ဖိနှိမ်ခြင်း
Vol. 129 Ch. 1935
ဆူဇီမိုသည် ထျန်ကျစ်ရီ၏ လမ်းကြောင်းကို တွေ့မြင်ခဲ့ပြီး သူမကို မှောင်မည်းနေသော လိုဏ်ဂူထဲသို့ မျှားခေါ်ကာ အရင်ဆုံးတိုက်ခိုက်ဖို့အတွက် အစစ်အမှန်နဂါးလျှပ်စီးကိုးချက်ကို အသုံးပြုခဲ့၏။
ထျန်ကျစ်ရီသည် စဦးအရေးနိမ့်သွားပြီး သေလုမတတ်ဖြစ်ခဲ့ရ၏။
သို့သော်လည်း တစ်ခဏချင်းမှာပင် သူမသည် တုန်လှုပ်စရာကောင်းသော တုံ့ပြန်မှုနှင့် စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုကို အသုံးချကာ ပြန်လည်အသာစီးရယူလာပြီး လိုဏ်ဂူ၏ ဝင်ပေါက်ဝဆီသို့ ထွက်ပြေးသွားခဲ့၏။
ဆူဇီမိုသည် ထျန်ကျစ်ရီ၏ နောက်ကျောကို စိုက်ကြည့်ပြီး သူ၏ အကြည့်က သိပ်သည်းကျစ်လစ်လာခဲ့၏။ ဖျတ်ခနဲဆို သူက နေရာကနေနောက်တစ်ဖန်ပျောက်ကွယ်သွား၏။
တတိယမြောက်လျှပ်စီး...။
ဖန်သားမြို့တော်၏ အပြင်ဘက် သတ္တုတွင်းထဲမှာ နှစ်တစ်ထောင်ကြာ ကျင့်ကြံပြီးနောက် သူ၏ ကျင့်ကြံမှုက တိုးတက်လာသည့်အပြင် သူသည် အစစ်အမှန်နဂါးလျှပ်စီးကိုးချက်ကိုလည်း အဆင့်သုံးထိရောက်အောင် မြှင့်တင်နိုင်ခဲ့၏။
လက်ရှိအခြေအနေအရ ဆူဇီမိုသည် ဧရာမရွှေငှက်၏ ပင်ကိုနတ်ဘုရားစွမ်းအားကို အသုံးချမည်ဆိုလျှင်တောင် သူသည် လိုဏ်ဂူထဲကနေမထွက်ခွာခင် ထျန်ကျစ်ရီကို ဖိနှိမ်နိုင်လိမ့်မည် မဟုတ်ပေ။
ထျန်ကျစ်ရီက လိုဏ်ဂူထဲကနေ ထွက်ခွာသွားမည်ဆိုလျှင် ဆူဇီမိုသည် သူမနောက်သို့ လိုက်လံဖမ်းဆီးရမည်ဆိုပါက အပြင်လူများ၏ စောင့်ကြည့်မှုအောက်ကနေ ပုန်းရှောင်မည်ဟူသော သူ၏ မူလရည်ရွယ်ချက်က ပျက်စီးသွားရပေလိမ့်မည်။
ရွေးချယ်စရာမရှိတော့ဘဲ ဆူဇီမိုသည် အစစ်အမှန်နဂါးလျှပ်စီးကိုးချက်ကို နောက်တစ်ဖန် အသုံးပြုကာ ထျန်ကျစ်ရီ၏ ရှေ့သို့ ဆင်းသက်လာခဲ့၏။
သူတိုက်ခိုက်လိုက်သည့်အချိန်မှာပင် သူက မဟာကစဉ့်ကလျားအမြုတေလက်ဝါးကို အသုံးပြုလိုက်ပြီဖြစ်၏။
ဖြူဖွေး၍နုနယ်ပုံရသော လက်ဖဝါးက ဧရာမကြိတ်ဆုံကျောက်တစ်ခုအဖြစ် အသွင်ပြောင်းလဲသွားပုံရ၏။
လိုဏ်ဂူတစ်ခုလုံးက မွန်းကြပ်ဖွယ်ရာကောင်းလာခဲ့၏။
သို့သော်လည်း ထျန်ကျစ်ရီက လုံးဝရပ်တန့်မသွားခဲ့ပေ။ သူမ၏ အေးစက်နေသောမျက်နှာပေါ်မှာ မည်သည့်စိတ်ခံစားချက်မှမရှိဘဲ သူမ၏ အကြည့်က ကြောက်စရာကောင်းလောက်အောင် တည်ငြိမ်နေဆဲ ဖြစ်၏။
ဆူဇီမိုသည် စိတ်ထဲကနေကြိတ်ပြီး ချီးကျူးလိုက်ရ၏။
ဤကဲ့သို့သန်မာသော စိတ်ပိုင်းဆိုင်ရာဇွဲသတ္တိတစ်ခုက တကယ့်ကိုထူးခြားလွန်း၏။
ထျန်ကျစ်ရီသည် သူတွေ့ကြုံဖူးသမျှထဲ ကြောက်စရာအကောင်းဆုံး လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ဖြစ်၏။
ရုတ်တရက်ဆိုသလို... ။
ထျန်ကျစ်ရီသည် သူမ၏ လက်ကိုဆန့်ထုတ်ပြီး ဆူဇီမို၏ မဟာကစဉ့်ကလျားအမြုတေလက်ဝါးကို ခုခံလိုက်၏။
သူမ၏ လက်ဖဝါးက သိသာထင်ရှားမှုမရှိသလောက်နီးပါးဖြင့် အနည်းငယ်လှုပ်ရှားသွား၏။
သို့သော်လည်း ထျန်ကျစ်ရီ၏ လက်ဖဝါးက မဟာကစဉ့်ကလျားအမြုတေလက်ဝါးနှင့် ထိတွေ့တော့မည့်ဆဲဆဲမှာပင် သူမ၏ လက်တစ်ဖက်စီကနေ နက်မှောင်နေသောဓားမြှောင်တစ်လက်စီ ပေါ်ထွက်လာခဲ့၏။
ဓားမြှောင်နှစ်လက်မှာ မည်သည့်အရောင်အဝါမှ မရှိဘဲ ညအမှောင်နှင့် တစ်သားတည်းကျလုနီးပါးဖြစ်နေ၏။
ပို၍ပင်ကြောက်စရာကောင်းသည့်အရာမှာ ထျန်ကျစ်ရီဖြစ်စေ... ဓားမြှောင်နှစ်လက်ဖြစ်စေ မည်သည့်သတ်ဖြတ်လိုစိတ်ကိုမှ ထုတ်ဖော်မထားခြင်းပင်။
တစ်နည်းအားဖြင့်ဆိုလျှင် ဆူဇီမိုတွင် သူ၏ အာရုံသတိစိတ်မရှိပါက သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ထားမည်ဆိုလျှင် ထိုတိုက်ခိုက်မှုကို သူက လုံးဝအာရုံခံမိနိုင်လိမ့်မည် မဟုတ်ပေ။
ဤကဲ့သို့သော အတိုင်းအတာတစ်ခုထိ ကျင့်ကြံထားသည့် လုပ်ကြံသတ်ဖြတ်သူတစ်ယောက်က အရမ်းကိုကြောက်စရာကောင်းလွန်း၏။
ဒါ့အပြင် ထျန်ကျစ်ရီသည် အစစ်အမှန်နဂါးလျှပ်စီးကိုးချက်ကို ပထမဆုံးအကြိမ်တွေ့မြင်ဖူးခြင်းဖြစ်ပြီး သူမက အငိုက်မိကာ စဦးအရေးနိမ့်သွားခဲ့ပြီးပြီဖြစ်၏။
သို့သော်လည်း တစ်ခဏချင်းမှာပင် ထိုအမျိုးသမီးသည် ဆူဇီမို၏ လိုက်လံဖမ်းဆီးမှုကို သုံးကြိမ်ရှောင်လွှဲနိုင်ခဲ့ရုံသာမက သူမက အလျင်အမြန်တည်ငြိမ်လာခဲ့ပြီး ဤကဲ့သို့ ထက်ရှသော သတ်ဖြတ်ကွက်တစ်ခုနှင့်အတူ တန်ပြန် တိုက်ခိုက်လာခဲ့၏။
သူ၏ သန်မာသော စိတ်ပိုင်းဆိုင်ရာဇွဲသတ္တိ၊ တိုက်ခိုက်ရည်ပါရမီနှင့် အလိုက်သင့်ပြောင်းလဲနိုင်စွမ်းတို့နှင့်ပင်လျှင် ဆူဇီမိုက အံ့အားသင့်သွားရ၏။
သူသည် အထက်ဘုံသို့ တက်လှမ်းလာပြီးနောက် အဆင့်တူခြင်းမှာ သူ့ကိုခြိမ်းခြောက်နိုင်သည့် ပထမဆုံးလူနှင့် တွေ့ကြုံလိုက်ရခြင်းဖြစ်၏။
ပုံမှန်အခြေအနေအောက်မှာဆိုလျှင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ လက်ရှိခွန်အားနှင့် မာကြောမှုအရ မည်သည့်မူလမဟူရာအဆင့် ဓမ္မရတနာကိုမဆို အဲ့ဒါက ထိပ်တိုက်ရင်ဆိုင်နိုင်၏။
သို့သော်လည်း ဆူဇီမိုသည် ဤကြောက်စရာကောင်းသော လုပ်ကြံသတ်ဖြတ်သူနှင့်ရင်ဆိုင်ရာမှာ သူမ၏ ဓားမြှောင်နှစ်လက်ကို အထင်သေးရဲခြင်းမရှိပေ။
ထိုအခိုက်အတန့်မှာ သူ့အနေဖြင့် ငရဲဖိနှိမ်မီးဖိုကို ဆင့်ခေါ်ထုတ်မည်ဆိုလျှင်တောင် နောက်ကျသွားခဲ့ပြီဖြစ်၏။
ဆူဇီမိုသည် နောက်ဆုံးအခိုက်အတန့်မှာ သူ၏ နည်းဗျူဟာကို ပြောင်းလဲပြီး မဟာကစဉ့်ကလျားအမြုတေလက်ဝါးကို ပယ်ဖျက်လိုက်၏။
သူ၏ လက်နှစ်ဖက်က နတ်ဆင်နှစ်ကောင်၏ နှာမောင်းကဲ့သို့ ပျော့ပျောင်းသွား၏။ သူ၏ လက်ဖဝါးနှစ်ဖက်က အားနည်းသွားပုံရပြီး အနက်ရောင်ဓားမြှောင်နှစ်လက်ပေါ် ဆင်းသက်ကာ ရုတ်တရက်ခွန်အားကို ပို့လွှတ်လိုက်၏။
အန္တိမသားရဲနတ်ဆိုးကျင့်စဥ်မှ နည်းစနစ်တစ်ခုက ထွက်ပေါ်လာခဲ့၏။
ထျန်ကျစ်ရီသည် ရစ်ပတ်တွန့်လိမ်ဆွဲခါစွမ်းအားတစ်ခုကို ခံစားလိုက်ရ၏။
သူမ၏ လက်နှစ်ဖက်က ဓားမြှောင်နှစ်လက်ကို ကောင်းကောင်းဆုပ်ကိုင်မထားနိုင်တော့ဘဲ သူတို့က သူမ၏ လက်ထဲကနေ လွတ်ထွက်တော့မည့်မတတ် ဖြစ်သွားရ၏။
ထိုသို့ဆိုလျှင်တောင် သူမ၏ မျက်လုံးနှစ်ဖက်က စိတ်ခံစားချက်ကင်းမဲ့နေဆဲ ဖြစ်၏။
ရုတ်တရက်ဆိုသလို...။
ထျန်ကျစ်ရီက သူမ၏ ပါးစပ်ကို အနည်းငယ်ဖွင့်ဟလိုက်၏။
အလွန်တရာစူးရှသောအသံတစ်ခုက သူမ၏ နှုတ်ခမ်းဝကနေ ထက်ရှသော ဓားမြှောင်တစ်လက်ကဲ့သို့ ပစ်လွင့်ထွက်ပေါ်လာပြီး တစ်ဘက်လူ၏ နားစည်များကို ထိုးဖောက်ချင်နေ၏။
အသံပိုင်းတိုက်ခိုက်မှုတစ်ရပ်...။
ထျန်ကျစ်ရီက သူမ၏ ပါးစပ်ကို ဖွင့်ဟလိုက်သည့်အချိန်မှာပင် ဆူဇီမိုက တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး တစ်ချိန်တည်းမှာ သူ၏ ပါးစပ်ကိုဖွင့်ဟကာ သူ၏ လည်ချောင်းအနက်ပိုင်းထဲကနေ ကျယ်လောင်သော နဂါးဟိန်းသံကို ထုတ်ဖော်လိုက်၏။
ဂါး...
ထိုအသံက အလွန်တရာချောက်ချားစရာကောင်းပြီး သက်ရှိများအားလုံးကို ဖိနှိမ်နိုင်သည့် အန္တိမစိတ်ဆန္ဒတစ်ခု ပါဝင်နေ၏။
လိုဏ်ဂူတစ်ခုလုံးက တုန်ခါသွား၏။
နဂါးဟိန်းသံလျှို့ဝှက်အတတ်...။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာမရှိဘဲ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာအနေဖြင့် နဂါးဖီးနစ်ဟိန်းဟောက်သံကဲ့သို့ စွမ်းအားကြီးမားသော အသံပိုင်းလျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်နိုင်ဖို့ မလွယ်ပေ။
သို့သော်လည်း နဂါးအသူရာချောက်နက်ကြယ်မှာတုန်းက သူသည် ပကတိအင်မော်တယ်များကို ဆန့်ကျင်တိုက်ခိုက်ဖို့အတွက် နဂါးတစ်ကောင်၏ အလောင်းကို အသုံးချခဲ့ပြီး သူက မိုးပြာနဂါး၏ ဟိန်းသံနည်းစနစ်ကို နားလည်ဆင်ခြင်နိုင်ခဲ့၏။
အဲ့ဒီနောက် သူသည် မိုးပြာနဂါးဟိန်းသံနှင့် နဂါးဖီးနစ်ဟိန်းသံကို မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်းနှင့်အတူ ပေါင်းစည်းပြီး အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာအတွက် သင့်လျော်မည့် နဂါးဟိန်းသံလျှို့ဝှက်အတတ်တစ်ခုကို ဖန်တီးနိုင်ခဲ့၏။
အဲ့ဒါကို ထုတ်ဖော်လိုက်သည့်အခါ ဤလျှို့ဝှက်အတတ်သည် မိုးပြာနဂါးဟိန်းသံ သို့မဟုတ် နဂါးဖီးနစ်ဟိန်းသံထက်ပင် ပို၍သန်မာပြီး ပို၍ကြောက်စရာကောင်းနေ၏။
နဂါးဟိန်းသံလျှို့ဝှက်အတတ်က ပေါက်ကွဲထွက်ပေါ်လာပြီး ထျန်ကျစ်ရီ၏ အသံပိုင်းလျှို့ဝှက်အတတ်ကို ချက်ချင်းပင်ဖိနှိမ်ကာ ခြေမွှပစ်လိုက်၏။
နှစ်ဘက်စလုံးက အရမ်းကိုနီးကပ်နေကြ၏။
ထိုအကွာအဝေးမှာ ထျန်ကျစ်ရီက သက်ရောက်မှုအများစုကို လက်ခံရရှိလိုက်၏။
ထျန်ကျစ်ရီက ငေးငိုင်စွာဖြင့် အနည်းငယ်တုန်ယင်သွားပြီး သူမ၏ လက်ဖဝါးထဲရှိ စွမ်းအားကလည်း အနည်းငယ်ပျက်ပြယ်သွား၏။
ထိုစဥ်မှာပင် ဆူဇီမိုက သူ၏ လက်ဖဝါးဆီသို့ ခွန်အားကို ပို့လွှတ်ပြီး အနက်ရောင်ဓားမြှောင်နှစ်လက်ကို လုယူလိုက်၏။ သူက သူ၏ လက်နှစ်ဖက်ကို ကြက်ခြေခတ်ပြီး ထျန်ကျစ်ရီ၏ လည်ပင်းပေါ်သို့ တင်လိုက်၏။
ထိုအခိုက်အတန့်မှပင် ထျန်ကျစ်ရီသည် ဆူဇီမို၏ နဂါးဟိန်းသံလျှို့ဝှက်အတတ်ကနေ ရုန်းထွက်လာနိုင်ခဲ့၏။
ကံဆိုးစွာနှင့်ပင် သူမအတွက် အဲ့ဒါက နောက်ကျသွားခဲ့လေပြီ။
သူမ၏ ဓားမြှောင်နှစ်လက်သည် သူမ၏ လည်ပင်းနှင့် အရမ်းကိုနီးကပ်နေပြီဖြစ်ကာ သူမ၏ ရှေ့မှ အစိမ်းရောင်ဝတ်ကျင့်ကြံသူသည် နုနယ်ပုံရသော်လည်း သူက သတ်ဖြတ်ရာမှာ ပကတိပြတ်သားသူဖြစ်ကြောင်း သူမကောင်းကောင်းသိလိုက်ပြီဖြစ်၏။
သူမက မူမမှန်သောလှုပ်ရှားမှုတစ်ခုခု ပြုလုပ်လိုက်မည်ဆိုလျှင် သူမက နေရာမှာပင် သေချာပေါက်သတ်ဖြတ်ခံရပေလိမ့်မည်။
ဖြစ်စဥ်တစ်ခုလုံးက နှေးကွေးသည်ဟုထင်ရသော်လည်း တကယ်တော့... အသက်ရှုချိန်အနည်းငယ်တွင်း ဖြစ်ပွားခဲ့ခြင်းပင်။
နောက်ဆုံးမှာတော့ ဆူဇီမိုက အနိုင်ရရှိသွားဆဲ ဖြစ်၏။
တိုက်ပွဲက ပြီးဆုံးသွားခဲ့လေပြီ။
ဆူဇီမိုသည် သူ့ရှေ့မှာရှိသော အမျိုးသမီးကိုကြည့်ပြီး စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။
တိုက်ခိုက်ဖလှယ်မှုက တိုတောင်းသော်လည်း ဤအမျိုးသမီးလုပ်ကြံသတ်ဖြတ်သူအပေါ် သူ၏ နားလည်မှုက အဆက်မပြတ်ပြောင်းလဲသွားခဲ့၏။
ဤအမျိုးသမီးသည် သူတွေးထင်ထားသည်ထက်ပင် ပို၍ကိုင်တွယ်ရခက်ခဲနေခဲ့၏။
ဤကဲ့သို့ နီးကပ်သောအကွာအဝေးမှာ သူ၏ နဂါးဟိန်းသံလျှို့ဝှက်အတတ်သည် အဆင့်တူခြင်းမှာ ကျင့်ကြံသူအများစုကို သတ်ဖြတ်နိုင်၏။
သို့သော်လည်း အမျိုးသမီးလုပ်ကြံသတ်ဖြတ်သူသည် အနည်းငယ် ဖြူဖျော့သွားသော အမူအရာနှင့်အတူ တစ်ခဏချင်းမှာပင် အဲ့ဒီကနေရုန်းထွက်လာနိုင်ခဲ့၏။
သန်မာသော ကိုယ်ကာယနှင့်မျိုးဆက်သွေးမရှိဘဲ မည်သူမဆို သူ၏ နဂါးဟိန်းသံလျှို့ဝှက်အတတ်ကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။
ဤအမျိုးသမီး၏ ကိုယ်ကာယအရ သူမက လုပ်ကြံသတ်ဖြတ်ခြင်း နည်းစနစ်တစ်ခုခုကို အသုံးပြုခြင်းမရှိလျှင်တောင် အပြင်ဘက်ရှိ မဟူရာအင်မော်တယ်များထဲ သူမနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နိုင်မည့်သူက များစွာမရှိလောက်ပေ။
သူမသည် ဆူဇီမို၏ လက်ထဲသို့ သက်ဆင်းသွားပြီး သူမ၏ ကံကြမ္မာက သူမ၏ ထိန်းချုပ်မှုအောက်မှာ မရှိတော့လျှင်တောင် ထျန်ကျစ်ရီ၏ အမူအရာက လုံးဝပြောင်းလဲသွားခြင်းမရှိဘဲ သူမ၏ အကြည့်က တည်ငြိမ်နေ၏။
ထိုအခါမှသာ ဆူဇီမိုသည် သူ၏ လက်ဖဝါးထဲမှ စူးရှသောနာကျင်မှုတစ်ခုကိုခံစားလိုက်ရပြီး သွေးများက စီးကျလာခဲ့၏။
“ဘယ်လောက်တောင်ထက်လိုက်တဲ့ ဓားမြှောင်လဲ”
ဆူဇီမိုက တိတ်တဆိတ်ထိတ်လန့်သွား၏။
စောစောကသူသည် အန္တိမသားရဲနတ်ဆိုးကျင့်စဥ်မှ နည်းစနစ်တစ်ခုကိုအသုံးချပြီး အနက်ရောင်ဓားမြှောင်နှစ်လက်ကိုလုယူခဲ့သော်လည်း သူက ဒဏ်ရာရရှိသွားဆဲ ဖြစ်၏။
သူက သူ၏ လှုပ်ရှားကွက်ကို ပြောင်းလဲခဲ့ခြင်း မရှိလျှင် သူ၏ လက်ဖဝါးက ထိုအနက်ရောင်ဓားမြှောင်များဖြင့် အလွယ်တကူထိုးဖောက်ခြင်းခံခဲ့ရပေလိမ့်မည်။
ဆူဇီမို၏ အကြည့်က ရွေ့လျားသွား၏။
ထျန်ကျစ်ရီ၏ လည်ပင်းပေါ်တွင် ခပ်ပါးပါးသွေးရောင်ဒဏ်ချက်တစ်ခုက ပေါ်ထွက်လာခဲ့ပြီဖြစ်ပြီး သူမ၏ နှင်းဖြူရောင်အသားအရေပေါ်သို့ လတ်ဆတ်သောသွေးများက ဖြည်းဖြည်းချင်း စီးကျလာ၏။
သူက ခွန်အားတစ်စုံတစ်ရာကို အသုံးပြုခဲ့ခြင်းမရှိသော်လည်း ထျန်ကျစ်ရီ၏ လည်ပင်းက အနက်ရောင်ဓားမြှောင်ဖြင့် ရှသွားခဲ့ပြီဖြစ်၏။
သို့သော်လည်း ထျန်ကျစ်ရီက အဲ့ဒါကို အာရုံမခံမိသည့်အလား သူမ၏ အမူအရာက မှင်သေသေဖြင့်ရှိနေဆဲ ဖြစ်၏။
ဤလောကမှာ သူမ၏ စိတ်ကို ယိမ်းယိုင်စေသည့်အရာ ဘာမှမရှိသည့်ပုံပင်။
သေခြင်းရှင်ခြင်းကပင် မရပေ။