← Chapters

အခန်း (၂၁၄)

Vol. 15 Ch. 214

အခန်း (၂၁၄)

Vol. 15 Ch. 214

"ကျန်းချန်က လှုပ်တောင်မလှုပ်ဘူးဟ.. ဒါဘယ်လိုအခြေအနေကြီးလဲ"

"သူ...သူက တကယ်ပဲ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို အားကိုးပြီး လီယန်ရဲ့လက်သီးကို ခုခံမှာလား.. ဒါက တကယ် ရူးမိုက်တဲ့လုပ်ရပ်ပဲ"

စင်ပေါ်တွင် ပြန်လည်တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိသည့် ကျန်းချန်ကိုမြင်လျှင် ပတ်ဝန်းကျင်ရှ် လူတိုင်းသည် တီးတိုး ဆွေးနွေးကုန်ကြသည်။

"မင်းက ငါ့ကို ဒီလိုမျိုး အထင်သေးရဲတယ်.. သွားသေလိုက်တော့ ကျန်းချန်"

ကျန်းချန်က သူ၏ တိုက်ခိုက်မှုကို သောက်ဂရုစိုက်ပုံ မရသည်ကို မြင်လျှင် လီယန်၏ အမူအရာသည် ချက်ချင်းပင် အကျည်းတန်သွားခဲ့၏။

လီယန်၏ ပြင်းထန်သောလက်သီးချက်သည် ကျန်းချန်၏ ရင်ဘတ်ကို ပြင်းပြင်းထန်ထန် ထိမှန်သွားခဲ့သည်။

"ထန်းး"

ပြိုင်ပွဲစင်ပေါ်တွင် သတ္တုချင်း ထိခတ်သံ ထွက်ပေါ်လာ၏။

နောက်ထပ် တစ်ခဏတွင် လီယန်၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ခါသွားသည်။

​သူက ပါးစပ်ကနေ သွေးတစ်လုတ်ကို ထွေးထုတ်ကာ ကြိုးပြတ်သွားသည့် စွန်တစ်ကောင်နှယ် ပြိုင်ပွဲစင်ပေါ်ကနေ ပြုတ်ကျသွားခဲ့သည်။

ဤမြင်ကွင်းကြောင့် ရင်ပြင်ထဲရှိ မရေမတွက်နိုင်သော ပရိသတ်များ၏ မျက်လုံးများသည် ဝိုင်းစက်သွားခဲ့၏။

ဤတစ်ကြိမ် ပြိုင်ပွဲ၏ အားအကောင်းဆုံး ဖျက်မြင်း ကျန်းချန်က လီယန်ကို အနိုင်ယူနိုင်မည်ကို သူတို့ ယုံကြည်ကြသော်လည်း ယခုလို နည်းလမ်းဖြင့် အနိုင်ယူလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားကြပေ။

ကျန်းချန်က နေရာမှာတင် မလှုပ်မယှက် ရပ်နေသော်လည်း တက်ကြွစွာ တိုက်ခိုက်ခဲ့သည့် လီယန်ကမူ ပြင်းပြင်းထန်ထန် ထိခိုက်ကာ ပြိုင်ပွဲစင်ပေါ်ကနေ တိုက်ရိုက် ပျံသန်းသွားခဲ့သည်။

"ဒါ... ဒါက အရမ်းမယုံနိုင်စရာပဲ"

"ဟမ့်.. လီယန်လိုကောင်ကိုပဲ ဒါမျိုးလုပ်လို့ရမယ်.. ခဏနေ ငါနဲ့တွေ့ရင် ငါ့လက်ထဲကဓားကို မင်းရဲ့ခန္ဓာကိုယ်နဲ့ ဘယ်လိုကာကွယ်မလဲဆိုတာ ငါကြည့်မယ်"

ယဲ့ချမ်ချိုးက မထီမဲ့မြင် ပြုံးလိုက်သည်။

ကျန်းချန်တွင် ထိုကဲ့သို့ စွမ်းရည်ရှိသော်လည်း သူ့အတွက် ဓားတစ်လက်ရှိလျှင် ထိုးဖောက်ရန် လုံလောက်၏။

"ဒီကောင်က ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို ကျင့်ကြံထားတာလား"

တစ်ဖက်တွင်လည်း ချန်လုံကျောင်းတော်မှ ယင်ခိုင်သည် စင်ပေါ်ရှိ ကျန်းချန်ကို ကြည့်ကာ မျက်လုံးများ ရုတ်တရက် ကျုံ့သွားခဲ့သည်။

လီယန်၏ အင်အားက ချီကာကွယ်ရေး အဆင့်၈ ရှိသော်လည်း ကျန်းချန်သည် သူ့ခန္ဓာကိုယ်၏ တန်ပြန်တုန်ခါမှုအကူအညီဖြင့် လီယန်ကို လွင့်စင်အောင် လုပ်ဆောင်နိုင်ခဲ့သည်။

ထို့ကြောင့် ကျန်းချန်၏ ခွန်အားက အနည်းဆုံး မူလဘူတ အဆင့်နှင့် နှိုင်းယှဉ်နိုင်သည့် အဆင့်ကို ရောက်ရှိနေပြီဟု သူမှန်းဆခဲ့သည်။

ကျန်းချန် စင်ပေါ်က ဆင်းသွားပြီးသည့်နောက်တွင် ပွဲက စနစ်တကျ ဆက်လက် ကျင်းပခဲ့သည်။

ကျောင်းသား ၆၄ ယောက်တွင် လင်ယွင်ကျောင်းတော်သည် ကျန်းချန်အပြင် ဝင်ရောက်ခဲ့သည့်လူ သုံးယောက် ရှိပါသေးသည်။

ထိုသုံးယောက်တွင် ဝူဖေးလုံကသာလျှင် ပထမအဆင့် တိုက်ပွဲကို အနိုင်ရခဲ့သည်။

တိုက်ပွဲအနည်းငယ် ပြီးသည့်နောက်တွင် ကျန်းချန်၏ အလှည့်ကို တစ်ဖန်ပြန်ရောက်လာခဲ့သည်။

ဤတစ်ခေါက် ကျန်းချန်၏ ပြိုင်ဘက်သည် ချန်လုံကျောင်းတော်မှ ရှစ်ရှန်ဟု ခေါ်သည့် မူလဘူတ အဆင့်ကျင့်ကြံသူ ဖြစ်၏။

"ကျန်းချန်.. မင်းက ဒီတစ်ကြိမ် ပြိုင်ပွဲမှာ အားအကောင်းဆုံး ဖျက်မြင်း ဖြစ်ပြီး ငါ့စီနီယာအစ်ကိုကြီး ယင်ခိုင်နဲ့ ပထမနေရာ အတွက် ယှဉ်ပြိုင်နိုင်တဲ့ အရည်အချင်းရှိတယ်လို့ ပြောကြတယ်.. မင်းမှာ တကယ်ပဲ ဒီအရည်အချင်းရှိလားဆိုတာကို ငါအရင် စမ်းကြည့်ချင်တယ်"

ရှစ်ရှန်က သူ့ရှေ့မှာ ရပ်နေသည့် ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။

"မင်းကို အနိုင်ယူဖို့ ငါဘာမှ လှုပ်ရှားဖို့မလိုဘူး"

ကျန်းချန်က ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။

"ကျန်းချန်.. မင်းက ငါ့ကို လီယန်လို တကယ်ပဲ သဘောထားနေတာလား"

"ငါ့ရှေ့မှာ ဒီလောက်တောင် မာနထောင်လွှားရဲမှတော့ ဒီအတွက် မင်း ပြန်လည် ပေးဆပ်စေရမယ်"

ရှစ်ရှန်၏ မျက်နှာက အေးစက်သွားပြီး သူ၏ မူလဘူတ အဆင့် စွမ်းအင်သည် အင်အား အလုံးအရင်းဖြင့် ပေါက်ကွဲထွက်သွားခဲ့သည်။

ပြင်းထန်သည့် လက်ဝါးရိုက်ချက်သည် အားပြင်းသည့် လှိုင်းတံပိုး သဖွယ် ကျန်းချန်ဆီကို တိုးဝင်လာ၏။

ကျန်းချန်က အလွန်တည်ငြိမ်သော အမူအရာဖြင့် လက်ပိုက်၍ ရပ်နေခဲ့သည်။

သူက ပြန်လည်တိုက်ခိုက်ရန် လုံးဝ မရည်ရွယ်ခဲ့ပေ။

ပထမအဆင့်ပြိုင်ပွဲတုန်းကလို အတိအကျပြုမူနေသည့် ကျန်းချန်ကို ကြည့်ရင်း ရင်ပြင်ပေါ်ရှိ လူတိုင်း၏ မျက်လုံးများသည် မယုံကြည်နိုင်လောက်အောင် ပြူးကျယ်သွားခဲ့သည်။

တစ်ဖက်မှ ရှစ်ရှန်သည် မူလဘူတအဆင့် စစ်မှန်သည့်ကျင့်ကြံသူ တစ်ယောက်ဖြစ်သည်။

"သူ...သူက အစောပိုင်းကလိုပဲ သူ့ရဲ့ ခန္ဓာကိုယ်ကို သုံးပြီး မူလဘူတအဆင့် ကျင့်ကြံသူရဲ့ တိုက်ခိုက်မှုကို ကာကွယ်ချင်နေတာလား"

အခန်း(၂၁၄) ပြီး၏

All Chapters