ဧကရာဇ်စုဂိုဏ်းကို တည်ထောင်ခြင်း
Vol. 1 Ch. 1
"အင်အားစုအသစ်တစ်ခုအား တည်ထောင်ရန်အတွက် အောက်ဖော်ပြပါလူများအနက်မှ ၃ယောက်အား ဖိတ်ခေါ်ပါ...ဒါတကယ်ကြီးလား..."
စုယီသည် နောက်ဆုံးတန်း၌ထိုင်၍ သူ၏မိုဘိုင်းဖုန်းစခရင်ပေါ်တွင် ပြသထားသော စာသားများကိုဖတ်ရှုနေခဲ့သည်။စုယီသည် ဖုန်းစခရင်ပေါ်ရှိ အမည်စာရင်းအား စိတ်ရှုပ်ထွေးနေသည့် အမူအရာဖြင့်စိုက်ကြည့်နေခဲ့သည်။
အင်မော်တယ်ဓားသမား၀မ်
မုံ့အားလောင်
သွေးကျီးကန်းဘိုးဘေး
ဝူချင်းယောင်
ထိုက်လီတောင်အင်မော်တယ်
မိုးကြိုးဝံပုလွေဘုရင်
...
ဖော်ပြထားသော နာမည်အကုန်လုံးသည် လွန်စွာကြီးစိုးနိုင်ပေရာ စုယီတစ်ယောက် အသက်ကိုခပ်ပြင်းပြင်းရှုလိုက်မိသည်။
စုယီသည် တက္ကသိုလ်၏စာသင်ခန်းတစ်ခုထဲ၌ရှိနေကာ ပထမစာသင်နှစ်၏ ဒုတိယနှစ်၀က်ကျောင်းသားတစ်ယောက်ဖြစ်ပေသည်။အခန်းထဲတွင် ကျောင်းသား၅၆ယောက်ရှိပြီး ဆရာဖြစ်သူကရှေ့တွင် ဝေါဟာရနှင့်ပတ်သက်၍ ပြောဆိုဆွေးနွေးနေသည်။ သို့သော်လည်း ကျောင်းသားထက်၀က်ခန့်ကသာ ဆရာပြောနေသည်ကို နားထောင်နေကြပြီး အများစုမှာ သူတို့၏ဖုန်းကိုဆော့ကစားနေကြသည်။
စုယီသည် အခန်းနောက်ဆုံးတွင် အထီးကျန်ဆန်စွာဖြင့် တစ်ယောက်တည်းထိုင်နေခဲ့သည်။
ထိုအခိုက်အတန့်တွင် သူ၏နှလုံးသားတစ်ခုလုံးက တုန်လှုပ်ခြောက်ခြားမှုများနှင့် ပြည့်နှက်နေခဲ့သည်။ထိုခဏတွင် သူ့လက်ထဲ၌ ကိုင်ဆောင်ထားသောလက်ကိုင်ဖုန်းက ရုတ်ချည်းဆိုသလိုပင်တုန်ခါလာကာ လျှပ်စီးကြောင်းတစ်ခုအား ထုတ်လွှတ်လိုက်သည်။
ထိုအချိန်တွင် သူကိုယ်တိုင်မသိရှိသေးသော မှတ်ညဏ်များက သူ၏ဦးနှောက်အား ပြည့်လျှံသွားစေခဲ့သည်။
သူ၏ဖုန်းသည် သာမန်ဖုန်းတစ်လုံးမဟုတ်တော့ဘဲ တာအို၏စွမ်းအားကို ပိုင်ဆိုင်ထားပေသည်။ထို့ပြင်ဖုန်း၏စွမ်းအားက စုယီအား သူစိတ်တိုင်းကျရွေးချယ်စေနိုင်ရန်အတွက် စွမ်းအားကြီးသောနတ်ဆိုးများ၊မကောင်းဆိုးဝါးများ၊နတ်ဘုရားများကို ပြသပေးကာ သူတို့၏အသိစိတ်ကို အတင်းအကျပ်ဆွဲယူ၍ အင်အားစုတစ်ခုတည်ထောင်ခွင့်ပြုပေသည်။ဤစွမ်းအားအောက်တွင် အဖွဲ့၀င်တိုင်းသည် မိုဘိုင်းဖုန်းစခရင်ကဲ့သို့ မြင်ကွင်းတစ်ခုအားပိုင်ဆိုင်၍ တစ်ဦးနှင့်တစ်ဦးဆက်သွယ်နိုင်သည်။
ဤစွမ်းအား၏ပိုင်ရှင်အနေဖြင့် စုယီသည် အဖွဲ့၀င်များကိုဖိတ်ခေါ်ခြင်း၊နှင်ထုတ်ခြင်းသို့မဟုတ် စကားပြောပိတ်ပင်ခြင်းတို့အား လုပ်ဆောင်နိုင်ပေသည်။ထို့ပြင် ဤဖုန်းထဲ၌ သက်ရှိအရာများမှလွဲလျှင် အခြားသောအရာများအား သိမ်းဆည်းပေးနိုင်သည့် မုန်ညင်းစေ့အရွယ်နေရာလွတ်တစ်ခုအား ဖန်တီးပေးထားပေသည်။
စုယီသည် ထိုမှတ်ညဏ်များကို ပေါင်းစည်းရရှိပြီးနောက်တွင်ပင် အနည်းငယ်ယုံကြည်ရခက်ခဲနေသေးသည်။
"ဒါက အဓိကဇာတ်ကောင်တစ်ယောက်ရဲ့ ရွှေလက်ချောင်းဆိုတာလား...ဒီနာမည်တွေအကုန်လုံးက အခြားကမ္ဘာလောကမှာရှိတာလား"
စုယီက စိတ်လှုပ်ရှားစွာဖြင့် ထိုသို့တွေးလိုက်မိသည်။ကောင်းကင်တာအိုသည် အကြောင်းပြချက်တစ်စုံတစ်ရာမရှိဘဲ မုန့်ထုပ်ကြီးကြီးမားမားပေးမှာမဟုတ်ပေ။ဤကိစ္စ၏နောက်ကွယ်တွင် ကြီးမားသောပူးပေါင်းကြံစည်မှုတစ်ခု ရှိနေနိုင်သည်။
ထိုသို့သောအတွေးမျိုးဖြင့် သူသည်ဖုန်းစခရင်ပေါ်ရှိ အမည်စာရင်းကို သေချာစစ်ဆေးလိုက်သည်။
စုယီသည် အချိန်အတော်ကြာအောင် တုံ့ဆိုင်းသွားပြီးနောက်တွင် ဝူချင်းယောင်၊နတ်ဆိုးဘုရင် ချင်းယန်နှင့်ကျားနက်ဧကရာဇ်ဟူသော နာမည်သုံးခုကို ဖုန်းစခရင်ပေါ်တွင် နှိပ်ချလိုက်သည်။
ဝူချင်းယောင်ဟူသောအမည်သည် အလှတရားကိုဖော်ပြပေသည်။အခြားသောအမည်နှစ်ခုမှာ ခွန်အားကြီးခြင်းကို ကိုယ်စားပြုပေသည်။ဂိမ်းကစားရခြင်းကို နှစ်သက်သူတစ်ယောက်အနေနဲ့ စုယီသည် လွတ်လပ်သောစိတ်သဘောထားရှိကာ အထိန်းအကွပ်ကင်းမဲ့သော နတ်ဆိုးဆန်သည့်ဇာတ်ကောင်များအား ရွေးချယ်ရသည်ကို သဘောကျပေသည်။
ထိုအချိန်တွင် ဖုန်းစခရင်ပေါ်ရှိမြင်ကွင်းသည် ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။
"ကျေးဇူးပြ၍ သင့်ကိုယ်သင်အမည်ပေးပါ..."
င့ါကိုယ်ငါနာမည်ပေးရမှာလား...စိတ်၀င်စားစရာပဲ...
စုယီ၏နှုတ်ခမ်းများက တွန့်ကွေးသွားခဲ့ကာ ခန့်ညားသောနာမည်တစ်ခုအား ရွေးချယ်လိုက်သည်။
"ဧကရာဇ်စု"
ထိုအမည်သည် ပြိုင်စံရှားတန်ခိုးရှင်တစ်ယောက်၏ ဟန်ပန်ရှိပေသည်။
"ကျေးဇူးပြုပြီးတော့ မင်းရဲ့အင်အားစုအသစ်ကို အမည်ပေးပါ..."
"ဧကရာဇ်စု၏ဂိုဏ်း"
ထို့နောက် ဖုန်းစခရင်သည် တဖန်ပြောင်းလဲသွားခဲ့ကာ အဖွဲ့လိုက်စကားပြောသည့် စာမျက်နှာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဧကရာဇ်စုသည် ဝူချင်းယောင်ကို ဧကရာဇ်စု၏ဂိုဏ်းသို့ ၀င်ရောက်ရန် ဖိတ်ကြားခဲ့ပါသည်။
ဧကရာဇ်စုသည် နတ်ဆိုးဘုရင်ချင်းယန်ကို ဧကရာဇ်စု၏ဂိုဏ်းသို့ ၀င်ရောက်ရန် ဖိတ်ကြားခဲ့ပါသည်။
ဧကရာဇ်စုသည် ကျားနက်အင်ပါယာကို ဧကရာဇ်စု၏ဂိုဏ်းသို့ ၀င်ရောက်ရန် ဖိတ်ကြားခဲ့ပါသည်။
...
ထို့နောက်တွင် အဖွဲ့စကားပြောစာမျက်နှာက ခေတ္တတိတ်ဆိတ်သွားခဲ့သည်။
ခဏအကြာတွင်...
"ခုလောလောဆယ်တော့ ဘယ်သူ့မှမရှိသေးဘူး..."
စုယီသည် ထိုလူများအားလှည့်စားရန်အတွက် တမင်စကားမပြောဘဲနေခဲ့သည်။
ထိုအချိန်တွင် တစ်စုံတစ်ယောက်သည် အဆုံးသတ်တွင် စကားပြောလာသည့်အတွက် စုယီက တိတ်တဆိတ်ရယ်မောလိုက်သည်။
ကျားနက်အင်ပါယာ - ဒါကဘာကြီးလဲ...ဘာလို့ငါ့စိတ်ထဲမှာ ဘာကြောင့်ပေါ်လာရတာလဲ...
နတ်ဆိုးဘုရင်ချင်းယန် - အင်း...ဒါကိုအခြားသူတွေကော မြင်ရတယ်ပေါ့...
ကျားနက်အင်ပါယာ - နတ်ဆိုးဘုရင်ချင်းယန်...နတ်ဆိုးဂိုဏ်းရဲ့ ဘုရင်လေးပါးထဲက တစ်ပါးလား...
နတ်ဆိုးဘုရင်ချင်းယန် - ကျားနက်အင်ပါယာ...တော်တော်လေးမောက်မာတဲ့နာမည်ပဲ...မင်းကငါနဲ့ယှည်ချင်တာလား...
ကျားနက်အင်ပါယာ - မလုပ်ရဲပါဘူး...
ဝူချင်းယောင် - မင်းတို့နတ်ဆိုးနှစ်ယောက် ဘာတွေပြောနေကြတာလဲ...မင်းတို့က အများလက်ခံထားတဲ့လမ်းကြောင်းကို ဆန့်ကျင်ဖို့စီစဉ်နေကြတာလား...
...
စုရီသည် ထိုမြင်ကွင်းကိုကြည့်ရင်း ပိုမိုသဘောကျလာခဲ့ပြီး စိတ်မထိန်းနိုင်ဘဲ ရယ်မောလိုက်သည်။
"စုရီ...မင်းဘာလုပ်နေတာလဲ...ဒီစာသင်နှစ်၀က်မှာ မင်းသေချာအားထုတ်မှရမယ်...မင်းမိဘတွေကို မင်းကြောင့်တစ်နှစ်ပိုပြီး ပိုက်ဆံကုန်စေချင်တာလား...မင်းအသိစိတ်၀င်သင့်နေပြီ....မဟုတ်ရင် တစ်သက်လုံးမင်းမိဘတွေလို ဆင်းဆင်းရဲရဲနေရလိမ့်မယ်"
ထိုအချိန်တွင် အကြံပေးပုဂ္လိုလ်၏အသံက အခန်းတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။အကြံပေးပုဂ္လိုလ်၏အမည်မှာ လီဖေးဖြစ်ကာ အသက်၃၀ကျော်အရွယ်အမျိုးသားတစ်ယောက်ဖြစ်သည်။သူသည် ကျောင်းသားများထံမှ လက်ဆောင်များနှင့် စာအိပ်နီများအား မကြာခဏလက်ခံရယူသောကြောင့် လောဘကြီးသူတစ်ယောက်ဟု လူသိများပေသည်။စုယီသည်ကား သူ့ကိုလက်ဆောင်မပေးနိုင်သည့် ဆင်းရဲသောကျောင်းသားအနည်းငယ်အနက်မှ တစ်ဦးဖြစ်ပေသည်။
စုယီ၏ဆင်းရဲနွမ်းပါးသော မိသားစုနောက်ခံနှင့် တက္ကသိုလ်မှပေးအပ်သော ချေးငွေကိုရယူ၍ ပညာသင်ယူနေရသည့်အတွက်ကြောင့် လီဖေးသည် စုယီအား မကြာခဏဆိုသလို နှိမ့်ချဆက်ဆံလေ့ရှိပေသည်။
သူသည် ချမ်းသာသောကျောင်းသားများကို မျက်နှာသာပေးကာ ဆင်းရဲသောကျောင်းသားများကိုမူ အနိုင်ကျင့်လေ့ရှိပေသည်။
ထိုစကားကိုကြားလိုက်ရချိန်တွင် စုရီ၏မျက်နှာအမူအရာက ချက်ချင်းပျက်ယွင်းသွားခဲ့သည်။သူ၏မိဘများကို အခြားသူများက မကောင်းကြောင်းပြောခြင်းအား စုယီအလွန်မုန်းတီးပေသည်။
ဝုန်း...
စုယီသည် စားပွဲအားဆောင့်ထိုးလိုက်ကာ စာသင်ခန်းတံခါး၀ဆီ လျှောက်သွားခဲ့သည်။
ပုံမှန်ဆိုလျှင် သူသည်ဤသို့ပြောဆိုခြင်းအား သည်းခံမယ်ဖြစ်သော်လည်း ယခုအခါတွင် ဧကရာဇ်စု၏ဂိုဏ်းအား တည်ထောင်လိုက်ပြီဖြစ်၍ ထိုသို့နှိမ့်ချဆက်ဆံခြင်းအား လုံး၀သည်းခံနေမည်မဟုတ်ပေ။
"မင်းထွက်သွားရဲထွက်သွားကြည့်...မင်းရဲ့ခရက်ဒစ်တွေကို ငါနုတ်လိုက်မယ်..."
လီဖေးက စုယီအား လက်ညိုးထိုးကာ အော်ဟစ်ကြိမ်းမောင်းလိုက်သည်။စာသင်ခန်းထဲရှိ အခြားသောကျောင်းသားများက စုယီအား လှောင်ရယ်လိုစိတ်အပြည့်ဖြင့် လှမ်းကြည့်နေခဲ့ကြသည်။
"လူမိုက်...ဆရာ့ကိုတောင် အာခံရဲတယ်ပေါ့..."
"သူကဒါနဲ့ပဲထိုက်တန်တယ်...သူ့ရဲ့ဆင်းရဲနွမ်းပါးတဲ့သွင်ပြင်ကိုလည်း ကြည့်အုံးလေ..."
"ဟားဟား...လီဖေးကလည်း သူ့ကိုပဲအမြဲအနိုင်ကျင့်နေတော့တာပဲ..."
"သူကဆင်းရဲသားတစ်ယောက်ဖြစ်တာတောင် ဒီတက္ကသိုလ်ကို ခေါင်းမာမာနဲ့ဆက်တက်နေသေးတာပဲ"
ဤစာသင်ခန်းတစ်ခုလုံးတွင် စုရီသည် ကျောင်းကိစ္စနှင့်အလုပ်များဖြင့်သာ အချိန်ပြည့်လုံးပမ်းနေတတ်ပြီး အတန်းတစ်ခုလုံး၌ သူငယ်ချင်းဟူ၍မရှိပေ။ထို့ကြောင့်ယခုလိုအခိုက်အတန့်မျိုးတွင် ကျောင်းသားအားလုံးက လှောင်ပြောင်ရယ်မောနေကြသည်။
စုယီသည် လီဖေးအား လက်ခလယ်ထောင်ပြကာ စာသင်ခန်းထဲမှ ချက်ချင်းထွက်ခွာသွားခဲ့သည်။လီဖေးသည် စုယီ၏အပြုအမူကိုကြည့်ရင်း ဒေါသအလိပ်လိုက်ထွက်သွားခဲ့ရသည်။
ထိုအချိန်တွင် ကောင်းကင်ယံမှထွက်ပေါ်လာပုံရသည့် အသံတစ်ခုက လူတိုင်း၏စိတ်ထဲ၌ ထွက်ပေါ်လာခဲ့သည်။
"ငါကလူသားဧကရာဇ်ရွယ်ယွမ်ပဲ...နတ်ဆိုးမျိုးနွယ်က လူသားမျိုးနွယ်ကို ချေမှုန်းပစ်လိုက်ပြီ...ဒီလိုအဖြစ်အပျက်ကို ငါလုံး၀လက်မခံနိုင်ဘူး...ဒါကြောင့် င့ါရဲ့လျှိ့ဝှက်ဆန်းကြယ်တဲ့ နတ်ဘုရားစွမ်းအားကိုအသုံးပြုပြီးတော့ အချိန်နဲ့နေရာကို ပြောင်းလဲခဲ့တယ်...မင်းတို့ဟာလူသားမျိုးနွယ်ရဲ့ကံကြမ္မာကို သယ်ပိုးထမ်းရွက်ရမယ့်သူတွေဖြစ်ကြပြီး မင်းတို့အားလုံးရှေးဟောင်းတောနက်ဆီ ပို့ဆောင်ခံရလိမ့်မယ်...ထိုက်ယီနဲ့တိကျွင်းကိုသတ်ဖြတ်ခြင်းက ငါတို့မျိုးနွယ်ရဲ့ကံကြမ္မာကိုပြောင်းလဲပေးနိုင်တယ်...လူသားမျိုးနွယ်ရဲ့ အနာဂတ်လမ်းသစ်ကို ဦးဆောင်ဖွင့်လစ်ပေးကြဖို့ ငါမျှော်လင့်ပါတယ်"
ချက်ချင်းဆိုသလိုပင် စုရီအပါအ၀င် လူအားလုံး၏ အမြင်အာရုံများက အမှောင်ထုထဲသို့ကျရောက်သွားခဲ့ရသည်။
...
ထာ၀ရကြာမြင့်သကဲ့သို့ အချိန်ကာလတစ်ခုကုန်ဆုံးပြီးနောက် စုရီသည် သတိပြန်၀င်လာခဲ့ကာ ခေါင်းခါလိုက်မိသည်။သူသည် စာသင်ခန်း၏တံခါးထောင့်စွန်းကို အားပြု၍ မတ်တပ်ထရပ်လိုက်သည်။သူသည်စာသင်ခန်းထဲ လှမ်းကြည့်လိုက်ချိန်တွင် ကျောင်းသားများသတိလစ်နေဆဲဖြစ်ကာ လီဖေးသည်လည်း စာသင်ခန်းရှေ့တွင်လဲကျနေကြောင်း တွေ့ရှိလိုက်ရသည်။
လူသားဧကရာဇ်ရွယ်ယွမ်....
ရှေးဟောင်းတောနက်...
ထိုက်ယီ...
တိကျွင်း...
စုယီ၏နှလုံးသားထဲတွင် ကြောက်ရွှံ့မှုများက ချက်ချင်းကြီးစိုးသွားခဲ့သည်။ဤနာမည်များကို ဒဏ္ဌာရီလာပုံပြင်များထဲမှသာ သူကြားသိခဲ့ရပေသည်။ရှေးဟောင်းတောနက်ဟူသည် ၎င်း၏အမည်ကဲ့သို့ပင် သာယာပျော်ရွှင်ဖွယ်ကောင်းသော နေရာတစ်ခုမဟုတ်ပေ။
သူသည် ရှေးဟောင်းတောနက်သို့ ပို့ဆောင်ခံရတော့မည်ဖြစ်၍ ဧကရာဇ်စု၏ဂိုဏ်းကို လက်ခဲရရှိခဲ့ခြင်းဖြစ်နိုင်မလား...
အရှေ့ဧကရာဇ် ထိုက်ယီနှင့် တိကျွင်းအား လုပ်ကြံရန်...
ကောင်းကင်ဘုံနှင့်ညီမျှသော မဟာပညာရှိနှင့်ဗုဒ္ဓသည်ပင် ဤကိစ္စကိုမစွမ်းဆောင်နိုင်ခဲ့ပါက သာမန်လူသားများက ဤကိစ္စကိုအောင်မြင်စေရန် စွမ်းဆောင်နိုင်မည်လား...
စုယီသည် သူ့ကိုယ်သူတည်ငြိမ်အောင် ကြိုးစားပြီးနောက် နောက်သို့ပြန်လှည့်၍ စာသင်ခန်းထဲပြန်၀င်လာခဲ့သည်။ထို့နောက် လီဖေးအနားသို့ချည်းကပ်သွားကာ ၇ချက်ဆက်တိုက်ကန်ချလိုက်ပြီး သူ၏အတွင်းခံဘောင်းဘီကိုဆွဲချွတ်၍ အခန်းထဲမှထွက်ခွာလာခဲ့သည်။
လီဖေးနိုးထလာသောအခါတွင် အိပ်မက်ဆိုးတစ်ခုလို ခံစားရမည်သာဖြစ်သည်။
စုယီသည် လမ်းလျှောက်လာရင်း ဖုန်းကိုထုတ်ယူစစ်ဆေးလိုက်သည်။
ယခုအခါတွင် သူသည် အမည်မသိရှေးဟောင်းသားရဲများအား ရင်ဆိုင်ရန်အတွက် မိမိကိုယ်ကိုကာကွယ်ရန် နည်းလမ်းများကို စတင်တွေးတောကြံဆရတော့မည်ဖြစ်သည်။
ထိုအချိန်တွင် ဧကရာဇ်စုဂိုဏ်း၏ စကားပြောခန်းအတွင်း၌ ကျားနက်ဧကရာဇ်သည် နတ်ဆိုးသခင်ချင်းယန်အား အဆက်မပြတ်မြောက်ပင့်ပေးနေခဲ့သည်။ထို့ပြင် ဧကရာဇ်စု၏ဂိုဏ်းသည် နောက်ပိုင်း၌ မည်ကဲ့သို့ဖြစ်လာမည်ကို သူသိချင်နေမိသည်။ရံဖန်ရံခါတွင် ဝူချင်းယောင်သည် နတ်ဆိုးများ၏သတ်ဖြတ်ခြင်းနှင့်ပတ်သက်၍ ဆန့်ကျင်သောစကားများကို ထုတ်ဖော်ငြင်းဆိုနေခဲ့သည်။
စုရီ၏မျက်နှာတွင် အပြုံးတစ်ခုပေါ်လာကာ ဖုန်းကိုကြည့်၍ စာရိုက်လိုက်သည်။သူသည် အထက်တန်းကျောင်းပြီးပြီးချင်း လူ့အဖွဲ့အစည်းထဲသို့ စတင်တိုး၀င်လာချိန်တွင် ထက်မြက်သောဟန်ပန်ရှိသည့် အေးဂျင့်များစွာနှင့်ကြုံတွေ့ခဲ့ရသည်။ထိုအေးဂျင့်များက သူ့အားဤနိုင်ငံ၌ အချမ်းသာဆုံးပုဂ္လိုလ်ဖြစ်လာမည်ဟု ယုံကြည်လာစေရန် ဝိုင်း၀န်းလှုံဆော်ပေးခဲ့ကြသည်။သို့သော်လည်း ထိုသို့လောကဓံ၏ရိုက်ခတ်မှုများကို ကြုံတွေ့ခဲ့ရပြီးနောက်တွင် အတွေ့အကြုံများစွာ ရရှိလာခဲ့သည်။
ဧကရာဇ်စု - ငါကဧကရာဇ်စုဖြစ်တယ်...ဒါက မင်းတို့ကိုအခွင့်အရေးပေးနေတာပဲ...မင်းတို့တွေ ဧကရာဇ်စုရဲ့ဂိုဏ်းမှာပါ၀င်ပြီးတော့ ပိတ်ဆို့မှုတွေအားလုံးကို ဖြတ်ကျော်ဖို့ အခွင့်အရေးကို ရကြလိမ့်မယ်...
ကျားနက်ဧကရာဇ် - ဧကရာဇ်စု...ငါဘာလို့မင်းအကြောင်းကို တစ်ခါမှမကြားဖူးရတာလဲ...
နတ်ဆိုးဘုရင်ချင်းယန် - ဧကရာဇ်ဘွဲ့ကို ပိုင်ဆိုင်ထားသူတွေက သာမန်လူတွေမဟုတ်ဘူး...မဟုတ်ရင် ငါတို့ကိုဘာလို့ ခုလိုစုစည်းနိုင်ရမှာလဲ...
ဝူချင်းယောင် - အရှင်...မင်းကဖြောင့်မတ်မှန်ကန်တဲ့လမ်းစဉ်ကလား ဒါမှမဟုတ် ကောက်ကျစ်တဲ့နတ်ဆိုးလမ်းစဉ်ကလား...
ဧကရာဇ်စု - တာအိုကိုရယူနိုင်ဖို့ ထောင်ပေါင်းများစွာသောလမ်းစဉ်တွေရှိတယ်...ဘာကြောင့် ဖြောင့်မတ်ခြင်းနဲ့နတ်ဆိုးလမ်းစဉ်အကြားမှာ ငါတို့ကိုယ်ငါတို့ ချုပ်နှောင်ထားရမှာလဲ...ငါရှာဖွေနေတာက လွတ်လပ်မှုနဲ့ပြိုင်ဘက်ကင်းမှုပဲ...
ကျားနက်ဧကရာဇ် - ပြောတာကောင်းတယ်...ဧကရာဇ်စုက ငါတို့ရဲ့ရှေးဆောင်လမ်းပြဖြစ်ထိုက်ပါပေတယ်...
နတ်ဆိုးဘုရင်ချင်းယန် - ဘာလို့ငါတို့ကိုဦးတည်ပြီးတော့ ပစ်မှတ်ထားရတာလဲ...ငါတို့ဘိုးဘေးတွေက မင်းရဲ့ဘိုးဘေးတွေကို သတ်ဖြတ်ခဲ့လို့လား...
ဝင်စားနေတာ။