← Chapters

မင်းက မင်္ဂလာလက်ဖွဲ့ပေး… ငါက မင်္ဂလာခန်းမထဲ ဝင်မယ်(ခ)

Vol. 96 Ch. 1481

မင်းက မင်္ဂလာလက်ဖွဲ့ပေး… ငါက မင်္ဂလာခန်းမထဲ ဝင်မယ်(ခ)

Vol. 96 Ch. 1481

“ တာအိုရောင်းရင်းတို့ ဒီဟာကို ဆယ့်ငါးမိနစ်ပဲ ငါထိန်းထားနိုင်လိမ့်မယ် ”

“ ဒါကြောင့် ဘယ်မန္တန်ကို တံဆိပ်ရိုက်ခတ်ချင်လဲဆိုတာ မင်းတို့ မြန်မြန် စဉ်းစားကြပါ ”

ရွှီချင်းနှင့် အားညိုက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

သူတို့က ယွဲ့တုန်၏ အင်မော်တယ်အတတ်ပညာကို အသုံးမပြုရန် ရွေးချယ်နိုင်ကြသည်။

“ ဒါပေမဲ့ ယွဲ့တုန်က သူ့ရဲ့ အင်မော်တယ်အတတ်ပညာကို အခွင့်အာဏာအဖြစ် ပြောင်းလဲဖို့ ကြံရွယ်ထားမှတော့ သူက သေချာပေါက် ပြင်ဆင်မှုတွေကို လုပ်ထားရမယ်… အဲ့ဒါက အောင်မြင်နိုင်ခြေ အမြင့်ဆုံးဖြစ်နိုင်တယ် ”

ရွှီချင်းက နှုတ်ဆိတ်သွားသည်။

အားညိုက မျက်မှောင်ကြုတ်လိုက်သည်။

“ ချင်းလေး… မေးခွန်းတစ်ခုကို ငါစဉ်းစားမိတယ်… ယွဲ့တုန်က သူ့ရဲ့ အင်မော်တယ်အတတ်ပညာကို အခွင့်အာဏာအဖြစ် တံဆိပ်ရိုက်ခတ်ချင်ရုံပဲဆိုတာ တကယ်ဟုတ်ပါ့မလား… ယွဲ့တုန်နဲ့ ငါတို့တိုက်ခိုက်ခဲ့တာကို ပြန်စဉ်းစားကြည့်မယ်ဆိုရင် ဒီမိန်းမက အရမ်းဉာဏ်များတဲ့လူနော် ”

“ ဒီတော့ သူ့မှာ နောက်ထပ် အစီအစဉ်တစ်ခုရှိသေးတာ ဖြစ်နိုင်တယ်… အခွင့်အာဏာကို တံဆိပ်ရိုက်ခတ်တာက သူ့ရဲ့ နောက်ဆုံးအစီအစဉ်အတွက် အရေးကြီးတစ်စိတ်တစ်ပိုင်းပဲ ဖြစ်လောက်တယ် ”

အားညို၏ စကားဆုံးသွားသည့်အခါ ရွှီချင်းက နှုတ်ဆိတ်သွားသည်။

လန်ယောင်နှင့် ယွဲ့တုန်၏ ပူးပေါင်းဆောင်ရွက်မှုကို ပြန်စဉ်းစားလိုက်သည့်အခါ အကယ်၍ သူသာ ယင်းကို ဖုန်းလင်းတောင်အတွက် လုပ်ဆောင်ခဲ့ခြင်းဆိုလျှင် သူက လန်မိသားစုနှင့် မဟာဧကရာဇ်၏ တပည့် လုလင်းဇီကြားမှ တိုက်ပွဲမှာ ဝင်ပါရန်မလိုပေ။

သူက လန်မိသားစုထဲမှ ထွက်သွားပြီး ဖုန်းလင်းတောင်၏ အမွေအနှစ်ကို လုယက်ရန် တခြားနည်းလမ်းများကို အသုံးပြုနိုင်သည်။

သို့သော်လည်း အကယ်၍ သူအောင်မြင်သွားလျှင် လန်မိသားစုသာ အကျိုးအမြတ်အများဆုံးရမည့် လမ်းစဉ်ကို သူက ရွေးချယ်ခဲ့သည်။

“ သူ့မှာ တခြားရည်ရွယ်ချက်ရှိရမယ် ”

ရွှီချင်းနှင့် အားညိုက အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့က ခေါင်းမော့လိုက်သည့်အခါ အရိပ်လေး၏ ထိန်းချုပ်ခံထားရသော အရိပ်လေးက ရေခဲမြစ်ထဲမှာ ထွက်ပေါ်လာသည်။

သူထွက်ပေါ်လာသည့်အခိုက် ယွဲ့တုန်က တုန်ယင်သွားသည်။ သူ၏ မျက်လုံးထဲမှာ မကျေမချမ်းစိတ်က ကျန်ရှိနေဆဲပင်။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်ကို အရိပ်လေးက ထိန်းချုပ်ထားသောကြောင့် သူက မခုခံနိုင်ပေ။ အရိပ်လေးက သူ့ကို ထိန်းချုပ်၍ စကားပြောနေသည်ကို သူက အကူအညီမဲ့စွာ ခွင့်ပြုထားရသည်။

“ သခင်… ဒီမိန်းမရဲ့ မှတ်ဉာဏ်ထဲမှာ တခြားရည်ရွယ်ချက် ဘာမှမရှိပါဘူး… ကြည့်ရတာ အင်မော်တယ်အတတ်ပညာကို အခွင့်အာဏာထဲ တံဆိပ်ရိုက်ခတ်တာက သူ့ရဲ့ နောက်ဆုံးအစီအစဉ် ဖြစ်ပါလိမ့်မယ် ”

ရွှီချင်း၏ မျက်လုံးက အေးစက်သွားသည်။ သူက ယွဲ့တုန်၏ မျက်လုံးထဲမှ မကျေမချမ်းစိတ်ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ သူ့ကို ထိန်းချုပ်ပြီး အင်မော်တယ်အတတ်ပညာကို အသုံးပြုပါ… ငါတို့တွေ သူ့ရဲ့ အင်မော်တယ်အတတ်ပညာကို ဒီအမွေအနှစ်အခွင့်အာဏာထဲ တိုက်ရိုက် တံဆိပ်ရိုက်ခတ်ကြမယ် ”

အရိပ်လေးက အမိန့်နာခံလိုက်သည်။

၎င်း၏ ထိန်းချုပ်မှုအောက်မှာ ယွဲ့တုန်က လက်မြှောက်လိုက်ပြီး သူခိုးခြောက်ယောက် လှည့်စားခြင်း အင်မော်တယ်အတတ်ပညာကို အသက်သွင်းလိုက်သည်။

ခုနစ်ရောင်ခြယ်အလင်းက ထွန်းလင်းတောက်ပလာသည့်အခါ ယွဲ့တုန်၏ မျက်လုံးထဲမှ မကျေမချမ်းမှုက မြန်ဆန်စွာ ပျောက်ကွယ်သွားပြီး စိုးရိမ်မှုက အစားထိုးဝင်ရောက်လာသည်။ သို့သော်လည်း ယင်းက အချည်းနှီးသာ ဖြစ်သည်။ အရိပ်လေးက သူ၏ ခန္ဓာကိုယ်ကို အသုံးပြု၍ အင်မော်တယ်အတတ်ပညာအား အသုံးပြုနေသည်ကို သူက အကူအညီမဲ့စွာ ကြည့်နေရသည်။

မကြာမီ ခုနစ်ရောင်ခြယ်အလင်းက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာပြီး ခုနစ်ရောင်ခြယ်အလင်းပင်လယ်ကို ဖွဲ့စည်းလိုက်သည်။ ထို့နောက် အလင်းပင်လယ်က ဖုန်းလင်းတောင်၏ ခန္ဓာကိုယ်အပြင်ဘက်မှာ ဖြစ်တည်နေသော ပန်းပွင့်ကို လွှမ်းခြုံသွားသည်။

ဝေဝါးသော အမှတ်သင်္ကေတများသည် ခုနစ်ရောင်ခြယ်အလင်းကို မြန်ဆန်စွာ စုပ်ယူလိုက်ကြပြီး ထွန်းလင်းတောက်ပလာကြသည်။ နောက်ဆုံးမှာတော့ အရိပ်လေး၏ ထိန်းချုပ်ခံထားရသော ယွဲ့တုန်က လက်မြှောက်လိုက်ပြီး သူ့အရှေ့ကို အကြမ်းပတမ်း ရိုက်ချလိုက်သည်။

ချက်ချင်းဆိုသလို ခုနစ်ရောင်ခြယ်အလင်းပင်လယ်နှင့် ယွဲ့တုန်ကြားမှ ဆက်သွယ်မှုက ဖြတ်တောက်ခံလိုက်ရသည်။

ခုနစ်ရောင်ခြယ်အလင်းအားလုံးက ဖုန်းလင်းတောင်၏ အမွေအနှစ်ပန်းပွင့်ထဲသို့ စီးဆင်းသွားပြီး အမှတ်သင်္ကေတအားလုံးဆီသို့ ခွဲထွက်သွားသည်။ ယင်းက ပန်းပွင့်ကို ပွင့်လန်းနေသော ခုနစ်ရောင်ခြယ်ပန်းပွင့်အဖြစ် ပြောင်းလဲသွားစေသည်။

ပန်းပွင့်ကို စိုက်ကြည့်နေစဉ် ရုန်းကန်ချင်သော စိတ်ဆန္ဒက ဖုန်းလင်းတောင်၏ နှလုံးသားထဲမှ ထွက်ပေါ်လာသည်။ သူက ပန်းပွင့်ကို ထိန်းချုပ်ချင်သည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ ရွှီချင်းနှင့် အားညို၏ ပုံရိပ်က သူ့အရှေ့မှာ ထွက်ပေါ်လာသည်။

ရွှီချင်း၏ အေးစက်စက် အကြည့်နှင့် အားညို၏ မူမမှန်သော အပြုံးကို မြင်သွားသောအခါ ဖုန်းလင်းတောင်က သူ၏ နှလုံးသားထဲမှ ရုန်းကန်ချင်သော စိတ်ဆန္ဒကို အတင်းအကျပ် ဖိနှိပ်လိုက်သည်။ သူက ရိုးသားစွာ ပြောသည်။

“ တာအိုရောင်းရင်းတို့… အဲ့ဒါကို လျောင်ရွှမ်းသူတော်စင်အရည်နဲ့ ရေလောင်းပေးမယ်ဆိုရင် အပြည့်အဝ ဒြပ်ထည်ဖြစ်တည်လာလိမ့်မယ် ”

“ ငါ့ရဲ့ ဝိညာဉ်ထဲမှာ လျောင်ရွှမ်းသူတော်စင်အရည်ကို ဖွက်ထားခဲ့တယ်… အခု ငါ့ရဲ့ လက်ရှိအခြေအနေကြောင့် အပြင်လူတွေက အဲ့ဒါကို မယူနိုင်ဘူး… မဟုတ်ရင် အဲ့ဒါက အခွင့်အာဏာရဲ့ ဖွဲ့စည်းပုံကို ထိခိုက်စေလိမ့်မယ်… ဒီတော့ ငါ့ကိုယ်ပေါ်က အချုပ်အနှောင်တွေကို ကျေးဇူးပြုပြီး ဖြေလျော့ပေးပါ… အဲ့ဒါကို ငါထုတ်ယူပေးပါမယ် ”

ဖုန်းလင်းတောင်က သူ၏ အမူအရာကို စိတ်ရင်းမှန်ပုံပေါ်အောင် အကောင်းဆုံး ကြိုးစားလိုက်သည်။

ယင်းက သူ၏ နောက်ဆုံးဝှက်ဖဲကတ် ဖြစ်သည်။

သို့သော်လည်း သူက အစကတည်းက မှားယွင်းတွက်ချက်ခဲ့သည်။

ရွှီချင်းဆီမှာလည်း လျောင်ရွှမ်းသူတော်စင်အရည် ရှိသည်။ ထို့ပြင် ရွှီချင်း၏ ပမာဏက သူ့ထက် အများကြီး ပိုများသည်။

သို့ဖြစ်၍ နောက်အခိုက်အတန့်မှာ ရွှီချင်းက ညာလက်ကို မြှောက်လိုက်ပြီး ပုလင်းတစ်လုံးကို ထုတ်လိုက်သည်။ သူက လက်ဝှေ့ယမ်းလိုက်သည့်အခါ ဖုန်းလင်းတောင်ထက် ဒါဇင်ခန့် ပိုများသော လျောင်ရွှမ်းသူတော်စင်အရည်က ပန်းပွင့်ပေါ်သို့ ကျဆင်းသွားသည်။

ဤအခိုက်အတန့်မှာ လျောင်ရွှမ်းသူတော်စင်အရည်က ခုနစ်ရောင်ခြယ်ပန်းပွင့်ပေါ်သို့ ကျဆင်းသွားသည့်အခါ ပန်းပွင့်က မြန်ဆန်စွာ ဒြပ်ထည်ဖွဲ့စည်းသွားပြီး ပုံရိပ်ယောင်မှ အစစ်အမှန်သို့ ပြောင်းလဲသွားသည်။

နောက်အခိုက်အတန့်မှာ ရွှီချင်းက လက်မြှောက်လိုက်သည့်အခါ အက်ကွဲသံက ပဲ့တင်ထပ်လာသည်။ ခုနစ်ရောင်ခြယ်ပန်းပွင့်သည် ဖုန်းလင်းတောင်ထံမှ ရုတ်တရက် ခွဲထွက်သွားပြီး ရွှီချင်းထံသို့ ပျံသန်းသွားသည်။

ရွှီချင်းက ပန်းပွင့်ကို ဖမ်းဆုပ်လိုက်ပြီး သူ၏ လက်ဖဝါးပေါ်မှာ တင်လိုက်သည်။

ထိုမြင်ကွင်းက ဖုန်းလင်းတောင်၏ မျက်လုံးကို ပြူးကျယ်သွားစေပြီး အပြင်းအထန် နှလုံးတုန်သွားစေသည်။

“ များလိုက်တာ… ”

အတိတ်မှာ လျောင်ရွှမ်းလှိုဏ်ဂူထဲမှ လျောင်ရွှမ်းသူတော်စင်အရည်က မည်သို့ကြောင့် နည်းပါးနေကြောင်း နောက်ဆုံးမှာတော့ သူနားလည်သွားသည်။ ရွှီချင်းက သူ့ထက်အရင် ကြိုတင်လက်ဦးသွားသောကြောင့် ဖြစ်သည်။

သူ၏ အသိစိတ်က ပရမ်းပတာ လှုပ်ခတ်သွားပြီး မရေမတွက်နိုင်သော စိတ်ခံစားချက်များက သူ၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။ သို့သော်လည်း ယင်းတို့ကို ဖိနှိပ်ရန်မှတပါး သူ့မှာ တခြားရွေးချယ်စရာ မရှိပေ။ သူက ခါးသီးမှုနှင့် မကျေနပ်မှုကို မျိုသိပ်လိုက်ပြီး ဖော်လံဖားသော အမူအရာကို ထုတ်ဖော်လိုက်သည်။ တစ်ချိန်တည်းမှာ သူ၏ မျှော်လင့်ချက်ကို ခုနစ်ရောင်ခြယ်ပန်းပွင့်ပေါ်မှာ ပုံအောလိုက်သည်။

ထိုပန်းပွင့်သည် ကျယ်ပြောသော အရှိန်အဝါကို ထုတ်လွှတ်နေပြီး ယင်းထဲမှာ ကိန်းအောင်းနေသော မဟာတာအိုက အလွန်ကြီးမားသည်။

၎င်းက အစစ်အမှန် အခွင့်အာဏာတစ်ခု ဖြစ်လာသည်။

ထို့ပြင် ၎င်းက ပိုင်ရှင်မရှိသေးပေ။ တစ်စုံတစ်ယောက်က ၎င်းကို ပေါင်းစပ်လိုက်သည်နှင့် ၎င်းက တာအိုအမှတ်အသားတစ်ခုအဖြစ် ပြောင်းလဲသွားလိမ့်မည်။

အကယ်၍ ထိုသို့ကံကြမ္မာကောင်းကို အပြင်လောကမှာ ထုတ်ဖော်လိုက်မည်ဆိုလျှင် မရေမတွက်နိုင်သော ကျင့်ကြံသူများက ရူးသွပ်သွားကြလိမ့်မည်။ အမှန်မှာ နတ်ဘုရားများသည်ပင် ၎င်း၏ သွေးဆောင်ခံရလိမ့်မည်။

‘ အဲ့ဒါက တစ်ခုတည်း ရှိတယ်… ’

ဖုန်းလင်းတောင်က ဖော်လံဖားသော အမူအရာကို ထုတ်ဖော်ထားသော်လည်း စိတ်ထဲမှာ ကြိတ်တွေးလိုက်သည်။ အကယ်၍ ထိုနေရာမှာ သူသာဆိုလျှင် သူတို့က ညီအကိုရင်းများဖြစ်လျှင်ပင် ၎င်းကို သူလုယက်လိမ့်မည်။ ဘာမှသွေးမတော်သော လူများဆိုလျှင်တော့ ပြောနေစရာ မလိုပေ။

သို့သော်လည်း နောက်အခိုက်အတန့်မှာ သူ့ကို နှလုံးခုန်မြန်စေမည့် မြင်ကွင်းတစ်ခုက ထွက်ပေါ်လာသည်။ ရွှီချင်းက ခုနစ်ရောင်ခြယ်ပန်းပွင့်ကို တစ်ခဏ ကြည့်ပြီးနောက် ၎င်းကို အားညိုထံသို့ တကယ်ကြီး ပစ်ပေးလိုက်သည်။

အားညိုက ၎င်းကို ဖမ်းလိုက်ပြီး ဆုပ်ကိုင်လိုက်ကာ တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူက ခေါင်းမော့လိုက်ပြီး ဖုန်းလင်းတောင်ကို ကြည့်လိုက်သည်။

ဖုန်းလင်းတောင်၏ ဖော်လံဖားသော အမူအရာက ပိုပြီးထင်ရှားလာသည်။

အားညိုက ပြုံးလိုက်သည်။

“ ဖုန်းလေး… ငါမင်းအတွက် မျက်လှည့်တစ်ခု ပြမယ်… ပြောရမယ်ဆိုရင် ဒီမျက်လှည့်က မင်းရဲ့ သဘောထားကြီးမှုကြောင့်မဟုတ်ရင် ပြလို့ရမှာမဟုတ်ဘူး ”

ထိုသို့ပြောပြီးနောက် ဖုန်းလင်းတောင်၏ ဇဝေဇဝါဖြစ်သော အကြည့်အောက်မှာ အားညိုက ရွှီချင်းကို ကြည့်လိုက်သည်။

သူတို့က ဤနေရာသို့ မလာခင် လမ်းမှာကတည်းက ဤပြဿနာအတွက် ဖြေရှင်းနည်းတစ်ခုကို ရှာတွေ့ခဲ့ကြသည်။

သို့ဖြစ်၍ ရွှီချင်းက လက်မြှောက်လိုက်သည့်အခါ သူ၏ ကောင်းကင်ဘုံသူတော်စင်နွယ်ပင်က အားညိုဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။

All Chapters