← Chapters

မဟာဧကရာဇ်ရဲ့ တပည့်

Vol. 96 Ch. 1474

မဟာဧကရာဇ်ရဲ့ တပည့်

Vol. 96 Ch. 1474

အင်မော်တယ်အတတ်ပညာများကို ရှေးဘုရင်ရွှမ်ယုံခေတ်အတွင်းမှာ လူသားမဟာဧကရာဇ်တစ်ဦးက ဖန်တီးခဲ့ပြီး ရှေးဟောင်းမန္တန်များဖြင့် ပေါင်းစပ်ခဲ့သည်။

ထိုကာလအတွင်းမှာ ရှေးဘုရင်ရွှမ်ယုံက ဝမ်ကူးကုန်းမြေမှ မျိုးနွယ်စုအားလုံးကို တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ် လူသားမျိုးနွယ်၏ လက်အောက်မှ မဟာမိတ်များသည် အင်မော်တယ်အတတ်ပညာများ၏ အရေးပါမှုကို ထုတ်ဖော်ပြသခဲ့ကြသည်။ ထိုမျိုးနွယ်စုများက ရှေးဘုရင်ရွှမ်ယုံ၏ ဝမ်ကူးကုန်းမြေအပေါ် တိုက်ခိုက်သိမ်းပိုက်မှုကို ကြီးကြီးမားမား အထောက်အကူပြုပေးခဲ့ကြသည်။

သို့သော်လည်း ပေးဆပ်ရသော တန်ကြေးက အလွန်ကြီးမားသည်။

အင်မော်တယ်အတတ်ပညာများကို အသုံးပြုသူများသည် အင်မော်တယ်အတတ်ပညာ၏ အဆင့်ပေါ်မူတည်၍ တန်ပြန်ဆိုးကျိုးများကို ခံစားကြရလိမ့်မည်။

သေးငယ်သော ဆိုးကျိုးက အသက်ဓာတ်လျော့နည်းသွားခြင်းဖြစ်ပြီး ကြီးလေးသော ဆိုးကျိုးက သူတို့၏ ကျင့်ကြံခြင်းအခြေခံအုတ်မြစ်ကို ပြိုကွဲသွားစေလိမ့်မည်။

ထို့ကြောင့် ဝမ်ကူးကုန်းမြေကို စည်းလုံးညီညွတ်စေပြီးနောက် ထိုအင်မော်တယ်အတတ်ပညာများကို တားမြစ်အတတ်ပညာများအဖြစ် သတ်မှတ်ခဲ့ကြပြီး အင်မော်တယ်အတတ်ပညာခန်းမထဲမှာ ချိပ်ပိတ်ခဲ့ကြသည်။

သို့သော်လည်း နတ်ဘုရားမျက်နှာပျက်ကြီး၏ ရောက်ရှိလာမှု၊ ရှေးဘုရင်ရွှမ်ယုံနှင့် မျိုးနွယ်စုအသီးသီးမှ မဟာဧကရာဇ်များ၏ ထွက်ခွာသွားမှုကြောင့် ထိုအင်မော်တယ်အတတ်ပညာများက ယူဆောင်သွားခြင်းခံလိုက်ရသည်။ ယင်းတို့က သက်ဆိုင်ရာ သူတော်စင်ကုန်းမြေများ၏ အခြေခံအုတ်မြစ်ဖြစ်လာသည်။

သို့သော်လည်း အင်မော်တယ်အတတ်ပညာများကို သင်ယူခွင့်ရှိသူသည် အလွန်အမင်း ရှားပါးသည်။

အထူးသဖြင့် မျိုးဆက်တစ်ခုတည်းအပေါ် အခြေခံသော အင်မော်တယ်အတတ်ပညာတချို့ ဖြစ်သည်။ နောက်မျိုးဆက်က ထိုအင်မော်တယ်အတတ်ပညာကို တတ်ကျွမ်းသွားသည့်အခါ ယခင်မျိုးဆက်က ရုတ်တရက် သေဆုံးသွားလိမ့်မည်။ ထိုသို့အင်မော်တယ်အတတ်ပညာများသည် အလွန်ရက်စက်ကြမ်းကြုတ်သည်။

အထူးသဖြင့် ယွဲ့တုန်အသုံးပြုလိုက်သော သူခိုးခြောက်ယောက် လှည့်စားခြင်းက ထိုသို့အမျိုးအစားထဲမှ တစ်ခုဖြစ်သည်။

သူက အင်မော်တယ်အတတ်ပညာကို အသက်သွင်းလိုက်သည်နှင့်ချက်ချင်း သူ၏ ခန္ဓာကိုယ်ပေါ်မှ ခုနစ်ရောင်ခြယ်အလင်းက အလင်းပင်လယ်သို့ ပြောင်းလဲသွားပြီး အရပ်မျက်နှာအဘက်ဘက်တွင် ထွန်းလင်းသွားသည်။ မဟာဧကရာဇ်၏ အကာအကွယ်အလွှာကို တရစပ် တိုက်ခိုက်နေကြသော ရွှီချင်းနှင့် အားညိုသည် အသိစိတ် ဝေဝါးသွားကြသည်။

ထိုနှောင့်ယှက်မှုက ပြင်ပအင်အားများကြောင့် အပြည့်အဝ လှုံ့ဆော်ခံလိုက်ရသည်။ ယင်းက သူတို့၏ အတွေးများကို ဖရိုဖရဲဖြစ်စေပြီး သူတို့၏ ခန္ဓာကိုယ်တစ်လျှောက်သို့ ပျံ့နှံ့သွားသည်။

ယင်းကို မခုခံနိုင်သလို မတားဆီးနိုင်ပေ။

ယွဲ့တုန်က ရွှီချင်းနှင့် အားညိုကို စိုက်ကြည့်လိုက်သည်။ ဤအခိုက်အတန့်မှာ သူတို့၏ နှလုံးခုန်သံက ပရမ်းပတာဖြစ်နေစဉ် ယွဲ့တုန်က လက်မြှောက်လိုက်ပြီး ရွှီချင်းထံသို့ လက်ညှိုးညွှန်လိုက်သည်။

“ လိုအင်ဆန္ဒခြောက်မျိုးကို ဖယ်ရှားပြီး စိတ်ခံစားချက်ခုနစ်မျိုးကို ခွဲထုတ်စေ ”

ရှင်းလင်းစွာပင် ယွဲ့တုန်၏ အမြင်မှာ ရွှီချင်းက သူ့ကို အားညိုထက်ပိုပြီး အသက်အန္တရာယ်ပေးနိုင်သည်။

သူ၏ လက်ချောင်းက ကျဆင်းလာသည်နှင့်ချက်ချင်း သူ၏ ခန္ဓာကိုယ်ပေါ်မှ ခုနစ်ရောင်ခြယ်အလင်းပင်လယ်က မဟာဧကရာဇ်၏ အကာအကွယ်အလွှာထဲမှ တိုးထွက်လာပြီး ရေခဲလွင်ပြင်ကို ဖုံးလွှမ်းသွားသည်။ ဤအခိုက်အတန့်မှာ ကောင်းကင်၏ အရောင်သည်ပင် ပြောင်းလဲသွားသည်။

လောကတစ်ခုလုံး ခုနစ်ရောင်ခြယ်အလင်းဖြင့် စွန်းထင်ခံလိုက်ရသည်။

ခုနစ်ရောင်ခြယ်အလင်းဖြင့် လွှမ်းခြုံခံလိုက်ရသော ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်တွင် ရောင်စုံချည်မျှင်များက ချက်ချင်း ထွက်ပေါ်လာကြသည်။ ထိုချည်မျှင်များသည် ပုံရိပ်ယောင်ဖြစ်ပြီး သူ၏ စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုးကို ကိုယ်စားပြုသည်။

ဤအခိုက်အတန့်မှာ ယင်းတို့က အတင်းအဓမ္မ ဆွဲထုတ်ခံလိုက်ရဟန် ရ၏။ ချည်မျှင်များသည် သူ၏ ခန္ဓာကိုယ်ထဲမှ မြန်ဆန်စွာ ပျံ့နှံ့ထွက်လာကြပြီး အတူတကွ စုဝေးသွားကြသည်။ နောက်အခိုက်အတန့်မှာ ယင်းတို့က ယွဲ့တုန်၏ မျက်နှာအဖြစ် ရက်လုပ်ရန် ကြိုးစားလိုက်ကြသည်။

သို့သော်လည်း ရွှီချင်း၏ စိတ်ခံစားချက်များက ပရမ်းပတာဖြစ်သွားသည့်အခိုက် သူ၏ မျက်နှာအမူအရာက အနည်းငယ် ထူးဆန်းလာသည်။

စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုးက အဆက်မပြတ် ဆွဲထုတ်ခံနေရစဉ် သူ၏ အရှိန်အဝါက ပိုပြီးအားကောင်းသထက် အားကောင်းလာသည်။

နောက်ဆုံးမှာတော့ စိတ်ခံစားချက်များနှင့် လိုအင်ဆန္ဒများ၏ ချည်မျှင်အားလုံးက သူ၏ ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်ခံလိုက်ရသည့်အခါ သူ၏ မျက်နှာပေါ်မှ ထူးဆန်းမှုက ပျောက်ကွယ်သွားသည်။

သူ၏ တစ်ကိုယ်လုံးက အလွန်အေးစက်လာပြီး သူ၏ အရှိန်အဝါက ပိုပြီးကြောက်စရာကောင်းလာသည်။ ယင်းက ကောင်းကင်၏ အရောင်ကို ပြောင်းလဲသွားစေပြီး ဟင်းလင်းပြင်ထဲမှာ ပေါက်ကွဲသံများကို ထွက်ပေါ်လာစေသည်။

ဤသည်မှာ ယွဲ့တုန်၏ အင်မော်တယ်အတတ်ပညာက သက်ရောက်မှုမရှိရုံသာမက ရွှီချင်းကိုလည်း အစွမ်းမြှင့်တင်ပေးလိုက်ဟန် ရသည်။

အမှန်မှာ အင်မော်တယ်အတတ်ပညာက သက်ရောက်မှုမရှိခြင်း မဟုတ်ပေ။

ယင်းက ရွှီချင်းပေါ်မှာ တကယ် သက်ရောက်မှုရှိသည်။

ယင်းက ရွှီချင်း၏ လိုအင်ဆန္ဒခြောက်မျိုးကို ဖယ်ရှားလိုက်ပြီး စိတ်ခံစားချက်ခုနစ်မျိုးကို ခွဲထုတ်ပေးသည်။

သို့သော်လည်း ယင်းတို့က လူသားသဘာဝ၏ ပြယုဂ်များ ဖြစ်ကြသည်။

ရွှီချင်း၏ ထူးခြားမှုကြောင့် သူ၏ လူသားသဘာဝက ဖယ်ရှားခံလိုက်ရပြီးနောက် နတ်ဘုရားသဘာဝက ထွက်ပေါ်လာသည်။

“ စိတ်ဝင်စားစရာပဲ ”

ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။

သူက ဤခံစားမှုကို အကြိမ်ပေါင်းများစွာ တွေ့ကြုံခဲ့ဖူးသည်။ ထို့ကြောင့် သူ၏ လူသားသဘာဝက ယာယီဆုံးရှုံးသွားခြင်းနှင့်ပတ်သက်ပြီး သူက စိတ်မသက်မသာ မခံစားမိပေ။

သို့ဖြစ်၍ သူက ယွဲ့တုန်အား သူ၏ စိတ်ခံစားချက်များနှင့် လိုအင်ဆန္ဒများကို ဖယ်ရှားခွင့်ပေးခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် နတ်ဘုရားသဘာဝက သူ၏ ခန္ဓာကိုယ်ကို သိမ်းပိုက်သွားသည့်အခါ ရွှီချင်းက အသန်မာဆုံး အခြေအနေသို့ ရောက်သွားလိမ့်မည်။

ဤအခိုက်အတန့်မှာ လူသားသဘာဝက ထွက်သွားပြီး နတ်ဘုရားသဘာဝက ပျံ့နှံ့သွားသည့်အခါ နေရာမှာ ရပ်နေသော ရွှီချင်းက အကြွင်းမဲ့သော ဆင်ခြင်တုံတရားနှင့် အကြွင်းမဲ့သော အအေးဓာတ်ကို ထုတ်လွှတ်လိုက်သည်။

သူ၏ အရှိန်အဝါက ရေခဲလွင်ပြင်တစ်ခုလုံး၏ အအေးဓာတ်နှင့် ပေါင်းစပ်သွားဟန် ရသည်။

ဤအခိုက်အတန့်မှာ ရွှီချင်း၏ မျက်လုံးထဲတွင် သက်ရှိများသော်လည်းကောင်း သို့မဟုတ် သက်မဲ့များသော်လည်းကောင်း အရာအားလုံးက မှေးမှိန်သွားပြီး အရေးမကြီးတော့ပေ။

မြေပြင်ပေါ်မှ အရိပ်လေးက အနည်းငယ် တုန်ယင်သွားသည်။ သူက ရွှီချင်း၏ ဤအခြေအနေကို အကြောက်ဆုံးဖြစ်သည်။

ကောင်းကင်ဘုံသူတော်စင်နွယ်ပင်သည်ပင် စိုးရိမ်ကြောင့်ကြလာသည်။

နတ်ဘုရားသဘာဝ၏ လွှမ်းမိုးခံထားရသော ရွှီချင်းက အလွန်ကြောက်စရာကောင်းသည်။

သူက မဟာဧကရာဇ်၏ အကာအကွယ်အလွှာဖြင့် လွှမ်းခြုံခံထားရသော ယွဲ့တုန်ကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်သည်။ ထို့နောက် သူက ကောင်းကင်ပေါ်သို့ လက်ညှိုးညွှန်လိုက်သည်။

နောက်အခိုက်အတန့်မှာ ကောင်းကင်က ဝုန်းခနဲ တုန်လှုပ်သွားသည်။

အလွန်ကြီးမားသော စေတီသည် ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။

ယင်းက ရွှီချင်း၏ ကောင်းကင်ဘုံသူတော်စင်စေတီဖြစ်သည်။

စေတီသည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း မြေပြင်ဆီသို့ မြန်ဆန်စွာ ရွေ့လျားသွားပြီး မဟာဧကရာဇ်၏ အကာအကွယ်အလွှာပေါ်သို့ အရှိန်ပြင်းပြင်း ဝင်ဆောင့်လိုက်သည်။

လောကက တုန်ယင်သွားပြီး ကျယ်လောင်သော ပေါက်ကွဲသံက ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားသည်။

ရေခဲပြင်က အလွှာတစ်လွှာပြီးတစ်လွှာ အက်ကွဲသွားပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့ပွားသွားသည်။

ရွှီချင်းက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ သူက နေတစ်စင်းအဖြစ် လောင်ကျွမ်းသွားသည့်အခိုက် ကံကြမ္မာဆိုးနတ်ဘုရားအခွင့်အာဏာ၊ အသံနတ်ဘုရားအခွင့်အာဏာနှင့် ခရမ်းလနတ်ဘုရားအခွင့်အာဏာက ထွက်ပေါ်လာကြသည်။

နတ်ဘုရားအခွင့်အာဏာများက အတူတကွ စုဝေးသွားပြီး အကာအကွယ်အလွှာပေါ်သို့ ကျဆင်းသွားကြသည်။

နတ်ဘုရားအရင်းအမြစ်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက ဤအခိုက်အတန့်မှာ ဆူနာမီလှိုင်းလုံးသဖွယ် ထွက်ပေါ်လာသည်။

ကြောက်စရာအကောင်းဆုံးအရာမှာ ရွှီချင်းက သူ၏ ရုပ်ခန္ဓာကိုယ်ကို လက်နက်တစ်ခုအဖြစ် သဘောထား၍ အကာအကွယ်အလွှာကို အကြမ်းပတမ်း ဝင်ဆောင့်လိုက်သည်။

ချက်ချင်းဆိုသလို အကာအကွယ်အလွှာက အပြင်းအထန် တုန်ယင်သွားပြီး ယွဲ့တုန်၏ အမူအရာက သိသာစွာ ပျက်ယွင်းသွားသည်။

သူက ရွှီချင်းကို စိုက်ကြည့်လိုက်သည့်အခါ နှလုံးတုန်သွားသည်။

ထိုသို့ရလဒ် ထွက်ပေါ်လာမည်ဟု သူမမျှော်လင့်ထားပေ။

မည်သို့ဖြစ်ပါစေ ရွှီချင်းအပေါ် သူ၏ နားလည်ထားမှုက မလုံလောက်သေးပေ။

သူ၏ အင်မော်တယ်အတတ်ပညာအောက်မှာ ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါက ပိုပြီးအေးစက်လာပြီး သူ့ကို ကြည့်သော အကြည့်ထဲမှာ မည်သည့်စိတ်ခံစားချက်မှ မပါဝင်သော်လည်း သူ၏ တိုက်ခိုက်မှုများက ပိုပြီးရက်စက်ကြမ်းကြုတ်လာသည်။ ယင်းက ယွဲ့တုန်ကို အပြင်းအထန် နှလုံးတုန်စေသည်။

တစ်ချိန်တည်းမှာ သရော်လှောင်ပြောင်သော ရယ်မောသံက အားညိုထံမှ ပဲ့တင်ထပ်လာသည်။

“ ငါ့ရဲ့ ဂျူနီယာညီလေးက အင်မော်တယ်လမ်းစဉ်ရော နတ်ဘုရားလမ်းစဉ်ရော ကျင့်ကြံတယ်… မင်းက မြန်မြန်သေချင်လို့ သူ့ရဲ့ လူသားသဘာဝကို ဖယ်ရှားလိုက်တာလား… အခု နတ်ဘုရားသဘာဝက သူ့ကို လွှမ်းမိုးသွားပြီ… ”

“ ငါမင်းကို ပြောပြလိုက်မယ်… ဒီအခြေအနေနဲ့ ချင်းလေးဆိုရင် ငါတောင် သူ့ကို ရှောင်တယ် ”

အားညိုက အထင်သေးစွာ ပြောသည်။

ယွဲ့တုန်၏ အမူအရာက မည်းမှောင်သွားပြီး သူက အားညိုကို လှည့်ကြည့်လိုက်သည်။

ချက်ချင်းဆိုသလို ခုနစ်ရောင်ခြယ်အလင်းက အားညိုကို လွှမ်းခြုံသွားသည်။

သို့သော်လည်း အားညိုက မစိုးရိမ်ပေ။ ယင်းအစား သူက ဝမ်းသာပျော်ရွှင်သွားသည်။

“ လာ လာ လာစမ်းပါ… ငါလည်း အဲ့ဒါကို စမ်းကြည့်ချင်တယ်… မင်းရဲ့ အင်မော်တယ်အတတ်ပညာက ငါ့ရဲ့ စိတ်ခံစားချက်ခုနစ်မျိုးနဲ့ လိုအင်ဆန္ဒခြောက်မျိုးကို ဖယ်ရှားနိုင်မလား ကြည့်ရအောင်… တကယ်လို့ မင်းလုပ်နိုင်မယ်ဆိုရင် မင်းကို ကောင်းကောင်း ငါကျေးဇူးတင်လိုက်မယ် ”

“ ငါက ဘဝပေါင်းများစွာ ရှင်သန်ခဲ့ဖူးပေမဲ့ တစ်ခါမှ မအောင်မြင်ခဲ့ဘူး ”

အားညို၏ မျက်နှာမှာ မျှော်လင့်သော အရိပ်အယောင်ဖြင့် ပြည့်နှက်သွားသည်။ ခုနစ်ရောင်ခြယ်အလင်း၏ လွှမ်းခြုံမှုနှင့် အင်မော်တယ်အတတ်ပညာ၏ သက်ရောက်မှုအောက်မှာ သူ၏ စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုးက ပရမ်းပတာ ဖြစ်သွားကြသည်။

ယင်းတို့က ခွဲထွက်သွားပြီး တစ်ခုပြီးတစ်ခု ဆွဲထုတ်ခံလိုက်ရသည်။

စိတ်ခံစားချက်အားလုံး ဆွဲထုတ်ခံလိုက်ရသည့်အခါ ယင်းက ကျိန်စာတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ခန္ဓာကိုယ်ပေါ် သက်ရောက်သွားလိမ့်မည်။ ထိုအခါကျလျှင် ကမ္မချည်မျှင်များက ယွဲ့တုန်၏ မျက်နှာကို ဖွဲ့စည်းသွားလိမ့်မည်။

သို့သော်လည်း ဤအခိုက်အတန့်မှာ အားညိုပေါ်တွင် ဖြစ်ပျက်နေသော မြင်ကွင်းက ရွှီချင်းနှင့် ခြားနားပေသည်။

ရွှီချင်း၏ စိတ်ခံစားချက်များနှင့် လိုအင်ဆန္ဒချည်မျှင်များသည် မြန်ဆန်စွာ ဖယ်ရှားခံလိုက်ရသည်။

သို့သော်လည်း အားညိုသည်တော့…

သူ၏ စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုးက အဆုံးမရှိဟန် ရသည်။ ယွဲ့တုန်က သူ၏ အင်မော်တယ်အတတ်ပညာကို မည်သို့အသက်သွင်းပါစေ ယင်းတို့အားလုံးကို အချိန်တိုလေးအတွင်း မဆွဲထုတ်နိုင်ပေ။

အထူးသဖြင့် အားညို၏ လောဘစိတ်ဖြစ်သည်။ သူ၏ တခြားလိုအင်ဆန္ဒများက အပြည့်အဝ ဆွဲထုတ်ခံရတော့မည့်ဟန် ထင်ရသော်လည်း ထိုလောဘစိတ်က အောက်ခြေမဲ့သော တွင်းနက်သဖွယ် အောက်မေ့ရသည်။

ယွဲ့တုန်၏ အမူအရာက ထပ်မံပြောင်းလဲသွားသည်။

ရွှီချင်းတစ်ယောက်တည်းက သူ့ကို အတော်လေး အခက်တွေ့စေသည်။ ယခုတော့ အားညိုက ပိုပြီးကြောက်စရာကောင်းကြောင်း သူနားလည်သွားသည်။

သူက ထိုမျှလောဘကြီးသော ကျင့်ကြံသူတစ်ယောက်ကို တစ်ခါမှ မမြင်ဖူးချေ။ သူက အစွမ်းကုန် အသုံးပြုမည်ဆိုလျှင်ပင် ယင်းတို့အားလုံးကို ဆွဲထုတ်နိုင်လိမ့်မည် မဟုတ်ချေ။

ယင်းတို့က အလွန်များပြားသည်။

“ မင်းက နှေးလိုက်တာ… မသိရင် ယားနာကုတ်နေတဲ့အတိုင်းပဲ… အဲ့ဒါက ငါ့ကို ယွစိစိခံစားရစေတယ် ”

အားညိုက မကျေနပ်စွာ ပြောသည်။

“ ငါမင်းကို ကူညီပေးမယ် ”

သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ညာလက်ကို မြှောက်လိုက်ကာ သူ၏ ရင်ဘက်ကို အကြမ်းပတမ်း ထုရိုက်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ ရူးသွပ်မှုက ချက်ချင်း ထွက်ပေါ်လာသည်။ ဤသည်မှာ သူက ရတနာတစ်ခုခုကို မြင်လိုက်ရသည့်အလားပင်။

အစစ်အမှန်နှင့် ပိုပြီးတူညီစေရန်အတွက် အားညိုက ဖုန်းလင်းတောင်၏ ဝိညာဉ်ကို ထုတ်လိုက်ပြီး သူ့ကို စူးစိုက်ကြည့်လိုက်သည်။ တစ်ဖက်လူဆီမှာ ရတနာတစ်ခုရှိသည်ဟု သူစိတ်ကူးလိုက်သည့်အခါ သူ၏ လောဘက တစ်ဟုန်ထိုး မြင့်တတ်သွားသည်။

ဝုန်းခနဲ မြည်သံနှင့်အတူ လောဘစိတ်က မီးတောက်တစ်ခုနှယ် ပေါက်ကွဲထွက်လာသည်။

သို့သော်လည်း ထိုလောဘစိတ်သည် အလွန်ပြင်းထန်ပြီး ယွဲ့တုန်၏ ဆွဲထုတ်နိုင်မှုထက် ကျော်လွန်နေသည်။ ထို့ကြောင့် ယွဲ့တုန်၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး သူက သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။ သူ၏ အင်မော်တယ်အတတ်ပညာက ပျက်စီးသွားသည်။

တန်ပြန်ဆိုးကျိုးသည်လည်း အနောက်မှ လိုက်ပါလာသည်။

သို့သော်လည်း ကမ္မအကျိုးဆက်ကို ခံစားရမည့်လူက လန်ယောင်ဖြစ်သည်။ သို့ဖြစ်၍ သူက သွေးတစ်ပွက်အန်လိုက်ရပြီး သူ၏ ခန္ဓာကိုယ်က ချက်ချင်း ခြောက်သွေ့သွားသည်။ သူက သေအံ့ဆဲဆဲအခြေအနေမှာရှိနေစဉ် ရွှီချင်း၏ တိုက်ခိုက်မှုများက ဆက်တိုက် ကျဆင်းလာသည်။

ကောင်းကင်ဘုံသူတော်စင်စေတီသည် အံ့ဖွယ်ကောင်းသော ရတနာတစ်ခုဖြစ်သည်။ ၎င်းက အောက်သို့ ဆင်းသက်လာပြီး ဝင်ဆောင့်လိုက်သည့်အခါ မဟာဧကရာဇ်၏ အကာအကွယ်အလွှာက တုန်ယင်သွားသည်။ ရွှီချင်း၏ နတ်ဘုရားအခွင့်အာဏာများ၊ နတ်ဘုရားအရင်းအမြစ်နှင့် ရုပ်ခန္ဓာကိုယ်၏ တိုက်ခိုက်မှုများကြောင့် အကာအကွယ်အလွှာက စတင်အားနည်းလာသည်။

အကြိမ်ပေါင်းများစွာ တိုက်ခိုက်ပြီးနောက်…

မဟာဧကရာဇ်၏ အကာအကွယ်အလွှာသည် နောက်ဆုံးမှာတော့ စတင်အက်ကွဲသွားသည်။

ဤမဟာဧကရာဇ်၏ အကာအကွယ်အလွှာသည် အစကတည်းက မပြည့်စုံပေ။ အတိတ်တွင် ယွဲ့တုန်က ဖုန်းလင်းတောင်ကို ချုပ်နှောင်ရန် ၎င်း၏ စွမ်းအားတချို့ကို အသုံးပြုခဲ့ရသည်။ ယခု သူက ရွှီချင်း၏ တရစပ် တိုက်ခိုက်မှုများဖြင့် ရင်ဆိုင်နေရသည့်အပြင် အင်မော်တယ်အတတ်ပညာ၏ တန်ပြန်ဆိုးကျိုးကိုလည်း ခံစားနေရသည်။ သို့ဖြစ်လေရာ ဤအကာအကွယ်အလွှာက အချိန်ကြာကြာ တောင့်ခံထားနိုင်မည့်ပုံမပေါ်ကြောင်း ထင်ရှားပေသည်။

ယွဲ့တုန်၏ ဆံပင်က ဖရိုဖရဲဖြစ်သွားပြီး သူ၏ မျက်လုံးထဲမှာ ရူးသွပ်မှု ထွက်ပေါ်လာသည်။ သူက လက်နှစ်ဖက်စလုံးဖြင့် ချိပ်တံဆိပ်လက်သင်္ကေတများကို ဖွဲ့စည်းလိုက်ပြီး အရှေ့သို့ တွန်းထုတ်လိုက်သည်။ နှလုံးကွဲကြေသော အော်ဟစ်သံသည်လည်း မြည်ထွက်လာသည်။

“ ပေါက်ကွဲစမ်း ”

အကာအကွယ်အလွှာက အပြည့်အဝ မအက်ကွဲသွားခင် သူက ယင်းကို ဖောက်ခွဲပစ်လိုက်သည်။

နောက်အခိုက်အတန့်မှာ မဟာဧကရာဇ်၏ အကာအကွယ်အလွှာက ကျယ်လောင်သော မြည်သံနှင့်အတူ အပိုင်းပိုင်းအစစ အက်ကွဲသွားသည်။ ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားသည် အရပ်ရှစ်မျက်နှာဆီသို့ လွင့်စင်သွားသည်။

လေတဟူးဟူး တိုက်ခတ်လာပြီး ရေခဲပြင်က အက်ကွဲသွားသည်။ ကောင်းကင်ပေါ်တွင် အလွန်ကျယ်ပြောသော လှိုင်းအတွန့်များ ထွက်ပေါ်လာကြသည်။

ထိုအခွင့်အရေးကို အသုံးချ၍ ယွဲ့တုန်က လန်ယောင်ကို ဖမ်းဆုပ်လိုက်ပြီး အဝေးသို့ မြန်ဆန်စွာ ထွက်ပြေးသည်။ တစ်ချိန်တည်းမှာ သူက ကျောက်စိမ်းပြားတစ်ခုကို ထုတ်လိုက်ပြီး လေထဲသို့ ပစ်တင်လိုက်သည်။

အစက သူသည် ထိုကျောက်စိမ်းပြားကို အသုံးမပြုချင်ပေ။

သို့သော်လည်း ယခု သူ့မှာ တခြားရွေးချယ်စရာ မရှိတော့ပေ။

ကျောက်စိမ်းပြားက အက်ကွဲသွားသည်နှင့်ချက်ချင်း ရွှီချင်းနှင့် အားညို၏ ပုံရိပ်များက အကာအကွယ်အလွှာ၏ ကိုယ့်ဘာသာ ပေါက်ကွဲမှုကြားထဲမှ တိုးထွက်လာကြသည်။ သူတို့က ယွဲ့တုန်ဆီသို့ ဦးတည်သွားကြသည်။

ရွှီချင်းက နတ်ဘုရားတစ်ပါးနှင့် ဆင်တူသည်။ သူ၏ ခြေလှမ်းတိုင်းက လောက၏ အရောင်ကို ပြောင်းလဲသွားစေသည်။ ဖိအားက အလွန်အံ့ဖွယ်ကောင်းပြီး မွန်မြတ်သော ခံစားမှုက သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။

သူ၏ မျက်နှာက အမူအရာကင်းမဲ့ပြီး သူ၏ မျက်လုံးက အေးစက်သည်။

သူ၏ ဘေးမှ အားညိုသည်တော့ ရွှီချင်းနှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်သည်။

အဆုံးမဲ့သော လောဘစိတ်က အရောင်ခုနစ်ရောင်ထဲမှ တိုးထွက်လာပြီး ဘေးပတ်ဝန်းကျင်ကို အနက်ရောင်သို့ ပြောင်းလဲသွားစေသည်။

ထိုအနက်ရောင်အလင်းထဲတွင် အားညိုက မိစ္ဆာတစ်ကောင်နှင့် ဆင်တူသည်။ သူ၏ ရှည်လျားသော ဆံပင်က လေထဲမှာ ယိမ်းနွဲ့နေသည်။

သူက ရက်စက်ကြမ်းကြုတ်စွာ ရယ်မောလိုက်ပြီး တစ်လှမ်းချင်း လျှောက်လာသည်။

ဤသည်မှာ နတ်ဘုရားတစ်ပါးနှင့် နတ်ဆိုးတစ်ကောင်က ကမ္ဘာမြေပေါ်သို့ အတူတကွ ဆင်းသက်လာကြသည့်အလားပင်။

ထိုမြင်ကွင်းကို မြင်သွားသောအခါ ယွဲ့တုန်၏ အသက်ရှူသံက မြန်ဆန်လာသည်။ ရုတ်တရက် သူက ကျောက်စိမ်းပြားအပိုင်းအစများကို ကြည့်လိုက်ပြီး အသံကုန် အော်ဟစ်လိုက်သည်။

“ လုလင်းဇီ… နင်ဘာလို့ မထွက်လာသေးတာလဲ ”

ယွဲ့တုန်က စကားပြောလိုက်သည်နှင့်ချက်ချင်း အစောနက သူပစ်လွှတ်လိုက်သော ကျောက်စိမ်းပြားအပိုင်းအစများထဲမှ ငွေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာ တည်နေရာပြောင်းရွှေ့ခြင်း အားလှိုင်းအတတ်အကျများက ထွက်ပေါ်လာကြသည်။

ငွေရောင်အလင်းတန်းက ဧရာမဝဲကတော့တစ်ခုကို ဖွဲ့စည်းသွားသည်။ ဝဲကတော့က တုန်ယင်သွားသည့်အခါ ရှည်လျားသော ပုံရိပ်တစ်ခုက အံ့ဖွယ်ကောင်းသော အရှိန်အဝါနှင့်အတူ ဝဲကတော့ထဲမှ ထွက်လျှောက်လာသည်။

ခြေတစ်လှမ်းနှင့်အတူ သူက ဟင်းလင်းပြင်ကို ဖြတ်ကျော်သွားပြီး ယွဲ့တုန်၏ ဘေးသို့ ရောက်ရှိသွားသည်။

ထိုလူက လူငယ်တစ်ယောက်ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် မဟာလောကကိုးခုကို သယ်ဆောင်ထားသည်။ မဟာလောကတစ်ခုစီမှာ အလွန်သိပ်သည်းသော အသက်ဓာတ်ဖြင့် ပြည့်နှက်နေသည်။ သူ၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော ကျင့်ကြံခြင်းစွမ်းအားသည် မဟာလောကကိုးခု ဝိညာဉ်စုစည်းခြင်းအဆင့်၏ အထွတ်အထိပ်မှာ ရှိသည်။

သူ၏ ကျင့်ကြံခြင်းအခြေခံက ဤနေရာမှ ကောင်းကင်နှင့် မြေပြင်အပေါ် သက်ရောက်သွားသည်။ ဤသည်မှာ ဤဧရိယာက သူ့ကိုယ်ပိုင်လောကတစ်ခု ဖြစ်လာသည့်အလားပင်။

သူထွက်ပေါ်လာသည့်အခိုက် ပထမဆုံး သူကြည့်လိုက်သည်မှာ ယွဲ့တုန်မဟုတ်ချေ။ ယင်းအစား သတိမေ့နေသော လန်ယောင်ဖြစ်သည်။

သိမ်မွေ့ညင်သာသော အရိပ်အယောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ထို့နောက် သူက ခေါင်းလှည့်လိုက်ပြီး ရွှီချင်းနှင့် အားညိုကို ကြည့်လိုက်သည်။ သူ၏ အကြည့်ထဲမှ သိမ်မွေ့ညင်သာမှုက စူးရှမှုဖြင့် အစားထိုးခံလိုက်ရသည်။

သူက တည်ငြိမ်စွာ ပြောသည်။

“ မင်းတို့နှစ်ယောက်က ငါ့မိန်းမကို ဒဏ်ရာရအောင် လုပ်တဲ့လူတွေလား ”

All Chapters