← Chapters

အခန်း (၂၁၉)

Vol. 15 Ch. 219

အခန်း (၂၁၉)

Vol. 15 Ch. 219

"ကောင်းပြီ"

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်း ပြိုင်ပွဲစင်မြင့်ထက်တွင် ပေါ်လာခဲ့သည်။

သူက ပြိုင်ပွဲ၏ ပထမနေရာကို ရယူချင်လျှင် ယင်ခိုင်ကို မဖြစ်မနေ အနိုင်ယူရမည် ဖြစ်၏။

အခု ယင်ခိုင်က တိုက်ခိုက်ရန်အတွက် တိုက်ရိုက် စိန်ခေါ်ခဲ့ရာ ကျန်းချန်က မည်ကဲ့သို့ ငြင်းဆန်နိုင်ပါမည်နည်း။

ရှားတုန်းဟွမ်က ယင်ခိုင်၏ စိန်ခေါ်မှုကို မတားဆီးခဲ့ပေ။

ယခုအခါတွင် ကျန်းချန်နှင့် ယင်ခိုင်တို့ နှစ်ယောက်စလုံးသည် ကိုးပွဲစီ အနိုင်ရရှိထားသည်။

သူတို့က ဆယ်ပွဲမြောက်မှာ မတွေ့လျှင်ပင် နှစ်ယောက်စလုံး၏ အမှတ်သည် ၁၀ မှတ် ဖြစ်လောက်၏။

ထိုအချိန်တွင် အမှတ်အများဆုံးဖြစ်သည့် သူတို့နှစ်ယောက်သည် ပထမနေရာအတွက် နောက်ထပ်တစ်ပွဲ ယှဥ်ပြိုင်ရမည် ဖြစ်၏။

မည်သို့ပင်ဖြစ်စေ၊ နှစ်ယောက်စလုံး ကြားတွင် တိုက်ပွဲတစ်ခုက မဖြစ်မနေ ရှိလာမှာ သေချာ၍ နောက်ဆုံးအဆင့်တွင် သူတို့ကို ယှဥ်ပြိုင်စေကာ အနိုင်ရသူကို တစ်ခါထဲ ဆုံးဖြတ်လိုက်ခြင်းသည်လည်း ကျိုးကြောင်းဆီလျော်သော အခြေအနေတစ်ခုပင် ဖြစ်သည် မဟုတ်ပါလား။

ယင်ခိုင်က သူ့ရှေ့မှ ကျန်းချန်ကို တင်းကျပ်စွာ စူးစိုက်ကြည့်နေခဲ့သည်။

"မင်းက အရမ်းအားကောင်းလွန်းတယ်.. ဒီနှစ်တွေအတွင်း မင်းက ငါ့ကို အန္တရာယ်ရှိတယ်လို့ ခံစားစေတဲ့ ပထမဆုံးလူပဲ"

"မင်းလည်း မဆိုးပါဘူး.. သူတို့အားလုံးက ဒီပြိုင်ပွဲမှာ မင်းနဲ့ ယှဉ်ပြိုင်နိုင်တဲ့သူက ယဲ့ချမ်ချိုးလို့ ပြောကြတယ်"

"ဒါပေမဲ့ ငါ့အမြင်တော့ သူက မင်းထက် တစ်ဆင့်နိမ့်တယ်"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"ဒါပေမဲ့ ဒီလိုဖြစ်ရင်တောင် ဒီတစ်ခေါက် ပထမနေရာကို ငါပဲ ဆုံးဖြတ်ရမှာ.. မင်းမှာအခွင့်အရေးမရှိဘူး"

"မင်းက ငါ့ဆီကနေ ပထမနေရာကို လုယူချင်ရင် မင်းမှာ အရည်အချင်း ဘယ်လောက်ရှိသလဲ ဆိုတဲ့အပေါ်မှာပဲ မူတည်တယ်"

"တစ်ကြိမ်တည်းနဲ့ ရလဒ်ကို ဆုံးဖြတ်ကြမယ်"

"မင်းက ငါ့ရဲ့ အားအကောင်းဆုံး တိုက်ကွက်ကို အနိုင်ယူနိုင်သရွေ့ ပြိုင်ပွဲရဲ့ ပထမနေရာက မင်းအတွက်ပဲ"

ယင်ခိုင်က အေးစက်စက် ရေရွတ်လိုက်သည်။

စကားဆုံးသည်နှင့် သူ၏ နက်ရှိုင်းသော မျက်လုံးထဲကနေ လျှို့ဝှက်ဆန်းကြယ်သော တောက်ပမှုတစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။

ပြိုင်ပွဲတစ်ခုလုံး၏ အလင်းရောင်က ရုတ်တရက် မှေးမှိန်သွား၏။

ထိုလျှို့ဝှက်ဆန်းကြယ်သော တောက်ပမှုအောက်တွင် ကျန်းချန်သည် တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။

နောက်ထပ် တစ်ခဏတွင် ကျန်းချန်သည် သူ့ကိုယ်သူ လျှို့ဝှက်ဆန်းကြယ်သည့် နေရာတစ်ခုတွင် ရှိနေသည်ကို တွေ့လိုက်ရ၏။

"ဒင်.. သင်က သွေးမျက်လုံး အမျိုးအစားတွေထဲက တစ်ခုဖြစ်တဲ့ အိပ်မက်ပျက်စီးခြင်း နတ်ဆိုးမျက်လုံးထဲမှာ ပိတ်မိနေပြီး အဆတစ်ရာ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ"

"ဒင်.. သင်က အိပ်မက်ပျက်စီးခြင်း နတ်ဆိုးမျက်လုံးရဲ့ အားနည်းချက် အားလုံးကို အောင်မြင်စွာ ခွဲခြားသိမြင်နိုင်ခဲ့ပါပြီ"

သူ့စိတ်ထဲတွင် အိပ်မက်ပျက်စီးခြင်းနတ်ဆိုးမျက်လုံးအကြောင်း သတင်းစကားကို လက်ခံရရှိပြီးသည့် နောက်တွင် ကျန်းချန်သည် မှင်တက်သွားခဲ့သည်။

ဤယင်ခိုင်က မဟာရှားနိုင်ငံ၏ စီရင်စုကိုးခု ကိုယ်ခံပညာ ပြိုင်ပွဲတွင် ပထမနေရာအတွက် ရေပန်းအစားဆုံးလူ ဖြစ်ရန် အမှန်တကယ် ထိုက်တန်ပြီး သူထင်ထားသည်ထက်ပင် အမှန်တကယ် အားကောင်း၏။

အိပ်မက်ပျက်စီးခြင်း နတ်ဆိုးမျက်လုံးသည် အားကောင်းသော မျက်လုံးနည်းစနစ် တစ်ခု ဖြစ်သည်။

ထိုကဲ့သို့ မျက်လုံးနည်းစနစ်သည် စိတ်ပိုင်းဆိုင်ရာ အိပ်မက်တစ်ခုကို ဖန်တီးနိုင်ပြီး ရန်သူ၏ အသိစိတ်ကို ထိုနေရာထဲသို့ ကျရောက်စေနိုင်သည်။

ကျန်းချန်၏ လက်ရှိခန္ဓာကိုယ်က စင်ပေါ်တွင် ယင်ခိုင်နှင့် ဆက်လက် ရင်ဆိုင်နေသော်လည်း သူ၏ အသိစိတ်ကမူ အိပ်မက်ပျက်စီးခြင်းနတ်ဆိုးမျက်လုံး ဖန်တီးထားသည့် နေရာထဲသို့ ကျရောက်သွားပြီ ဖြစ်သည်။

ထိုနေရာတွင် ယင်ခိုင်က အရှင်သခင်ဖြစ်ပြီး မရှုံးနိမ့်နိုင်သည့် တည်ရှိမှုတစ်ခု ဖြစ်သည်။

ယင်ခိုင်၏ အိပ်မက်ပျက်စီးခြင်းနတ်ဆိုးမျက်လုံးကို မဖျက်ဆီးနိုင်လျှင် သူ၏အသိစိတ်သည် ယင်ခိုင်၏ ဖျက်ဆီးခြင်းကို ခံရပြီး အသိစိတ်မဲ့ လမ်းလျှောက်နေသည့်အလောင်းကောင် ဖြစ်သွားပေလိမ့်မည်။

ဆိုရလျှင် ယင်ခိုင်၏ အိပ်မက်ပျက်စီးခြင်း နတ်ဆိုးမျက်လုံးသည် တကယ်ကို အားကောင်း၏။

သူ့မှာ စနစ်သာ မရှိခဲ့လျှင် ဤတစ်ခေါက်တွင် တကယ်ကို ဒုက္ခလှလှ တွေ့နိုင်ဖွယ်ရှိသည်။

"ကျန်းချန်.. မင်းက ငါ့ရဲ့ အိပ်မက်ပျက်စီးခြင်း နတ်ဆိုးမျက်လုံးထဲကို ကျရောက်သွားခဲ့ပြီ"

"ဒီနေရာမှာ ငါက မရှုံးနိမ့်နိုင်တဲ့ တည်ရှိမှုတစ်ခုပဲ.. မင်းမှာ အနိုင်ရဖို့ အခွင့်အရေး နည်းနည်းမှ မရှိဘူး.. မသေချင်ရင် အရှုံးပေးလိုက်တော့"

ထိုအချိန်တွင် ယင်ခိုင်၏ မောက်မာသော အသံသည် ကျန်းချန်၏ နားထဲကို ဝင်ရောက်လာခဲ့သည်။

"တကယ်လား.."

"မင်းရဲ့ အိပ်မက်ပျက်စီးခြင်း နတ်ဆိုးမျက်လုံးက ဘာတွေ အံ့သြစရာကောင်းလဲဆိုတာ ငါကြည့်လိုက်ဦးမယ်"

ကျန်းချန်က ခေါင်းမော့ပြီး လေထဲတွင် ဝင့်ကြွားစွာ ရပ်နေသည့် ယင်ခိုင်ကို လှမ်းကြည့်ကာ ချက်ချင်းပင် တင်ပျဥ်ခွေထိုင်၍ ပေါင်ပေါ်လက်တင်လိုက်သည်။

ယင်ခိုင်က လေထဲတွင် ရပ်နေရင်း လျှို့ဝှက်ဆန်းကြယ်သော လက်ဟန်များကို လှုပ်ရှားနေခဲ့သည်။

"ဟမ့်.. ဒီနေရာမှာ ဘယ်သူမှ ငါ့ဆန္ဒကို လွန်ဆန်လို့မရဘူး"

"မင်းရဲ့ခုခံမှုအားလုံးက ငါ့ရှေ့မှာ အချည်းနှီးပဲ"

ယင်ခိုင်က ကျန်းချန်ကို မထီမဲ့မြင် ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။

"မင်းက အိပ်မက်ပျက်စီးခြင်း နတ်ဆိုးမျက်လုံးရဲ့ အင်အားကို ကြည့်ချင်တယ်ဆိုမှတော့ ငါမင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်။"

အခန်း(၂၁၉) ပြီး၏

All Chapters