← Chapters

အခန်း (၂၂၀)

Vol. 15 Ch. 220

အခန်း (၂၂၀)

Vol. 15 Ch. 220

ယင်ခိုင်က အေးစက်စက် ရေရွတ်လိုက်ပြီး သူ၏ လက်ဝါးကို ဝှေ့ယမ်းလိုက်သည်နှင့် မီးခိုးရောင်စွမ်းအင်က ကျန်းချန်၏ ပတ်ပတ်လည်တွင် အကျဉ်းထောင်တစ်ခုကို ဖန်တီးလိုက်ပြီး ပေါင်ပေါ်လက်တင်ကာ ထိုင်နေသည့် ကျန်းချန်ကို တိုက်ရိုက် ချုပ်နှောင်လိုက်သည်။

ကျန်းချန်ကို ထိန်းချုပ်ပြီးသည့် နောက်တွင် ယင်ခိုင်က နောက်ထပ် လှုပ်ရှားမှုတစ်ခုကို ပြုလုပ်လိုက်ရာ သူ့လက်ထဲတွင် ပုံရိပ်ယောင် ဓားရှည်တစ်ခုက ချက်ချင်းစုစည်းသွားခဲ့သည်။

သူက ဓားရှည်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး ကျန်းချန်ကို ပိုင်းချလိုက်၏။

သို့သော်လည်း ယင်ခိုင်၏ ဓားရှည်က ကျန်းချန်၏ နဖူးကနေ သုံးပေအောက်သာ လိုတော့သည့်အချိန်တွင် ကျန်းချန်၏ ခန္ဓာကိုယ်ပေါ်၌ မမြင်နိုင်သော အတားအဆီးတစ်ခု ပေါ်ထွက်လာခဲ့ပြီး ဓားရှည်ကို ရုတ်တရက် နောက်သို့ ပြန်ကန်ထွက်စေခဲ့သည်။

"ဒါက စိတ်ပိုင်းဆိုင်ရာ ကာကွယ်ရေး လျှို့ဝှက်နည်းစနစ်ပဲ"

ယင်ခိုင်က ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်။

သူ့အမူအရာက အတော်လေး အံ့အားသင့်နေပုံရ၏။

"မင်း... မင်းက စိတ်ပိုင်းဆိုင်ရာ ကာကွယ်ရေး လျှို့ဝှက်နည်းစနစ်ကို တကယ်ပဲ တတ်မြောက်နေတာလား"

သူ၏ အိပ်မက်ပျက်စီးခြင်း နတ်ဆိုးမျက်လုံးသည် မူလက စိတ်ပိုင်းဆိုင်ရာ မျက်လုံးနည်းစနစ် တစ်မျိုး ဖြစ်သည်။

၎င်းက စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို လုပ်ဆောင်နိုင်သော်လည်း စိတ်ပိုင်းဆိုင်ရာကာကွယ်ရေး လျှို့ဝှက်နည်းစနစ်သည် သူ့မျက်လုံးနည်းစနစ်၏ အကြီးမားဆုံးရန်သူ ဖြစ်၏။

သို့သော် စိတ်ပိုင်းဆိုင်ရာ ကာကွယ်ရေးလျှို့ဝှက်နည်းစနစ်သည် ပျောက်ကွယ်သွားသည်မှာ ကြာပြီ ဖြစ်သည်။

ကျန်းချန်က ဒဏ္ဍာရီလာ စိတ်ပိုင်းဆိုင်ရာကာကွယ်ရေးလျှို့ဝှက်နည်းစနစ်ကို အမှန်တကယ် တတ်မြောက်ထားမည်ဟု ယင်ခိုင် မမျှော်လင့်ထားခဲ့ပေ။

"ဟားဟား... ယင်ခိုင်...မင်းမှာ အားကောင်းတဲ့ အိပ်မက်ပျက်စီးခြင်း နတ်ဆိုးမျက်လုံး ရှိရင်တောင် ငါပထမနေရာ ယူမှာကို တားဆီးနိုင်မှာ မဟုတ်ဘူး"

ကျန်းချန်က ယင်ခိုင်ကို ခပ်ယဲ့ယဲ့ပြုံး၍ ကြည့်ကာ ခနဲ့လိုက်၏။

"ကောင်းတယ် သိပ်ကောင်းတယ်"

"ကျန်းချန်.. မင်းက ငါ့ကို တကယ် အံ့အားသင့်စေတယ်"

"မင်းရဲ့ စိတ်ပိုင်းဆိုင်ရာ ကာကွယ်ရေးလျှို့ဝှက်နည်းစနစ်က ငါ့ရဲ့ အိပ်မက်ပျက်စီးခြင်း နတ်ဆိုးမျက်လုံးအောက်မှာ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ ဆိုတာ ကြည့်ရသေးတာပေါ့"

ယင်ခိုင်က မထီမဲ့မြင် ပြုံးလိုက်ပြီး ကျန်းချန်ကို ရူးသွပ်စွာ တိုက်ခိုက်လိုက်သည်။

ယင်ခိုင်၏ အိပ်မက်ပျက်စီးခြင်း နတ်ဆိုးမျက်လုံးက ဖန်တီးထားသော နေရာတွင် ကျန်းချန်နှင့် ယင်ခိုင်၏ အသိစိတ်တို့သည် ပြင်းထန်စွာ တိုက်ပွဲဝင်နေကြသော်လည်း စင်မြင့်ထက်မှ သူတို့နှစ်ယောက်၏ ခန္ဓာကိုယ်များကမူ မလှုပ်မယှက် ဖြစ်ကာ တစ်ယောက်ကို တစ်ယောက် မျက်နှာချင်းဆိုင် ကြည့်နေခဲ့ကြသည်။

ယင်ခိုင်၏ နက်ရှိုင်းသည့် မျက်လုံးတစ်စုံက ထူးဆန်းသည့် ရောင်ခြည်များအား ဆက်တိုက် ထုတ်လွှတ်နေသည်ကို အားလုံးက တွေ့လိုက်ရ၏။

"ဒါဘယ်လိုအခြေအနေလဲ.. စင်ပေါ်က လူနှစ်ယောက်က ဘာလို့ မလှုပ်ရှားကြတာလဲ"

"ချန်လုံကျောင်းတော်က ယင်ခိုင်မှာ အားကောင်းတဲ့ မျက်လုံးစွမ်းအားရှိပြီး လူတွေရဲ့ အသိစိတ်ကို တိုက်ရိုက် တိုက်ခိုက်နိုင်တယ်လို့ ကောလဟာလတွေ ထွက်နေတယ်.. ကျန်းချန်က အဲဒီထဲကို ကျရောက်သွားတာ ဖြစ်နိုင်တယ်"

"ဒါဆို ကျန်းချန်က အခု အန္တရာယ်ရှိနေတာပေါ့"

စင်မြင့်ပေါ်ရှိ အခြေအနေကိုမြင်လျှင် လူတိုင်းသည် ချီးကျူးစကား မပြောဘဲ မနေနိုင်ကြပေ။

ယင်ခိုင်၏ သွေးမျက်လုံးသည် အလွန်အားကောင်းပြီး ဆန်းကြယ်သည်။

ကျန်းချန်က သူ၏ ဖျက်မြင်း ဒဏ္ဍာရီကို ဆက်လက် ထိန်းသိမ်းကာ ဤနောက်ဆုံးတိုက်ပွဲတွင် ယင်ခိုင်ကို အနိုင်ယူပြီး ပထမနေရာကို သိမ်းပိုက်နိုင်ပါမည်လော။

ရင်ပြင်ပေါ်ရှိ လူတိုင်း၏ အကြည့်အောက်မှာပင် အချိန်က တရွေ့ရွေ့ ကုန်လွန်သွားခဲ့သည်။

ငါးမိနစ်ခန့် ကုန်လွန်သွားသော်လည်း စင်မြင့်ပေါ်ရှိ ကျန်းချန်က တည်ငြိမ်စွာ ရပ်နေဆဲ ဖြစ်သည်ကို အားလုံးက မြင်လိုက်ရ၏။

တစ်ဖက်မှ ယင်ခိုင်ကမူ နဖူးပေါ်တွင် ချွေးစေး အနည်းငယ် စတင်မြင်လာရပြီး မျက်နှာက တဖြည်းဖြည်း ဖြူဖျော့လာခဲ့သည်။

"ကျန်းချန်လို့ခေါ်တဲ့ ကောင်လေးမှာ ဒီလောက် အားကောင်းတဲ့ စိတ်စွမ်းရည် ရှိမယ်လို့ ငါတကယ် မထင်ထားဘူး"

ချန်လုံကျောင်းတော်မှ လက်ထောက်အကြီးအကဲ၏ အမူအရာသည် အလွန် မှောင်မိုက်သွားခဲ့သည်။

ယင်ခိုင်၏ အိပ်မက်ပျက်စီးခြင်း နတ်ဆိုးမျက်လုံးက အားကောင်းသော်လည်း တန်ပြန် သက်ရောက်စေသည့် ဝန်အားက မသေးလှပေ။

ယင်ခိုင်၏ လက်ရှိအင်အားဖြင့်ဆိုလျှင် အချိန်ကြာကြာ ထုတ်သုံးရန် မဖြစ်နိုင်ချေ။

သူ မှန်းဆထားသည့် အတိုင်းပင် ယင်ခိုင်က နှစ်မိနစ်အောက်သာ အတင်းအကြပ် တောင့်ခံနိုင်ခဲ့ပြီး အဆုံးသတ်တွင် သူခံနိုင်ရည်ရှိသည့် အကန့်အသတ်ကို ရောက်ရှိသွားခဲ့သည်။

ထို့နောက်တွင် သူ့ခန္ဓာကိုယ်က တုန်ယင်သွားပြီး စင်ပေါ်ကနေ မြေပြင်ထက်ကို ပြုတ်ကျသွားခဲ့၏။

ဤထူးဆန်းသည့် မြင်ကွင်းကို ကြည့်ကာ ရင်ပြင်တစ်ခုလုံးက တိတ်ဆိတ်သွားသည်။

သူတို့က ထိုသို့ ဖြစ်လာမည်ဟု ဘယ်တော့မှ မတွေးထားကြပေ။

ကျန်းချန်က သူ၏ အင်အားအကောင်းဆုံး ဖျက်မြင်း ဒဏ္ဍာရီကို တကယ်ပဲ ဆက်လက်ထိန်းသိမ်းပြီး ယဲ့ချမ်ချိုးနှင့် ယင်ခိုင်တို့ နှစ်ယောက်လုံးကို အနိုင်ယူကာ စီရင်စုကိုးခု ကိုယ်ခံပညာ ပြိုင်ပွဲ၏ ပထမနေရာကို ရယူလိုက်သည်။

အခန်း(၂၂၀) ပြီး၏

All Chapters