မင်းက မင်္ဂလာလက်ဖွဲ့ပေး… ငါက မင်္ဂလာခန်းမထဲ ဝင်မယ်(ဂ)
Vol. 96 Ch. 1482
အားညို၏ ခန္ဓာကိုယ်က လှုပ်ယမ်းသွားပြီး သူ၏ ကောင်းကင်ဘုံသူတော်စင်နွယ်ပင်သည်လည်း ပျံသန်းထွက်သွားသည်။
ကောင်းကင်ဘုံသူတော်စင်နွယ်ပင်နှစ်ခုသည် တစ်ချိန်က တစ်ခုတည်း ဖြစ်ခဲ့ကြသည်။ သို့သော်လည်း နောက်ပိုင်းတွင် ၎င်းက အားညို၏ အကိုက်ခံလိုက်ရပြီး နှစ်ခုကွဲထွက်သွားခဲ့သည်။ ယခု ၎င်းတို့နှစ်ခုက စတင်ပေါင်းစပ်သွားကြပြီး တစ်ခုတည်း ပြန်ဖြစ်သွားသည်။
ထို့နောက် ဖုန်းလင်းတောင်၏ ထိတ်လန့်သော အကြည့်အောက်မှာ အားညိုက သူ၏ လက်ထဲမှ ခုနစ်ရောင်ခြယ်ပန်းပွင့်ကို ကောင်းကင်ဘုံသူတော်စင်နွယ်ပင်ဆီသို့ ပစ်လွှတ်လိုက်သည်။
ကောင်းကင်ဘုံသူတော်စင်နွယ်ပင်သည် ပါးစပ်ဟလိုက်ပြီး ပန်းပွင့်ကို ဝါးမျိုလိုက်သည်။
ချက်ချင်းဆိုသလို ခုနစ်ရောင်ခြယ်အလင်းက ၎င်း၏ တစ်ကိုယ်လုံးမှ ထွန်းလင်းတောက်ပလာသည်။ အလင်းက လှည့်ပတ်သွားသည့်အခါ ယင်းက တာအိုအမှတ်အသားတစ်ခုအဖြစ် ပြောင်းလဲသွားပြီး နွယ်ပင်တစ်လျှောက် ပျံ့နှံ့သွားသည်။ ထို့နောက် နွယ်ပင်က နောက်တစ်ကြိမ် ကွဲထွက်သွားပြီး ၎င်းတို့သခင်ဆီသို့ ပြန်သွားကြသည်။
ထိုနွယ်ပင်များက ရွှီချင်းနှင့် အားညို၏ ခန္ဓာကိုယ်ဖြင့် ပေါင်းစပ်သွားသည့်အခါ သူတို့၏ ခန္ဓာကိုယ်က တုန်ယင်သွားကြပြီး သူတို့က မျက်လုံးမှိတ်လိုက်ကြသည်။ အခွင့်အာဏာ၏ အရှိန်အဝါက သူတို့၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီး သူတို့က ယင်းကို စတင်စုပ်ယူလိုက်ကြသည်။
အင်မော်တယ်အတတ်ပညာ သူခိုးခြောက်ယောက် လှည့်စားခြင်းက ပြီးပြည့်စုံစွာ နှစ်ပိုင်းကွဲထွက်သွားသည်။
ဖုန်းလင်းတောင်က စိတ်ပျက်သွားသည်။ အကူအညီမဲ့မှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။
ဘေးမှ ယွဲ့တုန်ထံတွင်လည်း တူညီသော စိတ်ခံစားချက်က ထွက်ပေါ်လာသည်။
သူတို့နှစ်ယောက်က သူတို့၏ ဘဝတစ်လျှောက်တွင် ပထမဆုံးအကြိမ် တူညီသော စိတ်ခံစားချက်ကို ခံစားမိသွားကြသည်။
သို့သော်လည်း ရလဒ်သည် မပြောင်းလဲသွားပေ။ သူတို့နှစ်ယောက်ကို ပိုပြီးထိတ်လန့်သွားစေသည်မှာ အသက်ဆယ်ခါရှူချိန်ကြာမြင့်ပြီးနောက် ရွှီချင်းနှင့် အားညိုက မျက်လုံးပြန်ဖွင့်လိုက်ကြပြီး ယွဲ့တုန်ကို တစ်ပြိုင်နက် စိုက်ကြည့်လိုက်ကြသည်။
“ ဒီတော့ အဲ့ဒီလိုကို ”
“ မင်းက တကယ့်ရည်ရွယ်ချက်ကို အင်မော်တယ်အတတ်ပညာထဲမှာ ဖွက်ထားတာပဲ… အဲ့ဒါက အခွင့်အာဏာတစ်ခုအဖြစ် မပြောင်းလဲသွားဘူးဆိုရင် အဲ့ဒါကို ငါတို့ရှာဖွေနိုင်မှာ မဟုတ်ဘူး ”
“ အရိပ်လေးက အဲ့ဒါကို မင်းရဲ့ မှတ်ဉာဏ်ထဲမှာ မရှာဖွေနိုင်တာ မထူးဆန်းတော့ပါဘူး… ”
ယွဲ့တုန်ဆီမှာ ပိုပြီးနက်ရှိုင်းသော အစီအစဉ်တစ်ခု အမှန်တကယ်ရှိသည်။ ထိုအကြောင်းအရင်းကြောင့် သူက လန်မိသားစုနှင့် ပူးပေါင်းဆောင်ရွက်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
သူက အရေးကြီးအခိုက်အတန့်မှာ ထိုအတွေးကို သူ၏ မှတ်ဉာဏ်ထဲမှ ပယ်ဖျက်ခဲ့ပြီး အင်မော်တယ်အတတ်ပညာထဲသို့ လွှဲပြောင်းခဲ့သည်။ သို့ဖြစ်၍ အရိပ်လေးက ယင်းကို မရှာဖွေနိုင်ခြင်း ဖြစ်သည်။
ယခု ရွှီချင်းနှင့် အားညိုက အခွင့်အာဏာဖြင့် ပေါင်းစပ်လိုက်သည့်အခါ သူ၏ ရည်ရွယ်ချက်ကို အကြမ်းဖျဉ်း နားလည်သွားကြသည်။
ဖုန်းလင်းတောင်၏ အမွေအနှစ်ကို သန့်စင်ပြီး အင်မော်တယ်အတတ်ပညာကို အခွင့်အာဏာအဖြစ် တံဆိပ်ရိုက်ခတ်ခြင်းက ယွဲ့တုန်၏ အစီအစဉ်ထဲမှ ဒုတိယခြေလှမ်းသာ ဖြစ်သည်။
သူ၏ ပထမခြေလှမ်းက လန်မိသားစုကို ကူညီပြီး မဟာဧကရာဇ်၏ တပည့်ကို အပြင်သို့ မျှားခေါ်ထုတ်ပေးရန် ဖြစ်သည်။ တစ်ချိန်တည်းမှာ သူက ဖုန်းလင်းတောင်၏ အမွေအနှစ်ကို လုယက်ရန်လည်း အစီအစဉ်ဆွဲခဲ့သည်။
ဒုတိယခြေလှမ်းက ဖုန်းလင်းတောင်၏ အမွေအနှစ်ဖြင့် ပေါင်းစပ်ပြီး အင်မော်တယ်အတတ်ပညာ သူခိုးခြောက်ယောက် လှည့်စားခြင်းကို အခွင့်အာဏာတစ်ခုအဖြစ် ပြောင်းလဲရန် ဖြစ်သည်။
တတိယခြေလှမ်းသည် သူ၏ အန္တိမရည်ရွယ်ချက် ဖြစ်သည်။
သူနှင့် လန်မိသားစုကြားမှာ သဘောတူညီမှုတစ်ခု ရှိခဲ့သည်။ ယင်းမှာ လန်မိသားစုက ဓမ္မမှော်ဝင်မျက်လုံးကို ရရှိသွားသည့်အခါ လုလင်းဇီ၏ ခန္ဓာကိုယ်ကို သူ့အား ပေးရလိမ့်မည်။ ထို့နောက် သူက လုလင်းဇီကို သက်ရှိရုပ်သေးရုပ်အဖြစ် သန့်စင်ပစ်လိမ့်မည်။
ထို့နောက် သူက ထိုရုပ်သေးရုပ်ကို ထိန်းချုပ်ပြီး မဟာဧကရာဇ် တံခါးပိတ်ကျင့်ကြံနေသော လန်မိသားစု၏ သီးသန့်နေရာဆီသို့ သွားရောက်လိမ့်မည်။ ထိုနေရာမှာ သူက သေဆုံးသွားပြီဟု သံသယရှိသော မဟာဧကရာဇ်၏ ရုပ်ခန္ဓာကိုယ်ကို လုယက်လိမ့်မည်။
လန်မိသားစုက မည်သည့်အရာကို လျှို့ဝှက်ထားကြောင်း မသိရသော်လည်း သူတို့က ကိုယ့်ကိုယ်ကိုယ် အကြွင်းမဲ့ ယုံကြည်ကြသည်။ ထို့ပြင် ထိုမဟာဧကရာဇ်က အမှန်တကယ် သေဆုံးသွားပြီဟူသော သတင်းကိုလည်း သူတို့က ယွဲ့တုန်ကို ပြောပြခဲ့ကြသည်။
ထို့ပြင် မဟာဧကရာဇ် တံခါးပိတ်ကျင့်ကြံနေသော နေရာက ချိပ်ပိတ်ခံထားရသည်။ မဟာဧကရာဇ်၏ သေဆုံးမှုမှ ထုတ်လွှတ်လိုက်သော ကျင့်ကြံခြင်းအခြေခံနှင့် တာအိုအုတ်မြစ်က မကြာခင် ငြိမ်သက်သွားလိမ့်မည်။ အကယ်၍ သူတို့က ယင်းကို စုပ်ယူနိုင်မည်ဆိုလျှင် တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းက တစ်ဟုန်ထိုး မြင့်တတ်သွားလိမ့်မည်။
သူတို့ပြောသည့် အစီအစဉ်အရဆိုလျှင် ယင်းက သေချာပေါက် အောင်မြင်လိမ့်မည်။
ထိုအချိန်ကျလျှင် လန်မိသားစုက တခြားအမွေအနှစ်များနှင့် မဟာဧကရာဇ်၏ ကျင့်ကြံခြင်းအခြေခံကို ရရှိသွားလိမ့်မည်။
ယွဲ့တုန်သည်တော့ သူက ဤအခွင့်အာဏာကို မဟာဧကရာဇ်၏ အလောင်းပေါ်မှာ တံဆိပ်ရိုက်ခတ်ပြီး မဟာဧကရာဇ်ကို အလောင်းကောင်ရုပ်သေးရုပ်အဖြစ် သန့်စင်ပစ်လိမ့်မည်။
ထိုအစီအစဉ်သည် ထုံးစံအားဖြင့် အသေးစိတ်ကျရန် လိုအပ်ပြီး ထိုထဲမှာ ဉာဏ်များမှုအများကြီး ပါဝင်သည်။ အပေါ်ယံတွင်တော့ ယွဲ့တုန်၏ ဇာတ်ကောင်နေရာက သိပ်အရေးမပါဟန် ရ၏။
သို့သော်လည်း လန်မိသားစုက ယွဲ့တုန်နှင့် ပူးပေါင်းဆောင်ရွက်ရန် ရွေးချယ်ခဲ့ဆဲပင်။
သို့သော်လည်း ထိုအစီအစဉ်၏ အသေးစိတ်အကြောင်းအရာသည် ဤအတွေးထဲမှာ မပါဝင်ပေ။
ယွဲ့တုန်က ယင်းကို ဖုံးကွယ်ရန် တခြားနည်းလမ်းကို အသုံးပြုခဲ့ခြင်းလော သို့မဟုတ် ယင်းကို တခြားလူများ၏ စိတ်ခံစားချက်များထဲမှာ ဖုံးကွယ်ထားခဲ့ခြင်းလော မသေချာပေ။
သို့တိုင်အောင် အားညိုက ထိုအစီအစဉ်၏ ရူးသွပ်မှုကြောင့် စိတ်လှုပ်ရှားသွားဆဲပင်။
“ ဒီယွဲ့တုန်က သောက်ရမ်းရူးသွပ်ပြီး ရဲတင်းတာပဲ… အဲ့ဒါကို ငါသဘောကျတယ် ”
အားညိုက မျက်လုံးဝင်းလက်သွားသည်။ သူက ခေါင်းလှည့်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။
“ ချင်းလေး… ယွဲ့တုန်က ငါတို့နဲ့ ကံစပ်မှတော့ ဒီနောက်ဆုံးခြေလှမ်းကို ငါတို့တွေ ပြီးမြောက်အောင် ဆက်ပြီး ဆောင်ရွက်ပေးကြတာပေါ့… တကယ်လို့ ငါတို့က အဲ့ဒါကို သူ့ကိုယ်စား ပြီးမြောက်အောင် မဆောင်ရွက်ပေးဘူးဆိုရင် ငါတို့ရဲ့ ကိုယ်ကျင့်တရားက မထိခိုက်သွားနိုင်ဘူးလား ”
“ ဒါ့အပြင် မဟာဧကရာဇ်တစ်ပါး တံခါးပိတ်ကျင့်ကြံတဲ့ နေရာမှာ ကျင့်ကြံခြင်းအဆင့်တတ်ဖို့အတွက် အခွင့်အလမ်းတွေ အများကြီးပဲ ရှိတယ်… ငါတို့က ပုံမှန်အတိုင်း ကျင့်ကြံမယ်ဆိုရင် အဆင့်တတ်ဖို့ အရမ်းနှေးတယ်… ဒီတော့ အဲ့ဒီဟာကို ငါတို့လုပ်ဆောင်ကြရင် မကောင်းဘူးလား ”
“ ဒီထဲမှာ မသင်္ကာစရာတစ်ခု ရှိနိုင်တယ်ဆိုပေမဲ့ ငါတို့တွေ ကိစ္စကြီးတစ်ခုကို မလုပ်ဆောင်တာ အတော်ကြာပြီမဟုတ်လား ”
“ ငါတို့က ဒီအစီအစဉ်ထဲမှာ ပါဝင်ပြီးနေမှတော့… တကယ်လို့ ငါမသွားဘူးဆိုရင် ငါ့ရဲ့ တာအိုနှလုံးသားက မတည်မငြိမ်ဖြစ်လာလိမ့်မယ် ”
အားညိုက နှုတ်ခမ်းသပ်လိုက်သည့်အခါ သူ၏ မျက်လုံးထဲတွင် ရူးသွပ်မှုဖြင့် ပြည့်နှက်သွားသည်။