← Chapters

နဂါး၁၁ကောင်၏စွမ်းအား

Vol. 1 Ch. 4

နဂါး၁၁ကောင်၏စွမ်းအား

Vol. 1 Ch. 4

 နန်ရှောင်ပေါင်သည် ရေချိုးခန်းထဲမှထွက်လာခဲ့သည်။သူမသည် စုယီနှင့်ဆင်တူသော အဖြူရောင်လက်ရှည်ရှပ်အင်္ကျီကို ၀တ်ဆင်ထားပြီး အနက်ရောင်အားကစားဘောင်းဘီတိုကို ၀တ်ဆင်ထားခံ့သည်။

 "ဒီ၀တ်စုံက ၀တ်ရတာပေါ့ပေါ့ပါးပါးရှိတယ်...ခုနက မြွေကြီးလိုက်လို့ ထွက်ပြေးရတာ သေလုနီးနီးပဲ...ခုလိုအသက်ဆက်ရှင်ပြီး မင်းအတွက်ချစ်စရာကောင်းတဲ့ သရုပ်ဆောင်မှုတွေကို ဆက်လုပ်ခွင့်ရတာ မင်း၀မ်းသာသင့်တယ်မလား"

 နန်ရှောင်ပေါင်သည် သူမ၏ဆံပင်ကိုဖြီးရင်း စုယီထံသို့လျှောက်လာခဲ့သည်။

 ဤတလျှောက်လုံး စုယီက စပါးအုံးမြွေကြီးကို မည်သို့မည်ပုံသတ်ဖြတ်ခဲ့ကြောင်း သူမတစ်ခွန်းမှမမေးခဲ့ပေ။

 စုယီသည် အသက်ကိုခပ်ပြင်းပြင်းရှုလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။ထို့နောက် နတ်ဆိုးဧကရာဇ်၏နတ်ဘုရားစွမ်းအားကျင့်စဉ်ကို တာအိုသိုလှောင်ခန်းထဲသို့ တိတ်တဆိတ်သိမ်းဆည်းထားလိုက်သည်။

 "ငါတို့က လက်ရှိကမ္ဘာပေါ်မှာမရှိတော့ဘူး...ရှေးဟောင်းတောနက်လို အန္တာရယ်များတဲ့နေရာတစ်ခုမှာ ငါစွမ်းအားကြီးလာအောင် ကျင့်ကြံရလိမ့်မယ်...ငါလောလောဆယ် ကျင့်ကြံဦးမယ်...ငါ့ကိုဘယ်သူမှမနှောင့်ယှက်ပါစေနဲ့"

 သူသည် နန်ရှောင်ပေါင်အား အကြွင်းမဲ့ယုံကြည်ထားဆဲဖြစ်သည်။

 နန်ရှောင်ပေါင်နှင့်သူ့အကြားတွင် မတိုးသာမဆုတ်သာသည့် ဆက်ဆံရေးတစ်ခုရှိပေသည်။သူမသည် စုယီနှင့်ညတိုင်းလိုလိုဖုန်းပြော၍ တစ်နေ့တာကြုံတွေ့ခဲ့ရသမျှကို ဖောက်သည်ချပြန်ပြောတတ်သည်။ပုံမှန်အားဖြင့် သူမကသာ စကားဝိုင်းကိုဦးဆောင်သူဖြစ်ပြီး စုယီကသူမ၏စကားကိုသာ နားထောင်လေ့ရှိသည်။ထိုမိန်းကလေးသည် စုယီအားရေလာမြောင်းပေးဟန်ဖြင့် သူမကိုလာရောက်ပိုးပမ်းသူတိုင်းကို ငြင်းပယ်ခဲ့ကြောင်း တမင်တကာပြောဆိုလေ့ရှိသည်။ကံမကောင်းစွာဖြင့် စုယီကတုတ်တုတ်မလုပ်ခဲ့ပေ။

 "ဝိုး...မင်းကစတင်ကျင့်ကြံနိုင်ပြီလား...မင်းကအင်မော်တယ်တစ်ယောက်ဖြစ်တော့မှာပေါ့...မင်းနဲ့ပတ်သက်ရင် တစ်ခုခုထူးခြား‌နေတယ်ဆိုတာ ငါသိတယ်...မင်းငါ့ကိုတစ်ချိန်လုံးလှည့်စားနေခဲ့တာလား"

 နန်ရှောင်ပေါင်သည် စုယီအားအံ့ဩသင့်စွာစိုက်ကြည့်လိုက်ပြီး စုယီကိုစကားပြန်ပြောရန် အခွင့်အရေးမပေးဘဲ စုယီ၏လက်ကိုဆုပ်ကိုင်လိုက်သည်။

  "ဒါဆို မင်းသန်မာလာတဲ့အခါကျ မင်းငါ့ကိုကောင်းကောင်းကာကွယ်ပေးရမယ်"

 "ငါဒီမှာမရှိတော့ဘူးဆိုရင် မင်းကအခြားမိန်းမတစ်ယောက်နဲ့ ရှေ့ဆက်ရင်ဆက်နေမှာ မပြောနိုင်ဘူး..."

 စုယီသည် နန်ရှောင်ပေါင်၏စကားကြောင့် ထိတ်လန့်သွားပြီး ခေါင်းခါ၍ပြုံးပြလိုက်ကာ လသာဆောင်ရှိရာသို့ လျှောက်သွားခဲ့သည်။

 နတ်ဆိုးဧကရာဇ်၏ နတ်ဘုရားစွမ်းအားကျင့်စဉ်သည် နေနှင့်လ၏အနှစ်သာရကို စုပ်ယူ၍ကျင့်ကြံရသည့်အတွက် နေရောင်ကောင်းစွာရရှိသော လသာဆောင်၌ကျင့်ကြံရန်လိုအပ်ပေသည်။

 စုယီသည် လသာဆောင်၏အလယ်တွင် တင်ပျဉ်ခွေထိုင်ကာ စိတ်ကိုတည်ငြိမ်အောင်ပြုလုပ်ပြီးနောက် အသက်ရှုသွင်းရှုထုတ်၃ကြိမ် လုပ်ဆောင်လိုက်သည်။

 ကျင့်ကြံမှုလမ်းစဉ်သည် အစောပိုင်း၌ အလွန်ပင်ခက်ခဲပေသည်။လူ‌ပေါင်းများစွာသည် ဝိညာဉ်စွမ်းအင်ကို စတင်ခံစားမိရန်အတွက် ရက်ပေါင်းများစွာအချိန်ကုန်ဆုံးကြရသည်။

 ကံကောင်းထောက်မစွာဖြင့် စုယီကိုယ်တိုင်က ပင်ကိုယ်တည်ငြိမ်သောစိတ်သဘောထားရှိကာ စိတ်ရှည်သည်းခံတတ်၍ အလျင်စလိုမဖြစ်ခဲ့ပေ။

 နန်ရှောင်ပေါင်သည် ကုတင်ပေါ်တွင်ထိုင်၍ ကုတင်ဘေးရှိစားပွဲကိုမှီထားခဲ့သည်။သူမသည် လက်နှစ်ဖက်ဖြင့် သူမ၏ပါးပြင်များကိုဖထာက်ကာ စုယီ၏နောက်ကျောပြင်ကိုကြည့်ရင်း တိတ်တခိုးရယ်မောလိုက်သည်။

 "ဟီးဟီး...ငါစိတ်ကူးထဲကယောကျာ်းက သာမန်မဟုတ်ဘူးဆိုတာ ငါသိတာပေါ့..."

 အချိန်အတော်ကြာအောင် တိတ်တခိုးရယ်မောပြီးနောက် ဖုန်းကိုထုတ်၍ သူမ၏မိဘများကိုခေါ်ဆိုရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။သူမသည် အင်တာနက်သုံးရန်ကြိုးစားလိုက်သော်လည်း ဖုန်းလိုင်းမမိသေးပေ။

 ယခုအချိန်တွင် သူမသည် လက်ကျန်မျှော်လင့်ချက်များကို လုံး၀စွန့်လွှတ်လိုက်ပြီဖြစ်သည်။လျှိ့ဝှက်ဆန်းကြယ်သော ရွယ်ယွမ်ဧကရာဇ်ဆိုသူ ပြောသည့်စကားမှာ အမှန်ဖြစ်ပုံရသည်။သူတို့သည် ရှေးဟောင်းတောနက်သို့ အမှန်တကယ်ရောက်ရှိလာပုံရသည်။

 အမှန်တကယ်တွင်လည်း ထိုသို့ကြီးမားသောမြွေကြီးသည် ကမ္ဘာပေါ်၌ တည်ရှိနေရန်မဖြစ်နိုင်ပေ။

 ဆယ်မိနစ်ခန့်ကြာပြီးနောက်...

 ထိုအခိုက်အတန့်တွင် စုယီသည် သူ့ခန္ဓာကိုယ်တွင်းရှိ ချွေးပေါက်အားလုံး ဖွင့်ဟသွားသလိုခံစားလိုက်ရသည်။ထို့နောက် အံ့ဩသင့်ဖွယ်ကောင်းလောက်သော စွမ်းအင်လှိုင်းက သူ၏ခန္ဓာကိုယ်ရှိကြွက်သားများနှင့်သွေးများကို နွေးထွေးသွားစေခဲ့သည်။စုယီသည် အလွန်သက်တောင့်သက်သာရှိသောခံစားချက်ကို ရရှိလိုက်၍ စိတ်မထိန်းနိုင်ဘဲ အော်ဟစ်လုနီးပါးဖြစ်သွားခဲ့သည်။

"ဒါက ကျင့်ကြံခြင်းဆိုတာလား..."

 စုယီသည် သူ့ခန္ဓာကိုယ်တွင်းရှိ ပြောင်းလဲမှုများကိုခံစားကြည့်နေရင်း သူရရှိထားသော နဂါးခွန်အားဆေးပြားကို သတိရလိုက်သည်။

 နတ်ဆိုးဧကရာဇ်၏ နတ်ဘုရားစွမ်းအားကျင့်စဉ်တွင်ဖော်ပြချက်အရ နတ်ဆိုးမျိုးနွယ်မှပါရမီရှင်များသည် နေနှင့်လ၏အနှစ်သာရကို စုပ်ယူကျင့်ကြံသည့်အပြင် အခြားနတ်ဆိုးသားရဲများကို စားသုံးခြင်းဖြင့်လည်း သူတို့၏စွမ်းအားကို တိုးတက်အောင်လုပ်ဆောင်ကြသည်။နဂါးခွန်အားဆေးပြားတစ်ခုကို ‌သောက်သုံးခြင်းက နဂါးတစ်ကောင်၏စွမ်းအားကို ရယူနိုင်သည့်အတွက် ထိုအခွင့်ကောင်းကို သူလက်မလွတ်နိုင်ပေ။

 ထို့ကြောင့် သူသည်နဂါးခွန်အားဆေးပြားများကို ထည့်ထားသောပုလင်းထဲမှ ဆေးတစ်ပြားကိုထုတ်ယူ၍ တစ်၀က်ပိုင်းကာ ပါးစပ်ထဲသို့ထည့်သွင်းလိုက်သည်။

 ကျိုးဝူဓားကိုသုံးစွဲခြင်းဖြင့် ရရှိလာသည့်သင်ခန်းစာက သူ့အားယခင်ကထက် ပိုမိုသတိထားလာစေခဲ့သည်။နဂါးခွန်အားဆေးပြားသည် အလွန်အစွမ်းထက်နေပါက သူ၏ခန္ဓာကိုယ်ကို ပျက်စီးစေနိုင်ခြေရှိပေသည်။

 စုယီသည် နဂါးခွန်အားဆေးပြားတစ်၀က်ကို မျိုချလိုက်ပြီးနောက် သူ၏လည်ချောင်းထဲမှနေ၍ ဖော်မပြနိုင်သောအပူစွမ်းအင်များ ပေါက်ကွဲထွက်လာသည်ကို ခံစားလိုက်ရသည်။စုယီသည် သူ၏ရင်ဘတ်တစ်ခုလုံးပေါက်ကွဲလုမတတ် နာကျင်မှုကိုခံစားလိုက်ရသော်လည်း သူ၏ခန္ဓာကိုယ်က နာကျင်မှုကြောင့်တုန်ယင်နေ၍ အသံမထွက်နိုင်ပေ။

 နန်ရှောင်ပေါင်သည် ထိုမြင်ကွင်းကို သတိပြုမိလိုက်၍ တုန်လှုပ်ခြောက်ခြားသွားခဲ့သည်။စုယီကသူ့အားနှောင့်ယှက်ခြင်းမပြုရန် သူမကိုတင်းတင်းကြပ်ကြပ်မှာကြားထားသည်ကို သတိရလိုက်၍ အဝေးမှသာငေးကြည့်နေခဲ့ရသည်။

 "အား..."

 ရုတ်ချည်းဆိုသလိုပင် ကြောက်စရာကောင်းသော အော်ဟစ်သံက အဆောင်အပြင်ဘက်က ပျံ့နှံ့လာ၍ နန်ရှောင်ပေါင်တစ်ယောက် အရိုးထိအောင် အေးစက်သွားခဲ့ရသည်။

 စုယီသည်လည်း ထိုအော်သံကိုကြားလိုက်ရသော်လည်း မျက်လုံးကိုမဖွင့်နိုင်သေးပေ။သူသည် နဂါးခွန်အားဆေးပြား၏ အာနိသင်ကိုချေဖျက်ရန်အတွက် နတ်ဆိုးဧကရာဇ်၏ နတ်ဘုရားစွမ်းအားကျင့်စဉ်ကို အစွမ်းကုန်ကြိုးစားလည့်ပတ်ခဲ့သည်။

 ရွှီး...ကျွီး...အား...

 ထိုအချိန်တွင် ကျောင်း၀င်း၏ထောင့်ပေါင်းစုံမှ အော်ဟစ်သံအမျိုးမျိုးက ထပ်မံထွက်ပေါ်လာခဲ့သည်။မူလကကြည်လင်နေသော ကောင်းကင်ယံသည် ချက်ချင်းဆိုသလို မှိုင်းညှိ့သွားခဲ့သည်။

 နန်ရှောင်ပေါင်သည် အလန့်တကြားဖြစ်ကာ အပြင်ဘက်မှနတ်ဆိုးသားရဲများ ၀င်မလာစေရန်အတွက် စားပွဲနှင့်ခုံများအားလုံးကို အခန်းတံခါးဆီရွှေ့၍ ပိတ်ဆို့ထားလိုက်သည်။

 အချိန်များသည် တဖြည်းဖြည်းရွေ့လျားနေရင်း တစ်နာရီကမြန်မြန်ဆန်ဆန် ကုန်ဆုံးသွားခဲ့သည်။

 ကျောင်း၀င်းထဲမှ မကြာခဏထွက်ပေါ်နေသော အော်ဟစ်သံများကလည်း အဆုံးသတ်၌ငြိမ်သက်သွားခဲ့သည်။

 ထိုအချိန်တွင် စုယီသည် နဂါးခွန်အားဆေးပြားတစ်၀က်၏ စွမ်းအားက်ု လုံးလုံးလျားလျား ချေဖျက်လိုက်ပြီဖြစ်သည်။သူ၀တ်ဆင်ထားသော ၀တ်စုံကဖောင်းကားနေခဲ့ကာ ယခင်ကပိန်ပိန်ပါးပါးဖြစ်‌နေသော စုယီ၏ခန္ဓာကိုယ်က ကြွက်သားများဖြင့် ပြည့်နှက်နေခဲ့သည်။

 စုယီသည် မျက်မှောင်ကြုတ်ကာ အသက်ကိုခပ်ပြင်းပြင်းရှုရှိက်၍ ကျန်ရှိနေသော နဂါးခွန်အားဆေးပြားတစ်၀က်ကို တုံ့ဆိုင်းမှုမရှိသုံးစွဲလိုက်သည်။

 နဂါးခွန်အားဆေးပြားတစ်၀က်ကို သုံးစွဲပြီးနောက်တွင် စုယီကသူသည် အိပ်ဆောင်တစ်ခုလုံးအား လက်သီးတစ်ချက်တည်းဖြင့် ဖြိုခွဲနိုင်စွမ်းရှိသော သူရဲကောင်းတစ်ယောက်ဖြစ်လာသည်ဟု ခံစားမိလိုက်သည်။

 အကယ်၍သူသာ နဂါးခွန်အားဆေးပြားတစ်ရာကိုသုံးစွဲပြီးနောက် နဂါးအကောင်တစ်ရာ၏စွမ်းအားကို ရယူပိုင်ဆိုင်ခဲ့မည်ဆိုလျှင်...

 သူသတ်ဖြတ်ခဲ့ဖူးသော ဧရာမမြွေမျိုး အကောင်တစ်ရာခန့်ရောက်လာလျှင်တောင်မှ အကုန်လုံးကိုအပိုင်းပိုင်းဖြတ်တောက်ပစ်နိုင်မှာဖြစ်သည်။

 စုယီသည် သတိကပ်၍ သူ၏အခြေအနေကို ဆက်လက်စစ်ဆေးခြင်းမလုပ်ဆောင်တော့ပေ။သူသည် ယခုထက်ပို၍သန်မာလာအောင် ကြိုးစားရန်လိုအပ်ပေသည်။ထိုသို့မဟုတ်ပါက သူ့ကိုယ်သူကာကွယ်ရန်အတွက်ပင် စွမ်းအားလုံလောက်မည်မဟုတ်ပေ။

 ထို့ကြောင့်စုယီသည် နဂါးခွန်အားဆေးပြားကိုသုံးစွဲရင်း ဆက်လက်ကျင့်ကြံနေခဲ့သည်။

နတ်ဆိုးဧကရာဇ်၏ နတ်ဘုရားစွမ်းအားကျင့်စဉ်မှ ပထမအဆင့်ဖြစ်သော နတ်ဆိုးချီအသွင်ပြောင်းခြင်းအဆင့်ကို နယ်ပယ်သုံးခုပိုင်းခြားထားသည်။၎င်းတို့မှာ နွား၉ကောင်နှင့်ကျား၂ကောင်၏ခွန်အား ၊ ဆင်၅ကောင်၏ခွန်အားနှင့် နဂါးတစ်ကောင်၏ခွန်အားတို့ဖြစ်ကြသည်။

 စုယီသည် ဆက်လက်ကျင့်ကြံနေရင်း ပထမအဆင့်၏ အမြင့်ဆုံးသောအဆင့်ကို ရောက်ရှိတော့မည်ဖြစ်သည်

ထို့ကြောင့် စုယီသည် နာကျင်မှုနှင့်အတူ စိတ်လှုပ်ရှားမှုအချို့ကိုလည်း ခံစားနေခဲ့ရသည်။

  နန်ရှောင်ပေါင်သည် စုယီအားအချိန်ပြည့်စောင့်ကြည့်နေခဲ့ပေရာ စုယီတစ်ယောက် ယခင်ကနှင့်မတူဘဲ ခြားနားသောလူတစ်ယောက်ဖြစ်လာကြောင်း ခံစားမိလိုက်ပေသည်။စုယီသည် ပြင်းထန်သောနာကျင်မှုဝေဒနာကို ခံစားနေရသော်လည်း မျက်ရည်လုံး၀မကျသောမြင်ကွင်းက သူမ၏နှလုဲးသားကိုကွဲကြေစေခဲ့သည်။သို့ဖြစ်ရာ သူမတိတ်ဆိဆ်နေခြင်းက စုယီအတွက် ကြီးမားသောအကူအညီဖြစ်စေကြောင်း နားလည်ထားပေသည်။

 ကျောင်း၀င်းတစ်ခုလုံးက သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်နေခဲ့သည်။နန်ရှောင်ပေါင်သည် ကျောင်း၀င်းထဲရှိလူတိုင်း သေဆုံးသွားသကဲ့သို့ မနှစ်မြို့ဖွယ်ကောင်းသော အေးစက်စက်ခံစားချက်ကို ရရှိလိုက်သည်။

 စုယီသည် နေ့အချိန်၌ နေမင်း၏ပူပြင်းသောယန်အနှစ်သာရကို စုပ်ယုကျင့်ကြံ၍ ညအချိန်တွင်မူ လမင်း၏အေးစက်သောယင်အနှစ်သာရကိုစုပ်ယုကျင့်ကြံခဲ့သည်။အေးစက်သောယင်စွမ်းအင်သည် နဂါးခွန်အားဆေးပြား၏ တောက်လောင်သောအပူစွမ်းအင်ကို အပြည့်အ၀တွန်းလှန်နိုင်ပေသည်။ထို့ကြောင့် စုယီခံစားနေရသည့် မသက်မသာဖြစ်မှုများ ပျောက်ကွယ်သွားခဲ့ကာ အေးမြလန်းဆန်းမှုကို ခံစားလိုက်ရသည်။

 စုယီသည် တစ်ညတာလုံးအနားမယူဘဲ ကျင့်ကြံခြင်းကိုလုပ်ဆောင်ကာ နဂါးခွန်အားဆေးပြားကို အပြည့်အ၀ချေဖျက်ရန် စီစဉ်ခဲ့သည်။

 နန်ရှောင်ပေါင်က သူ့အားလုံး၀မနှောင့်ယှက်ခဲ့ပေ။ထို့ပြင် စုယီဗိုက်ဆာလာပါက အဆာပြေစားသောက်ရန်အတွက် ဗီရိုထဲမှစားစရာများကို ‌ဆူညံသံမထွက်ဘဲထုတ်ယူခဲ့သည်။သူမ၏လုပ်ဆောင်မှတိုင်းက အမှန်ပင်ချစ်စရာကောင်းနေခဲ့သည်။

 ညည့်နက်လာသည်နှင့်အမျှ နန်ရှောင်ပေါင်သည် စုယီနှင့်နီးနီးကပ်ကပ်ရှိနေခြင်းက ပိုမိုလုံခြုံစေသည်ဟု ခံစားရစေ၍ လသာဆောင်အနီးရှိ ကုတင်ပေါ်၌အိပ်ပျော်သွားခဲ့သည်။

 ညအမှောင်အောက်၌ ရံဖန်ရံခါဆိုသလို အပြင်ဘက်မှကြောက်မက်ဖွယ်ရာ ဟိန်းဟောက်သံများထွက်ပေါ်လာခဲ့သည်။မကြာခဏဆိုသလိုပင် ကောင်းကင်ပေါ်၌ ကြီးမားသောသားရဲများ ပျံသန်းနေသကဲ့သို့ လေပြင်းများတိုက်ခတ်နေခဲ့သည်။

 လက်ရှိမြင်ကွင်းသည် သည်းထိတ်ရင်ဖိုဇာတ်လမ်းတစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။

 နန်ရှောင်ပေါင်သည် နှစ်နှစ်ခြိုက်ခြိုက်အိပ်‌ပျော်နေခဲ့ကာ ရံဖန်ရံခါတွင် စုယီ၏အမည်ကို မြည်တမ်း၍အိပ်ပျော်နေခဲ့သည်။

 ညတာကုန်ဆုံးသွားပြီးနောက် ပထမဆုံးသောနေအလင်းရောင်က ကောင်းကင်ပေါ်မှကျဆင်းလာခဲ့သည်။

 စုယီသည် မျက်လုံးကိုဖွင့်၍ လည်ချောင်းကိုရှင်းလိုက်ရာ နဂါးတစ်ကောင်ဟိန်းဟောက်သကဲ့သို့ ကျယ်လောင်သောအသံကဟိန်းထွက်လာကာ လေထုကိုတုန်ခါစေခဲ့သည်။

 သူသည် နဂါးခွန်အားဆေးပြား ၁၁ပြားတိတိအသုံးပြုခဲ့ပြီးပြီဖြစ်ရာ လက်ရှိအချိန်၌ နဂါး၁၁ကောင်၏စွမ်းအားကို လက်ပိုင်ဆိုင်ထားပြီဖြစ်သည်။

 သူ၏လက်သီးတစ်ချက်က တောင်တစ်လုံးကိုဖြိုခွဲနိုင်စွမ်းရှိပေသည်။

 နဂါးတစ်ကောင်၏ခွန်အားသည် ကျားနှင့်ဆင်တို့လို့သားရဲများ ယှည်ပြိုင်နိုင်သည့်အရာမဟုတ်ပေ။

 သူ၏အဖြူရောင်ရှုပ်အကျီနှင့်ထိကပ်နေသည့် အရေပြားပေါ်၌ အညစ်အကြေးများဖုံးလွှမ်းနေခဲ့ကာ အားကောင်းသော ကြွက်သားများ၏သွင်ပြင်ကို တွေ့မြင်နေရပေသည်။

 စုယီသည် လုံး၀ပြောင်းလဲသွားပြီဖြစ်သည်။သူ၏မျက်နှာအသွင်အပြင်သည် ယခင်ကနှင့်မတူတော့ဘဲ သူ၏အသက်မဲ့နေသောမျက်လုံးတစ်စုံက စူးရှတောက်ပနေခဲ့သည်။

 "ခုချိန်ကစပြီးတော့ ငါကသေမျိုးတစ်ယောက်မဟုတ်တော့ဘူး..."

 စုယီသည် မတ်တပ်ထရပ်လိုက်ကာ သူ၏လက်သီးနှစ်ဖက်ကိုတင်းကျပ်စွာဆုပ်ရင်း သူ့ခန္ဓာကိုယ်ထဲမှ တဟုန်ထိုးတိုးပွားလာသော စွမ်းအင်ကို ရှင်းရှင်းလင်းလင်းခံစားမိလိုက်သည်။ထိုအရာသည် သူအရင်ကတစ်ခါမှမကြုံဖူးသော မယုံကြည်နိုင်စရာကောင်းသည့် ခွန်အားကိုစတင်ပိုင်ဆိုင်ရရှိလာခြင်းဖြစ်သည်။

All Chapters