← Chapters

အခန်း (၂၁၆)

Vol. 15 Ch. 216

အခန်း (၂၁၆)

Vol. 15 Ch. 216

ရင်ပြင်ထဲရှိ လူတိုင်းသည် ကျန်းချန်၏ အားကောင်းသော ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ်ကြောင့် အံ့သြ တုန်လှုပ်သွားကြသည်။

ကျန်းချန်က ပြုံး၍ ရှစ်ရှန်ကို ကြည့်လိုက်သည်။

"ဆက်တိုက်ချင်သေးလား"

ရှစ်ရှန်၏ မျက်နှာက အလွန်ပင် ညိုညစ်ညစ် ဖြစ်နေသည်။

သူက အသက်ခပ်ပြင်းပြင်းရှူလိုက်ပြီး ကျန်းချန်နှင့် ဆက်လက်တိုက်ခိုက်ရန် သင့်မသင့် စိတ်ထဲကနေ တွက်ချက်ခဲ့၏။

အစောပိုင်းတွင် သူသည် သူ၏ အားအကောင်းဆုံး လက်သီးချက် နှစ်ချက်ကို ထုတ်ဖော်ခဲ့သည်။

ပထမဆုံးလက်သီးချက်သည် ကျန်းချန်ကို သုံးလှမ်းသာနောက်ဆုတ်သွားစေခဲ့ပြီး ဘာမျှ မထိခိုက်စေခဲ့ပေ။

ဒုတိယလက်သီးချက်ကမူ ကျန်းချန်ကို နောက်မဆုတ်သွားစေရုံသာမက ကျန်းချန်၏ အားကောင်းသော တန်ပြန်သက်ရောက်မှု အင်အားကြောင့် သူကပင် နောက်ဆုတ်ခဲ့ရသည်။

ဆိုရလျှင် သူ၏ အင်အားဖြင့် ကျန်းချန်ကို လုံးဝဖျက်ဆီး၍ မရပေ။

ကျန်းချန်နှင့် ဆက်လက် တိုက်ခိုက်နေမည်ဆိုလျှင် အဓိပ္ပာယ်မရှိရုံတင်မက ခွန်အားကုန်ဆုံးပြီး နောက်ထပ်ပြိုင်ပွဲများတွင် သူ၏ စွမ်းဆောင်ရည်ကို ထိခိုက်စေမည် ဖြစ်သည်။

ယင်းက စီရင်စုကိုးခု ကိုယ်ခံပညာ ပြိုင်ပွဲတွင် သူ၏ အဆင့်ကိုပင် ထိခိုက်စေနိုင်၏။

"ငါအရှုံးပေးတယ်"

အချိန်အတော်ကြာ စဥ်းစားပြီးနောက်တွင် ရှစ်ရှန်သည် ပြတ်သားစွာ ဆုံးဖြတ်လိုက်သည်။

သူက အေးစက်စက် ပြောဆိုလိုက်ပြီး ပြိုင်ပွဲစင်မြင့်ပေါ်ကနေ ထွက်သွားလိုက်၏။

ကျန်းချန်က ရှစ်ရှန်ကို လွယ်လွယ်ကူကူ အနိုင်ယူပြီးသည့်နောက်တွင် ပြိုင်ပွဲသည် ဆက်လက်ကျင်းပခဲ့သည်။

နောက်ထပ်ပွဲအနည်းငယ်တွင် ကျန်းချန် အတွက် အလွန်လွယ်ကူသွားသည်မှာ သံသယဖြစ်စရာမရှိပေ။

အဆုံးသတ်တွင် လူတိုင်းသည် ရှစ်ရှန်နှင့် တိုက်ပွဲတွင် ကျန်းချန်၏ အားကောင်းသော ခွန်အားကို မြင်တွေ့ခဲ့ရသည်။

ရှစ်ရှန်လို မူလဘူတ အဆင့် ကိုယ်ခံပညာရှင်ပင် ကျန်းချန်ကို မထိုးဖောက်နိုင်ရာ မည်သူက ကျန်းချန်နှင့် မိုက်မိုက်ကန်းကန်း ယှဥ်ပြိုင်ကာ အချိန်ဖြုန်းနေတော့မည်နည်း။

ထို့ကြောင့် နောက်ထပ် ပွဲအနည်းငယ်တွင် ကျန်းချန်၏ ပြိုင်ဘက်အားလုံးသည် သံသယဖြစ်ဖွယ်ရာ မရှိဘဲ အရှုံးပေးဖို့သာ ရွေးချယ်လိုက်ကြသည်။

ပဉ္စမအဆင့်တွင် စန်းလဲ့ကျောင်းတော်မှ လဲ့ချင်းနှင့် ရင်ဆိုင်တွေ့ခဲ့သော်လည်း လဲ့ချင်းသည် တိုက်ပွဲကို ရှောင်ရှားဖို့သာ ရွေးချယ်ခဲ့သည်။

ဤအခြေအနေက နဝမမြောက် အဆင့် အထိ ဆက်လက် တည်ရှိနေခဲ့၏။

ကျန်းချန်သည် နဝမ​မြောက် အဆင့်တွင် အဆုံးသတ်၌ ဟောင်ထျန်းကျောင်းတော်မှ ယဲ့ချမ်ချိုးနှင့် ရင်ဆိုင်ခဲ့ရသည်။

ယခင်ရှစ်ပွဲတွင် ကျန်းချန်အပြင် ပြိုင်ပွဲတိုင်း အနိုင်ရရှိသည့် မှတ်တမ်းကို ဆက်လက် ထိန်းသိမ်းထားသူမှာ ယဲ့ချမ်ချိုးနှင့် ယင်ခိုင်သာ ရှိသည်။

ထို့ကြောင့် နဝမမြောက်ပြိုင်ပွဲတွင် ကျန်းချန်နဲ့ ယဲ့ချမ်ချိုးတို့၏ ထိပ်တိုက်တွေ့ဆုံမှုသည် လူအများ အာရုံစိုက်စရာ တိုက်ပွဲတစ်ခု ဖြစ်လာမည်မှာ သံသယဖြစ်စရာပင် မလိုပေ။

အနိုင်ရရှိသူသည် ကိုးမှတ်ကို ချောချောမွေ့မွေ့ ရရှိနိုင်၏။

ရှုံးနိမ့်ခဲ့လျှင်ပင် တစ်မှတ်လျှော့ခံရပြီး ခုနစ်မှတ်အဖြစ် ပြောင်းလဲသွားပေလိမ့်မည်။

ဤပွဲစဥ်ကိုရှူံး၍ နောက်ဆုံးပွဲစဥ်ကို အနိုင်ရခဲ့လျှင်ပင် ပထမနေရာ အတွက် ယှဉ်ပြိုင်နိုင်မည့် အခွင့်အရေးကို ဆုံးရှုံးသွားမည် ဖြစ်သည်။

လူတိုင်း၏ မျှော်လင့်ချက် အကြည့်အောက်မှာပင် ကျန်းချန်နှင့် ယဲ့ချမ်ချိုးတို့ နှစ်ယောက်စလုံးသည် စင်ပေါ် တက်လာကြ၏။

ယဲ့ချမ်ချိုးက မာနကြီးသောအမူအရာဖြင့် ရပ်နေခဲ့သည်။

သူ့ရှေ့မှ ကျန်းချန်ကို ကြည့်နေသည့် သူ့မျက်လုံးများသည် အလွန်တရာ အေးစက်နေခဲ့သည်။

"ကျန်းချန်.. နောက်ဆုံးတော့ မင်းနဲ့ တွေ့ခွင့်ရပြီ"

ယမန်နေ့က အုပ်စုလိုက်ပြိုင်ပွဲတွင် ကျန်းချန်သည် အစီအရင်ကျွမ်းကျင်မှုကို သုံးပြီး ပြိုင်ပွဲတွင် သူ့ကို ရှုံးနိမ့်စေခဲ့၏။

ယင်းအတွက်ကြောင့် ယဲ့ချမ်ချိုးသည် မခံချိမခံသာ ဖြစ်နေခဲ့သည်။

ယခင် ပြိုင်ပွဲတွေကတည်းကပင် ယဲ့ချမ်ချိုးသည် ကျန်းချန်နှင့် တွေ့ဖို့ မျှော်လင့်နေခဲ့၏။

နဝမမြောက် အဆင့်တွင်မူ သူ၏ ဆန္ဒကပြည့်ဝသွားပြီး အဆုံးသတ်၌ ကျန်းချန်နှင့် တွေ့ခွင့်ရခဲ့သည်။

ဤတစ်ခေါက်တွင် သူက ကျန်းချန်ကို သမာသမတ်ကျစွာ အနိုင်ယူပြီး ပထမနေရာကို ဖမ်းဆုပ်ဖို့ ရည်ရွယ်နေသည့် ကျန်းချန်ကို လုံးဝ ချေမှုန်းပစ်မည်ဟု တွေးထားခဲ့၏။

"ဟားဟား... မင်းက ငါ့ကို ဒီလောက်တောင် တွေ့ချင်နေတာလား"

"ငါ့နဲ့တွေ့တာက မင်းအတွက် ကောင်းတဲ့အရာ မဟုတ်နိုင်ဘူး ယဲ့ချမ်ချိုး"

ကျန်းချန်က မဲ့ပြုံး ပြုံးလိုက်သည်။

"ဘယ်လိုပဲ ဖြစ်ဖြစ် အခု မင်းငါနဲ့ တွေ့ပြီဆိုမှတော့ မင်းရဲ့အနိုင်ရတဲ့ မှတ်တမ်းကို ငါအဆုံးသတ်ပေးမယ်"

"ဟားဟား... ကျန်းချန်.. စကားကြီးစကားကျယ်တွေ ဒီလောက်ပြောနေတာ လျှာခေါက်သွားမှာ မစိုးရိမ်ဘူးလား"

ယဲ့ချန်ချိုးက လှောင်ရယ်ကာ ပြောဆိုလိုက်သည်။

ထိုခဏတွင် သူ့ဆီကနေ အားကောင်းသော စွမ်းအင်တစ်ခု ပေါက်ကွဲထွက်လာ၏။

တစ်ချိန်တည်းမှာပင် သူ၏ အေးစက်စက် အသံသည် ရင်ပြင်တွင် ချက်ချင်း ပျံ့နှံ့သွားခဲ့သည်။

"ကျန်းချန်.. မနေ့ညကပဲ ငါမူလဘူတအဆင့်၄ကို အောင်မြင်စွာ အဆင့်တက် နိုင်ခဲ့ပြီ"

"မင်းက ယဲ့ချမ်ချိုးရဲ့ အနိုင်မှတ်တမ်းကို အဆုံးသတ်ချင်ရအောင် မင်းမှာ အဲဒီအရည်အချင်း မရှိသေးဘူး"

အခန်း(၂၁၆) ပြီး၏

All Chapters