← Chapters

အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း

Vol. 129 Ch. 1930

အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း

Vol. 129 Ch. 1930

ရုတ်တရက် ပကတိအင်မော်တယ်ကျင်းယွဲ့က သူ၏ လက်ကိုဝေ့ယမ်းပြီး သူ၏ အင်္ကျီလက်အိုးထဲကနေ သိပ်သည်းများပြားသော ကျောက်စိမ်းရောင်အလင်းစက်များကို ပျံသန်းထွက်ပေါ်လာစေ၏။ သူတို့က အောက်ဘက်ရှိ လေးထောင့်ကွင်းထဲသို့ ပြန့်ကျဲသွားပြီး အလွန်တရာတိကျစွာဖြင့် မဟူရာအင်မော်တယ် အယောက်တစ်သိန်း၏ ရှေ့မှာ ဆင်းသက်သွား၏။

ထိုနည်းလမ်းက ပကတိအင်မော်တယ်ကျင်းယွဲ့၏ စွမ်းအားကြီးမားသော ထိန်းချုပ်နိုင်စွမ်းကို ပြသလိုက်ခြင်းဖြစ်၏။

ကျောက်စိမ်းရောင်အလင်းစက်များက ပေါ်ထွက်လာခဲ့၏။

ဆူဇီမိုက အာရုံစိုက်၍ကြည့်လိုက်၏။

သူ့ရှေ့မှ အလင်းစက်သည် ခြောက်လက်မဝန်းကျင်ရှည်ပြီး လက်နှစ်လုံးလောက်ကျယ်သော ကျောက်စိမ်းတံဆိပ်ပြားတစ်ခုဖြစ်နေ၏။

ကျောက်စိမ်း၏ မျက်နှာပြင်က လျှို့ဝှက်ဆန်းကြယ်သော အော်ရာတစ်ခုနှင့်အတူ တောက်ပနေ၏။

“အဲ့ဒါက ဒဏ္ဍာရီလာ အမဲလိုက်တံဆိပ်ပြားပဲ”

“ငါတို့က... စိတ်ဝိညာဥ်အသိစိတ် အမှတ်အသားတစ်ခုအနေနဲ့ တံဆိပ်ပြားရဲ့တစ်ဘက်ခြမ်းမှာ ငါတို့ရဲ့ စိတ်ဝိညာဥ်အသိစိတ်ကို သုံးပြီး ငါတို့ရဲ့နာမည်ကို ရေးထိုးရမယ်”

လူအုပ်ကြီးထဲမှ မဟူရာအင်မော်တယ်အချို့က အမဲလိုက်စုဝေးပွဲနှင့်ပတ်သက်၍ အတော်များများသိရှိထားပုံရ၏။

တံဆိပ်ပြား၏ မူလဇာစ်မြစ်ကို သိရှိသွားပြီး သူတို့က လက်လှမ်း၍ အဲ့ဒါကိုလှမ်းဆွဲကာ ၎င်းပေါ်မှာ သူတို့၏ စိတ်ဝိညာဥ်အသိစိတ်အမှတ်အသားများကို ချန်ထားရစ်လိုက်ကြ၏။

“အဲ့ဒီမှာ တခြားနည်းလမ်းမရှိတော့ဘူးလား”

တစ်စုံတစ်ယောက်က ညင်သာစွာ မေးလိုက်၏။

“ဟဲဟဲ... ရတယ်လေ... အဲ့ဒါဆိုလည်း မင်းအဲ့ဒီပေါ်မှာ မင်းရဲ့နာမည်ကို မရေးနဲ့”

နောက်ထပ်ကျင့်ကြံသူတစ်ယောက်က လှောင်ရယ်လိုက်၏။

“မင်းက မင်းရဲ့တံဆိပ်ပြားပေါ်မှာ စိတ်ဝိညာဥ်အမှတ်အသားကို ချန်မထားဘူးဆိုရင် မင်းက ပကတိတစ်ဆယ်ငရဲကို ဝင်ရောက်တာနဲ့ အမဲလိုက်အဆင့်သတ်မှတ်ချက်က အပြစ်ပေးစွမ်းအားတစ်ခုကို ထုတ်ဖော်ပြီး မင်းကိုရက်ရက်စက်စက်သတ်ဖြတ်လိမ့်မယ်”

“ပကတိတစ်ဆယ်ငရဲရဲ့ အမဲလိုက်အဆင့်သတ်မှတ်ချက်က ကြောက်စရာကောင်းတဲ့ အသိစိတ်ရှိတဲ့ ဓမ္မရတနာတစ်ခုလို့ ငါကြားဖူးတယ်... မင်းက အသိစိတ်ရှိဓမ္မရတနာတစ်ခုရဲ့ အပြစ်ပေးတာကို ခံနိုင်ရည်ရှိမလား မစဥ်းစားလိုက်နဲ့”

ပထမဆုံးမေးသည့် ကျင့်ကြံသူက တုန်လှုပ်သွားပြီး သူ၏ မျက်နှာက အနည်းငယ်ဖြူဖျော့သွား၏။ သူက သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို အလောတကြီးလှည့်ပတ်ပြီး အမဲလိုက်တံဆိပ်ပြားပေါ်မှာ သူ၏ နာမည်ကို ရေးထိုးလိုက်၏။

ဆူဇီမိုက မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

ဘာ့ကြောင့်ရယ်မသိ စိတ်ဝိညာဥ်အသိစိတ် အမှတ်အသားတစ်ခု ချန်ထားရစ်ခဲ့ရမည့်အပြုအမူက သူ့ကို အလိုလိုဝန်လေးနေစေ၏။

ဒါ့အပြင် သူသည် အမဲလိုက်အဆင့်သတ်မှတ်ချက်ပေါ်ရှိ နေရာတစ်ခုအတွက် တိုက်ခိုက်လိုစိတ်မရှိပေ။

သို့သော် ယခုအခါ အခြေအနေက ဖိအားပေးနေပြီး အဆင့်မြင့်အင်မော်တယ် ပညာရှင်များစွာ၏ အကြည့်အောက်မှာ သူ့အတွက် ရွေးချယ်စရာမရှိတော့ပေ။

အနည်းငယ်တုံ့ဆိုင်းပြီးနောက် ဆူဇီမိုက သူ၏ စိတ်ဝိညာဥ်အသိစိတ်နှင့်အတူ အမဲလိုက်တံဆိတ်ပြား၏ တစ်ဘက်ခြမ်းမှာ ဆူဇီမိုဟူသောစာလုံးကို ရေးထိုးလိုက်ရဆဲ ဖြစ်၏။

အမဲလိုက်တစ်ဘက်ခြမ်း၏ အခြားတစ်ဘက်က ဗလာကျင်းနေ၏။

သိပ်မကြာခင်... လေးထောင့်ကွင်းထဲရှိ မဟူရာအင်မော်တယ် အယောက်တစ်သိန်းနီးပါးက အမဲလိုက်တံဆိပ်ပြားများပေါ်မှာ သူတို့၏ စိတ်ဝိညာဥ်အသိစိတ်အမှတ်အသားများကို ချန်ထားရစ်ခဲ့ကြပြီးပြီဖြစ်၏။

ထိုသည်ကိုတွေ့မြင်သောအခါ ပကတိအင်မော်တယ်ကျင်းယွဲ့က စိတ်ကျေနပ်စွာဖြင့် မသိမသာခေါင်းညိတ်ပြီး ပြုံးလိုက်၏။

“အမဲလိုက်စုဝေးပွဲကို တရားဝင်စတင်ပြီ... အားလုံးပဲ ကံကောင်းကြပါစေ”

ထိုသို့သူပြောလိုက်သည့်ခဏမှာပင် ပကတိအင်မော်တယ်ကျင်းယွဲ့က သူ၏ လက်ကို ညင်သာစွာဝေ့ယမ်းလိုက်၏။

ဘုန်း... ဘုန်း... ဘုန်း...

လေးထောင့်ကွင်းထဲကနေ ပြင်းထန်သော တုန်ခါမှုတစ်ခုက ထွက်ပေါ်လာ၏။

အဲ့ဒီနောက် ချက်ချင်းပင် မဟူရာအင်မော်တယ်များစွာ၏ ခြေဖဝါးအောက်ရှိမြေပြင်က ပြိုကျသွား၏။

လူတိုင်းက အငိုက်မိသွားပြီး ဟန်ချက်ပျက်ကုန်ကြ၏။

အောက်ဘက်ကနေ စွမ်းအားကြီးမားသော စုပ်ယူအားတစ်ခုက ပစ်လွင့်ထွက်ပေါ်လာပြီး လူတိုင်းသည်ထိတ်လန့်တကြားအော်ဟစ်ကာ အလျင်အမြန်ကျဆင်းသွားကြသည်။

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။

သို့သော်လည်း သူက အလျင်အမြန်တည်ငြိမ်သွားပြီး အောက်သို့ခေါင်းငုံ့ကာ တစ်ချက်ကြည့်လိုက်၏။

သူ့ခြေဖဝါးအောက်ရှိမြေပြင်က ပျောက်ကွယ်သွားပြီဖြစ်ပြီး ၎င်း၏ နေရာမှာ ငရဲ၏ အနက်ပိုင်းဆီသို့ ဦးတည်နေပုံရသော နက်မှောင်နေသည့်ချောက်နက်တစ်ခုပေါ်ထွက်လာ၏။

ဆူဇီမိုသည် သူ၏ မျက်လုံးထောင့်ကနေ ခရမ်းရောင်ပုံရိပ်တစ်ခုကို တွေ့မြင်သွား၏။

အဲ့ဒါက အမျိုးသမီးလုပ်ကြံသတ်ဖြတ်သူဖြစ်၏။

စောစောက ဆူဇီမိုသည် အမဲလိုက်တံဆိပ်ပြားပေါ်မှာ ထိုအမျိုးသမီးလုပ်ကြံသတ်ဖြတ်သူက သူမ၏ နာမည်ကို ချန်ထားရစ်ခဲ့သည်ကို သတိထားမိခဲ့၏။

ထျန်ကျစ်ရီ...။

အဲ့ဒါက သူမ၏ အစစ်အမှန်နာမည်လား သို့မဟုတ် နာမည်တုတစ်ခုလားဆိုတာ သူ မသိပေ။

ဤကဲ့သို့သော အပြောင်းအလဲနှင့် ကြုံတွေ့ရပြီးတာတောင် ထျန်ကျစ်ရီ၏ မျက်နှာက တစ်ချိန်လုံးအမူအရာကင်းမဲ့၍ မှင်သေသေဖြင့်ရှိနေ၏။

လူတိုင်းသည် အဆုံးမဲ့ချောက်နက်ထဲသို့ အဆက်မပြတ်ကျဆင်းသွားကြ၏။

ပကတိတစ်ဆယ်ငရဲကို ပကတိမိုးကြိုးမြို့တော်၏ မြေအောက်အနက်ပိုင်းထဲမှာ တည်ဆောက်ထား၏။

အတန်ကြာပြီးနောက် အောက်ဘက်မှာ တောက်ပသောအလင်းရောင်တစ်ခုပေါ်ထွက်လာပြီး ဧရာမရေပြင်အကာအရံအလွှာတစ်ခုကဲ့သို့ တလက်လက်ထနေ၏။

လူတိုင်းသည် ရေပြင်အကာအရံအလွှာပေါ်သို့ အလျင်အမြန်ဆင်းသက်သွားပြီး အဲ့ဒါကိုဖြတ်ကျော်သွား၏။

သူတို့၏ မြင်ကွင်းက ရှင်းလင်းသွားပြီး သူတို့သည်အခြားသောလောကတစ်ခုထဲသို့ ဝင်ရောက်လာသည့်အလားပင်။

သူတို့၏ ခန္ဓာကိုယ်များပေါ် သက်ရောက်နေသည့် စွမ်းအားကြီးမားသော စုပ်ယူအားကလည်း ရုတ်တရက် ပျောက်ကွယ်သွား၏။

လူတိုင်းသည် သူတို့၏ ခန္ဓာကိုယ်ကို ခပ်မြန်မြန်ထိန်းချုပ်ပြီး မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ကြ၏။

ဘေးပတ်ဝန်းကျင်မှာ တောင်တန်းများနှင့် တောအုပ်များရှိနေ၏။

မလှမ်းမကမ်းတွင်... ရေစီးသံကိုကြားနေရပြီး ကောင်းကင်ထက်မှာ ကြိုးကြာငှက်များက ပျံသန်းနေကြ၏။

သူတို့သည် အဆုံးစွန်တစ်ဆယ်ငရဲသို့ ရောက်ရှိလာကြပြီဆိုတာကို လူတိုင်းက နားလည်သိရှိလိုက်ကြ၏။

ဘေးပတ်ဝန်းကျင်က တည်ငြိမ်အေးချမ်းနေသည်ဟုထင်ရသော်လည်း သူတို့သည် ဤနေရာသို့ ဝင်ရောက်လာသည်နှင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြင့် လွှမ်းခြုံခံရပြီး အချိန်မရွေးသေဆုံးသွားနိုင်သည်ကို လူတိုင်းက သိထားကြ၏။

မဟူရာအင်မော်တယ်အယောက်တစ်သိန်းနီးပါးက မြို့ဝန်မင်းဂေဟာ၏ လေးထောင့်ကွင်းထဲမှာ စုဝေးခဲ့ကြပြီး သူတို့က တစ်ယောက်နှင့်တစ်ယောက် အလွန်တရာနီးကပ်နေခဲ့ကြ၏။

ယခု... လူတိုင်းသည် တစ်ချိန်တည်းမှာကျဆင်း၍ ပကတိတစ်ဆယ်ငရဲသို့ ရောက်ရှိလာကြပြီး သူတို့က ပြန့်ကျဲသွားသော်လည်း တစ်ယောက်နှင့်တစ်ယောက် သိပ်မကွာဝေးကြပေ။

အမဲလိုက်စုဝေးပွဲကို တရားဝင်စတင်လေပြီ။

တစ်နည်းအားဖြင့်ဆိုလျှင် လူတိုင်းသည် ဤနေရာမှာ စိတ်ရှိသလို တိုက်ခိုက်သတ်ဖြတ်နိုင်ကြမည်ဖြစ်၏။

ရုတ်တရက်... ပတ်ဝန်းကျင်က ထူးဆန်းစွာတိတ်ဆိတ်ငြိမ်သက်သွား၏။

အဲ့ဒါက မုန်တိုင်းမလာခင် တည်ငြိမ်နေခြင်းမျှသာဖြစ်၏။

အဲ့ဒါက မွန်းကြပ်ဖွယ်ရာကောင်းနေ၏။

လေထုထဲမှာ ရန်လိုခက်ထန်သော စိတ်ဆန္ဒတစ်ခုက ပျံ့လွင့်လာ၏။

မဟူရာအင်မော်တယ်များစွာသည် သူတို့၏ အသက်ကိုအောင့်ပြီး စိတ်ထဲမှာတင်းကျပ်နေကြ၏။

မည်သူကမှ မဆင်မခြင်ပြုမူလှုပ်ရှားရဲခြင်း မရှိပေ။

လက်ရှိအ​ခြေအနေအရ လှုပ်ရှားမှုတစ်ခုက အခြေအနေတစ်ရပ်လုံးအပေါ်သက်ရောက်စေနိုင်ပြီး အဓိပ္ပါယ်မဲ့သော အပြုအမူတစ်ခုက ကြီးမားသောတိုက်ပွဲဆီသို့ ဦးတည်သွားနိုင်သည်။

မဟူရာအင်မော်တယ်အချို့တွင် သူတို့၏ မျက်နှာပေါ်ကနေ ချွေးစေးများကပါ စီးကျလာပြီဖြစ်၏။

ထိုစဥ်မှာပင် ကောင်းကင်ထက်ရှိ ရေပြင်အကာအရံအလွှာကနေ နက်မှောင်နေသောစာလိပ်တစ်ခုက ရုတ်တရက်ဆင်းသက်လာပြီး ချောက်ချားစရာကောင်းသော အော်ရာတစ်ခုနှင့် တုန်လှုပ်စရာကောင်းသော စွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်၏။

လူတိုင်းက ထိတ်လန့်တကြားအမူအရာများနှင့်အတူ မော့ကြည့်လိုက်ကြ၏။

“အဲ့ဒါဘာပါလိမ့်”

တစ်စုံတစ်ယောက်က ညင်သာစွာမေးလိုက်၏။

လူတိုင်း၏ ရှေ့မှောက်မှာ အနက်ရောင်စာလိပ်က ဖြည်းဖြည်းချင်းပွင့်ဟသွားပြီး ပိန်းပိတ်အောင်နက်မှောင်နေသော ပိတ်စတစ်ခုထွက်ပေါ်လာ၏။

“အဲ့ဒါက အမဲလိုက်အဆင့်သတ်မှတ်ချက်ဆိုတာ ဖြစ်ရမယ်”

နောက်ထပ်တစ်ယောက်က ပြောလိုက်၏။

အမဲလိုက်အဆင့်သတ်မှတ်ချက်ပေါ်ထွက်လာမှုက ဘေးပတ်ဝန်းကျင်ရှိ တင်းကျပ်မှုများကို ဖြေလျှော့ပေးလိုက်ပုံရ၏။

လူတိုင်းနီးပါး၏ စိတ်အာရုံက အမဲလိုက်အဆင့်သတ်မှတ်ချက်အပေါ်ကျရောက်နေသော်လည်း ဆူဇီမိုက သူ၏ ခေါင်းကိုမော့၍ တစ်ချက်မျှသာကြည့်ပြီးနောက် သူ၏ အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်၏။

လူတိုင်းက စိတ်အာရုံပျံ့လွင့်နေစဥ် သူက ကျင့်ကြံသူများစွာ၏ ဘေးကနေ ရိပ်ခနဲဖြတ်ပြီး တိုက်ပွဲနယ်မြေကနေ အလျင်အမြန်ထွက်ခွာသွား၏။

လေပြင်းတစ်ချက်တိုက်ခတ်သွားသကဲ့သို့ ဆူဇီမိုသည် လူအများစု မတုံ့ပြန်နိုင်ခင်မှာပင် ဤနေရာကနေ ထွက်ခွာသွားခဲ့၏။

သူက ဤဖြစ်စဥ်အတွင်း သတ်ဖြတ်ချင်သည်ဆိုလျှင် ဤလူများသည် သေချာပေါက်ချမ်းသာရာရလိမ့်မည်မဟုတ်ဘဲ သူတို့က မည်သို့မည်ပုံ သေသွားရသည်ကိုပင် သိလိုက်လိမ့်မည် မဟုတ်ပေ။

ဆူဇီမိုလှုပ်ရှားမှုပြုလုပ်လိုက်သည့် တစ်ချိန်တည်းနီးပါးမှာပင် မလှမ်းမကမ်းမှာရှိသော ထျန်ကျစ်ရီကလည်း တူညီသောရွေးချယ်မှုကို ပြုလုပ်ခဲ့၏။

ထျန်ကျစ်ရီက သူမ၏ အော်ရာကို အလျင်အမြန်ရုပ်သိမ်းပြီး သူမ၏ လှုပ်ရှားမှုနည်းစနစ်က တစ္ဆေတစ်ကောင်ကဲ့သို့ ပေါ့ပါးဖျတ်လတ်နေ၏။

အကြိမ်ရေအနည်းငယ် ချိုးကွေ့ပြီးနောက် သူမက တိုက်ပွဲနယ်မြေကနေထွက်ခွာသွား၏။

ဆူဇီမိုက ထျန်ကျစ်ရီကို ကြည့်လိုက်သည့်အချိန်မှာ သူမကလည်း သူ့ကိုပြန်ကြည့်လာခဲ့၏။

သူတို့၏ အကြည့်များက လေထဲမှာ တွေ့ဆုံသွား၏။

မှင်သေသေအမူအရာတစ်ခုနှင့်အတူ ထျန်ကျစ်ရီက သူမ၏ အကြည့်ကို အလျင်အမြန်ရုပ်သိမ်းပြီး တောအုပ်တစ်ခုထဲသို့ တိုးဝင်ပျောက်ကွယ်သွား၏။

“သတ်..”

ထိုစဥ်မှာပင် လူအုပ်ကြားထဲကနေ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာ၏။

ရုတ်တရက် လီချန်ဟုအမည်ရသော ဗလတောင့်တောင့်အမျိုးသားက တုတ်ခိုင်သောကြေးတုတ်တစ်ချောင်းကို ကိုင်မြှောက်ကာ မဟူရာအင်မော်တယ်တစ်ယောက်၏ နားထင်ကို ပစ်ရိုက်ချလိုက်၏။

ဖောင်း....

မဟူရာအင်မော်တယ်သည် အမဲလိုက်အဆင့်သတ်မှတ်ချက်ကို မော့ကြည့်နေဆဲ ဖြစ်၏။ သူကမတုံ့ပြန်နိုင်ခင်မှာပင် သူ၏ ဦးခေါင်းက အပိုင်းပိုင်းကြေမွသွားပြီး သွေးများက ပြန့်ကျဲသွား၏။

အဆင့်-၉ မဟူရာအင်မော်တယ်တစ်ယောက်က နေရာမှာတင် သေဆုံးသွားပြီဖြစ်၏။

ဤတိုက်ခိုက်မှုက တိုက်ပွဲနယ်မြေတစ်ခုလုံးကို နှိုးဆွလိုက်ပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခုက ဖြစ်ပွားလာခဲ့၏။

ချက်ချင်းပင် မဟူရာအင်မော်တယ်များစွာက တစ်ယောက်ကိုတစ်ယောက် တိုက်လိုက်လာကြ၏။ ဓမ္မပညာရပ်များ၊ အင်မော်တယ်ပညာရပ်များ၊ လျှို့ဝှက်အတတ်များနှင့် နတ်ဘုရားစွမ်းအားများက ပေါက်ကွဲထွက်ပေါ်လာပြီး တိုက်ပွဲနယ်မြေက ရုန်းရင်းဆန်ခတ်ဖြစ်ကာ သွေးနံ့က လေထဲမှာ ပျံ့လွင့်လာ၏။

တစ်ခဏချင်းမှာပင် အနည်းဆုံး မဟူရာအင်မော်တယ် အယောက်တစ်ထောင်က သေဆုံးသွားခဲ့ပြီဖြစ်သည်။

တိုက်ပွဲဖြစ်ပွားလာပြီးနောက် မည်သူမဆို ဤနေရာကနေ ရုန်းထွက်နိုင်ဖို့ အင်မတန်ခက်ခဲသွားခဲ့လေပြီ။

တိုက်ပွဲနယ်မြေ၏ အပြင်ဘက်မှာ ဆူဇီမိုက တွေဝေရှုပ်ထွေးသောအမူအရာတစ်ခုနှင့်အတူ အရာရာတိုင်းကို စောင့်ကြည့်နေ၏။

ထိုလူများအားလုံးသည် အောက်ဘုံကနေတက်လှမ်းလာသူများ ဖြစ်ကြ၏။

သို့သော်လည်း အဆင့်မြင့်အင်မော်တယ်များ၏ စိတ်ဆန္ဒအောက်မှာ သူတို့သည် ဤနေရာသို့ ရောက်ရှိလာကြပြီး တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်နေကြရ၏။

သူတို့က အသက်ရှင်လျက်ထွက်ခွာချင်သည်ဆိုလျှင် သူတို့သည် အဆက်မပြတ်တိုက်ခိုက်သတ်ဖြတ်နေရမည်ဖြစ်၏။

All Chapters