← Chapters

ကြက်သွေးရောင်မြွေဘုရင်

Vol. 1 Ch. 5

ကြက်သွေးရောင်မြွေဘုရင်

Vol. 1 Ch. 5

 စုရီတက်ရောက်နေသော တက္ကသိုလ်ကို တံတားဖြူတက္ကသိုလ်ဟု ခေါ်တွင်ပေသည်။ထိုတက္ကသိုလ်သည် ကျောင်းသား၃၀၀၀၀ကျော် တက်ရောက်သင်ကြားနေပြီး ဆရာများနှင့်၀န်ထမ်းများအပါအ၀င်ဆိုပါက လူပေါင်း၄၀၀၀၀ရှိသည့် ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်ပေသည်။

 တစ်ချိန်ကဆိုလျှင် သာယာ၀ပြောသော တံတားဖြူတက္ကသိုလ်သည် ယခုအခါတွင် ငရဲဘုံအဖြစ်သို့ပြောင်းလဲသွားခဲ့သည်။စာသင်ကြားရာအဆောက်အဦးများသည် အပျက်အစီးများအဖြစ်ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ခန္ဓာကိုယ်အစိတ်အပိုင်းများကလည်း နေရာအနှံ့ပြန့်ကျဲ‌နေကာ ထိတ်လန့်ကြောက်ရွှံဖွယ်မြင်ကွင်းတစ်ခုကို ပုံဖော်နေခဲ့သည်။

  ယခုအချိန်တွင် တံတားဖြူတက္ကသိုလ်၏ ပင်မတံခါး၀၌ မြွေအုပ်စုတစ်ခုရောက်ရှိနေခဲ့သည်။ထိုမြွေအုပ်စု၌ ရေစည်ကဲ့သို့ကြီးမားသောမြွေကြီးများ၊အဆိပ်ရှိသောမြွေမျိုးစုံစသည်နှင့်အရေအတွင်ရာနှင့်ချီ၍ရှိပေသည်။၎င်းတို့သည် ကျောင်းတံခါးရှေ့ရှိ ကျောက်လှေကားထစ်များပေါ်မှ တွားသွားလာကြသည်။

 ထိုမြွေများ၏နောက်တွင် လူတစ်ယောက်လိုခန္ဓာကိုယ်အပေါ်ပိုင်းနှင့်မြွေတစ်ကောင်၏အောက်ပိုင်းရှိသော ‌မြွေလူသားတစ်ယောက်ရှိနေခဲ့သည်။သူ၏ရင်ဘတ်ကို မြွေအကြေးခွံများက လွမ်းခြုံထားကာ အေးစက်စက်မျက်နှာထားကို ပိုင်ဆိုင်ထားပေသည်။သူ၏ရှည်လျားသော ဆံပင်ရှည်များက နောက်ကျော၌ဝဲကျလျက်ရှိကာ သူ၏‌မြွေမျက်လုံးများက လောဘ၊ဒေါသဖြင့်ပြည့်နှက်နေကာ ရှေ့သို့ဦးတည်စိုက်ကြည့်နေလျက်ရှိသည်။

 "ငါက ကြက်သွေးရောင်မြွေဘုရင်ပဲ...အထဲကလူတွေအကုန်ထွက်လာကြစမ်း...မဟုတ်ရင် မင်းတို့အားလုံးကို ငါစားပစ်မယ်..."

 မြွေဘုရင်၏အသံသည် မိုးခြိမ်းသံကဲ့သို့ကျယ်လောင်သည့်အတွက်ကြောင့် တံတားဖြူတက္ကသိုလ်တစ်ခုလုံး တုန်ခါမြည်ဟီးသွားခဲ့ရသည်။

 ကြက်သွေးရောင်မြွေဘုရင်...

 ကျောင်းသား၊ကျောင်းသူများ၊ဆရာများနှင့် သူတို့၏ကိုယ်ပိုင်အဆောင်များ၊ရုံးခန်းများနှင့်ကော်ဖီဆိုင်တို့၌ ပုန်းအောင်းနေကြသော ၀န်ထမ်းများသည် ထိတ်လန့်ကြောက်ရွှံ့သွားခဲ့ကြသည်။

 သူတို့မနေ့ညက ကြုံတွေ့ခဲ့ရသော အကြောက်တရားများလွှင့်ပျယ်မသွားမှီ ယခုအခါတွင် ပိုမိုကြောက်မက်ဖွယ်ကောင်းသည့် ဖြစ်တည်မှုတစ်ခုကိုရင်ဆိုင်ခဲ့ရ၍ စိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့ရသည်။

 "မြွေဘုရင်...နတ်ဆိုးဘုရင်....စကားပြောနိုင်တဲ့နတ်ဆိုးတစ်ကောင်လား..."

 "ပြီးသွားပြီ...သူငါတို့ကိုစားတော့မယ်..."

 "အဲ့နတ်ဆိုးကရောက်လာပြီလား..."

 "ငါတို့ဘာလုပ်ရမလဲ...ငါတို့ကိုဘယ်သူကယ်မှာလဲ..."

"ငါတို့ရှေးဟောင်းတောနက်ကို တကယ်ကြီးရောက်လာတာလား..."

 ကျောင်း၀င်းထဲ၌ ပုန်းအောင်းနေကြသူများသည် ကြောက်လန့်တကြားဖြစ်ကာ စိတ်ပျက်အားငယ်နေခဲ့ကြသည်။

 ထိုအချိန်တွင် စုယီနှင့်နန်ရှောင်ပေါင်တို့သည် အောက်ထပ်သို့ဆင်းလာခဲ့ကာ စားစရာရှာရန် ပြင်ဆင်နေကြသည်။

 နဂါး၁၁ကောင်၏အစွမ်းကို ပိုင်ဆိုင်ပြီးနောက်တွင် စုယီ၏စားသောက်လိုစိတ်က အလွန်ပင်များပြားလာခဲ့သည်။သူသည် အိပ်ဆောင်အတွင်းရှိ အဆာပြေစားစရာအားလုံးကို အသက်ရှုမနားဘဲ အဆက်မပြတ်စားသောက်နေပေရာ နန်ရှောင်ပေါင်က မယုံကြည်နိုင်စွာငေးကြည့်နေခဲ့သည်။

 "ကြက်သွေးရောင်‌မြွေဘုရင်တဲ့လား...တော်တော်ကြောက်စရာကောင်းတာပဲ...ငါတို့ဘာဆက်လုပ်ကြမလဲ"

 နန်ရှောင်ပေါင်သည် ကြောက်ရွှံနေဟန်ဖြင့် စုယီကိုကြည့်၍မေးမြန်းလိုက်သည်။

 "ငါဒီမှာရှိတယ်...အကုန်အဆင်ပြေသွားမှာပါ"

 စုယီက ညင်သာစွာပြုံးပြလိုက်ကာ နန်ရှောင်ပေါင်နှင့်အတူ ကျောင်း၀င်းအတွင်းရှိ စူပါမားကတ်တစ်ခုရှိရာသို့ ခေါ်ဆောင်သွားခဲ့သည်။

 သူတို့သွားရားလမ်းနှင့်အနီးတဝိုက်ရှိ မြက်ခင်းပြင်များပေါ်တွင် မြွေများ၏ရုပ်အလောင်းအချို့အပြင် အပျက်အစီးများ၊‌လူသေအလောင်းများက ပြန့်ကျဲနေခဲ့သည်။လူသားများသည် ပင်ကိုယ်စရိုက်အရ ကြောက်ရွှံ့တတ်ကြသော်လည်း ထောင့်ဆုံးထိတွန်းပို့ခံရပါက ထင်မှတ်မထားရသော ရက်စက်မှုများအားထုတ်ဖော်နိုင်ပေသည်။

 စုယီသည် သော့‌ခတ်ထားသောတံခါးရှိရာသို့ ချဉ်းကပ်သွားခဲ့ကာ သတ္တုတံခါးကို စက္ကူသဖွယ်ဆုတ်ဖြဲလိုက်သည်။

 "ဝိုး...မင်းကအရမ်းသန်မာတာပဲ..."

 နန်ရှောင်ပေါင်သည် အံ့အားသင့်သွားခဲ့ကာ သူမ၏မျက်နှာပေါ်၌ ပျော်ရွှင်နေသောအမူအရာများဖြစ်ပေါ်လာခဲ့သည်။စုယီသည် အလွန်သန်မာသည့်အတွက် သူမကြောက်ရွှံနေစရာ မလိုတော့ပေ။

 တစ်ချိန်တည်းမှာပင် စုယီ၏အထောက်အထားအစစ်အမှန်ကို သူမ၏စိတ်ထဲတွင် စတင်ခန့်မှန်းနေခဲ့သည်။သူသည် အင်တာနက်၀တ္ထုများ၌ တွေ့ရလေ့ရှိသော အဓိကဇာတ်ကောင်များကဲ့သို့ ဖြစ်နိုင်သလား။

 ပုံမှန်အချိန်များတွင် အချစ်ကိစ္စကိုစိတ်မ၀င်စားသော လူငယ်လေးတစ်ယောက်သည် အားနည်းဟန်ဆောင်ကာ သူ၏ခွန်အားကိုလျှိ့ဝှက်စွာဖုံးကွယါထားရာမှ ဤနေရာသို့ရောက်ရှိချိန်တွင် သူ၏ကျင့်ကြံခြင်းကို ထုတ်ဖော်ပြသခြင်းဖြစ်နိုင်သလား။

 ထိုသို့တွေးတောရင်း နန်ရှောင်ပေါင်၏လှပသောမျက်နှာလေးသည် တစ်စုံတစ်ယောက်ခိုးယူခံရလိုက်သကဲ့သို့ ချက်ချင်းပင်တွေဝေမိန်းမောသွားခဲ့သည်။

 စူပါမားကတ်အတွင်း ပုန်းအောင်းနေကြသော မိန်းကလေးနှစ်ယောက်သည် သတ္တုတံခါးစုတ်ပြဲသွားသည်ကို ကြားလိုက်ရချိန်တွင် ကြောက်လန့်တကြားအော်ဟစ်လိုက်ကြသည်။

 စုယီက သူတို့အားလျစ်လျူရှုလိုက်ပြီး အစားအသောက်များရှိရာသို့သွားကာ ချက်ချင်းစားသောက်လိုက်သည်။သူသည် ပေါင်မုန့်များ၊အမဲသားခေါက်ဆွဲများကိုပင် တပြိုင်နက်စားသောက်ခဲ့သည်။

 ယခုအချိန်တွင် သူသည်သေမျိုးတစ်ယောက်မဟုတ်တော့ပေ။သူသည် နဂါးစွမ်းအားကိုပိုင်ဆိုင်ထားသော မယုံနိုင်စရာကောင်းသည့် အစာခြေစွမ်းအားကိုပိုင်ဆိုင်ထားသည့် နတ်ဆိုးတစ်၀က်ဖြစ်ပေသည်။

 နန်ရှောင်ပေါင်သည် စုယီထံ၌ မရေမတွက်နိုင်သော ပစ္စည်းများကို သိမ်းဆည်းထားနိုင်သည့် တာအိုသိုလှောင်ခန်းရှိနေသည်ကို သတိမထားမိပေ။ထို့ကြောင့် သူမ၏ကျောပိုးအိတ်ကိုဖွင့်၍ အစားအသောက်များကို စတင်ထုပ်ပိုးလိုက်သည်။

 "မင်းတို့အားလုံး...ခုထွက်လာကြစမ်း...မဟုတ်ရင် ငါ့‌ရဲ့မြွေတွေကို မင်းတို့ကိုဖမ်းခိုင်းပြီး အပိုင်းပိုင်းဖြတ်တောက်ပစ်လိုက်မယ်...မင်းတို့ထွက်လာရင်တော့ ငါ့ရဲ့ကျွန်အဖြစ်အသက်ရှင်နိုင်မယ်..."

 ကြက်သွေးရောင်မြွေဘုရင်၏အသံသည် လူတိုင်း၏နှလုံးသားကို ကြောက်လန့်တုန်လှုပ်စေခဲ့ကာ သူတို့၏အသက်ရှင်လိုသော မျှော်လင့်ချက်မီးတောက်ကို ဖြစ်ပေါ်စေခဲ့သည်။

 နတ်ဆိုးတစ်ကောင်၏အစာဖြစ်ရခြင်းထက် ကျွန်ဖြစ်ရခြင်းက မဆိုးလှပေ။

 ထို့ကြောင့် လူတိုင်းသည် သတိကြီးကြီးထား၍ ကြက်သွေးရောင်မြွေဘုရင်၏အမိန့်အတိုင်း အဆောက်အဦးများထဲမှ စတင်ထွက်ခွာလာကြသည်။

 စူပါမားကတ်ထဲမှ မိန်းကလေးနှစ်ယောက်သည်လည်း အပြင်ထွက်လာရန် တွေဝေနေခဲ့ကြသည်။

 အဆုံးသတ်တွင် သူမတို့သည် မနေ့ညကခံစားခဲ့ရသည့်ကြောက်ရွှံ့မှုများကို ပြန်လည်မခံစားလိုသည့်အတွက် စွန့်စားရန်ဆုံးဖြတ်လိုက်ကြသည်။

 "မင်းတို့က ကြက်သွေးရောင်မြွေဘုရင်ပြောသလို မလုပ်ကြဘူးလား"

 စုယီနှင့်နန်ရှောင်ပေါင်တို့သည် အပြင်သို့ထွက်ရန် ရည်ရွယ်ချက်မရှိကြောင်း သတိထားမိလိုက်ရာ ဆံပင်တိုတိုနှင့်မိန်း‌ကလေးက စိတ်မထိန်းနိုင်ဘဲ မေးမြန်းလိုက်သည်။

 စုယီက သူတို့ကိုဂရုမစိုက်သော်လည်း နန်ရှောင်ပေါင်ကမူ သူတို့အားပြုံးပြလိုက်သည်။

 "ဟဲဟဲ ငါတို့ကတကယ်သန်မာတယ်...ငါတို့ကအဲ့ဒါကိုမကြောက်ဘူး..."

 ကောင်မလေးနှစ်ယောက်သည် စိတ်ရှုပ်ထွေးစွာဖြင့် တစ်ယောက်ကိုတစ်ယောက် မျက်လုံးချင်းဆုံမိလိုက်ကြသည်။

 ထိုမိန်းကလေးသည် ကြောက်ရွှံမှုကြောင့် ရူးသွပ်သွားခဲ့သည်လား...

 ထိုသို့တွေးမိပြီးနောက် သူမတို့နှစ်ယောက်သည် ကြောက်လန့်မှုကိုမထိန်းချုပ်နိုင်တော့ဘဲ စူပါမားကတ်ထဲမှထွက်ကာ ကြက်သွေးရောင်မြွေဘုရင်ကို ရှာဖွေရန်လုပ်ဆောင်ခဲ့ကြသည်။

"မင်းအရမ်းသန်မာတယ်ပေါ့..."

 စုယီသည် စားသောက်နေရင်း နန်ရှောင်ပေါင်ကိုလှမ်းကြည့်၍ မေးလိုက်သည်။

 "ဟီးဟီး...ငါကြွားလို့မရတော့ဘူးလား...မင်းသန်မာနေသရွေ့ ငါ့အတွက်လုံလောက်နေပြီ"

 နန်ရှောင်ပေါင်က သူ့အားလျှာထုတ်ပြလိုက်ကာ မောက်မာသည့်လေသံဖြင့် ပြောလိုက်သည်။

 ပုံမှန်အချိန်များ၌ဆိုလျှင် စုယီသည် သူမ၏မိန်းကလေးဆန်သော စိတ်ခံစားချက်နှင့်သူမ၏နှလုံးသားကို နားမလည်သောကြောင့် ငတုံးကောင်ဟု သတ်မှတ်ထားခြင်းဖြစ်သည်။

 "မင်းကိုမြွေတွေကြားထဲ ငါပစ်ချထားခဲ့မယ်..."

 "မင်းလုပ်ရဲလား..."

 "ငါသတ္တိရှိလားမရှိလား စောင့်ကြည့်လိုက်လေ..."

 "မင်းမှာသတ္တိရှိနေရင် မင်းမိန်းမရတော့မှာမဟုတ်ဘူး"

 "ဟမ့်...ပေါက်ကရတွေလျှောက်ပြောပြန်ပြီ"

 "ငါပေါက်ကရပြောနေတာမဟုတ်ဘူး...မနက်ဖြန်ကျ ငါသေရင်လည်းသေမယ်...ဒါမှမဟုတ်ရှင်ရင်လည်းရှင်မယ်...အနာဂတ်ကိုဘယ်သူသိနိုင်မှာလဲ..."

 သူတို့နှစ်ယောက်သည် အစားအသောက်များကို စုဆောင်းနေရင်း ရန်သူများကဲ့သို့ ဆဲဆိုကြိမ်းမောင်းနေခဲ့ကြသည်။

 နာရီ၀က်ခန့်ကြာပြီးနောက်...

 တံတားဖြူတက္ကသိုလ်၏ အရှေ့ဘက်တံခါးအနီး ရင်ပြင်ကျယ်‌ပေါ်တွင် ထောင်နှင့်ချီသောလူများစုဝေးနေခဲ့ကြသည်။အများစုမှာ ဒဏ်ရာများရရှိထားကြပြီး ကြက်သွေးရောင်မြွေဘုရင်နှင့် သူ၏နောက်လိုက်မြွေများကို ကြောက်လန့်တကြား ကြည့်ရှုနေခဲ့ကြသည်။

 နဂိုက လူဦးရေ၄၀၀၀၀နိးပါးရှိသော တံတားဖြူတက္ကသိုလ်သည် ညတွင်းချင်း‌ လူထောင်ဂဏန်းမျှထိလျော့ကျသွားခြင်းက ပျက်စီးဆုံးရှုံးမှုမည်မျှများပြားကြောင်း သက်သေပြနေခဲ့သည်။

 "အားလုံးထွက်လာကြပြီလား..."

 ကြက်သွေးရောင်မြွေဘုရင်က ဂရုမစိုက်သည့်လေသံဖြင့် မေးလိုက်သည်။တံတားဖြူတက္ကသိုလ်မှလူများသည် သူတို့အပေါ်ဝဲကျနေသော ကြက်သွေးရောင်မြွေဘုရင်၏အကြည့်များကို ရင်ဆိုင်ဝံ့ခြင်းမရှိကြပေ။

 အသက်အရွယ်ကြီးမြင့်နေသော ကျောင်းအုပ်ကြီးက တုန်ယင်နေသောခြေလှမ်းများဖြင့် ရှေ့တိုးလာခဲ့သည်။

 "လူတိုင်းဒီကိုရောက်နေကြပြီ...ငါတို့ကိုမသတ်ပါနဲ့...ငါတို့ကိုဘာခိုင်းခိုင်း အတတ်နိုင်ဆုံးကြိုးစားလုပ်ဆောင်ပေးပါမယ်"

 သူသည် အသက်ကိုနှမြောခြင်းမရှိ သူ၏ကျောင်းသားများကိုသာ ကယ်တင်နိုင်ရန်အတွက် အစွမ်းကုန်ကြိုးစားနေခဲ့သည်။

 "အဲလိုလား..."

 ကြက်သွေးရောင်မြွေဘုရင်သည် ခဏလောက်အတွေးများသွားပြီး သူ၏မျက်နှာပေါ်၌သွေးဆာနေသော အပြုံးတစ်ခုထွက်ပေါ်လာခဲ့သည်။

 "ခုလောလောဆယ် ဒီဘုရင်ကဗိုက်နည်းနည်းဆာနေတယ်...ဒါကြောင့်လူနည်းနည်းလောက်စားဖို့လိုအပ်နေတယ်...ဒီဘုရင်စားဖို့လူဆယ်‌ယောက်လောက်လွတ်ပေး...မဟုတ်ရင် မင်းတို့အကုန်လုံးကိုစားပစ်မယ်"

 ထိုစကားကိုကြားချိန်တွင် ထောင်နှင့်ချီသောလူတို့၏မျက်နှာအမူအရာက သိသိသာသာပြောင်းလဲသွားခဲ့သည်။ကျောင်းအုပ်ကြီးကလည်း အလွန်ပင်ထိတ်လန့်သွားခဲ့ကာ ‌မြေပေါ်သို့လဲကျသွားခဲ့သည်။

 ကြက်သွေးရောင်မြွေဘုရင်သည် သူတို့၏စိတ်အ‌ခြေအနေကို ပြိုလဲအောင် ရှင်းရှင်းလင်းလင်းပြုလုပ်နေခဲ့ပြီဖြစ်သည်။လက်ရှိအချိန်တွင် မည်သူကမှမြွေစာအဖြစ် အဆုံးမသတ်လိုကြပေ။အကယ်၍ လူဆယ်‌ယောက်ကိုရွေးဥ နှင်ထုတ်ခဲ့မည်ဆိုပါကလည်း ကျန်လူများသည် အပြစ်ရှိစိတ်ဖြင့် ဆက်လက်နေထိုင်သွားကြရမည်ဖြစ်သည်။

 "မြန်မြန်လုပ်...ဒီဘုရင်ကသည်းမခံနိုင်တော့ဘူး..."

 ကြက်သွေးရောင်မြွေဘုရင်၏နောက်မှ မြွေများကလည်း တစ်ညီတညွတ်တည်းအော်မြည်လိုက်ကြရာ သူတို့၏အော်မြည်သံများက တံတားဖြူတက္ကသိုလ်တစ်ခုလုံးကို လွမ်းခြုံသွားခဲ့ပြီး ကြောက်မက်ဖွယ်ခံစားချက်အား ဖြစ်ပေါ်စေခဲ့သည်။

 လူတိုင်းလိုလိုပင် စိတ်ဓာတ်ကျဆင်းသွားခဲ့ကြသည်။

 "ပြီးသွားပြီ..."

 ကျောင်းအုပ်ကြီးက ဖြူဖတ်ဖြူရော်ဖြစ်နေသောမျက်နှာထားဖြင့် ရေရွတ်လိုက်သည်။သူ၏နောက်မှ ထောင်နှင့်ချီသောလူများသည် ခေါင်းငုံ့ထားကြပြီး တစ်ယောက်မှရှေ့မတိုးဝံ့ကြပေ။

 စုယီအားဆူပူကြီမ်းမောင်းဖူးသော အကြံပေးလီဖေးသည် တိတ်တိတ်လေးနောက်ပြန်ဆုတ်သွားကာ လူအုပ်ထဲတိုး၀င်သွားခဲ့သည်။

 "ငါတို့ဘာလုပ်ကြမလဲ..."

 "သေစမ်း..."

"ငါငယ်ငယ်လေးပဲရှိသေးတယ်...ငါမသေချင်သေးဘူး"

"ဘယ်သူကများသေချင်ကြလို့လဲ...ဒီနေရာမှဘယ်သူကမှစိတ်ရူးပေါက်ပြီး အသက်ဆုံးရှုံးခံချင်ကြလို့လဲ..."

 ကျောင်းသားအချင်းချင်း စတင်၍ငြင်းခုံခဲ့ကြပြီး ဆရာများကလည်း တိတ်ဆိတ်နေခဲ့ကြသည်။သူတို့အားလုံးသည် ဆရာများဖြစ်ကြပေရာ ကျောင်းသားများက သူတို့အားရှေ့သို့တွန်းချရန် မဖြစ်နိုင်ပေ။သို့ဖြစ်ရာ ယခုအချိန်၌တိတ်ဆိတ်နေခြင်းက သူတို့၏အသက်ကိုကယ်တင်နိုင်ပေသည်။

 ထိုအချိန်တွင် မီတာ၁၀၀ခန့်ဝေးသော စကြန်လမ်းတစ်ခုပေါ်၌ စုယီနှင့်နန်ရှောင်ပေါင်တို့ လျှောက်လာခဲ့ကြသည်။

 "ငါတို့တကယ်သွားကြမှာလား..."

 နန်ရှောင်ပေါင်က မဝံ့မရဲလေသံဖြင့်မေးမြန်းလိုက်သည်။ထိုအခိုက်အဆန့်တွင် သူမ၏မျက်နှာပေါ်၌ ကြောက်ရွှံ့မှုများပြည့်နှက်နေကာ စုယီ၏နောက်၌ပုန်းအောင်းနေခဲ့သည်။

 "ဟုတ်တယ်...ငါအဲ့ကောင်ကိုသတ်ပစ်မယ်"

 စုယီက တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ဖြေလိုက်သည်။

All Chapters