← Chapters

တိုက်ခိုက်ကြခြင်း

Vol. 129 Ch. 1934

တိုက်ခိုက်ကြခြင်း

Vol. 129 Ch. 1934

“မပူပါနဲ့..အရှင်မင်းသား”

ပကတိအင်မော်တယ်ကျင်းယွဲ့က ပြောလိုက်၏။

“အဲ့ဒီလိုဏ်ဂူထဲမှာ ဒုတိယထွက်ပေါက်မရှိဘူး... ဆူဇီမိုက အဲ့ဒီထဲကို ဝင်ရောက်သွားတာနဲ့ သူ့မှာ ထွက်လမ်းမရှိတော့ဘူးဆိုတဲ့သဘောပဲ”

“အဲ့ဒါက ကောင်းတာပဲ”

ရုတ်တရက် ပကတိမိုးကြိုးမြို့တော်၏ မြို့တော်အရှင်က ပြောလိုက်၏။

“ထျန်ကျစ်ရီက နောက်ကနေ လိုက်ဝင်သွားပြီ”

“ဟီးဟီး... အဲ့ဒီကောင်လေးက ဒီတစ်ခေါက်တော့ ပြေးစရာနေရာမရှိတော့ဘူး... ပွဲကြီးပွဲကောင်းတစ်ပွဲကို စောင့်ကြည့်ရတော့မယ်”

လျှိုယွီက ရယ်မောလိုက်၏။

မင်းသားယွမ်ကျော၏ မျက်နှာပေါ်တွင် မနှစ်မြို့မှုက ထင်ဟပ်လာပြီး သူကအေးစက်စွာ နှာတစ်ချက်မှုတ်လိုက်၏။

“ပြေးစရာနေရာမရှိတာကို ဘာသွားလုပ်ရမှာလဲ ငါက သူတို့နှစ်ယောက်ကြားတိုက်ပွဲမှာ အဲ့ဒီကောင်လေးဘယ်လောက်သန်မာသလဲ သိချင်နေတာ... အခု သူတို့နှစ်ယောက်စလုံးက လိုဏ်ဂူထဲကို ရောက်သွားပြီဆိုတော့ ဘယ်ပွဲကြီးပွဲကောင်းကို သွားကြည့်ရမှာလဲ”

မင်းသားယွမ်ကျောက ထပ်တလဲလဲမေးမြန်းလိုက်၏။ လျှိုယွီက ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး ထပ်မံ၍ပြောဆိုရဲခြင်း မရှိတော့ပေ။

ဘေးကနေ ပကတိအင်မော်တယ်ကျင်းယွဲ့က ညင်သာစွာဖျောင်းဖျလိုက်၏။

“အရှင်မင်းသား ကျေးဇူးပြုပြီး စိတ်ကိုလျှော့ပါ... ကျုပ်တို့လုပ်စရာရှိတာက စောင့်ကြည့်နေဖို့ပဲ”

“ထျန်ကျစ်ရီက အဲ့ဒီလိုဏ်ဂူထဲကနေ နောက်ဆုံးထွက်လာခဲ့မယ်ဆိုရင် ဆူဇီမိုက သေသွားပြီဆိုတဲ့သဘောပဲ... သေသွားတဲ့လူတစ်ယောက်က ခင်ဗျားရဲ့စိတ်ဝင်စားမှုနဲ့ ထိုက်တန်မှာမဟုတ်ပါဘူး အရှင်မင်းသား”

“ဆူဇီမိုက အဲ့ဒီလိုဏ်ဂူထဲကနေ အသက်ရှင်လျက်ထွက်လာနိုင်ခဲ့မယ်ဆိုရင် အနဲဆုံးတော့ သူကထျန်ကျစ်ရီထက်အားမနဲပဲ ကျုပ်တို့ရဲ့စိတ်ဝင်စားမှုနဲ့ထိုက်တန််ဆိုတာ သက်သေပြပေးနိုင်မှာပဲ”

“ကောင်းပြီလေ”

မင်းသားယွမ်ကျောက ခေါင်းညိတ်ပြီး တဖြည်းဖြည်းစိတ်ကိုလျှော့ချလိုက်၏။

ပကတိတစ်ဆယ်ငရဲခန်းတွင်...။

ထျန်ကျစ်ရီသည် လိုဏ်ဂူ၏ ဝင်ပေါက်ဝသို့ ရောက်ရှိလာပြီး ခဏမျှရပ်တန့်လိုက်၏။

သူမက အမူအရာကင်းမဲ့နေသော်လည်း စိတ်ထဲမှာ အနည်းငယ်တွေဝေတုံ့ဆိုင်းနေ၏။

ဤတစ်ခေါက် ပကတိတစ်ဆယ်ငရဲသို့ ဝင်ရောက်လာသော မဟူရာအင်မော်တယ်တစ်သိန်းကြားမှာ သူမထွင်းဖောက်၍ မမြင်နိုင်သည့် တစ်ဦးတည်းသောသူက စောစောက အစိမ်းရောင်ဝတ်ကျင့်ကြံသူဖြစ်၏။

သူမအတွက်တော့... ဤလူသည် ကိန်းရှင်တစ်ခုဖြစ်ပြီး ခြိမ်းခြောက်မှုတစ်ရပ်လည်းဖြစ်၏။

သူမက အခွင့်အရေးရမည်ဆိုလျှင် ထိုသူကို ရှင်းပစ်ထားနိုင်ပါက အကောင်းဆုံးဖြစ်ပေလိမ့်မည်။

သို့သော်လည်း သူမသည် တစ်လမ်းလုံး သူ့နောက်သို့လိုက်၍ သူမ၏ အကန့်အသတ်သို့ပင် ရောက်ရှိလာခဲ့ပြီဖြစ်၏။

သူမမှာ တိုက်ခိုက်ဖို့အခွင့်အရေး လုံးဝမရခဲ့ပေ။

အစကတော့ သူမ၏ အစွမ်းအစအရ သူမသည် ရှာဖွေဖော်ထုတ်ခြင်းခံရမှာ မဟုတ်ဟု ထျန်ကျစ်ရီက အလွန်တရာယုံကြည်မှုရှိခဲ့၏။ သို့သော်ယခု... ထျန်ကျစ်ရီသည် လိုဏ်ဂူ၏ ဝင်ပေါက်ဝကိုကြည့်ရင်း တွေဝေတုံ့ဆိုင်းနေ၏။

“အဲ့ဒီလူက လိုဏ်ဂူထဲကို ဘာဝင်လုပ်တာပါလိမ့်”

“သူက ငါ့ရဲ့လမ်းကြောင်းကို ရှာတွေ့သွားလို့ ငါ့ကိုတစ်ချိန်လုံး အရုပ်လိုကစားနေတာများလား”

ထိုအတွေးက ထျန်ကျစ်ရီ၏ စိတ်ထဲသို့ ဝင်ရောက်လာသည့်ခဏမှာပင် သူမက အဲ့ဒါကို ပယ်ချလိုက်၏။

“မဖြစ်နိုင်ဘူး”

ထျန်ကျစ်ရီက သူမဘာသာတွေးလိုက်၏။

“လူတိုင်းကို တံလျှပ်မျက်လုံးကနေ စောင့်ကြည့်နေတာပဲ... ငါ့ရဲ့အော်ရာက အဲ့ဒါနဲ့ရောထွေးနေလိမ့်မယ်... အဲ့ဒီလူက အဲ့ဒါကို ဘယ်လိုလုပ်ခွဲခြားနိုင်ပါ့မလဲ”

သူမက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူမ၏ အတွေးများကို ရပ်တန့်လိုက်၏။

ထိုသို့ဆိုလျှင်တောင် သူမက အလွန်တရာသတိထားနေဆဲ ဖြစ်၏။

လုပ်ကြံသတ်ဖြတ်ခြင်းတာအိုကို ကျင့်ကြံသည့်အခါ သေခြင်းရှင်ခြင်းက တဒင်္ဂသာဖြစ်ပြီး မည်သည့်အမှားအယွင်းကိုမှ မပြုလုပ်ရဟု သူမ၏ ဆရာက သူမကို သတိပေးခဲ့ဖူး၏။

ထျန်ကျစ်ရီသည် လိုဏ်ဂူ၏ ဘေးသို့ ရောက်ရှိလာပြီး မဟူရာအင်မော်တယ်တစ်ယောက်၏ အလောင်းကို မယူလိုက်၏။ သူမက မဟူရာအင်မော်တယ်အလောင်းနောက်မှာ ပုန်းကွယ်ပြီး အဲ့ဒါကို လွတ်လပ်စွာ ထိန်းချုပ်လိုက်၏။

အလောင်းက ပြန်လည်ရှင်သန်လာသည့်အတိုင်းပင်။

သူတို့က ရှေ့ကနေတည့်တည့်ကြည့်မည်ဆိုလျှင် သူတို့သည် အလောင်း၏ နောက်ကွယ်မှာ တစ်စုံတစ်ယောက်ပုန်းကွယ်နေသည်ကို တွေ့မြင်ရလိမ့်မည် မဟုတ်ပေ။

ထျန်ကျစ်ရီသည် သူမ၏ သာမန်ကိုယ်ဖျောက်ခြင်းနည်းစနစ်ကို နောက်တစ်ဖန်လှည့်ပတ်ပြီး အလောင်းနှင့်အတူ လိုဏ်ဂူထဲသို့ တိတ်တဆိတ်ဝင်ရောက်လိုက်၏။

လိုဏ်ဂူက အလင်းရောင်များစွာမရှိဘဲ မှောင်မည်း၍ နက်ရှိုင်းနေ၏။ သူမ၏ အမြင်အာရုံနှင့်ပင်လျှင် သူမ၏ မြင်နိုင်စွမ်းက အကန့်အသတ်ရှိနေ၏။

ခဏကြာလျှောက်လှမ်းပြီးနောက် ထျန်ကျစ်ရီသည် သူမ၏ ခြေလှမ်းကို ရပ်တန့်လိုက်၏။

ရှေ့မလှမ်းမကမ်းတွင် ခပ်ဝါးဝါးပုံရိပ်တစ်ခုကို တွေ့မြင်လိုက်ရ၏။ အဲ့ဒါက အစိမ်းရောင်ဝတ်ကျင့်ကြံသူဖြစ်လေသည်။

ထိုအခိုက်အတန့်မှာ အစိမ်းရောင်ဝတ်ကျင့်ကြံသူသည် သူမကိုကျောပေးထားပြီး အေးအေးလူလူလမ်းလျှောက်နေသည့်အလား အလွန်တရာနှေးကွေးစွာ လျှောက်လှမ်းနေ၏။

ရုတ်တရက်ဆိုသလို...

အစိမ်းရောင်ဝတ်ကျင့်ကြံသူ၏ ပုံရိပ်က ရိပ်ခနဲဖြစ်သွားပြီး သူက နေရာကနေပျောက်ကွယ်သွားပုံရ၏။

ဤကဲ့သို့မှောင်မိုက်နေသော နေရာထဲမှာ ထင်ယောင်ထင်မှားမြင်မိဖို့ လွယ်ကူလေသည်။

သာမန်ကျင့်ကြံသူများသည် သူတို့၏ မျက်လုံးကို ခတ်၍ သေချာပေါက် ဂရုတစိုက်စစ်ဆေးကြည့်ပေလိမ့်မည်။

သို့သော်လည်း ထျန်ကျစ်ရီသည် လုပ်ကြံသတ်ဖြတ်ခြင်းတာအိုကို ကျင့်ကြံထားပြီး အပြင်လောကအပေါ် သူမ၏ အသိအမြင်က သူမ၏ အာရုံငါးပါးပေါ်တွင်သာ အခြေခံထားခြင်း မဟုတ်တော့ပေ။ အဲ့ဒါထက် သူမသည် အန္တရာယ်ကို ရှောင်လွှဲဖို့အတွက် သူမ၏ ပင်ကိုဗီဇအသိစိတ်အပေါ်တွင် မှီခိုထား​လေသည်။

အစိမ်းရောင်ဝတ်ကျင့်ကြံသူ၏ ပုံရိပ်က ရိပ်ခနဲဖြစ်သွားသည့်အချိန်မှာပင် ထျန်ကျစ်ရီက ရင်တစ်ချက်ထိတ်သွားပြီး သူမ၏ ခေါင်းမွေးများက ထောင်ထလာခဲ့၏။

“အ​ခြေအနေမကောင်းတော့ဘူး... ငါက ရှာဖွေဖော်ထုတ်ခံလိုက်ရပြီ”

ထျန်ကျစ်ရီသည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူမရှေ့မှာရှိသောအလောင်းကို ထိန်းချုပ်ကာ တစ်ဘက်သို့ လှည့်လိုက်၏။ သူမ၏ ခန္ဓာကိုယ်ကို ကွေးညွှတ်ပြီး အလောင်း၏ နောက်မှာ လုံးဝပုန်းကွယ်လိုက်၏။

သူမ၏ အပြုအမူက မပြီးမြောက်သေးခင်မှာပင်...။

အစိမ်းရောင်ဝတ်ကျင့်ကြံသူက သူမ၏ ဘေးမှာ ရုတ်တရက်ပေါ်ထွက်လာပြီး ပစ်ရိုက်ချလိုက်၏။

ဘန်း...

လက်ဝါးက အလောင်း၏ ဦးခေါင်းပေါ်သို့ ဆင်းသက်သွား၏။

ချက်ချင်းပင် ထျန်ကျစ်ရီသည် အရိုးများအက်ကွဲသံကို ကြားလိုက်ရ၏။

သူမသည် အလောင်းကိုထိန်းချုပ်ထားပြီး မဟူရာအင်မော်တယ်အလောင်း၏ အရိုးများက ထိုလက်ဝါးရိုက်ချက်ဖြင့် ကြေမွသွားသည်ကို သူမက ရှင်းလင်းစွာ အာရုံခံမိလိုက်၏။

ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့စွမ်းအားလဲ။

ထျန်ကျစ်ရီက တိတ်တဆိတ်ဆွံ့အသွား၏။

သူမသာ ကြိုတင်ပြင်ဆင်မှုမရှိဘဲ သူမ၏ ရှေ့ကနေ အလောင်းနှင့် ခုခံခဲ့ခြင်းမရှိလျှင် သူမ၏ ခန္ဓာကိုယ်က ထိုလက်ဝါးရိုက်ချက်ကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။

ထိုအစိမ်းရောင်ဝတ်ကျင့်ကြံသူက ရှာဖွေတွေ့ရှိသွားရအောင် သူမက ဘယ်လိုဟာကွက်ကို ထုတ်ဖော်မိခဲ့သလဲ စဥ်းစားမရပေ။

ဤလူက သူမ၏ ဘေးသို့ ရုတ်တရက်ဘယ်လိုရောက်ရှိလာသလဲ သူမက နားမလည်နိုင်ပေ။

ဤကဲ့သိုသောအခြေအနေအောက်မှာ သူမသည် ထိုးမေးခွန်းများကို စဥ်းစားနေဖို့စွမ်းအင် ဆက်လက်၍ မရှိတော့ပေ။

“နောက်ပြန်ဆုတ်ရမယ်”

ထျန်ကျစ်ရီ၏ စိတ်ထဲသို့ ထိုအတွေးတစ်ခုကသာ ဝင်ရောက်လာ၏။

သူမ၏ တိုက်ခိုက်မှုလွဲချော်သွားပြီးနောက် သူမသည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ မိုင်တစ်ထောင်အကွာအဝေးသို့ ချက်ချင်းလှည့်ထွက်ပြေးရမည်ဖြစ်၏။

ထျန်ကျစ်ရီသည် သေစေနိုင်သောတိုက်ခိုက်မှုကို ခုခံဖို့အတွက် အလောင်းကိုအသုံးချခဲ့၏။ မည်သည့်ရပ်တန့်မှုမှမရှိဘဲ သူမ၏ အစက ကွေးညွှတ်ထားသော ခန္ဓာကိုယ်က ရုတ်တရက်ကန်ထွက်သွားပြီး သူမက လိုဏ်ဂူ၏ အနက်ပိုင်းထဲသို့ မြားတစ်စင်းကဲ့သို့ ထိုးထွက်သွား၏။

ဖြစ်စဥ်တစ်ခုလုံးက တစ်ခဏအတွင်းဖြစ်ပွားခဲ့ခြင်းပင်။

ဆူဇီမိုက ရုတ်တရက်တိုက်ခိုက်လိုက်သောအခါ ထျန်ကျစ်ရီက အံ့မခန်းအမြန်နှုန်းဖြင့် ပြေးထွက်သွားခဲ့ပြီဖြစ်၏။

ထျန်ကျစ်ရီက ဤတိုက်ခိုက်မှုကို ရှောင်နိုင်ခဲ့သည့်အတွက် သူက အံ့အားသင့်သွားခြင်း မရှိပေ။

သို့သော်လည်း ထျန်ကျစ်ရီသည် လိုဏ်ဂူ၏ ဝင်ပေါက်ဝဆီသို့ ဆုတ်ခွာဖို့ မရွေးချယ်ခဲ့သည့်အတွက် သူက အနည်းငယ်အံ့အားသင့်သွားရ၏။

အချိန်က အရေးကြီးနေပြီး ဆူဇီမိုက ထိုအကြောင်းရင်းနှင့်ပတ်သက်၍ စဥ်းစားနေဖို့ အချိန်မရှိပေ။

လိုဏ်ဂူ၏ အနက်ပိုင်းထဲမှာ ဒုတိယထွက်ပေါက်ရှိ၊ မရှိ သူ မသိပေ။ သို့သော်လည်း ထျန်ကျစ်ရီက လိုဏ်ဂူထဲကနေ ထွက်ပြေးလွတ်မြောက်သွားပြီး သူက သူမကိုဖိနှိမ်ဖိုအတွက် လိုက်လံဖမ်းဆီးရမည်ဆိုလျှင် သူ၏ လှုပ်ရှားမှုသည် ဧရာမမျက်လုံးအောက်မှာ သေချာပေါက် ဖော်ထုတ်ခံရပေလိမ့်မည်။

ဆူဇီမိုသည် ထျန်ကျစ်ရီကို လိုဏ်ဂူထဲသို့ မျှားခေါ်ခဲ့ပြီးမှ လှုပ်ရှားမှုပြုလုပ်ခဲ့သည်မှာ သူသည် အပြင်ဘက်ရှိစောင့်ကြည့်မှုကနေရုန်းထွက်ပြီး သူ၏ ဝှက်ဖဲများစွာကို အခြားသူများ မမြင်တွေ့စေချင်သောကြောင့်ဖြစ်၏။

ထျန်ကျစ်ရီက ဤနေရာကနေ ထွက်ခွာသွားမည်ဆိုလျှင် သူ့အနေဖြင့် တိုက်ခိုက်ဖို့အတွက် ခက်ခဲသွားပေလိမ့်မည်။

တစ်စုံတစ်ရာဖြစ်ပွားလာမည်ကို စိုးရိမ်နေပြီး ဆူဇီမိုက မဆိုင်းမတွ ဆုံးဖြတ်ချက်တစ်ခုချကာ ပြေးလိုက်သွားခြင်း မရှိပေ။ ထိုအစား သူကအစစ်အမှန်နဂါး လျှပ်စီးကိုးချက်၏ ဒုတိယမြောက်လျှပ်စီးကို ထုတ်ဖော်လိုက်၏။

ရွှစ်...

ဆူဇီမိုက နေရာကနေ ပျောက်ကွယ်သွား၏။

သူပြန်လည်ပေါ်ထွက်လာသည့်အခါ သူက ထျန်ကျစ်ရီ၏ အပေါ်သို့ ရောက်ရှိနေလေပြီ။

ပြင်းပြသောအကြည့်နှင့်အတူ ဆူဇီမိုက သူ၏ လက်ကို ဆန့်ထုတ်ပြီး ထျန်ကျစ်ရီ၏ ဦးခေါင်းကို ဖမ်းဆွဲလိုက်၏။

သို့သော်လည်း သူတိုက်ခိုက်လိုက်သည့်ခဏမှာပင် ထျန်ကျစ်ရီ၏ ခန္ဓာကိုယ်က ရိပ်ခနဲလှုပ်ရှားသွားပြီး နေရာကနေ ပျောက်ကွယ်သွား၏။

သူမ၏ နေရာမှာ စောစောက ဆူဇီမို၏ တိုက်ခိုက်မှုဖြင့် အရိုးများကြေမွသွားသောအလောင်းက ပေါ်ထွက်လာ၏။

“အဲ့ဒါက သာမန်နတ်ဘုရားစွမ်းအား တမလွန်ဖလှယ်ခြင်းပဲ”

ဆူဇီမိုက တုန်လှုပ်သွား၏။

ထျန်ကျစ်ရီက ကြိုတင်ပြင်ဆင်ထားခဲ့လေသည်။

သူမသည် လိုဏ်ဂူထဲကို ဝင်ရောက်ဖို့အတွက် အလောင်းကို အသုံးချခဲ့စဥ်က အဲ့ဒါနှင့် သူ၏ ပထမဆုံးတိုက်ခိုက်မှုကို ခုခံနိုင်ခဲ့သည့်အပြင် သူမသည် သာမန်နတ်ဘုရားစွမ်းအား တမလွန်ဖလှယ်ခြင်းကို ထုတ်ဖော်ဖို့အတွက် ထိုအလောင်းကိုပင် အသုံးချခဲ့၏။ သူမက သူ၏ ထိန်းချုပ်မှုအောက်ကနေ တစ်ဖန်လွတ်မြောက်သွားပြန်၏။

ထျန်ကျစ်ရီက လိုဏ်ဂူ၏ အနက်ပိုင်းထဲသို့ ဘာ့ကြောင့်ပြေးဝင်သွားသလဲ နောက်ဆုံးမှာ ဆူဇီမိုက နားလည်သဘောပေါက်သွား၏။

အဲ့ဒါသည် ထျန်ကျစ်ရီ တမင်သက်သက်ဖန်တီးထားသည့် လှည့်စားမှုတစ်ခုမျှသာဖြစ်၏။

သူမ၏ အစစ်အမှန်ရည်ရွယ်ချက်က လိုဏ်ဂူ၏ ဝင်ပေါက်ဝကနေ ပြန်လည်ထွက်ခွာဖို့ဖြစ်၏။

ထိုအခိုက်အတန့်မှာ ထျန်ကျစ်ရီသည် ဆူဇီမိုကို လိုဏ်ဂူ၏ အနက်ပိုင်းထဲသို့ အောင်မြင်စွာမျှားခေါ်ထုတ်နိုင်ခဲ့၏။

သို့သော်လည်း တမလွန်ဖလှယ်ခြင်းနှင့်အတူ သူမသည် စောစောကအလောင်းနှင့်နေရာချင်းဖလှယ်ကာ ယခု လိုဏ်ဂူဝင်ပေါက်ဝနှင့် ပိုမိုနီးကပ်သွားပြီဖြစ်၏။

သူတို့နှစ်ယောက်ကြား စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုက ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်သည်ထက်ပင် ပို၍အန္တရာယ်များနေခဲ့၏။

မြို့တော်အရှင်ဂေဟာရှိ အဆင့်မြင့်အင်မော်တယ်များစွာက အဲ့ဒါကိုမြင်တွေ့ရမည်ဆိုလျှင် သူတို့နှစ်ယောက်ထုတ်ဖော်ပြသခဲ့သော တိုက်ခိုက်ရည်ပါရမီနှင့် နည်းစနစ်များမှာ သူတို့က သေချာပေါက် တုန်လှုပ်သွားပေလိမ့်မည်။

All Chapters