပတ်ရင်း ချပ်ဝတ်တန်ဆာဝတ်အမျိုးသားက မာန်သွင်းအော်ဟစ်ကာ ရေခဲလွှာများကနေ ရုန်းထွက်လိုက်၏။ များပြားလှစွာသော ရေခဲစများက ကြေမွသွားပြီး အဘက်ဘက်သို့ လွင့်စင်ထွက်သွား၏။

ချပ်ဝတ်တန်ဆာဝတ်အမျိုးသား၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေ​ပြီး အကြိမ်ရေအနည်းငယ် ချောင်းဆိုးလိုက်၏။

သူထွေးထုတ်လိုက်သောသွေးများမှာ လက်သည်းခွံအရွယ် သွေးနီရောင်ရေခဲတုံးများ ပါလာခဲ့ပြီး အအေးဓာတ်တစ်ခုကို ဖြာထုတ်ပေးနေ၏။

ရွှစ်...

သူ၏ အမူအရာက ထိတ်လန့်တကြားဖြစ်နေပြီး တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ လှည့်ထွက်ပြေးလိုက်၏။

သူက ထွက်ပြေးခြင်းနည်းစနစ်တစ်ခုကို ထုတ်ဖော်ပြီး မြေကြီးထဲသို့ တိုးဝင်ပျောက်ကွယ်သွား၏။

သူတို့အုပ်စုက အလျင်အမြန်ရောက်ရှိလာခဲ့သော်လည်း ပို၍ပင်မြန်ဆန်စွာ ထွက်ခွာသွားကြ၏။

ရာနှင့်ချီသော ကမ္ဘာမြေအင်မော်တယ်ပညာရှင်များက သေဆုံးခဲ့ပြီး ကောင်းကင်အင်မော်တယ်တစ်ဦးသာလျှင် ဒဏ်ရာအပြင်းအထန် ရရှိသွားခြင်းနှင့်အတူ ထွက်ပြေးလွတ်မြောက်သွား၏။

နှင်းဖြူရောင်လိပ်ပြာက ဤအမြုတေစိတ်ဝိညာဥ်သတ္တုတွင်းထဲမှာ ချိပ်ပိတ်ခံထားရပြီး နှစ်ပေါင်းမရေမတွက်နိုင်အောင် အိပ်မောကျနေခဲ့၏။ ၎င်းက ယနေ့ နိုးထလာခါစဖြစ်ပြီး ၎င်း၏ တိုက်ခိုက်ရည်ခွန်အားကို ၎င်း၏ အထွတ်အထိပ်အထိ ပြန်လည်မရရှိသေးပေ။

မဟုတ်ပါက ချပ်ဝတ်တန်ဆာဝတ်အမျိုးသားပင်လျှင် သေဘေးကနေ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့လိမ့်မည် မဟု​တ်ပေ။

နှင်းဖြူရောင်လိပ်ပြာက အရမ်းကိုကြောက်စရာကောင်းလွန်း၏။ အစိမ်းရောင်တိမ်စိုင်တိုင်းပြည်၏ တိုင်းပြည်ဘုရင်ခံက ဤနေရာသို့ ကိုယ်တိုင်လာနေသည်မှာ မထူးဆန်းတော့ပေ။

ချပ်ဝတ်တန်ဆာဝတ်အမျိုးသားကို လိုက်လံဖမ်းဆီးရမည့်အစား ချပ်ဝတ်တန်ဆာဝတ်အမျိုးသားက တစ်ဘက်သို့လှည့်ပြီး ဆူဇီမိုနှင့် မျက်နှာချင်းဆိုင်လိုက်၏။

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။

နှင်းဖြူရောင်လိပ်ပြာက သူ့ကိုသတ်ဖြတ်ချင်သည်ဆိုလျှင် ၎င်းက နှစ်ကြိမ်တိုက်ခိုက်စရာပင် မလိုပေ။ ၎င်း၏ တောင်ပံများကို တစ်ချက်ခတ်လိုက်ရုံနှင့် လုံလောက်နေ၏။

နှင်းဖြူရောင်လိပ်ပြာက ၎င်း၏ တောင်ပံများကို ခတ်လိုက်သော်လည်း အဲ့ဒီမှာ မည်သည့်သတ်ဖြတ်ကွက်မှ ထွက်ပေါ်မလာပေ။ ထိုအစား ၎င်းသည် ဆူဇီမိုရှေ့သို့ တစ်ခဏချင်းမှာပင် ရောက်ရှိလာခဲ့၏။

လူနှင့်လိပ်ပြာက အရမ်းကိုနီးကပ်နေပြီး အကြည့်ချင်းဖလှယ်လိုက်ကြ၏။

ခဏမျှရပ်တန့်ပြီးနောက် နှင်းဖြူရောင်လိပ်ပြာက ဆူဇီမိုကို အကြိမ်ရေအနည်းငယ်လှည့်ပတ်လိုက်၏။ ၎င်းသည် တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလားဖြစ်ပြီး သူ့ကိုတိုက်ခိုက်မလာခဲ့ပေ။

ဆူဇီမိုက လုံးဝလှုပ်ရှားခြင်းမရှိဘဲ သူ့ကိုယ်သူတည်ငြိမ်စေဖို့ အတတ်နိုင်ဆုံးကြိုးစားနေ၏။

“ကျုပ်က ခင်ဗျားကို နှောက်ယှက်ဖို့ စိတ်ကူးမရှိပါဘူး စီနီယာ... ကျုပ်က အရမ်းကိုတိုက်ဆိုင်စွာနဲ့ ခင်ဗျားကိုနိုးထစေခဲ့မိတာပါ”

ဆူဇီမိုက ကြိုးစား၍ ရှင်းပြလိုက်၏။

နှင်းဖြူရောင်လိပ်ပြာက အသံတိတ်နေပြီး ဆူဇီမိကို လျစ်လျူရှုထား၏။

အကြိမ်ရေအနည်းငယ် လှည့်ပတ်ပြီးနောက် ၎င်းက ဆူဇီမို၏ ဒဏ်ရာရရှိထားသော ခြေသလုံးအနားသို့ ချဥ်းကပ်နိုင်ခဲ့၏။

ထိုအခါမှသာ သူ၏ ခြေသလုံးက ပင့်ကူချည်မျှင်ဖြင့်လှီးဖြတ်ခံခဲ့ရပြီး အဆိပ်မိထားသည်ကို ဆူဇီမိုက ပြန်လည်အမှတ်ရသွား၏။

သူကအောက်သို့ငုံ့ကြည့်လိုက်ပြီး အနည်းငယ်မှင်တက်သွား၏။

စောစောက တိုက်ပွဲမစခင် သူ၏ ခြေသလုံးဒဏ်ရာထဲရှိ အဆိပ်က ပျံ့နှံ့သွားခဲ့ပြီး သူ၏ ပေါက်တံတစ်ခုလုံးသို့ ရောက်ရှိလာခဲ့လေပြီ။

သို့သော် ယခု အဆိပ်သည် သူ၏ ပေါင်တံထဲမှာ ရစ်ဝဲနေ​ပြီး ဆက်လက်၍ ဖြန့်ကြက်မလာတော့ပေ။

ထိုအဆိပ်က ဘယ်လောက်ကြောက်စရာကောင်းသလဲ ဆူဇီမိုက ကောင်းကောင်းအာရုံခံမိခဲ့၏။ သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာပင်လျှင် အဲ့ဒါကို မခုခံနိုင်ခဲ့ပေ။

ယခု... အဆိပ်က ထိန်းချုပ်ခံထားရပြီဖြစ်ပြီး အဲ့ဒါက ပြင်ပအားတစ်စုံတစ်ရာကြောင့်ဆိုတာ သိသာနေ၏။

ပြန်လည်စဥ်းစားကြည့်ရင်း သူက အကြောင်းရင်းကို ခန့်မှန်းမိသွား၏။

နှင်းဖြူရောင်လိပ်ပြာ၏ နိုးထလာမှုကြောင့် သတ္တုတွင်းဥမင်ထဲရှိ အပူချိန်က အလွန်တရာထိုးဆင်းသွားခဲ့သည်။ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည်လည်း အေးစက်ချီဖြင့် တိုက်စားခံခဲ့ရပြီး သူ၏ မျိုးဆက်သွေးက အေးခဲလုနီးပါးဖြစ်ခဲ့၏။

ဤကဲ့သို့သောအခြေအနေအောက်မှာ အဆိပ်က ​ဖြန့်ကြက်မလာတော့ပေ။

နှင်းဖြူရောင်လိပ်ပြာက သူ၏ ခြေသလုံးအနားမှာ ရစ်ဝဲပြီး ၎င်း၏ တောင်ပံများကို ခတ်လိုက်၏။

တောင်ပံတစ်ချက်ခတ်လိုက်တိုင်း အေးစက်စီးကြောင်းတစ်ခုက ဆူဇီမို၏ ခြေသလုံးထဲသို့ တလိပ်လိပ်တိုးဝင်လာ၏။

အဆိပ်၏ လွှမ်းမိုးမှုအောက်မှာ သူ၏ ခြေသလုံးက ပြာနှမ်းနေခဲ့ပြီဖြစ်၏။

သို့သော် ယခုအခါ ပြာနှမ်းနေသောအရောင်က တစ်စတစ်စဖျော့တော့သွား၏။

တစ်ချိန်တည်းမှာပင် ညိုမည်းပြာနှမ်းနေသော သွေးများက ညှီစို့စို့အနံ့တစ်ခုနှင့်အတူ သူ၏ ဒဏ်ရာထဲကနေ စီးကျလာ၏။

ဆူဇီမိုက အဲ့ဒါကို တွေ့မြင်သောအခါ ကျေနပ်သဘောကျသွားသည်။

အေးစက်လေက သွေးနီရောင်ပင့်ကူ၏ အဆိပ်ထက်ပင် ပို၍သန်မာနေ၏။

နှင်းဖြူရောင်လိပ်ပြာက သူ့ကိုကုသပေးနေခြင်းဖြစ်သည်။

သိပ်မကြာခင် သူ၏ ဒဏ်ရာထဲရှိ အဆိပ်သွေးများက ကုန်စင်အောင် ဖောက်ထုတ်ခံလိုက်ရ၏။

သူ၏ ခြေထောက်မှ ခံစားမှုကို သူက ပြန်လည်ရရှိလာခဲ့ပြီဖြစ်၏။

အဆိပ်ဓာတ်၏ တိုက်စားမှုမရှိသောအခါ အစိမ်းရောင်​ကြာပန်း အစစ်အမှန်ခန္ဓာ၏ ကြောက်စရာကောင်းသော ပြန်လည်ကုသနိုင်စွမ်းက ပြန်လည်ပေါ်ထွက်လာပြီး သူ၏ ဒဏ်ရာက အလျင်အမြန်ပိတ်ဆို့သွား၏။

သိပ်မကြာခင် သူသည် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားပေလိမ့်မည်။

“ကျေးဇူးတင်ပါတယ် စီနီယာ”

ဆူဇီမိုက ကျေးဇူးတင်စကားကို ခပ်မြန်မြန်ပြောလိုက်၏။

နှင်းဖြူရောင်လိပ်ပြာ၏ ကူညီပေးမှုကြောင့်သာ မဟုတ်လျှင် ဤအစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက လုံးဝ ချို့ယွင်းပျက်စီးကောင်း ပျက်စီးသွားနိုင်၏။

All Chapters