အခန်း (၂၂၃)
Vol. 15 Ch. 223
"ကောင်းတယ် သိပ်ကောင်းတယ်"
မုန့်မိသားစုမှ ကောင်လေးသည် ကျန်းချန်၏ စကားကြောင့်ချက်ချင်းပင် ဒေါသထွက်သွားခဲ့သည်။
သူက ကျန်းချန်ကို ပြင်းထန်စွာ စိုက်ကြည့်လိုက်၏။
သူ့တစ်ကိုယ်လုံးတွင် ချက်ချင်းဆိုသလို လူသတ်ငွေ့များ ထွက်ပေါ်လာခဲ့သည်။
"ကျန်းချန်.. မင်းက စီရင်စုကိုးခု ပြိုင်ပွဲမှာ အနိုင်ရသူ ဆိုပေမဲ့ ဘယ်သူမှ မင်းကို မဆုံးမနိုင်ဘူးလို့ မထင်နဲ့"
"ငါတို့ မုန့်မိသားစုဝင်ကို ဒီလိုမျိုး အနိုင်ကျင့်ခွင့် မပေးနိုင်ဘူး"
"ဒီနေ့မှာ ငါ မုန့်ချန်က မုန့်မိသားစုကို စော်ကားရင် ဘယ်လိုခံစားရမလဲဆိုတာ မင်းကို သိစေရမယ်"
မုန့်ချန်က အေးစက်စက် ကြုံးဝါးလိုက်သည်။
စကားဆုံးသည်နှင့် သူ့ခန္ဓာကိုယ်ကနေ အားကောင်းသော မူလဘူတ အဆင့်၅ စွမ်းအင်သည် ချက်ချင်း ပေါက်ကွဲထွက်လာခဲ့၏။
ထိုမြင်ကွင်းကိုမြင်လျှင် စီရင်စုကိုးခု ဘက်မှ ယင်ခိုင် နှင့် ယဲ့ချမ်ချိုးတို့ အပါအဝင် လူတိုင်းသည် မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားကြသည်။
မိသားစုကြီးများ၏ ပါရမီရှင်များသည် မောက်မာသော်လည်းသူတို့တွင် မောက်မာနိုင်သည့် အရည်အချင်းများရှိကြ၏။
သူတို့၏ အလုံးစုံအင်အားသည် စီရင်စုကိုးခုမှ ကျောင်းသားများထက် အနည်းငယ် ပိုမြင့်သည်။
"မူလဘူတနယ်ပယ် အဆင့်၅ ခွန်အားပါလား"
"ကျင့်ကြံခြင်း အဆင့် တစ်ခုတည်းကို ကြည့်မယ်ဆိုရင် ဒီမုန့်မိသားစုရဲ့ ပါရမီရှင် မုန့်ချန်က ငါတို့ စီရင်စုကိုးခုက ပါရမီရှင်တွေကို လုံးဝ ဖိနှိပ်နိုင်တယ်"
"မုန့်ချန်.. ရပ်လိုက်စမ်း"
မုန့်ချန်က စတင် တိုက်ခိုက်တော့မည့် အချိန်တွင် အေးစက်စက်အသံ တစ်သံက သူ့နောက်ကနေ ရုတ်တရက်ထွက်ပေါ်လာသည်။
မုန့်ချန်က ခဏမျှ အံ့အားသင့်သွားခဲ့၏။
သူက မုန့်ချင်းရွှယ်ကို ကြည့်ကာ အံ့သြသော အမူအရာဖြင့် မေးလိုက်သည်
"ချင်းရွှယ်.. မင်းဘာကို ဆိုလိုတာလဲ"
"နင်က သူ့ရဲ့ပြိုင်ဘက်မဟုတ်ဘူး.. နင်သူ့ကို တကယ်တိုက်ခိုက်ရင် နင်အရှက်ကွဲရုံပဲ ရှိလိမ့်မယ်"
"ဒါ့အပြင် ဒါကငါ့ကိစ္စပဲ နင်နဲ့ ဘာမှမသက်ဆိုင်ဘူး"
မုန့်ချင်းရွှယ်က ပေါ့ပါးစွာပြောလိုက်ပြီးနောက် မုန့်ချန်ကိုလျစ်လျူရှုကာ ကျန်းချန်ဆီသို့ လျှောက်သွားလိုက်သည်။
ထိုခဏတွင် ကျန်းချန်၏ ဘေးကို တိုက်ရိုက် လျှောက်သွားလိုက်ပြီး အစေခံတစ်ယောက်လို နံဘေးမှာ ရပ်နေသည့် မုန့်ချင်းရွှယ်ကို အားလုံးက မြင်လိုက်ရ၏။
စီရင်စုကိုးခုမှ ကျောင်းသားများတင်မက မိသားစုကြီးများ၏ ပါရမီရှင်များပင် မျက်လုံးများ ကျွတ်ကျလု နီးပါးအထိ အံ့သြသွားကြသည်။
မုန့်မိသားစု၏ ရေခဲနတ်ဘုရားမလေး မုန့်ချင်းရွှယ်သည် ကျန်းချန်၏ အမိန့်ကို အမှန်တကယ် နာခံပြီး နံဘေးတွင် နာခံမှုရှိရှိ ရပ်နေမည်ဟု မည်သူမှ မတွေးမိခဲ့ပေ။
"လခွမ်း...မုန်ချင်းရွှယ်က ဘာလို့ အဲဒီကောင် ပြောတဲ့အတိုင်း နာခံရတာလဲ"
"တတိယမင်းသား ကျင်းပတဲ့ ပွဲတစ်ခုမှာ မုန်ချင်းရွှယ်က ကျန်းချန်ရဲ့အစေခံ ဖြစ်တယ်လို့ သတင်းထွက်ခဲ့သေးတယ်.. ငါက ဒါကို ကောလဟာလတစ်ခုပဲလို့ ထင်ခဲ့တာ.. အမှန်ဖြစ်နေမယ်လို့ မထင်ထားမိဘူး"
"မုန့်မိသားစုရဲ့ ရေခဲနတ်ဘုရားမလေး မုန့်ချင်းရွှယ်က ကျန်းချန်ရဲ့ အစေခံ ဖြစ်သွားတာ မယုံနိုင်စရာပဲ"
ပတ်ဝန်းကျင်မှ အသံများကို ကြားလျှင် အစကတည်းက မကြည်မလင် ဖြစ်နေသည့် မုန့်ချန်၏ မျက်နှာသည် ချက်ချင်းပင် ပို၍ မည်းမှောင်လာခဲ့သည်။
သူက မုန့်ချင်းရွှယ်ကို စိုက်ကြည့်လိုက်ပြီး ဒေါသတကြီးပြောလိုက်သည်။
"မုန့်ချင်းရွှယ်.. မင်းက ဒီကောင်ရဲ့အစေခံ တကယ်ပဲ ဖြစ်သွားတာလား"
"ဒါက ငါ့ကိစ္စ... နင်နဲ့ ဘာမှမဆိုင်ဘူး.. ကိုယ့်ကိစ္စကိုပဲ ဂရုစိုက်စမ်းပါ"
"မုန့်မိသားစုရဲ့ တိုက်ရိုက် တပည့်တစ်ယောက် အနေနဲ့ မင်းက အခု တခြားတစ်ယောက်ရဲ့ အစေခံ ဖြစ်နေတယ်.. မင်းက မုန့်မိသားစုရဲ့ မျက်နှာကို အိုးမည်းသုတ်နေတာလား"
"ဒီကိစ္စက ငါတို့ မုန့်မိသားစုရဲ့ မျက်နှာနဲ့ သက်ဆိုင်မှတော့ ငါနဲ့
ဘာလို့ မသက်ဆိုင်ရမှာလဲ"
မုန့်ချန်က စူးရှစွာ စိုက်ကြည့်၍ ပြောလိုက်သည်။
"မုန့်ချင်းရွှယ်.. မင်းက အဲဒီကောင်ရဲ့ အစေခံ ဆက်လုပ်နေရင် ငါ့ကို ရိုင်းစိုင်းတယ်ဆိုပြီး အပြစ်မတင်နဲ့"
သို့သော်လည်း မုန့်ချန်၏ စကားသံ ဆုံးသည်နှင့် ပုံရိပ်တစ်ခုက တစ္ဆေကဲ့သို့ ရုတ်တရက် သူ့ဘေးမှာပေါ်လာပြီး ရင်ဘတ်ကို လက်သီးဖြင့် ထိုးချလိုက်သည်။
ရုတ်တရက် ထိုးနှက်ချက်က မုန့်ချန်ကို ပေအတော်များများထိ နောက်ဆုတ်သွားစေခဲ့သည်။
သူက ခေါင်းမော့၍ ကြည့်လိုက်ရာ ကျန်းချန် ဖြစ်နေမှန်း သိလိုက်ရလျှင် ချက်ချင်းပင် လူသတ်လိုစိတ် ဖြစ်သွားခဲ့၏။
"ကျန်းချန်...မင်းက သေလမ်းရှာနေတာပဲ"
"မင်းပဲ အစောပိုင်းက ငါ့ကို တိုက်ခိုက်ချင်နေတာ မဟုတ်လား"
ကျန်းချန်က မဲ့ပြုံးပြုံး၍ ပြောလိုက်ပြီး မုန့်ချန်ကို လက်ယပ်၍ စိန်ခေါ်လိုက်သည်။
"လာစမ်းပါ.. ငါ့ကို လာတိုက်ခိုက်စမ်းပါ "
အခန်း(၂၂၃) ပြီး၏