ကျိုးဝူဓားဖြင့် နတ်ဆိုးကိုသတ်ဖြတ်ခြင်း
Vol. 1 Ch. 2
စုယီသည် သူကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကို အခြေခံ၍ ကြွားလုံးများစွာထုတ်ပြောနေခဲ့သည်။
လက်ရှိအချိန်တွင် သူ၏ပြိုင်ဘက်သည်နတ်ဆိုးဧကရာဇ် ဖြစ်နေလျှင်တောင်မှ သူသည်ဧကရာဇ်စုဂိုဏ်း၀င်များကို နှင်ထုတ်နိုင်စွမ်း ပိုင်ဆိုင်ထားသည့်အတွက်ကြောင့် ကြောက်ရွှံနေခြင်းမရှိပေ။ထို့ကြောင့် စုယီက သူ၏နောက်ကျောကို ဖြောင့်မတ်ထားခဲ့ပေသည်။
ဧကရာဇ်စု - မင်းတို့ကဘယ်သူပဲဖြစ်နေဖြစ်နေ အကျိုးအမြတ်ကို အလကားရယူလို့မရဘူး...မင်းတို့တွေ ဧကရာဇ်စုဂိုဏ်းထဲ၀င်ရင် ရင်းနှီးမြုပ်နှံမှုတစ်ခုတော့လုပ်ရမယ်...ဧကရာဇ်စုဂိုဏ်းက အသုံးမ၀င်တဲ့သူတွေကို လက်မခံဘူး...ဧကရာဇ်စုဂိုဏ်းမှာ မင်းရင်းနှီးမြုပ်နှံတာက မင်းတို့ရဲ့အသက်ဘယ်လောက်တန်ဖိုးရှိသလဲဆိုတာ ဖော်ပြတာပဲ...မင်းဘယ်လောက်ရင်းနိးမြုပ်နှံမယ်ဆိုတာက မင်းတို့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ပဲ"
မင်းတို့တွေအခက်အခဲ ကြုံတွေ့လာရပြီဆိုရင် မင်းတို့ရဲ့ရန်သူက ဘယ်သူပဲဖြစ်ဖြစ် ဧကရာဇ်စုဂိုဏ်းက ကူညီရင်ဆိုင်ပေးလိမ့်မယ်...ဒါပေမဲ့ မင်းတို့ထည့်သွင်းထားတဲ့ အရင်းအနှီးကိုကြည့်ပြီး ဧကရာဇ်စုဂိုဏ်းက ကူညီသင့် မကူညီသင့်ဆုံးဖြတ်ပေးမယ်...ဒါပေမဲ့ အရင်းအနှီးမစိုက်ထုတ်တဲ့သူတွေကို ဂိုဏ်းကနှင်ထုတ်ရလိမ့်မယ်..."
ထိုသို့ပြောဆိုလိုက်သည့်အချိန်တွင် အထူးသဖြင့် "ဂိုဏ်းမှနှင်ထုတ်မယ်"ဟူသောစကားစုအား စုယီပြောဆိုလိုက်သည်နှင့် နတ်ဆိုးဘုရင်ချင်းယန်၊ကျားနက်ဧကရာဇ်နှင့်ဝူချင်းယောင်တို့၏ စိတ်ဝိညာဉ်များက ပြိုကွဲလုမတတ် ပြင်းပြင်းထန်ထန်တုန်ခါသွားခဲ့သည်။ထိုကဲ့သို့ပြင်းထန်လှသော ခြိမ်းခြောက်မှုနှင့်ရင်ဆိုင်ရသောကြောင့် သူတို့သည် စုရီအပေါ် ယခင်ကထက်ပို၍ကြောက်ရွံ့လာခဲ့ကြသည်။
ကျားနက်ဧကရာဇ် - ဧကရာဇ်စု...မင်းကိုအဖိုးတန်တဲ့ဓားတစ်လက်ပြပေးမယ်...ဒါက မဟာကျိုးတားမြစ်နယ်မြေထဲကနေ ငါရလာခဲ့တဲ့ အနှိုင်းမဲ့ရတနာတစ်ပါးဖြစ်တဲ့ ကျိုးဝူဓားပဲ...
နတ်ဆိုးဘုရင်ချင်းယန် - ကျိုးဝူဓား...ဒါက ဒဏ္ဌာရီလာအင်မော်တယ်ဓား၇လက်ထဲက တစ်ခုဖြစ်တဲ့ ကျိုးဝူဓားမဟုတ်လား...
ကျားနက်ဧကရာဇ် - အမှန်ပဲ...ဒီဓားကိုငါ့လက်ထဲမှာ ဆက်ထားမယ်ဆိုရင် လုံး၀အသုံးမ၀င်သလို အခြားစွမ်းအားကြီးပုဂ္လိုလ်တွေကိုတောင် ဆွဲဆောင်ထားနိုင်တဲ့အတွက်ကြောင့် ဧကရာဇ်စုဂိုဏ်းကို ပေးအပ်လိုက်တာပိုကောင်းမယ်....ဒီဓားဟာဆိုရင် အင်မော်တယ်နယ်မြေက နတ်ဘုရားတွေကိုတောင် သတ်ဖြတ်နိုင်တယ်လို့ အဆိုရှိကြတယ်...ဧကရာဇ်စုသာ ဒီဓားကိုကိုင်ဆောင်ရင် မယုံနိုင်စရာကောင်းအောင် အစွမ်းထက်လာလိမ့်မယ်...
နတ်ဆိုးဘုရင်ချင်းယန် - မင်းက တကယ်ပဲဖိနပ်လျှက်တပ်တာလား...
ကျားနက်ဧကရာဇ်သည် ကျိုးဝူဓားအကြောင်းကို ကြွားလုံးထုတ်နေသည့်အချိန်တွင် စုယီ၏ဘယ်ဘက်လက်ထဲ၌ အရှည်တစ်မီတာခွဲခန့်ရှိသော ဓားရှည်တစ်လက်ရောက်ရှိလာခဲ့သည်။ထိုဓားသည် ယခုလေးတင်တူးဖော်ထားသကဲ့သို့ ရှေးဟောင်းခေတ်မှကြေးဝါဓားနှင့် တစ်ထပ်တည်းတူညီနေခဲ့သည်။
ကျိုးဝူဓား...
ဒဏ္ဌာရီလာအင်မော်တယ်ဓား ခုနှစ်လက်အနက်မှ တစ်လက်
ဓားသည် သူ့ထံသို့ချက်ချင်းရောက်လာသည့်အတွက် စုယီအလွန်အံ့ဩသွားခဲ့သည်။
စုယီသည် အံ့ဩမှင်သက်နေသည့်အကြည့်ဖြင့် စာများအဆက်မပြတ်ထွက်ပေါ်လာနေသည့် သူ့ဖုန်းအားစစ်ဆေးကြည့်လိုက်သည်။
နတ်ဆိုးဘုရင်ချင်းယန် - အင်မော်တယ်ဓားခုနှစ်လက်ထဲက တစ်လက်ဖြစ်တဲ့ ကျိုးဝူဓား...ကျားနတ်ဆိုးက အမှတ်မထင်ရလိုက်တာပါလား...
ဝူချင်းယောင် - ဧကရာဇ်ကျိုးဝူကိုင်ဆောင်ခဲ့တဲ့ဓားဟာ အရမ်းကိုအစွမ်းထက်ပြီး တောင်တွေမြစ်ပြင်တွေကို ပိုင်းခြားနိုင်တယ်...နေနဲ့လကိုပြောင်းပြန်လှန်နိုင်မယ်လို့ ဆိုစမှတ်ရှိကြတယ်...ဒီလိုဓားမျိုးက မင်းလက်ထဲမှာရှိနေမှန်းသိသွားရင် မင်းသေမှာသေချာတယ် ကျားနတ်ဆိုး...
ကျားနက်ဧကရာဇ် - ဟဲဟဲ...ငါဒါကိုမတော်တဆရခဲ့တာလေ...ဒါကအရမ်းအစွမ်းထက်ပေမဲ့ ငါအတွက်အသုံးမ၀င်တဲ့အပြင် အန္တာရယ်လည်းအရမ်းများလို့ ဧကရာဇ်စုဂိုဏ်းကို ပေးလိုက်တာပိုကောင်းတာပေါ့...
နတ်ဆိုးဘုရင်ချင်းယန် - ဧကရာဇ်စုက ငါတို့ရဲ့စိတ်အာရုံတွေကို တစ်နေရာတည်းမှာစုစည်းပြီး ခုလိုဆက်သွယ်နိုင်အောင် ဆောင်ရွက်ပေးထားတာပဲ...ဧကရာဇ်စုရဲ့ကျင့်ကြံမှုက ဘယ်လောက်တောင်မြင့်နေမလဲမသိဘူး...ရုတ်တရက်ဆိုသလိုပဲ ဧကရာဇ်စုဂိုဏ်းအပေါ် ငါ့ရဲ့စိတ်၀င်စားမှုက မြင့်တက်လာခဲ့ပြီ...
သုံးယောက်သား စိတ်ပါလက်ပါဖြင့် စကားစမြည်ပြေ။ဆိုနေရာမှ စကားဝိုင်းက မိနစ်ပိုင်းအတွင်း ပို၍အရှိန်မြင့်လာခဲ့သည်။
စုယီသည် ကျိုးဝူဓားကိုမြှောက်ပင့်ကြည့်လိုက်ရာ ဓားသည် ငှက်မွှေးတစ်ခုသဖွယ် အလွန်ပေါ့ပါးနေကြောင်း တွေ့ရှိလိုက်ရသည်။ဤဓားသည် အမှန်တကယ် သတ်ဖြတ်ခြင်းကိုလုပ်ဆောင်နိုင်မည်လား...
စုယီသည် နံရံတစ်ခုကိုဦးတည်၍ ဓားကိုဝှေ့ယမ်းလိုက်ချိန်တွင် တို့ဟူးကိုခုတ်ရသကဲ့သို့ အလွယ်တကူပိုင်းဖြတ်သွားသည်ကို တွေ့လိုက်ရ၍ မျက်လုံးများပြူးကျယ်သွားခဲ့သည်။
ကောင်းလိုက်တဲ့ဓား...အရမ်းကောင်းတယ်...
စုယီသည် ချက်ချင်းပင် စိတ်လှုပ်ရှားလာခဲ့သည်။သူသည် ကျိုးဝူဓားကိုကိုင်ဆောင်ထားစဉ်တွင် လုံခြုံစိတ်ချရသော ခံစားချက်ကို ရရှိထားပေသည်။
စုယီသည် စာသင်ခန်းထဲမှနေ၍ ချက်ချင်းထွက်ခွာလာခဲ့သည်။အပြင်ဘက်တွင် နေ့ခင်းဘက်ဖြစ်နေဆဲဖြစ်ကာ ကောင်းကင်က ကြည်လင်နေခဲ့သည်။လူသားဧကရာဇ်ရွယ်ယွမ်၏ ရုတ်ချည်းရွေ့ပြောင်းမှုကြောင့် ရာနှင့်ချီသောကျောင်းသားများသည် ကွင်းပြင်တစ်လျှောက်ပြန့်ကျဲကာ မူးဝေနေကြဆဲဖြစ်သည်။
ထိုအချိန်တွင် စုယီ၏မျက်နှာပေါ်၌ ထိတ်လန့်နေသောအမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ကျောင်း၀င်းတစ်ခုလုံးအနှံ့ အလွန်မြင့်မားသည့်သစ်ပင်များစွာက ရုတ်ချည်းဆိုသလို ထွက်ပေါ်လာခဲ့သည်။ထိုသစ်ပင်များသည် ကျောင်းစာကြည့်တိုက်ထက်ပင် ပိုမိုမြင့်မားထူထပ်နေကာ ထောင်နံရံကဲ့သို့ ကျောင်းအားပိတ်ဆို့ထားခဲ့သည်။
ထိုအချိန်တွင် လမ်းဘေး၌လဲလျောင်းနေသော စုံတွဲတစ်ခုက စတင်သတိပြန်လည်လာခဲ့သည်။ထို့နောက် ကွင်းပြင်၌မေ့မြောနေသော ကျောင်းသားများကလည်း သတိပြန်လည်စပြုလာကြသည်။
"ကျောင်းတစ်ခုလုံးက အချိန်တစ်ခုကိုဖြတ်ကျော်ပြီး နေရာရွေ့ပြောင်းသွားတာလား..."
စုယီအတွက် ဧကရာဇ်စုဂိုဏ်း၏ ရုတ်တရက်ရောက်ရှိလာမှုသည် သူ၏လောကအမြင်ကို ပျက်စီးသွားစေပြီဖြစ်သည့်အတွက် ယခုလိုထိတ်လန့်ဖွယ်မြင်ကွင်းက သူ့အားများစွာမသက်ရောက်စေတော့ပေ။
အကယ်၍ သူတို့သာအချိန်ခရီးသွားခဲ့လျှင် သူ၏မိဘများက မည်သို့ဖြစ်သွားမည်နည်း။
စုယီ၏နှလုံးသားက နာကျင်သွားခဲ့ရသည်။သူသည် ဤထူးဆန်းသောအရပ်ဆီသို့ တစ်ယောက်တည်းရောက်ရှိလာခဲ့ခြင်းဖြစ်ရာ သူပျောက်ဆုံးသွားပါက သူ၏မိဘများ စိုးရိမ်ပူပန်နေကြမှာဖြစ်သည်။
သို့သော်လည်း ကျိုးဝူဓား၊ဧကရာဇ်စုဂိုဏ်းနှင့်ရွယ်ယွမ်လူသားဧကရာဇ်တို့၏သွင်ပြင်က သူ့အားစိတ်ကူးယဉ်ဆန်သည့် ပန်းတိုင်အသစ်များကို ချမှတ်စေခဲ့သည်။
နတ်ဆိုးများနှင့်ကျင့်ကြံသူများ ပေါ်ပေါက်လာခြင်းက အင်မော်တယ်လမ်းကြောင်း တည်ရှိနေခြင်းကို အတည်ပြုခဲ့သည်လား...
သူသည် ရွယ်ယွမ်လူသားဧကရာဇ်၏စကားများကို ပြန်လည်သတိရလာခဲ့သည်။
"အချိန်နှင့်နေရာအား ပြောင်းလဲစေခဲ့သည်"
"ခုချိန်မှာ အရေးအကြီးဆုံးအရာက ကောင်းကောင်းရှင်သန်ဖို့ဘဲ...အနာဂတ်မှာ ငါအမြင့်ဆုံးအခြေအနေကို ရောက်ခဲ့ရင် ငါ့မိဘတွေဆီပြန်သွားရမယ်..."
စုယီသည် အသက်ကိုခပ်ပြင်းပြင်းရှုကာ ကျိုးဝူဓားအား ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။
သူသည် လုံခြုံစိတ်ချရသော ခိုလုံရာတစ်ခုအားရှာဖွေပြီးနောက် ကျားနက်ဧကရာဇ်၊နတ်ဆိုးဘုရင်ချင်းယန်၊ဝူချင်းယောင်တို့ထံမှ ရတနာများကိုရရှိရန် ဆက်လက်လှည့်စားရမည်ဖြစ်သည်။သို့မှသာ ရှေးဟောင်းတောနက်ထဲ၌ ရှင်သန်နေထိုင်နိုင်မည်ဖြစ်သည်။
ထိုသို့အတွေး၀င်လာပြီးနောက် သူသည်ကျောင်း၀င်းထဲမှတဆင့် အိပ်ဆောင်ရှိရာသို့ပြန်လှည့်လာခဲ့သည်။ယခုအချိန်တွင် ကျောင်း၀င်းအပြင်သို့ထွက်ခွာခြင်းက သေလမ်းကိုရွေးချယ်သည်နှင့် မခြားလှပေ။
ကျောင်း၀င်းအပြင်ဘက်ရှိ ရှေးဟောင်းတောနက်ထဲ၌ မမြင်တွေ့နိုင်သော အန္တာရယ်များ မည်မျှများပြားကြောင်း စုယီမသိနိုင်ပေ။
"အား..."
"ကူညီကြပါအုံး..."
စုယီတစ်ယောက် အချိန်ခဏကြာအောင် လမ်းလျှောက်ပြီးနောက်တွင် သင်ကြားရေးအဆောက်အဦး၏နောက်ကွယ်မှ အော်ဟစ်အကူအညီတောင်းသံများကို ရုတ်တရက်ကြားလိုက်ရသည်။များမကြာမှီတွင် ကျောင်းလုံခြုံရေးအစောင့်များအပြင် ကျောင်းသား၊ကျောင်းသူအုပ်စုတစ်ခုသည် သင်ကြားရေးအဆောက်အဦးထောင့်မှ ပြေးထွက်လာခဲ့ကြသည်။သူတို့အသီးသီး၏မျက်နှာပေါ်တွင် ထိတ်လန့်မှုများကို အတိုင်းသားတွေ့မြင်နေရသည်။
ရွှီး...
ထိုအချိန်တွင် ကျောရိုးတစ်ခုလုံးကို အေးစက်သွားစေမယ့် အသံတစ်ခုက ကျောင်း၀င်းတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။
သင်ကြားရေးအဆောက်အဦး၏ ထောင့်စွန်းမှနေ၍ ရေစည်တစ်ခုအရွယ်ခန့်ရှိသော မြွေခေါင်းတစ်ခုက ရုတ်ချည်းထွက်ပေါ်လာခဲ့သည်။၎င်း၏နက်မှောင်သော အကြေးခွံများက နေရောင်အောက်၌ရောင်ပြန်ဟပ်နေခဲ့ကာ လူအများကိုေြကာက်ရွှံ့ခြောက်ခြားစေခဲ့သည်။မြွေကြီး၏မျက်လုံးများက အေးစက်သောအငွေ့အသက်များကို ထုတ်လွှတ်နေပြီး ဤ၏ရှည်လျားသောလျှာကြီးကို ထုတ်ချည်သွင်းချည်လုပ်နေရာ ပို၍ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။
စုယီသည် ချက်ချင်းထွက်ပြေးရန် ပြင်ဆင်လိုက်သော်လည်း သူ့ထံပြေးလာသည့် ပုံရိပ်လေးတစ်ခုကို လူအုပ်ကြားထဲ၌တွေ့မြင်လိုက်ရ၍ သူ၏ခြေထောက်များက မြေပေါ်အမြစ်စွဲသလိုဖြစ်သွားကာ ထွက်မပြေးနိုင်တော့ပေ။
ထိုပုံရိပ်လေးသည် အနီရောင်၀တ်စုံအား ၀တ်ဆင်ထားကာ သူမ၏ဆံပင်များက နှင်းကဲ့သို့ဖြူဖွေးနေခဲ့သည်။သူမ၏နူးညံ့သိမ်မွေ့သော မျက်နှာလေးပေါ်၌ ထိတ်လန့်နေမှုကို အတိုင်းသားမြင်တွေ့နေရသည်။
ထိုမိန်းကလေးကို နန်ရှောင်ပေါင်ဟုခေါ်ပြီး သူမသည် တက္ကသိုလ်၌ စုယီ၏အချစ်ဆုံးသူငယ်ချင်းဖြစ်သည်။သူသည် ဤတက္ကသိုလ်သို့ ကျောင်းသားသစ်အနေဖြင့် စတင်ရောက်ရှိလာစဉ် ရုပ်ပြအစည်းအဝေးတစ်ခု၌ ယာယီလုပ်ကိုင်ကူညီပေးနေခဲ့သည်။ထို့အချိန်က သူသည် နန်ရှောင်ပေါင်နှင့်စတင်တွေ့ဆုံခဲ့ပြီး သူမ၏အမည်နှင့်ပတ်သက်၍ စကားစမြည်ပြောဆိုရင်း ရင်းနှီးခဲ့ကြသည်။နန်ရှောင်ပေါင်၏အဖေသည် ဂိမ်းဝါသနာပါသည့်ဂိမ်းကစားသူတစ်ယာက်ဖြစ်ရာ နန်ရှောင်ပေါင်ဟု အမည်ပေးခဲ့ခြင်းဖြစ်သည်။
သာမန်အားဖြင့်ဆိုပါက နန်ရှောင်ပေါင်သည် သရုပ်ဆောင်ရသည်ကို သဘောကျနှစ်သက်ကာ စုယီကိုလည်း မကြာခဏပါ၀င်ကူညီရန် ဖိတ်ကြားလေ့ရှိသည်။သူမက သူ့အားအဘယ်ကြောင့် ဤမျှထိအလေးပေးဆက်ဆံနေရသည်ကို စုယီကိုယ်တိုင်ပင် မသိသေးပေ။
နန်ရှောင်ပေါင်သည် သူမအားလိုက်သော ယောကျာ်းလေးမည်မျှကို အေးစက်စက်မျက်နှာထားဖြင့် ငြင်းပယ်ခဲ့ကြောင်း သူကိုယ်တိုင်တွေ့မြင်ခဲ့ရသည်။
"စုယီပြေး..."
နန်ရှောင်ပေါင်သည် စုယီအားသတိပြုမိသော်လည်း အကူအညီတောင်းခံခြင်းမရှိဘဲ ဦးစွာထွက်ပြေးခိုင်းခဲ့သည်။
ကျိုးဝူဓားကို ကိုင်ဆောင်ထားသော စုယီ၏နှလုံးသားသည် အရှိန်အဟုန်ပြင်းစွာဖြင့် တဒိန်းဒိန်းခုန်လာခဲ့ကာ ရှေ့သို့အလျင်စလို ပြေးထွက်လာခဲ့သည်။
ထိုအချိန်ခဏတွင် သူ၏စိတ်အခြေအနေက လွတ်ထွက်သွားခဲ့ကာ သူ၏နှလုံးသားထဲ၌ အသံတစ်ခုကလှုံဆော်ပေးနေခဲ့သည်။
"မင်းလက်ထဲက ကိုင်ထားတဲ့ဓားကိုဝှေ့ယမ်းပြီး နတ်ဆိုးကိုသတ်ဖြတ်လိုက်..."
ထို့အချိန်တွင် စုယီသည် အရှိန်အဟုန်အပြည့်ဖြင့် ပြေး၀င်လာခဲ့ပြီး ကျောင်းသား၊ကျောင်းသူများ၊ဆရာများနှင့် လုံခြုံရေးအစောင့်များက စုယီအားကျော်ဖြတ်သွားခဲ့သည်။ထို့နောက်တွင် နန်ရှောင်ပေါင်ရှိရာသို့ တဟုန်ထိုးပြေး၀င်လာခဲ့သည်။
နန်ရှောင်ပေါင်သည် ထိုမြင်ကွင်းကိုကြည့်ရင်း လွန်စွာစိုးရိမ်ပူပန်သွားကာ မျက်ရည်များပင်စီးကျလာခဲ့သည်။သူမသည် စုယီအား အမြန်ထွက်ပြေးရန် အဆက်မပြတ်အော်ဟစ်နေသော်လည်း စုယီကဂရုမစိုက်ခဲ့ပေ။
အားကစားကွင်းပြင်ရှိ ကျောင်းသားများကလည်း ဧရာမမြွေကြီး ရုတ်တရက်ထွက်ပေါ်လာသည်ကို မြင်သောအခါတွင် ထိတ်လန့်တကြားခုန်ပေါက်ထွက်ပြေးသွားခဲ့ကြသည်။
ဧရာမမြွေကြီး၏ကိုယ်ထည်သည် ရေစည်တစ်ခုလိုတုတ်ခိုင်လှကာ မရေမတွက်နိုင်သော အနက်ရောင်အကြေးခွံများက သူ၏ခန္ဓာကိုယ်အား ဖုံးလွှမ်းထားပေသည်။ထိုမြွေကြီးသည် မီတာနှစ်ဆယ်ခန့်အရှည်ရှိပြီး ၎င်း၏သွင်ပြင်တစ်ခုတည်းကပင် လွန်စွာကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။
နန်ရှောင်ပေါင်သည် သူမကိုဖြတ်ပြေးသွားသည့် စုယီအားလှမ်း၍ဖမ်းဆွဲရန် ကြိုးစားလိုက်သော်လည်း မအောင်မြင်ခဲ့ပေ။
ထိုအခိုက်အတန့်တွင် စုယီ၏အကြည့်က ဧရာမမြွေကြီးဆီကျရောက်နေခဲ့သည်။သူ့လက်ထဲ၌ကိုင်ဆောင်ထားသော ကျိုးဝူဓားက သူ၏ခန္ဓာကိုယ်အတွင်းသို့ ထူးဆန်းသောအပူစွမ်းအင်လှိုင်းတစ်ခုအား ထိုးသွင်းပေးကာ စုယီအားပိုမိုအားကောင်းလာစေခဲ့သည်။
ငါဒီမြွေကြီးကို သတ်ဖြတ်နိုင်တယ်...
သူသည် ဧရာမမြွေကြီးနှင့် ဆယ်မီတာခန့်အကွာသို့ရောက်ရှိလာချိန်တွင် စုယီသည်ရုတ်ချည်းရပ်တန့်လိုက်ကာ သူ၏ဓားကိုဝှေ့ယမ်းလိုက်သည်။
ထိုအခိုက်အတန့်လေး၌ စိမ်းပြာရောင်လခြမ်းပုံသဏ္ဌာန်ရှိသော ဓားပုံရိပ်က မြွေကြီးအားဖြတ်ကျော်သွားခဲ့ကာ ပတ်၀န်းကျင်အား တိတ်ဆိတ်သွားစေခဲ့သည်။ထိုနေရာမှာပင် ရပ်တန့်နေသော နန်ရှောင်ပေါင်သည် လွန်စွာထိတ်လန့်သွားခဲ့ကာ သူမ၏လှပသောမျက်လုံးများက ပြူးကျယ်လာခဲ့သည်။နောက်ပြန်လှည့်ကြည့်လာသော ကျောင်းသားအချို့ကလည်း ထိတ်လန့်သွားခဲ့ကြသည်။
ဧရာမမြွေကြီး၏ခန္ဓာကိုယ်သည် ချက်ချင်းပင်နှစ်ခြမ်းခွဲသွားခဲ့ကာ မြွေကြီး၏သွေးများသည် အနီးအနားရှိနံရံအား စွန်းထင်းသွားစေခဲ့ပြီး ၎င်း၏အဆိပ်များကလည်း မြေကြီးပေါ် စီးကျနေခဲ့သည်။
ထိုမြင်ကွင်းသည် လူတိုင်းအား အလွန်ပင်တုန်လှုပ်သွားစေခဲ့သည်။
တိုက်မြင့်အထပ်၃ထပ်စာခန့် အမြင့်ရှိသောမြွေကြီးသည် စုယီ၏ဓားချက်ကြောင့် နှစ်ခြမ်းကွဲသွားခဲ့ရပေသည်။
နတ်ဆိုးဧကရာဇ်၏ ဆရာသခင်
ပြောကြတာဘဲ။ဧကရာဇ်စုတောင် ဒီကိစ္စကို စိတ်