← Chapters

နတ်ဆိုးဘုရင်နှင့် တိုက်ခိုက်ခြင်း

Vol. 1 Ch. 10

နတ်ဆိုးဘုရင်နှင့် တိုက်ခိုက်ခြင်း

Vol. 1 Ch. 10

“လူသားမျိုးနွယ် စွမ်းအားကျင့်ကြံသူများ”၏ လေ့ကျင့်ခြင်း လုပ်ငန်းစဉ်များကို ချီအားဖြင့် လောင်ဂျီတွဒ်မျဉ်း ရှစ်ခုအား ဖြတ်ကျော်ခြင်း၊ ဝိဉာဉ်ပင်လယ်အား နိုးထစေခြင်း၊ ဆေးဝါးများ သုံးစွဲခြင်း၊ နည်းလမ်းစတင်ခြင်းနှင့် နှလုံး လှုပ်ရှားမှုနဲ့ ပေါင်းစပ်ခြင်းဟူ၍ ပိုင်းခြားထားသည်။

ချီအားဖြင့် လောင်ဂျီတွဒ်မျဉ်း ရှစ်ခုအား ဖြတ်ကျော်ခြင်းသည် စိတ်ဝိဉာဉ်ကို သန့်စင်ပေးသည်။ဝိညာဉ်ပင်လယ်နိုးထခြင်းသည် ဒန်တီယန်ကို ဝိညာဉ်ပင်လယ်ဟုခေါ်သော ဝိညာဉ်စွမ်းအားအတွက် စုစည်းရာနေရာအဖြစ် ပြောင်းလဲပေးသည်။ဆေးဝါးများကို သုံးစွဲခြင်းနှင့် နည်းလမ်းစတင်ခြင်းသည် ဝိဉာဉ်စွမ်းအားကို ရွှေအမြုတေ အဖြစ်သို့ ပြောင်းလဲပေးသည်။ထိုအဆင့်တွင် နည်းလမ်းပေါင်း ထောင်ချီ ရှိသည်။

“ကျွန်တော်က ဆေးဝါးများကို မှီဝဲခြင်းနဲ့ နည်းလမ်းစတင်ခြင်း အဆင့်ကို ရောက်နေတဲ့ စွမ်းအားကျင့်ကြံသူဘဲ။နောက်ဆုံးအဆင့်အနေနဲ့ နှလုံးသား လှုပ်ရှားမှုဖြင့် ပေါင်းစည်းခြင်းဘဲ ကျန်တယ်။လူပေါင်းများစွာက သူတို့၏ဘဝတစ်ခုလုံးကို မြှုပ်နှံထားရင်တောင် မမြင်နိုင်တဲ့ နယ်ပယ်တစ်ခုဘဲ”

တံတားဖြူ တက္ကသိုလ်၏ အားကစားကွင်းထဲတွင် မိုဟောင်ရှန့်သည် ပျံဝဲနေသည့် သိမ်းငှက်ပေါ်တွင် ခြေတစ်ဖက် ချိတ်ကာ ထိုင်နေသည်။ကွင်းထဲရှိ သောင်းချီသော လူများကို စွမ်းအားကျင့်ကြံခြင်း လမ်းစဉ်များအကြောင်း ရှင်းပြနေခဲ့သည်။

တစ်မြို့လုံးတွင် လူဦးရေ သန်းဆယ်နှင့်ချီရှိပြီး လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဆုံးရှုံးမှုများစွာ ကြုံတွေ့ခဲ့ရသော်လည်း အရေအတွက်သည် ကြီးမားနေဆဲဖြစ်ကာ တံတားဖြူတက္ကသိုလ်သို့ ဆက်တိုက်ဆိုသလို ရောက်ရှိလာခဲ့သည်။

လောရွှေဂိုဏ်း၏ အခြားနောက်လိုက်များသည် လူတွေ၏ ဝိဉာဉ်ရင်းမြစ်ကို လိုက်လံ အကဲဖြတ်နေကြသည်။လူတိုင်းသည် မဆူညံရဲဘဲ ရိုးသားစွာ တန်းစီကြသည်။မသေမျိုးနှင့်တူသည့် မိုဟောင်ရှန့်ပုံစံကို ကြည့်ရင်း အများစု၏မျက်နှာပေါ်တွင် တပ်မက်ပြင်းပြသည့် စိတ်ဆန္ဒများ ပေါ်လွင်နေသည်။စိတ်ပျက်အားငယ်နေသည့် သူများကတော့ ဖယ်ရှားခြင်း ခံရပြီး လောရွှေဂိုဏ်းသို့ ဝင်ရောက်ခွင့် မရကြပေ။

“ဝိဉာဉ်ရင်းမြစ်ဆိုတာက စွမ်းအားကျင့်ကြံဖို့အတွက် လူတစ်ယောက်ရဲ့ပါရမီဘဲ။လူတိုင်းမှာ ဝိဉာဉ်ရင်းမြစ် ရှိတယ်။သတ္ထု၊ သစ်သား၊ ရေ၊ မီး၊ မြေ ဆိုတဲ့ ဒြပ်စင်(၅)မျိုးနဲ့ အမျိုးအစား ခွဲခြားထားတယ်။ဒြပ်စင်(၅)မျိုးလုံး ပိုင်ဆိုင်ထားတဲ့ ရောထွေးနေတဲ့ ဝိဉာဉ်ရင်းမြစ်က အဆိုးရွားဆုံးပါရမီဘဲ။ထူးခြားတဲ့ ဘာစွမ်းရည်မှ မရှိဘူးလို့ ပြောလို့ရတယ်။

နောက်ပြီး ဝိဉာဉ်ရင်းမြစ် လေးခု ရှိတယ်။ဝိဉာဉ်ရင်းမြစ် သုံးခုနဲ့ ဝိဉာဉ်ရင်းမြစ် သုံးခုသို့ ရောက်ရှိခြင်းက မင်းဟာ ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်နေပြီလို့ အဓိပ္ပာယ်ရတယ်။မေဂျာဂိုဏ်းတွေက မင်းအတွက် သူတို့ရဲ့တံခါးကို ဖွင့်လှစ်ပေးလိမ့်မယ်။အဆန်းကြယ်ဆုံးကတော့ တစ်ခုတည်းသော ဝိဉာဉ်ရင်းမြစ်ဘဲ။အဲ့ဒါက အရမ်းသန့်စင်ပြီး တူညီတဲ့စွမ်းရည်ကို ထင်မှတ်မထားလောက်တဲ့နှုန်းနဲ့ ကျင့်ကြံနိုင်‌လိမ့်မယ်။

ငါတို့ လောရွှေဂိုဏ်းမှာဆိုရင် တစ်ခုတည်းသော ဝိဉာဉ်ရင်းမြစ်ကို ပိုင်ဆိုင်နိုင်တာ တစ်ဦးတည်းဘဲ ရှိတယ်”

“ဒြပ်စင်ငါးမျိုး ဝိဉာဉ်ရင်းမြစ်‌ အပြင် အခြား ထူးခြားတဲ့ ဝိဉာဉ်ရင်းမြစ်တွေလည်း ရှိတယ်။အနာဂတ်မှာ ကမ္ဘာကို စွန့်စားပြီး သွားနိုင်ရင်တော့ မင်း အဲ့ဒါတွေ တွေ့မှာပေါ့”

မိုဟောင်ရှန့်သည် ပျော်ရွှင်ခြင်းလည်းမရှိ ဝမ်းနည်းခြင်းလည်းမရှိသည့် အမူအရာဖြင့် လောကီရေးရာများနှင့် မခွဲခွာဘဲ မသေမျိုးတစ်ယောက်ကဲ့သို့ ပြောနေလေသည်။

လူအုပ်ထဲတွင် နန်ရှောင်ပေါင်သည် အချိန် အတန်ကြာသည်အထိ နားစိုက်ထောင်နေခဲ့သည်။သူမတင် မဟုတ်ပါ။ထိုနေရာတွင် ရှိသည့် လူအများစုသည် လူငယ်နှင့် မိန်းကလေးငယ်လေးများသာ ဖြစ်သည်။စိတ်ကူးယဉ်မှု အားကောင်းပြီး သွေးဆူတတ်သည့် အရွယ်များသာ။

မိုဟောင်ရှန့်သည် လူအုပ်ကို ခြုံငုံကြည့်ကာ ပြောလိုက်သည်။ “မင်းတို့ထဲက အများစုက ငါတို့နဲ့အတူ လောရွှေဂိုဏ်းကို ပြန်နိုင်မှာ မဟုတ်ဘူး။အလားအလာရှိတဲ့ လူတွေကို လောရွှေဂိုဏ်းသို့ ခိုလှုံခွင့်ပေးခြင်းပိုက ငါတို့ဂိုဏ်း၏ သနားကြင်နာမှုပင် ဖြစ်တယ်။ဒါပေမယ့် ငါတို့မထွက်ခွာခင် ကျင့်ကြံခြင်း နည်းလမ်းကို ငါ ပေးအပ်ခဲ့မယ်။အနာဂတ်မှာ အရာအားလုံးက မင်းအပေါ်ဘဲ မူတည်တယ်”

ထိုအရာကို ကြားသည့်အခါ လူတိုင်းသည် စိတ်လှုပ်ရှားသွားကြပြီး ကြီးမြတ်သော မသေမျိုးအား ကျေးဇူးတင်ကြောင်း အပြိုင်အဆိုင် အော်ဟစ်နေကြသည်။

မိုဟောင်ရှန့်သည် စိတ်ကြီးဝင်နေပေမယ့် အရူးတစ်ယောက်တော့ မဟုတ်ပါ။အရည်အချင်းကောင်းမရှိသည့်တိုင် အချို့သောလူများသည် သူတို့ကိုယ်သူတို့ နာမည်ရနိုင်သေးကြောင်း သူသိသည်။ကုသိုလ်ကောင်းမှုမျိုးစေ့ကို သူ့အတွက်သူ ကျဲထားခြင်း ဖြစ်သည်။

ထိုအချိန်တွင် သူသည် နန်ရှောင်ပေါင်ကို ရုတ်တရက် သတိထားမိသွားကာ သူ့အကြည့်များ ပြောင်းလဲသွားသည်။သူ့ဝိဉာဉ်စွမ်းအင်ကို အသုံးချကာ သူ၏လက်ကို ဝေ့ယမ်းလိုက်ပြီး နန်ရှောင်ပေါင်အား လူအုပ်အရှေ့သို့ ပို့လိုက်သည်။

နန်ရှောင်ပေါင်သည် တစ်ခဏမျှ ထိတ်လန့်သွားပြီး ခဏအကြာတွင် မြေပေါ်သို့ ပြန်ကျလာသည်။

“မင်းမှာ နဂါးတစ်ကောင်ရဲ့စွမ်းအား ရှိနေတယ်။ဒါ ရိုးရှင်းတဲ့ကိစ္စ မဟုတ်ဘူး။မင်းရဲ့နောက်ခံက ဘယ်သူလဲ?”

မိုဟောင်ရှန့်သည် နန်ရှောင်ပေါင်အား စိုက်ကြည့်ရင်း လေးနက်သည့်အသံဖြင့် ပြော‌သည်။အခြားလောရွှေဂိုဏ်း၏ နောက်လိုက်များလည်း အာရုံစိုက်မိသွားသည်။

နဂါးတစ်ကောင်ရဲ့စွမ်းအား?

မဖြစ်နိုင်တာ!

သာမန်လူတစ်ယောက်က ဘယ်လိုဖြစ်ပြီး ဒီလို စွမ်းအားမျိုးကို ပိုင်ဆိုင်နိုင်မှာလဲ?

ဝိဉာဉ်ပင်လယ်အား နိုးထစေခြင်းကို ကြုံတွေ့ဖူးသည့် စွမ်းအားကျင့်ကြံသူတွေတောင်မှ နဂါးတစ်ကောင်ရဲ့ စွမ်းအားမျိုးကို ပိုင်ဆိုင်ဖို့ ခက်ခဲတယ်!

ဒီမိန်းကလေးမှာ ထူးခြားတဲ့ နောက်ခံတစ်ခုများ ရှိနေလောက်မလား?

လောရွှေဂိုဏ်း၏ နောက်လိုက်များသည် တိတ်တဆိတ် အံ့ဩသွားကြပြီး နန်ရှောင်ပေါင်ကို ဆက်တိုက် သေချာစူးစမ်းနေကြသည်။

သောင်းချီသော လူများသည် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။နဂါးတစ်ကောင်၏ စွမ်းအားသည် အံ့မခန်းပင် ဖြစ်သည်။

တံတားဖြူ တက္ကသိုလ်၏ ကျောင်းသားများသည်လည်း နန်ရှောင်ပေါင်အား သတိပြုမိသွားသည်။အာ့တာ စုယီရဲ့ ပါတနာမလား?

သူတို့သည် ပြီးခဲ့တဲ့နေ့က စုယီ၏ ကြောက်မက်ဖွယ် စွမ်းအားကို ပြန်သတိရသွားသည်။တုန်လှုပ်နေရုံမှတစ်ပါး ဝင် မကူနိုင်ပါ။

“ကျွန်မက သာမန် လူတစ်ယောက်ပါဘဲ။ဘာဖြစ်လို့လဲ?ရှင်နဲ့ ကျွန်မကြား ဘာပြသာနာများ ရှိလို့လဲ?”

နန်ရှောင်ပေါင်သည် အံ့ကြိတ်ကာ ပြန်လည်ချေပလေသည်။သူမသည် စုယီကို ထုတ်မပြောပါ။အဖိုးတန်ပစ္စည်းများကို လက်ဝယ်ပိုင်ဆိုင်ခြင်းသည် အပြစ်ကျူးလွန်ခြင်းသာ ဖြစ်သည် ဟူသော သဘောတရားကို သူမနားလည်ခဲ့သည်။သူမ၏ စွမ်းအားများကို အဆမတန် တိုးပွားလာစေသော ထိုဆေးလုံးသည် သာမန် မဟုတ်သည်မှာ သေချာသည်။ထို့ပြင် လောရွှေဂိုဏ်း နောက်လိုက်များ၏ လောဘကို နှိုးဆွမိမည်မှာလည်း သေချာပါသည်။

မိုဟောင်ရှန့်သည် ခနမျှ တိတ်ဆိတ်သွားပြီး မချိပြုံး ပြုံးလိုက်သည်။

သူသည် နန်ရှောင်ပေါင်ကို သေချာကြည့်လိုက်သည်။သူမသည် တခြားသူများနှင့် နှိုင်းယှဉ်လျှင် ချစ်စရာကောင်းပြီး သန်မာသည်။သူမသည် စွဲမက်ဖွယ်ကောင်းအောင် ဝတ်ဆင်ထားပေရာ သူ့အား သူမကို မြင်မြင်ချင်း ပိုင်ဆိုင်လိုစိတ် ဖြစ်ပေါ်စေသည်။

“ငါ့ရဲ့ ကိုယ်ပိုင်အစေခံ လုပ်လိုက်။ဒါဆို မင်းကို လောရွှေဂိုဏ်းစီ ခေါ်သွားပြီး မသေမျိုးတစ်ယောက် ဖြစ်လာအောင် လေ့ကျင့်ပေးမယ်။ဘယ်လိုလဲ?”

မိုဟောင်ရှန့်သည် ပြုံးကာ မေးလိုက်သည်။ကွင်းထဲရှိ မိန်းကလေးများသည် နန်ရှောင်ပေါင်အား မနာလိုစွာ ကြည့်ကုန်သည်။မိုဟောင်ရှန့်သည် ခန့်ညားသည်။ကျယ်ပြန့်သည့် ကြီးမြတ်သော စွမ်းအားကိုလည်း ပိုင်ဆိုင်ထားသည်။သူမနေရာမှာ သူတို့သာဆိုလျှင် တုံ့ဆိုင်းခြင်းမရှိ လက်ခံမည်မှာ အသေအချာပင်။

တွေးတောင်မတွေးကြည့်ဘဲနဲ့ နန်ရှောင်ပေါင်က သူ့ကို တစ်ခါတည်း ငြင်းလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ “ကျွန်မ မလုပ်ချင်ဘူး။ကျွန်မက တစ်စုံတစ်ယောက်ရဲ့ဇနီး ဖြစ်နေပြီးပြီ။ပြီးတော့ ကျွန်မ အမေက ပြောတယ်။မိန်းမဆိုတာ သီလ စောင့်ထိန်းရမယ်တဲ့”

ထိုသာိ့ ပြောပြီးနောက် သူမသည် နောက်လှည့်ကာ အဝေးလျှောက်သွားလေသည်။

လောရွှေဂိုဏ်းနှင့်ယှဉ်လျှင် သူမသည် စုယီကိုသာ ပို၍ ဂရုစိုက်သည်။

ထိုအရာကို ကြည့်ပြီးနောက် မိန်းကလေးအချို့သည် သူတို့ဘာသာ အကဲဖြတ်ပြီး ရှေ့ထွက်လာကြသည်။

“မသေမျိုးကြီး ကျွန်မ ရှင့်အစေခံ လုပ်ပါ့မယ်!”

“မသေမျိုး ကျွန်မကိုရော ရှင် ဘယ်လိုထင်လဲ!”

“ကျွန်မ ရှင်နဲ့ လိုက်ပါ့မယ်!”

“ကျွန်မက သူ့ထပ် လှပါတယ်။သူ့အစား ကျွန်မကို ခေါ်သွားပါ!”

မိုဟောင်ရှန့်၏ မျက်လုံးထဲတွင် စိတ်ပျက်ဖွယ် အရိပ်အယောင်များ ထွက်ပေါ်လာပြီး အောက်ရှိ မိန်းကလေးများကိုလည်း လစ်လျူရှုကာ နန်ရှောင်ပေါင်‌ နောက်သို့လည်း မလိုက်ခဲ့ပေ။

သူ့စိတ်ထဲတွင်တော့ လှောင်ပြောင်နေခဲ့သည်။ “ငါ့ကို ငြင်းရဲတယ်ပေါ့။ဒီညကို စောင့်ကြည့်လိုက်စမ်းပါ။မင်း ငါ့ကို နာခံမှုရှိရှိ ခစားစေရမယ်!”

လူအများရှေ့တွင် သူသည် နန်ရှောင်ပေါင်အား အတင်းအကြပ် ခွန်အားသုံးပြီး မခေါ်ရဲပါ။လောရွှေဂိုဏ်းသည် ရှေးရိုးစွဲလမ်းစဉ်၏ ကျော်ကြားသော ဂိုဏ်းတစ်ခုဖြစ်သည် မဟုတ်လား။

လောရွှေဂိုဏ်း၏နောက်လိုက်များသည် စတင် ရယ်မောလေသည်။မိုဟောင်ရှန့်ကို ငြင်းရဲသည့် တစ်စုံတစ်ယောက် ပေါ်လာခြင်းသည် ထူးဆန်းလေသည်။

နန်ရှောင်ပေါင်သည် နဂါးတစ်ကောင်၏ စွမ်းအားမျိုး ပိုင်ဆိုင်ထားသော်လည်း သူမ၏ ခန္ဓာကိုယ်တွင် ဝိဉာဉ်စွမ်းအား ရှာမတွေ့သည့်အတွက် သူတို့သည် အံ့ဩသွားကြသော်လည်း သူမကို ကြောက်တော့မကြောက်ပါ။

လောရွှေဂိုဏ်း၏ ရွှေလင်းယုန်ငှက်သည် မိုဟောင်ရှန့်ကို လှောင်ပြောင်နေသကဲ့သို့ ကောင်းကင်တွင် အကြာကြီး အော်မြည်နေခဲ့သည်။

နန်ရှောင်ပေါင်သည် မခံမရပ်နိုင် ဖြစ်သဖြင့် သူမ၏ အိပ်ဆောင်သို့ ပြန်လာခဲ့သည်။ထိုအချိန်တွင် စုယီသည် နောက်ထပ် နဂါးစွမ်းအင် ဆေးပြားကို မျိုချပြီးပြီ ဖြစ်သည်။နောက်သို့ လှည့်မကြည့်ဘဲ “ဘာဖြစ်လာတာလဲ?”ဟု မေးလိုက်သည်။

“လောရွှေဂိုဏ်းကလူပေါ့။ငါ့ကို သူ့၏ ကိုယ်ပိုင်ကျေးကျွန် ဖြစ်စေချင်တယ်တဲ့လေ!ငါ့ကို စိတ်တိုအောင် လုပ်တာ။ငါ ပိုသန်မာလာတဲ့ အချိန်ထိဘဲ စောင့်စမ်းပါ။သူ့ကို သေချာပေါက် ပြပေးလိုက်မယ်!”

နန်ရှောင်ပေါင်သည် အိပ်ယာပေါ်တွင် ထိုင်ရင်း အဆက်မပြတ် အော်နေခဲ့သည်။

ထိုအရာကို ကြားသည့်အခါ စုယီ၏အမူအရာသည် ချက်ချင်းပင် မည်းမှောင်သွားသည်။

နန်ရှောင်ပေါင်က သူချစ်တဲ့သူဘဲ။သူမကို တခြားတစ်ယောက်က လာထိတာကို ဒီတိုင်း လက်ပိုက်ကြည့်နေရမှာလား?

သူသည် ဘာမှ မပြောပေမယ့် ထိုအကြောင်းကို စိတ်ထဲတွင် မှတ်ထားလိုက်သည်။သူ နဂါးစွမ်းအားတစ်ရာကို စုဆောင်းပြီးတာနဲ့ တစ်ပြိုင်နက် လောရွှေဂိုဏ်းက အာ့ကောင်ကို သင်ခန်းစာပေးမယ် ဟူ၍ ဆုံးဖြတ်ထားလိုက်သည်။

တကယ်တော့ သူ့လက်ရှိစွမ်းအားနှင့်ပင် လောရွှေဂိုဏ်း၏ နောက်လိုက်များကို ချေမှုန်းပစ်နိုင်သည်။သို့သော် စိတ်ချရစေရန်အတွက် သူသည် နဂါးစွမ်းအင်ဆေးပြားများကို အပြည့်အဝ စုပ်ယူဖို့ကိုဘဲ အာရုံစိုက်ထားလေသည်။

...

ဘုန်း ဘုန်း ဘုန်း—

မိုးကုတ်စက်ဝိုင်းစီမှ နတ်ဆိုးတိမ်တိုက်များ တက်လာသည့်အခါ မြို့၏ လမ်းကြားများတွင် မြူခိုးများ ဖုံးလွှမ်းသွားသည်။တံတားဖြူတက္ကသိုလ် အတွင်းရှိ သောင်းချီသော လူများသည် လာဖျက်စီးမည့် မုန်တိုင်းတစ်ခုဟု တွေးကာ မော့ကြည့်နေကြသည်။

“အားကောင်းတဲ့ နတ်ဆိုးချီဘဲ…အကုန်လုံး ဂရုစိုက်ကြ!ဒါက သေချာပေါက် သခင်ကြီး ချီယန်ဘဲ!”

မိုဟောင်ရှန့်သည် မျက်လုံးများ စွင့်ထားပြီး အသံနက်ကြီးဖြင့် အော်လိုက်သည်။ချက်ချင်းပင် ခုန်တက်သွားကာ သူ၏ ဓားပျံသည်လည်း သူ့လက်ထဲသို့ ဆင်းသက်လာသည်။

လောရွှေဂိုဏ်း၏ အခြားနောက်လိုက်များသည်လည်း သူတို့၏ဓားများကို ထုတ်လိုက်ပြီး တိုက်ပွဲအတွက် ပြင်ဆင်ကြသည်။

ထိုမြင်ကွင်းသည် ကွင်းပြင်ထဲရှိ လူများအား ဘေးအန္တရာယ်ကို ကြိုမြင်စေပြီး အားလုံးသည် ကောင်းကင်ပြင်ကို ခြောက်ခြားစွာ မော့ကြည့်နေကြသည်။

ကောင်းကင်တွင် မှောင်မိုက်နေသည့် တိမ်တိုက်တွေကိုသာ မြင်ရသည်။နတ်ဆိုးချီဟာ တဟုန်ထိုး ခုန်တက်လာပြီး နေရောင်ခြည်ကို ပိတ်ဆို့နေလေသည်။ တိမ်တွေထက်မှာ ရပ်နေတဲ့ ရုပ်ပုံလွှာကိုသာ ယောင်ဝါးဝါး မြင်ရသည်။

အာ့တာ သခင်ကြီးချီယန်ကလွဲပြီး ဘယ်သူမှ မဖြစ်နိုင်ဘူး!

သခင်ကြီးချီယန်သည် ခံစားမှုမရှိသည့် မျက်နှာဖြင့် အောက်ကို ငုံ့ကြည့်နေခဲ့သည်။သူ့မျက်လုံးထဲရှိ လူသတ်ချက်စိတ်များသည် မိုဟောင်ရှန့် အပါအဝင် အခြားသူများကို ကျောရိုးထဲထိ စိမ့်နေအောင် ကြောက်သွားစေသည်။

မိုဟောင်ရှန့်သည် ပြသာနာကို အာရုံခံမိကာ အလျင်အမြန် ဖြေရှင်းဖို့ လုပ်သည်။ “သခင်ကြီး ဒါ ဘာအဓိပ္ပာယ်လဲ?”

“ကြက်သွေးရောင် မြွေဘုရင်ကို သတ်တာ မင်းတို့မလား?”

သခင်ကြီးချီယန်က ပြောလိုက်သည်။သူ၏အသံသည် မိုးကြိုးတစ်စင်းကဲ့သို့ တံတားဖြူတက္ကသိုလ် တစ်ဝန်းလုံး ပျံ့သွားသည်။

ကြက်သွေးရောင် မြွေဘုရင်?

တံတားဖြူ တက္ကသိုလ်အတွင်းရှိ ထောင်ချီသော ကျောင်းသားများနှင့် ဆရာများသည် ကြက်သွေးရောင် မြွေဘုရင်ကို စဉ်းစားနေကြသည်။မြွေနတ်ဆိုးကို ပြောတာများလား?

စိတ်ထဲတွင် တွေးမိပြီးနောက် ပို၍ ကြောက်ရွံ့လာကြပြီး ဘယ်သူမှ ထုတ်မပြောရဲကြပါ။

“ကြက်သွေးရောင် မြွေဘုရင်?”

မိုဟောင်ရှန့်သည် ကြောင်သွားပြီး အလျင်အမြန် ဖြေရှင်းလေသည်။ “ကျွန်တော်တို့ ချီလင်နယ်မြေကို လာတာပါ။ဘယ် နတ်ဆိုးတစ်ကောင်ကိုမှ မသတ်ပါဘူး!”

ကွင်းပြင်ထဲရှိ သောင်းချီသောလူများသည် သူ့ကိုကြည့်ကာ အံ့အားသင့်သွားသည်။မိုဟောင်ရှန့်၏ စကားလုံးများသည် သွမ်းအားကျင့်ကြံသူအပေါ် သူတို့၏ နားလည်မှုကို ပျက်စီးသွားစေသည်။

စွမ်းအားကျင့်ကြံသူတွေက နတ်ဆိုးတွေနဲ့ မကောင်းတဲ့ မိစ္ဆာတွေကို သတ်တာ မဟုတ်ဘူးလား?

မိုဟောင်ရှန့်က ဘာလို့ မိစ္ဆာတစ်ကောင်ရဲ့ရှေ့မှာ နှိမ့်ချနေရတာလဲ?

All Chapters