← Chapters

အခန်း (၂၂၂)

Vol. 15 Ch. 222

အခန်း (၂၂၂)

Vol. 15 Ch. 222

ပြိုင်ပွဲ ပြီးဆုံးပြီး နောက်တစ်နေ့တွင် ဖြစ်သည်။

ကျောင်းတော်အသီးသီးမှ အကြီးအကဲများသည် သူတို့၏ ကျောင်းသားများနှင့်အတူ သက်ဆိုင်ရာ ကျောင်းတော်ဆီသို့ ပြန်ရန် အင်ပါယာ မြို့တော်ကနေ ထွက်ခွာခဲ့ကြသည်။

ယန်ဟွမ်ကျောင်းတော်ကို ဝင်ရောက်တော့မည့် ကျန်းချန်နှင့် တခြားကျောင်းသားများကမူ ရှားတုန်ဟွမ်၏ ညွှန်ကြားချက်အရ အင်ပါယာမြို့တော်၏ မြောက်ဘက်တံခါးတွင် စုရုံးခဲ့ကြသည်။

ကျန်းချန်သည်လည်း သဘာဝအတိုင်းပင် ခြွင်းချက် မဟုတ်ပေ။

ယန်စန်းမင်နဲ့ တခြားသူများကို နှုတ်ဆက်ပြီးသည့် နောက်တွင် သူသည် ဝူဖေးလုံနှင့် လင်ယွင်ကျောင်းတော်မှ တခြား ကျောင်းသားနှစ်ယောက်နှင့် အတူ မြောက်ဘက်တံခါးဆီကို သွားခဲ့၏။

ကျန်းချန်တို့ မြောက်ဘက်တံခါး ဆီသို့ ရောက်ရှိသည့်အခါတွင် လူငယ်အများအပြားသည် ထိုနေရာတွင် စုရုံးနေကြပြီ ဖြစ်သည်။

ကျန်းချန်က အကဲခတ်လိုက်ရာ ဤဆယ်ကျော်သက်များကို အုပ်စုနှစ်စုခွဲထားမှန်း တွေ့လိုက်ရသည်။

သူက အုပ်စုတစ်စုတွင် ရင်းနှီးသော ပုံရိပ် အများအပြားတွေ့ရပြီး ယင်ခိုင်၊ ယဲ့ချမ်ချိုးနှင့် တခြားသူများ ပါဝင်၏။

ဤလူအုပ်စုသည် စီရင်စုကိုးခု ကိုယ်ခံပညာပြိုင်ပွဲ၏ ထိပ်ဆုံး ၆၄ ယောက် စာရင်းဝင် ကျောင်းသားများ ဖြစ်ကြသည်။

နောက်ထပ် တစ်အုပ်စုကမူ ပထမအုပ်စုနှင့် အတော်လေး ကွဲပြားမှုရှိသည်။

ထိုအုပ်စုတွင် အများစုမှာ တန်ဖိုးကြီး အဝတ်အစားများကို ဝတ်ဆင်ထားပြီး မောက်မာသော အမူအရာများကို ပိုင်ဆိုင်ထားကြသည်။

ကျန်းချန်သည် ထိုလူအုပ်ထဲမှာ ရင်းနှီးသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရ၏။

ထိုလူက တခြားလူမဟုတ်ပေ။ မုန့်ချင်းရွှယ်ပင် ဖြစ်သည်။

"အားလုံးပဲ ဟိုကို ကြည့်ကြစမ်း.. ကျန်းချန် ရောက်လာခဲ့ပြီ"

"သူက ဒီတစ်ခေါက် ပြိုင်ပွဲမှာ ပထမ ရရှိတဲ့ ကျန်းချန်လား.. ကြည့်ရတာ ဘာမှလည်း မထူးခြားသလိုပဲ"

"ဟားဟား... စီရင်စုကိုးခု ကိုယ်ခံပညာ ပြိုင်ပွဲရဲ့ ပထမဆိုတာက နာမည်တစ်ခုပဲ ရှိတာပါ.. ဘယ်လိုလုပ်ပြီး ငါတို့ မိသားစုကြီးတွေက ပါရမီရှင်တွေနဲ့ နှိုင်းယှဉ်နိုင်မှာလဲ"

ကျန်းချန် ပေါ်လာသည်နှင့် ဆယ်ကျော်သက် တချို့၏ မထီမဲ့မြင် လှောင်ပြောင်သောအသံသည် ကျန်းချန်၏ နားထဲတွင် တိုက်ရိုက် ထွက်ပေါ်လာသည်။

ကျန်းချန်က လှောင်ပြောင်သံများကို လျစ်လျူရှုလိုက်ပြီး ယင်ခိုင်တို့ အုပ်စုဆီသို့ တိုက်ရိုက် လျှောက်သွားလိုက်သည်။

"ကျန်းချန်.. မင်းက ပြိုင်ပွဲမှာ ပထမရတဲ့သူ ဖြစ်ပြီး ဟိုကောင်တွေ ဒီလောက် လှောင်နေတာကို ဘာလို့ ခေါင်းငုံ့ခံနေတာလဲ"

ကျန်းချန်က သူတို့ဆီ လျှောက်လာသည်နှင့် ယဲ့ချမ်ချိုးက မကျေမနပ် ပြောလိုက်သည်။

ကျန်းချန်က ယဲ့ချမ်ချိုးကို လျစ်လျူရှုထားလိုက်ပြီး ဘေးတွင် ရှိသည့် ယင်ခိုင်ကို တိုက်ရိုက် မေးလိုက်သည်။

"တစ်ဖက်က အုပ်စုကလည်း ယန်ဟွမ်ကျောင်းတော်က ခေါ်ယူထားတဲ့ ကျောင်းသားတွေလား"

"ယန်ဟွမ်ကျောင်းတော်က နှစ်စဥ်နှစ်တိုင်း စီရင်စုကိုးခု ကိုယ်ခံပညာ ပြိုင်ပွဲကနေ ကျောင်းသားတွေ ခေါ်ယူတာအပြင် မိသားစုကြီးတွေရဲ့ လူငယ်မျိုးဆက်တွေကိုလည်း ဝင်ခွင့် နေရာအချို့ ခွဲပေးလေ့ရှိတယ်"

ယင်ခိုင်က စိတ်ပါလက်ပါ ရှင်းပြလိုက်သည်။

"တစ်ဖက်အုပ်စုရဲ့ ​လူတွေက အင်ပါယာမြို့တော်က အဓိကမိသားစုတွေရဲ့ ပါရမီရှင်တွေပဲ...သူတို့က ငါတို့ စီရင်စုကိုးခုကလာတဲ့ လူတွေကို အမြဲတမ်း အထင်သေးကြတယ်"

"အဲဒီလိုကိုး"

ကျန်းချန်က ခေါင်းညိတ်လိုက်သည်။

သူက တစ်ဖက်မှ မုန့်ချင်းရွှယ်ကို ကြည့်လိုက်ပြီး ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

မကြာခင်မှာပင် သူက မရေမတွက်နိုင်သည့် အကြည့်များအောက်တွင် မုန့်ချင်းရွှယ်ကို လက်ယပ်၍ ခေါ်လိုက်၏။

"ချင်းရွှယ်.. ငါ့ဆီကို လာခဲ့ပါဦး"

ကျန်းချန်က ထို​စကားကို ပြောလိုက်သည့်အခါ သူ့ဘေးမှ ယင်ခိုင်နဲ့ တခြားသူများသည် တုန်လှုပ်သွားကြသည်။

ကျန်းချန်၏ တစ်ဖက်ရှိ အင်ပါယာမြို့တော်မှ အဓိက မိသားစုကြီးများ၏ ပါရမီရှင်များကမူ အထင်သေးစွာ လှောင်ရယ်လိုက်ကြသည်။

"ဟားဟား.. ဒီကောင်က မုန့်ချင်းရွှယ်ကို သူ့ဆီလာဖို့ တကယ်ပဲ တောင်းဆိုလိုက်တာလား.. ငါနားကြားမမှားပါဘူးနော်"

"ဘာပြောရမှန်းတောင် မသိတော့ဘူး.. စီရင်စုကိုးခု ကိုယ်ခံပညာ ပြိုင်ပွဲမှာ ပထမရတာနဲ့ သူ့ကိုယ်သူ ဟုတ်လှပြီ ထင်နေလား မသိဘူး"

"ဒီကောင် သေချင်နေပြီထင်တယ်"

စီရင်စုကိုးခုက ကျောင်းသားလေး တစ်ယောက်က မုန့်မိသားစု၏ ပါရမီရှင် အလှဘုရင်မလေး မုန့်ချင်းရွှယ်ကို အစေခံတစ်ယောက်လို သုံးနှုန်းလိုက်သည်ကို မြင်လျှင်

မုန့်မိသားစု၏ တပည့်အချို့သည် အလွန် ဒေါသထွက်နေကြသည်။

သူရဲကောင်းဆန်သော အသွင်အပြင်ရှိသည့် မုန့်မိသားစုတပည့် တစ်ယောက်က ကျန်းချန်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

"ကောင်လေး.. မင်း ခုနက ဘာပြောလိုက်တာလဲ... တဖန် ပြန်ပြောလိုက်စမ်း"

"ငါ့ရဲ့အစေခံကို ငါ့ဘာသာငါခေါ်တာ မင်းနဲ့ ဘာဆိုင်လို့လဲ"

ကျန်းချန်က ပေါ့ပါးစွာ ပြောလိုက်သည်။

"ငါ့ဘာသာ ဘယ်သူ့ကို ခေါ်ခေါ် အာရုံလာမနောက်နဲ့"

အခန်း(၂၂၂) ပြီး၏

All Chapters