တံလျှပ်ကြေးမုံ
Vol. 129 Ch. 1931
အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု စတင်ပြီးနောက် ကောင်းကင်ထက်ရှိ နက်မှောင်နေသော အမဲလိုက် အဆင့်သတ်မှတ်ချက်ပေါ်မှာ သွေးနီရောင် နာမည်များက စတင်ပေါ်ထွက်လာ၏။
အနက်ရောင် ပိတ်စနှင့် နီရဲနေသော စာလုံးများက အလွန်တရာ ထင်ရှားပေါ်လွင်နေ၏။
ထိုအမည်များ၏ နောက်မှာ အရေအတွက် ကိန်းဂဏန်းများက ပေါ်ထွက်လာပြီး အဆက်မပြတ် ပြောင်းလဲနေ၏။
ယခုအချိန်မှာ ထိပ်ဆုံးသူက လီထျန်ဖြစ်ပြီး သူ၏ နောက်ဘက်ရှိ အရေအတွက်က ၁၁ ဖြစ်၏။
အသက်ရှူချိန် အနည်းငယ်မျှနှင့် လီထျန်၏ လက်ထဲမှာ သေဆုံးခဲ့သော ကျင့်ကြံသူက ၁၁ယောက် ရှိသွားခဲ့ပြီဖြစ်သည်။
အရေအတွက်က ဆက်လက်၍ တိုးလာနေဆဲဖြစ်၏။
ကျင့်ကြံသူများစွာသည် တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်နေပြီး သိပ်သည်းပြင်းထန်သော သွေးနံ့နှင့်အတူ လေထဲမှာ လတ်ဆတ်သော သွေးများက ပျံ့လွင့်နေ၏။ ခေါင်းများနှင့် ပြတ်တောက်သွားသော ခြေလက်များက လေထဲသို့ မြောက်တက်လာတတ်၏။
လူတိုင်း၏ မျက်လုံးများက အနီရောင်သန်းနေကြ၏။
တကယ်ဆို တိုက်ပွဲနယ်မြေ၏ အပြင်ဘက်ရှိ ဆူဇီမိုကို ပစ်မှတ်ထားလာသော ကျင့်ကြံသူများပင် ရှိလာခဲ့၏။
ဘာပဲပြောပြော လူတိုင်း၏ မျက်လုံးထဲမှာ ဆူဇီမိုက အရမ်းကို သာမန်ဆန်၏။ အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ့မှာ ကြော့ရှင်းသော သွင်ပြင်ရှိကာ အားနည်းသည့်ပုံပေါ်နေ၏။
ကျင့်ကြံသူ အများစုသည် သတ်ဖြတ်ဖို့အတွက် အားအနည်းဆုံးသူများကို ရွေးချယ်ကြပေလိမ့်မည်။
အဲဒါက သူတို့အတွက် စွမ်းအင်သုံးစွဲမှု အနည်းဆုံးနှင့် အကျိုးအမြတ် အများဆုံးကို ရရှိပေလိမ့်မည်။
လူတချို့သည် တိုက်ပွဲနယ်မြေကနေ တိုက်ခိုက်ကာ ဖောက်ထွက်လာပြီးနောက် အစိမ်းရောင်ဝတ် ကျင့်ကြံသူက ပျောက်ကွယ်သွားခဲ့ပြီကို တွေ့ရှိလိုက်ရ၏။
အခြားသော ကျင့်ကြံသူအချို့က တောအုပ်ထဲသို့ ပြေးဝင်ပြီး ဆူဇီမိုနောက်သို့ ပြေးလိုက်သွားကြ၏။
တည်ငြိမ်သော အမူအရာနှင့်အတူ ဆူဇီမိုက ကောင်းကင်ဘုံခြေလှမ်းနှင့် ကန့်သတ်မဲ့ ရွှေအလင်းကဲ့သို့ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို လှည့်ပတ်ကာ အလွန်တရာ မြန်ဆန်စွာဖြင့် လှုပ်ရှားလိုက်၏။
သိပ်မကြာခင် သူသည် ကျင့်ကြံသူအချို့ကို သူ၏ နောက်မှာ ချန်ထားရစ်ခဲ့သည်။
အဆုံးစွန် အလျင်အဟုန် နတ်ဘုရားစွမ်းအားကို အသုံးပြုခြင်း မရှိလျှင်တောင် အဆင့်တူချင်းမှာ သူ၏ အလျင်အဟုန်ကို လိုက်မီနိင်သည့်သူက မရှိသလောက်နီးပါးပင်။
ခဏမျှ လျှောက်လှမ်းလာပြီးနောက် ဆူဇီမိုက ရုတ်တရက် သူ၏ ခြေလှမ်းကို ရပ်တန့်ကာ မျက်မှောင်ကြုတ်လိုက်၏။
သူသည် သူ့နောက်ဘက်မှ လိုက်လာသူများကို လုံးဝ မျက်ခြည်ဖြတ်ထားခဲ့သော်လည်း ဘာကြောင့်ရယ်မသိ သူက တစ်လမ်းလုံး ထောက်လှမ်းခံနေရသည်ဟု ခံစားနေရ၏။
“အဲဒါက ဟိုအမျိုးသမီးလုပ်ကြံသတ်ဖြတ်သူများလား”
သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ထုတ်လွှတ်ပြီး ဆူဇီမိုက သူ၏ ဘေးပတ်ဝန်းကျင်ကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်၏။
သူသည် သစ်ကိုင်းခြောက်များ၊ ကျောက်တုံးများ၊ သစ်ရွက်များနှင့် ပိုးမွှားများကိုပင် အလွတ်မပေးပေ။
အစစ်အမှန် လုပ်ကြံသတ်ဖြတ်သူတစ်ယောက်သည် အသွင်ပြောင်းလဲခြင်း ၃၆ မျိုး သို့မဟုတ် ၇၂ မျိုးနှင့် ဆင်တူသော ဖုံးကွယ်ခြင်းနည်းစနစ်များ၊ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို ကျင့်ကြံထားတတ်ကြ၏။
ဆူဇီမို၏ စိတ်ဝိညာဉ်အသိစိတ်က အဆင့်-၂ ကမ္ဘာမြေအမြုတေနယ်ပယ်သို့ ရောက်ရှိနေခဲ့ပြီဖြစ်၏။
တစ်စုံတစ်ယောက်က အနီးအနားမှာ သာမန်ကိုယ်ဖျောက်ခြင်း နည်းစနစ်ကို ထုတ်ဖော်ထားမည်ဆိုလျှင်တောင် သူသည် တစ်စုံတစ်ရာ ထူးခြားနေသည်ကို အာရုံခံမိပြီး သူတို့ကို ရှာဖွေထောက်လှမ်းနိုင်မည်ဟု ယုံကြည်မှုရှိ၏။
သို့သော်လည်း သူက အတန်ကြာ ရှာဖွေပြီးတာတောင် ထူးခြားမှု တစ်စုံတစ်ရာကို မတွေ့ရပေ။
သို့သော်လည်း ထောက်လှမ်းခံနေရသည်ဟူသော ထိုခံစားချက်က ပျောက်ကွယ်မသွားပေ။
သူသည် တစ်ချိန်လုံး စောင့်ကြည့်ခံနေရပြီး သူ၏ လှုပ်ရှားမှုတိုင်းက တစ်ဖက်လူ၏ ထိန်းချုပ်မှုအောက်မှာ ရောက်ရှိနေသည်ဟု ခံစားရ၏။ အဲဒါက ကြောက်စရာကောင်းသော ခံစားချက်တစ်ခု ဖြစ်၏။
“ထူးဆန်းတယ်”
ဆူဇီမိုက ညင်သာစွာ ရေရွတ်၍ သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်လိုက်၏။
ဤတစ်ခေါက်မှာတော့ သူသည် သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို အသုံးပြုခြင်း မရှိပေ။ ထိုအစား သူက သူ၏ အံ့မခန်း အာရုံခံသတိစိတ်အပေါ် မှီခိုပြီး ထောက်လှမ်းခံနေရသော ခံစားချက်၏ အရင်းအမြစ်ကို ရှာဖွေလိုက်၏။
ခဏနေပြီးနောက် ဆူဇီမိုက သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်ပြီး မော့ကြည့်လိုက်၏။
မသိလိုက် မသိဘာသာနှင့်ပင် မိုးကောင်းကင်ထက်မှာ အနက်နှင့် အဖြူ ဧရာမ မျက်လုံးတစ်လုံးက ပေါ်ထွက်လာခဲ့၏။
အဲဒါက အနည်းငယ် ပြူထွက်နေပြီး ကြောက်စရာကောင်းသော ပုံစံဖြင့် ပကတိတစ်ဆယ် ငရဲခန်းတစ်ခုလုံးကို ငုံ့ကြည့်နေ၏။
ထောက်လှမ်းခံနေရသော ထိုခံစားချက်၏ အရင်းအမြစ်က ထိုဧရာမ မျက်လုံးထံကနေ လာခြင်းဖြစ်၏။
ဆူဇီမိုသည် တစ်စုံတစ်ရာကို ခန့်မှန်းမိသွားပြီး သူ၏ အမူအရာက အေးစက်လာခဲ့၏။
မြို့တော်အရှင်၏ ဂေဟာတွင်..
မဟူရာအင်မော်တယ်များစွာသည် ပကတိတစ်ဆယ် ငရဲခန်းထဲသို့ ဝင်ရောက်သွားပြီးနောက် မြို့တော်အရှင်များနှင့် အမျိုးမျိုးသော အဆင့်မြင့်အင်မော်တယ်များက စိတ်လှုပ်ရှားနေသော အမူအရာများနှင့်အတူ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။
“ဟားဟား.. အဲဒါက စတင်ပြီပေါ့”
“ဒီတစ်ခေါက် ဘယ်သူအနိုင်ရမလဲ ငါသိချင်မိတယ်”
“ငါကတော့ လီထျန်ဘက်ကို ပိုပြီးအလေးသာတယ်.. ဘယ်သူကများ မူလကောင်းကင်အဆင့် ဓမ္မရတနာတစ်ခုကြေး ငါနဲ့ လောင်းမလဲ”
ခန်းမထဲမှာ မြို့တော်အရှင်များနှင့် အဆင့်မြင့်အင်မော်တယ်များက စိတ်ဝိညာဉ်သစ်သီးများကို စားလိုက်၊ အင်မော်တယ်ဝိုင်များကို သောက်လိုက်နှင့် အသည်းအသန် ဆွေးနွေးပြောဆိုနေကြ၏။
“ငါ့အထင်တော့ ကျန့်ယွီလို့ ခေါ်တဲ့ ဓားသမားက မဆိုးဘူး.. သူက ကောင်းကင်ဘုံကပ်ဘေး သုံးခုကို ဖြတ်ကျော်ပြီးမှ တက်လှမ်းလာတာ.. သူက သတ်ဖြတ်တဲ့နေရာမှာလည်း ပြတ်သားတယ်.. သူက နယ်စပ်စစ်မြေပြင်မှာ နှစ်ပေါင်းထောင်နဲ့ချီ တိုက်ခိုက်လာခဲ့တာ.. သူ့မှာ တစ်မူထူးခြားတဲ့ နည်းလမ်းတွေ ရှိနေမှာပဲ”
“ဟီးဟီး.. အဲ့လိုဆိုသာဆိုရင် ထျန်ကျစ်ယီက ပိုပြီးတော့တောင် စွမ်းအားကြီးသေးတယ်.. အဲဒီကလေးမက ကောင်းကင်ဘုံကပ်ဘေး လေးခုကို ဖြတ်ကျော်လာခဲ့တာ”
ဖန်သားမြို့တော်၏ မြို့တော်အရှင် လျှိုယွီက မကောင်းဆိုးဝါးဆန်ဆန် လှောင်ရယ်လိုက်၏။
“တိုင်းပြည်ဘုရင်ခံ.. ထပ်ပြီးတော့ စောင့်ဆိုင်းမနေပါနဲ့တော့.. တံလျှပ်ကြေးမုံကို မြန်မြန်ဆင့်ခေါ်ပေးပါ.. အဲဒါမှ ကျုပ်တို့က အထဲမှာ ရှိတဲ့ အခြေအနေကို တွေ့မြင်ရမှာ”
“အဲဒါ မှန်တယ်ဗျို့.. စိတ်လှုပ်ရှားစရာကောင်းတဲ့ သတ်ဖြတ်မှုတွေကို လက်လွှတ်ခံလို့ မဖြစ်ဘူး”
ပကတိမိုးကြိုးမြို့တော်၏ မြို့တော်အရှင်ကလည်း စိတ်မရှည်စွာ လောဆော်လိုက်၏။
“ဟုတ်ပြီလေ”
ပကတိအရှင်ကျင်းယွဲ့က ညင်သာစွာ ပြုံး၍ လက်ဟန်ချိပ်စည်းများကို ခပ်မြန်မြန် ဆင့်ခေါ်လိုက်၏။ စွမ်းအားကြီးမားသော အမြုတေချီစီးကြောင်းများက သူ၏ လက်ချောင်းထိပ်ဖျားမှာ လှည့်ပတ်လာပြီး ဝင်းလက်တောက်ပလာခဲ့၏။
“စုဖွဲ့လိုက်”
သူက လေထဲသို့ လက်ညှိုးထိုးပြီး အော်ငေါက်လိုက်၏။
ရုတ်တရက် ရှေ့တည့်တည့် လေဟာနယ်ထဲမှာ လှိုင်းဂယက်များ ပေါ်ထွက်လာပြီး စက်ဝိုင်းသဏ္ဌာန် ဧရာမ ရေပြင်ကြေးမုံတစ်ချပ်က ပေါ်ထွက်လာခဲ့၏။
ခဏနေပြီးနောက် ရေပြင်ကြေးမုံပေါ်ရှိ လှိုင်းဂယက်များက ပျက်ပြယ်ကာ တည်ငြိမ်လာခဲ့၏။
ရေပြင်ကြေးမုံကနေတစ်ဆင့် ပကတိတစ်ဆယ် ငရဲခန်းထဲမှာ ရှိသော အရာရာတိုင်းကို ရှင်းလင်းစွာ တွေ့မြင်လာရ၏။
ထိုအခိုက်အတန့်မှာ မဟူရာအင်မော်တယ် အယောက်တစ်သိန်းက ထိုနေရာသို့ ရောက်ရှိလာခါစဖြစ်ပြီး လေထဲတွင် ရှိသော အမဲလိုက် အဆင့်သတ်မှတ်ချက်ကို မော့ကြည့်နေကြ၏။
ခဏနေပြီးနောက် တိုက်ပွဲက စတင်ဖြစ်ပွားလာခဲ့၏။
ဧရာမ တံလျှပ်ကြေးမုံကနေတစ်ဆင့် သူတို့သည် ပကတိတစ်ဆယ် ငရဲမှ အခြေအနေကို ရှင်းလင်းစွာ တွေ့မြင်နေရ၏။
“ဟားဟား.. ငါသိသားပဲ.. လီထျန်က တကယ့်ကို ရက်စက်ကြမ်းတမ်းတဲ့ကောင်ပဲ.. သူက နံပါတ်တစ် နေရာကို သေချာပေါက် ရရှိလိမ့်မယ်”
“ပြောလို့ မရသေးဘူး.. ကျန့်ယွီကလည်း နောက်ကနေ ထပ်ကြပ်မကွာလိုက်ပါလာတာ.. သူက အလျှော့ပေးမှာ မဟုတ်ဘူး.. သူသတ်ထားတဲ့ အရေအတွက် လီထျန်နဲ့ သိပ်ကွာတာ မဟုတ်ဘူး”
“အမဲလိုက်ကစားပွဲက အခုမှ စတင်တာပဲ.. ပြောဖို့ စောပါသေးတယ်”
ခန်းမထဲရှိ လူတိုင်းက စိတ်လက်ပေါ့ပါးသော အမူအရာများနှင့်အတူ သောက်ရင်း စားရင်း အစုလိုက် အပြုံလိုက် သတ်ဖြတ်ပွဲကို ပျော်ရွှင်စွာ ခံစားနေကြ၏။
အောက်ဘုံမှ ပုရွက်ဆိတ်များ တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်နေသည်ကို စောင့်ကြည့်ရခြင်းက ဤအဆင့်မြင့်အင်မော်တယ်များကို စိတ်ကျေနပ်မှုတချို့ ပေးစွမ်းနိုင်၏။
ပုံမှန်အခြေအနေမှာဆိုလျှင် အမဲလိုက်စုဝေးပွဲကို ပကတိမိုးကြိုးမြို့တော်မှာ နှစ်တစ်သောင်းတိုင်း တစ်ကြိမ်ကျင်းပတတ်၏။
သို့သော်လည်း ဘာကြောင့်ရယ် မသိ.. ယခင် အမဲလိုက်စုဝေးပွဲကို ကျင်းပခဲ့သည်မှာ နှစ်ထောင်ဂဏန်းတချို့သာ ကြာသေးပြီး မင်းသားယွမ်ကျောက အဲဒါကို နောက်တစ်ဖန် ကျင်းပဖို့ အမိန့်ပေးခဲ့၏။
ဒါ့အပြင် ဤတစ်ခေါက် အမဲလိုက်ပွဲက ပို၍ပင် ကြီးမားပြီး အဲဒီမှာ မဟူရာအင်မော်တယ် အယောက်တစ်သိန်းနီးပါး စုဝေးလာခဲ့၏။
ဤတစ်ခေါက် အမဲလိုက်ပွဲက ပို၍ ရက်စက်ကြမ်းတမ်းပြီး စိတ်လှုပ်ရှားစရာကောင်းမည်ဟု အဓိပ္ပာယ်ရ၏။
နတ်မိမယ်များစွာ ခြံရံပြီး မင်းသားယွမ်ကျောက တံလျှပ်ကြေးမုံကို သာမန်ကာလျှံကာ ကြည့်ကာ စိတ်လက်ပေါ့ပါးသော ပုံစံဖြင့် မေးလိုက်၏။
“ကျင်းယွဲ့.. မင်း ဘယ်သူ့ကို သဘောကျလဲ”
ပကတိအင်မော်တယ်ကျင်းယွဲ့က အနည်းငယ် ဦးညွှတ်ပြီး ပြုံးပြလိုက်၏။
“မြို့တော်အရှင်တွေ ပြောတဲ့ လီထျန်၊ ကျန့်ယွီနဲ့ ထျန်ကျစ်ယွီတို့က မဆိုးပါဘူး.. သူတို့က သတိဝီရိယရှိမယ်ဆိုရင် နောက်ဆုံး အဲဒါကို ကျော်ဖြတ်နိုင်လိမ့်မယ်”
သူက တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး ခဏမျှ ရပ်တန့်ကာ စကားပြောချင်သော်လည်း တုံ့ဆိုင်းနေ၏။
“မင်း ဘာပြောချင်လို့လဲ”
မင်းသားယွမ်ကျောက ပကတိအင်မော်တယ်ကျင်းယွဲ့၏ တွေဝေတုံ့ဆိုင်းမှုကို သတိထားမိသွားပြီး မေးလိုက်၏။
ပကတိအင်မော်တယ်ကျင်းယွဲ့က ပြောလိုက်၏။
“ဒီတစ်ခေါက် ဖန်သားမြို့တော်ရဲ့ အမြုတေစိတ်ဝိညာဉ်သတ္တုတွင်းမှာ ရှေးဟောင်းသတ္တဝါနှစ်ကောင် ပေါ်ထွက်လာခဲ့တယ်.. ကျုပ်က အဲဒါကို ကိုယ်တိုင်သွားပြီး ဖိနှိမ်ခဲ့တယ်”
မင်းသားယွမ်ကျောက အသိအမှတ်ပြုကာ ခေါင်းညိတ်ပြလိုက်၏။
“ငါ အဲဒါကို သိပြီးပြီ.. ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်က ဝင်ပါလာပြီးမှ အဲဒီကိစ္စက ပြေလည်သွားတယ်လို့ ငါကြားတယ်”
“ဟုတ်ပါတယ်”
ပကတိအင်မော်တယ်ကျင်းယွဲ့က ပြောလိုက်၏။
“ရှေးဟောင်းသတ္တဝါနှစ်ကောင်က အမြုတေစိတ်ဝိညာဉ်သတ္တုတွင်းထဲကနေ ပေါ်ထွက်လာခဲ့တယ်.. သူတို့က နိုးထလာခါစမို့လို့ သူတို့ရဲ့ ခွန်အား အပြည့်အဝကို ပြန်မရသေးဘူးဆိုပေမဲ့ သူတို့ရဲ့ တိုက်ခိုက်ရည်ခွန်အားက တော်တော်ကို ကြောက်စရာကောင်းနေပြီ.. သူတို့က ကောင်းကင်အင်မော်တယ်ပညာရှင် အများစုကိုတောင် သတ်ဖြတ်နိုင်တယ်”
“ပုံမှန်အခြေအနေမှာဆိုရင် အဲ့လိုမျိုး ရှေးဟောင်းသတ္တဝါတွေ နိုးထလာတဲ့အခါ သူတို့က သူတို့ရဲ့ အမြုတေချီကို ပြန်လည်ဖြည့်တင်းဖို့အတွက် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတစ်ခုကို စတင်ပြီး အသွေးအသားတွေကို ဝါးမျိုကြလိမ့်မယ်.. ကမ္ဘာမြေအင်မော်တယ်တွေနဲ့ ကောင်းကင်အင်မော်တယ်တွေတောင်မှ သေဘေးကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး.. သတ္တုတွင်း အောက်ခြေမှာ ရှိတဲ့ မဟူရာအင်မော်တယ် သတ္တုတွင်းလုပ်သားတွေကတော့ ဘယ်လိုမှ ရှင်သန်နိုင်စရာ အကြောင်းမရှိဘူး.. ဒါပေမဲ့…”
ပကတိအင်မော်တယ်ကျင်းယွဲ့က ခဏမျှ ရပ်တန့်ပြီးနောက် တံလျှပ်ကြေးမုံကို ကြည့်ကာ ပြောလိုက်၏။
“ဒါပေမဲ့ အဆင့်ကိုး မဟူရာအင်မော်တယ်တစ်ယောက်ကတော့ အဲဒီသတ္တုတွင်းထဲကနေ ရှင်သန်နိုင်ခဲ့တယ်”