← Chapters

လူသားဧကရာဇ်အား ကူညီခြင်း

Vol. 1 Ch. 14

လူသားဧကရာဇ်အား ကူညီခြင်း

Vol. 1 Ch. 14

စုယီသည် ရှားထန်ယိနှင့် နတ်ဆိုးဘုရင် ချင်းယန်၏ စကားဝိုင်းကို စတင် ခိုးနားထောင်လေသည်။ရှေးဟောင်းတော၏ နိုင်ငံရေး အခင်းအကျင်းကို ဆုပ်ကိုင်ရန်အတွက် ဖြစ်သည်။

စကားပြောဝိုင်းမှတစ်ဆင့် ရှားထန်ယိနှင့် နတ်ဆိုးဘုရင် ချင်းယန်သာ် ခေါင်းဆောင်ဖြစ်မှန်း သိသာသည်။၎င်းတို့၏နောက်တွင် ကျားနက်ဧကရာဇ်ရှိပြီး ထို့နောက်တွင် သခင်ကြီးချီယန်နှင့် အားအနည်းဆုံးမှာတော့ ဝူချင်းယောင် ဖြစ်သည်။ပင်ကိုယ်အားဖြင့် အားနည်းနေသော်လည်း ဝူချင်းယောင်သည် နတ်ဆိုးများနှင့် မိစ္ဆာများကြားတွင်တောင် အမြဲ ခေါင်းမော့ကာ အလျှော့ပေးလေ့ မရှိပေ။

ထိုအချိန်တွင် နန်ရှောင်ပေါင်သည် လေသာဆောင်မှ ပြန်လာခဲ့သည်။

“စုယီ ငါတို့ ဘာဆက်လုပ်ကြမလဲ?”

နန်ရှောက်ပေါင်သည် စုယီဘေးတွင် ဝင်ထိုင်ကာ မေးလိုက်သည်။စုယီသည် သူ၏ဖုန်းကို အဝေးသို့ သိမ်းထားပြီး ဖြစ်သည်။ “ငါ ရက်အနည်းငယ်လောက် ထပ်ပြီး ကျင့်ကြံဖို့ လိုသေးတယ်။ဒါပြီး‌ရင်တော့ ငါတို့ ထွက်သွားကြတာပေါ့”

သူသည် နတ်ဆိုးတစ်ပိုင်းဖြစ်ကြောင်း လူသိရှင်ကြား ဖြစ်သွားသည့်အတွက် တံတားဖြူတက္ကသိုလ်တွင် ဆက်နေခြင်းသည် သူ့အတွက် လုံခြုံတော့မည် မဟုတ်ပါ။သူသည် အပြင်ထွက်ပြီး ကမ္ဘာကို ပက်ကြည့်ချင်သည်။

ပထမဆုံး သူသည် မြို့၏အခြေအနေကို အကဲဖြတ်ရမည်။ဖြစ်နိုင်ရင် ပိုပြီးသန်မာလာစေဖို့အတွက် အပြင်ထွက်ပြီး မိစ္ဆာတွေကို နှိမ်နင်းသင့်သည်။

ရွှမ်ယွမ် လူသားဧကရာဇ် ပြောကြားချက်အရဆိုလျှင် အနာဂတ်တွင် တိကျွင်းနှင့် ထိုက်ယိသည် လူသားမျိုးနွယ်ကို အမြစ်ဖြတ် ချေမှုန်းလိမ့်မည်။ဆိုလိုတာက သူတို့ရဲ့ အဓိကမစ်ရှင်သည် တိကျွင်းနှင့် ထိုက်ယိကို ခုခံရန်သာ ဖြစ်သည်။

သူသည် အလွန် စွမ်းအားကြီးနေပြီ ဖြစ်သော်လည်း ပို၍ သန်မာချင်သေးသည်။

“ဟင် ဖြစ်နိုင်မယ်ဆို ငါ ငါ့အဒေါ်စီ သွားလို့ရမလား?စိတ်မပူပါနဲ့။ ငါ့ဘာသာ သွားနိုင်ပါတယ်”

နန်ရှောင်ပေါင်က မေးသည်။စုယီကဲ့သို့ပင် သူမ၏မွေးရပ်မြေသည် အခြားနေရာတွင် ရှိပြီး တက္ကသိုလ်မတက်ခင်တွင် သူမသည် အမျိုးအိမ်တွင် နေခဲ့သည်။

စဉ်းစားပြီးနောက် စုယီက ပြောလိုက်သည်။ “နောက်နှစ်ရက်လောက် စောင့်ပါအုံး။တူတူသွားတာပေါ့”

သူသည် သခင်ကြီးချီယန်ကို သတိပေးပြီးပြီ ဖြစ်သည်။သူ၏ သတိပေးစကားကြောင့် မိစ္ဆာတွေက လူသားတွေကို တိုက်ခိုက်တော့မှာ မဟုတ်ဟူ၍တော့ ယူဆနိုင်သည်။

နန်ရှောင်ပေါင် အဒေါ်၏ မိသားစုသည် ကြေကွဲဖွယ် ကံကြမ္မာကို ကြုံတွေ့ထားရလျှင် ယခုအချိန် သွားခြင်းသည် အချိန်အခါကောင်း မဖြစ်နိုင်ပါ။

နန်ရှောင်ပေါင်သည် တွေးလိုက်ပြီး သဘောတူလိုက်သည်။

နောက်နှစ်ရက်အထိ သူတို့သည် သူတို့အိပ်ဆောင်တွင်သာ နေကြသည်။သခင်ကြီးချီယန်သည်လည်း စုယီကို လာမရှာပါ။သူ၏ဒဏ်ရာများကို ပြန်လည်ကုစားနေတာ ဖြစ်လိမ့်မည်။

နှစ်ရက် ကြာပြီးနောက်။

စုယီသည် ကြက်သွေးရောင် မြွေဘုရင်၏ နတ်ဆိုးအမြုတေ အပါအဝင် နဂါးစွမ်းအား ဆေးပြားများကို အကုန် စုပ်ယူပြီး ဖြစ်သည်။သူသည် နဂါးတစ်ရာ၏စွမ်းအားကို စုဆောင်းရန်အတွက် စီမံပြီး ဖြစ်သည်!

နဂါးတစ်ရာရဲ့ ခွန်အားက အံ့မခန်းဘဲ!

နဂါးတစ်ကောင်ရဲ့ခွန်အားက မိုးမျှော်တိုက်ကို ဖျက်စီးနိုင်တယ်။နဂါးအကောင်တစ်ရာရဲ့ စွမ်းအားသာဆိုလျှင် တောင်တွေကို ရွှေ့ပြီး ပင်လယ်တွေကိုပါ မှောက်ပစ်နိုင်လောက်မလား?

အဆင့်မြင့်လာသည့် သွေးနှင့်ချီကို ခံစားမိသည့်အခါ စုယီသည် မထိန်းနိုင်ဘဲ ‌ကျယ်လောင်စွာ ဟိန်းဟောက်မိသွားသည်။

“ဂါး—”

နဂါးဟိန်းသံသည် တစ်မြို့လုံး ပျံ့နှံ့သွားပြီး ချီလင်တစ်ပြည်လုံး တသိမ့်သိမ့်တုန်သွားသည်။ကြားသည့်သူတိုင်း ကြောက်လန့်ကုန်ကြသည်။

တံတားဖြူတက္ကသိုလ်မှ လူတိုင်းသာ် အသံလာရာစီသို့ လှည့်ကြည့်ကြသည်။

“အဲ့နတ်ဆိုး…သူ ထပ်ပြီး စိတ်တိုပြန်တာလား?”

မိုဟောင်ရှန့်သည် အံကြိတ်ကာ သွေးဆုတ်သွားသည်။လောရွှေဂိုဏ်း၏ အခြားနောက်လိုက်များသည် ကြောက်ရွံ့ ထိတ်လန့်ကုန်ကြသည်။နတ်ဆိုးတစ်ပိုင်းဆိုတာ မရှိဘူး!

သူက မိစ္ဆာကြီးတစ်ကောင်ဘဲ ဖြစ်ရမယ်!သူက နဂါးနဲ့ လူသား ပေါင်းစပ်ပြီး မွေးလာတာများလား?

အကုန်လုံးသည် သေချာ အာရုံစိုက်နေကြသည်။စုယီ ထိန်းမနိုင် သိမ်းမရဖြစ်မည်ကို စိုးရိမ်နေကြသည်။

အိပ်ဆောင်ထဲတွင် နန်ရှောင်ပေါင်သည် သူမ၏နားကို အတင်းအကြပ် ပိတ်ထားရသည်။သူမသည် ရှောခ့်ရသွားသည့် မျက်နှာမျိုးဖြင့် စုယီအား ကြည့်နေသည်။

သူမသည် စုယီ ခန္ဓာကိုယ်ပေါ်ရှိ နဂါးကြေးခွံများကို မြင်လိုက်သည်။မှော်ဆန်ကာ အလွန် စွမ်းအားပြင်းလေသည်။

စုယီသည် မျက်လုံးများကို ဖွင့်လိုက်သည်။သူ့ပုံစံသည် အသစ်တဖန် ပြန်မွေးဖွားလာသည့် အတိုင်းပင်။သူသည် ပြုံးကာ “ကောင်းပြီ သွားကြမယ်!”ဟု ပြောလိုက်သည်။

နဂါးတစ်ကောင်၏ခွန်အားသည် သူ့အား ပိုလျှံသည့် ယုံကြည်မှုကို ပေးသည်။ချီလင်မြေကို ဘာအတားအဆီးမှ မရှိဘဲ အေးဆေး ဖြတ်နိုင်လိမ့်မည်။သူသည် အခွင့်အလမ်းပေါ်လာသောအခါတွင် သူ၏ အမှန်တကယ် တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ရန် သခင်ကြီးချီယန်၏ နတ်စွမ်းအင်လိပ်နှင့် ရှားထန်ယိ၏ မသေမျိုးကို သတ်နိုင်သော နှလုံးဓားကို လေ့ကျင့်ရန် ဆုံးဖြတ်ခဲ့သည်။

သူသည် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကိုဘဲ အမြဲ မှီခို၍မရပါ။

နန်ရှောင်ပေါင်သည် ပြင်ဆင်ပြီးသား ဖြစ်သဖြင့် သူမ၏ အထုပ်ကို ဆွဲကာ စုယီနှင့်အတူ အိပ်ဆောင်မှ ထွက်ခဲ့သည်။

သူတို့နှစ်ဦး အိပ်ဆောင်မှ ထွက်လာသည့်အခါ သူတို့ကို တွေ့သမျှ လူတိုင်းသည် ပလိပ်ရောဂါကို တွေ့သကဲ့သို့ ရှောင်ကြဉ်သွားကြသည်။

“သူလား?နတ်ဆိုးတစ်ပိုင်း ဆိုတာ?”

“ဟုတ်တယ်။ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းက နတ်ဆိုးဘုရင်ကို ဆိုးဆိုးရွားရွား ရိုက်လိုက်တာ ဟိုက ပြင်းထန်တဲ့ဒဏ်ရာနဲ့ ထွက်ပြေးသွားရတယ်လေ”

“ဂရုစိုက်ကြ။သူက နတ်ဆိုးဘဲ!”

“အရမ်းကြောက်ဖို့ ကောင်းတာဘဲ။သူ့နားကပ်ရတာ ကြက်သီးတွေတောင် ထတယ်”

စုယီသည် ထိုတီးတိုးစကားများကို ကြားသော်လည်း သူတို့ကို စိတ်ထဲမထားပါ။

မရင်းနှီးတဲ့စွမ်းအင်တစ်ခုကို ကြောက်ရွံ့ခြင်းက လူသားတွေအတွက် သာမန်ပါဘဲ။အထူးသဖြင့် လက်တလောမှ သူတို့ သွေးထွက်သံယို ကိစ္စများ ကြုံတွေ့ခဲ့ကြရခြင်းကြောင့် ဖြစ်သည်။

မကြာမီ စုယီနှင့် နန်ရှောင်ပေါင်တို့ တံတားဖြူတက္ကသိုလ်မှ ထွက်သွားသည့်အခါ အတွင်းရှိ လူတိုင်းသည် စိတ်သက်သာရာ ရသွားသည်။လောရွှေဂိုဏ်း၏ နောက်လိုက်များ ရောက်လာကတည်းက သူတို့ကို လယတိုက်သည့် နတ်ဆိုးများ မရှိတော့ပါ။စုယီသည်သာ လူတိုင်း စိုးထိတ်နေရသည့် ချိန်ကိုက်ဗုံးတစ်လုံး ဖြစ်လာခဲ့သည်။

ပြည်နယ်၏ အဓိကမြို့ဖြစ်ပြီး ရှီးဝမ်မြို့ဟု ခေါ်သည်။ယခင်က အတိုင်းထက်အလွန် သာလွန်စည်ကားခဲ့သော်ငြား ယခုအခါတွင်တော့ သေလုမျောပါး ဖြစ်နေဆဲ ဖြစ်သည်။

လမ်းတစ်လျှောက်၏ တစ်ဖက်တစ်ချက်စီရှိ အဆောင်အအုံးများတွင် သစ်ပင်နွယ်ပင်များ ပိတ်ဖုံးနေကာ အလောင်းကောင်များကိုလည်း နေရာတကာ တွေ့နေရသည်။သွေးနံ့များသည် အရမ်းပြင်းကာ စက်ဆုပ်ဖွယ် အတိပင်။

လမ်းများပေါ်တွင် လူများ ထွက်ချီ ဝင်ချီပြုဆဲ ဖြစ်သည်။သူတို့ထဲက အများစုသည် လောရွှေဂိုဏ်းတွင် ဝင်ချင်ကြသူများ ဖြစ်သည်။ထွက်သွားသူများသည် စစ်ဆေးမှု ကျရှုံးကြသူများသာ ဖြစ်သည်။

အဓိကလမ်းများသည် ပျက်စီးနေကာ ပြုပြင်မွမ်းမံခြင်းလည်း မရှိသည့်အတွက် သွားလာရန် အဆင်မပြေသဖြင့် ခြေလျင်သွားရန်မှ တစ်ပါး ရွေးစရာ မရှိပေ။

ကံကောင်းသည်မှာ စုယီသည်လည်း နဂါးတစ်ရာ၏ စွမ်းအားရှိကာ နန်ရှောင်ပေါင်တွင်လည်း နဂါးတစ်ကောင်၏ စွမ်းအားရှိသည့်အတွက် အလျင်အမြန်ပင် သိမ်မွေ့ငြင်သာစွာ လျှောက်နိုင်ကြသည်။

သူတို့သည် ထိခိုက်ခြင်း တစ်စုံတစ်ရာမရှိဘဲ ခရီးသွားခဲ့ကြသည်။

သူတို့သည် တံတားဖြူတက္ကသိုလ်နှင့် ဝေးလေလေ သုသာန်ကို ဖြတ်လျှောက်ရသကဲ့သို့ လူသူနည်းပါးလာလေ ဖြစ်သည်။

နန်ရှောင်ပေါင်အဒေါ်၏ အိမ်သို့ရောက်ရန် နှစ်နာရီမျှ ကြာခဲ့သည်။နေရာတိုင်းတွင် သွေးများ ခြေပြတ်၊လက်ပြတ်များဖြင့် ပြန့်ကျဲနေကာ ကမ္ဘာပျက်ကပ်တွင် အလွန်‌ဒုက္ခရောက်နေသည့် မြို့တစ်မြို့ကဲ့သို့ သွေးပျက်ဖွယ်မြင်ကွင်းပင် ဖြစ်သည်။

နန်ရှောင်ပေါင်၏ ဦးဆောင်မှုဖြင့် သူတို့သည် နေအိမ်သို့ ဝင်ရောက်ခဲ့သည်။

နန်ရှောင်ပေါင်သည် နတ်ဆိုးများနှင့် မိစ္ဆာများ ရုတ်တရက် လာတိုက်ခိုက်မည် စိုးသဖြင့် သတိထားနေရသည်။

တစ်ဖက်မှာတော့ စုယီသည် ပေါ့ပေါ့ပါးပါးပင်။သူ့အာရုံသည် အစတစ်ထောင် ပို၍ စူးရှလေသည်။အဆောက်အအုံအတွင်း အန္တရာယ်မရှိကြောင်း သူ တွေ့ရှိခဲ့သည်။

မကြာမီတွင် လေးလွှာသို့ ရောက်လာခဲ့သည်။စုယီသည် တံခါးခေါက်လိုက်သော်လည်း အတွင်းကနေ ဘာမှ တုံ့ပြန်မှုမရှိပေ။

ထို့နောက် စုယီသည် တံခါးကို တွန်ဖွင့်ကာ ဝင်လာခဲ့သည်။

“အာ!”

သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် သံကုလားထိုင်ပေါ်တွင် ထိုင်ကာ အံ့အားသင့်မှုနှင့် ဒေါသများ ရောယှက်နေသည့် မျက်နှာဖြင့် ဓားကို ဝှေ့ယမ်းနေခဲ့သည်။

စုယီက ကြည့်လိုက်သည့်အခါတွင် အမျိုးသားသည် တုန်ရီလာကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။

“ဦးလေး ဘာ‌လုပ်တာလဲ!”

နန်ရှောင်ပေါင်သည် စုယီနောက်မှ အလျင်အမြန် ပြေးထွက်လာကာ ဒေါသတကြီး အော်လိုက်လေသည်။

စုယီသည် သာမန်လူသား တစ်ယောက် ဖြစ်သည့်အတွက် အထိုးခံရပါက သေနိုင်သည်။

သက်လက်ပိုင်း အမျိုးသားသည် သတိပြန်ဝင်လာကာ အံ့ဩတကြီးဖြင့် သူမကို ငေးကြည့်လေသည်။ “ရှောင်ပေါင်?”

ထိုအချိန်တွင် သက်လတ်ပိုင်း အမျိုးသမီးနှင့် မိန်းမငယ်လေး တစ်ယောက်သည် ဧည့်ခန်းထဲမှ ထွက်လာခဲ့သည်။သူတို့သည် နန်ရှောင်ပေါင်၏ အဒေါ်နှင့် ဝမ်းကွဲ ဖြစ်ရမည်။

နန်ရှောင်ပေါင်သည် သူတို့၏ အခြေအနေကို စတင် မေးမြန်းလေသည်။သက်လတ်ပိုင်း အမျိုးသားသည် စုယီအား သူတို့ကို မသတ်ရန် ပြာပြာသလဲ တောင်းပန်လေသည်။

ခဏကြာ စကားပြောပြီးနောက် နန်ရှောင်ပေါင်၏ ဝမ်းကွဲ ကျန်းမန်ထင်သည် မနေနိုင်ဘဲ မေးလေသည်။ “ဒီထိ တံတားဖြူတက္ကသိုလ်ကနေ လမ်းလျှောက်လာတာလား?”

အပြင်မှာ မိစ္ဆာတွေ ဒီလောက်ပေါတာ သူတို့ ဘယ်လိုများ ထိန်းချုပ်ပါလိမ့်?

ကျန်းမန်ထင်၏ အကြည့်သည် စုယီထံ ရောက်သွားသည်။ဒီအမျိုးသားက မထင်မှတ်လောက်အောင်များ သန်မာနေတာလား?

သူမအကြည့်ကို မြင်သည့်အခါ နန်ရှောင်ပေါင်သည် စုယီ၏ ညာဘက်လက်မောင်းကို သူမ လက်နှစ်ဖက်ဖြင့် လှမ်းဖက်လိုက်ကာ ဝင့်ကြွားစွာဖြင့် ရယ်လေသည်။ “သူ့နာမည်က စုယီတဲ့။သူက အရမ်း သန်မာတာ။မိစ္ဆာတွေဆို သူနဲ့ မတိုက်ရဲကြဘူး”

“သမီး ပြောပြောနေတဲ့ စုယီဆိုတာလား?သူက အတော်လေး ချောတာဘဲ” နန်ရှောင်ပေါင်၏ အဒေါ်က ပြုံးရွှင်ရင်း ပြောလိုက်ရာ စုယီသည် ကြောင်သွားသည်။နန်ရှောင်ပေါင်က သူ့အကြောင်းကို မကြာခဏ ပြောတယ်တဲ့လား?

ထိုစကား ကြားသည့်အခါ နန်ရှောင်ပေါင်သည် ရှက်ရမည့်အစား ဂုဏ်ယူနေပုံတောင် ပေါ်သည်။ “တကယ်တော့ သမီးတို့က နတ်ဖတ်တဲ့စုံတွဲဘဲ”

ကျန်းမန်ထင်သည် မျက်စ ပစ်လိုက်ပေမယ့် ဘာမှတာ့ မပြောပါ။သူမသည် စုယီကိုသာ ဆက်တိုက် ကြည့်နေကာ လေးလေးနက်နက် တွေးနေလေသည်။

“အသက်ရှင်ဖို့အတွက် စွမ်းအား မင်းမှာ မရှိဘူး။အခြေခံ ကျင့်ကြံခြင်း နည်းလမ်းကို သင်ပေးမယ်။သေချာလေ့ကျင့်မယ်လို့လည်း မျှော်လင့်ပါတယ်။ပြီးတော့ ဒီမြို့မှာ ရတနာဆယ်ပါး ဝှက်ထားတယ်။အာ့တာကို ရှာတွေ့ရင် ပိုသန်မာလာလိမ့်မယ်”ရွှမ်ယွမ် လူသားဧကရာဇ်၏ အသံသည် အားလုံး၏ စိတ်အာရုံတွင် ကြားလိုက်ရသည်။

သူတို့သာမက မြို့ထဲရှိ အခြားလူများလည်း ထိုအသံကို ကြားလိုက်သည်။

ချက်ချင်းပင် မရင်းနှီးသော မှတ်ဉာဏ်လှိုင်းများသည် အားလုံး၏ အတွေးထဲ ပေါ်လာသည်။

စုယီမှ လွဲ၍ အကုန်လုံးပင်။

စုယီသည် နန်ရှောင်ပေါင်နှင့် အခြားသူများသည် မျက်လုံးမှိတ်ပြီး အာရုံစိုက်နေကြသည်ကို ကြည့်၍ မျက်မှောင်ကြုတ်ကာ မေးခွန်းထုတ်နေမိသည်။

“သူတို့ ဘာလုပ်နေတာလဲ?သူတို့ ကျင့်ကြံခြင်းလမ်းစဉ်ကို ရသွားတာလား?”

“ငါကျ ဘာလို့ မရတာလဲ? ငါက နတ်ဆိုးကျင့်စဉ်ကို ကျင့်သုံးပြီးသား ဖြစ်နေလို့များလား?”

မည်သူမှ သူ့မေးခွန်းကို မဖြေပါ။စောင့်နေရင်းဖြင့် သူသည် ဖုန်းကို ထုတ်ကာ ဧကရာဇ်စုဂိုဏ်း ဆွေးနွေးနေကြသည်ကို စစ်ဆေးလိုက်သည်။

ကျားနက်ဧကရာဇ်: ငါ အခု ချီလင်နယ်မြေ အကြောင်းကို အရမ်းစိတ်ဝင်စားနေတယ်။သခင်ကြီးချီယန် ငါ လာလည်လို့ရမလား?

သခင်ကြီးချီယန်: ဘာ လာလုပ်မှာလဲ? ဝေးဝေးနေ။ခု ငါတို့က တစ်ဂိုဏ်းထဲ!

ရှားထန်ယိ: ချီလင်နယ်မြေ? အာ့မှာ ထူးဆန်းတာတွေ ဖြစ်နေတယ်လို့ သတင် အစအနတော့ ကြားမိသား။အားလုံးရော သိကြလား?

ကျားနက်ဧကရာဇ်: ချီလင်နယ်မြေထဲကို အခြားကမ္ဘာကနေ ကူးပြောင်းလာတဲ့ မြို့တစ်မြို့ လို့တော့ ပြောကြတာဘဲ။ဧကရာဇ်စုတောင် ဒီကိစ္စကို စိတ်ဝင်စားနေတာ။

All Chapters