← Chapters

နဂါးလက်သီးဖြင့် မြွေဘုရင်အား သတ်ခြင်း

Vol. 1 Ch. 6

နဂါးလက်သီးဖြင့် မြွေဘုရင်အား သတ်ခြင်း

Vol. 1 Ch. 6

“စွမ်းအားကြီးလာဖို့အတွက် သူ့ကို သတ်တာလား?”နတ်ဆိုးကို စားချင်လို့လား?”

နန်ရှောင်ပေါင်၏ပါးစပ်သည် ပွင့်ဟနေခဲ့သည်။မယုံကြည်နိုင်ခြင်းများ သူမ၏မျက်နှာပေါ်တွင် အထင်းသား ပေါ်နေသည်။

စုယီသည် ပြောစရာစကား ပျောက်ဆုံးသွားကာ စိတ်ဆိုးတကြီးဖြင့် ပြန်ပြောလိုက်သည်။ “မင်းကိုဘဲ စားချင်တာ!”

“ကောင်းပြီလေ။ဒီည စားကြတာပေါ့!”

“မင်း…”

“ဟီး ဟီး! ကြောက်နေတာမလား။ ဟုတ်တယ်မလား? အရူးကောင်!”

သူတို့နှစ်ဦးသည် နောက်ပြောင်ရင်းဖြင့် သူတို့ရှေ့ရှိ လူအုပ်စီ လျှောက်လာခဲ့သည်။

နန်ရှောင်ပေါင်သည် စုယီ၏ဇာတ်ကောင်ကို သိသောကြောင့် စုယီအတွက် စိတ်မပူပါ။သူသည် မသေချာသည့်အရာကို ဘယ်သောအခါမှ မလုပ်ပါ။

စုယီ၏ ပြီးခဲ့သော လုပ်ဆောင်ချက်များသည် သူဟာ သာမန်လူတစ်ယောက်မဟုတ်ဘူးဆိုတာ သက်သေပြခဲ့ပြီး ဖြစ်သည်။

ထိုအချိန်တွင် ကွင်းပြင်ထဲတွင် ထောင်ချီသောကျောင်းသားများသည် စတင် တိုက်ခိုက်နေပြီ ဖြစ်သည်။တစ်ချို့ယောကျာ်းလေးများသည် တစ်ယောက်နဲ့တစ်ယောက် စတင် တွန်းကာ အားနည်းသူကို အပြင်ထုတ်ရန် ကြိုးစားနေကြသည်။

မည်သူမှ မသေချင်ကြပါ။ထောင်ချီသော လူများ သေတာထပ်စာရင် လူဆယ်ယောက်ဘဲ သေခြင်းက ပို၍ကောင်းသည် မဟုတ်လား။

တစ်ခဏအတွင်းမှာပင် ရင်ပြင်ဟာ ပရမ်းပတာ ဖြစ်သွားပြီ အချို့မှာ အပြင်းအထန် စတင်တိုက်ခိုက်လာခဲ့သည်။

“ကျောင်းသားတွေ ရပ်ကြစမ်း!”

ကျောင်းအုပ်ကြီးသည် အော်လိုက်သည်။ စိတ်ကောင်းရှိပြီး စည်းကမ်းရှိတဲ့ ဆရာ၊ဆရာမအချို့နှင့် ဝန်ထမ်းအချို့ကလည်း ဖြန်ဖြေရန် ကြိုစားခဲ့သည်။သို့သော် ကံမကောင်းစွာပင် ကျောင်းသားဦးရေ များပြားသည့်အတွက် အခြေအနေကို မထိန်းချုပ်နိုင် ဖြစ်နေသည်။

“မင်းက အရမ်း အားတည်းလွန်းတယ်။ဒီတိုင်း သေလိုက်!”

“မှန်တယ်။ငါတို့က ပိုများတဲ့ကျောင်းသားတွေကို ကာကွယ်ဖို့အတွက် အသက်ရှင်ဖို့ လိုတယ်။မင်းတို့ အားနည်းတဲ့ကောင်တွေ ငါတို့ကိုပါ ဆွဲချမနေနဲ့!”

“မင်း ဖက်တီးကောင် ပြေးတောင်ပြေးနိုင်မှာမဟုတ်ဘဲနဲ့ ငါတို့အတွက် မင်းကိုယ်မင်း စတေးလိုက်စမ်းပါ!”

“ငါတို့ကို မင်းနဲ့အတူ လိုက်သေစေချင်တာလား?”

ထွားကျိုင်းသော ကျောင်းသားအများစုသည် ပရမ်းပတာ ဖြစ်စေပြီး အထီးကျန်နေသည့် ဖက်တီးလေးများနှင့် အားနည်းသည့် ယောကျာ်းလေးများကို ပစ်မှတ်ထားခဲ့သည်။ထိုစဉ်တွင် မနေ့ညက ကိစ္စကြောင့် ကြောက်ရွံ့နေကြသော မိန်း‌ကလေးများသည် ဘာစကားမျှ မပြောရဲကြပေ။

အပြစ်ရှိစိတ်နဲ့ နှိုင်းယှဉ်လျှင် အစားခံရခြင်းကို ပို၍ ကြောက်ကြသည်။

ကြက်သွေးရောင် မြွေဘုရင်သည် ထိုဖြစ်ရပ်အားလုံးကို အပြုံးဖြင့် ကြည့်နေသည်။ရုတ်တရက် စုယီနှင့် နန်ရှောင်ပေါင်ကို မြင်လိုက်သည်။

“အို၊ ဘယ်လောက်သန်မာ ဖြတ်လတ်လိုက်သလဲ”

ကြက်သွေးရောင် မြွေဘုရင်၏ မျက်လုံးများသည် တောက်ပလာပြီး စုယီအား လောဘတကြီး စိုက်ကြည့်နေခဲ့သည်။ထိုမြင်ကွင်းသည် လူအများကို နောက်လှည့်စေပြီး အေးဆေးသက်သာစွာ လမ်းလျှောက်လာနေသည့် စုယီနှင့် နန်ရှောင်ပေါင်ကို သတိထားမိစေခဲ့သည်။

“ဟူး!”

ကျောင်းအုပ်ကြီးသည် စုယီနှင့် နန်ရှောင်ပေါင်တို့ လွတ်မြောက်စေရန်အတွက် စကားမပြောရဲသည့်အတွက် သက်ပြင်းသာချနိုင်သည်။

“သူတို့ကို ဒီခေါ်လာခဲ့။ဒီဘုရင်က သူတို့ကို စားချင်တယ်!”

ကြက်သွေးရောင် မြွေဘုရင်သည် စုယီနှင့် နန်ရှောင်ပေါင်ကို လက်ညှိုးထိုးကာ ရယ်မောနေခဲ့သည်။ထိုစကားများသည် ထောင်ချီသော ကျောင်းသားများနှင့် ဆရာ၊ဆရာမများကို သူတို့အား ကြည့်စေခဲ့သည်။သူတို့အားလုံးသည် မယုံနိုင်လောက်အောင် ထူးဆန်းနေကြသည်။

လူ့သဘာဝသည် တစ်ခါတစ်ရံတွင် ကြောက်စရာ အကောင်းဆုံးအရာပင် ဖြစ်သည်။

ချက်ချင်းပင် ထွားကျိုင်းသော ကျောင်းသား(၅)ယောက်သည် စုယီနှင့် နန်ရှောင်ပေါင်စီသို့ ဦးတည်လာခဲ့သည်။အားလုံးသည် ကြက်သွေးရောင် မြွေဘုရင် ကျေနပ်အားရစေရန်အတွက် အပြေးအလွှား သွားကြသည်။

တစ်ချို့ စိတ်သဘောထား နူးညံ့သည့် မိန်းကလေးများသည် ထိုကြောက်မက်ဖွယ်ကောင်းသည့် အကျည်းတန်သော မြင်ကွင်းကို မကြည့်ရဲသဖြင့် သူတို့၏မျက်လုံးများကို ကာထားကြသည်။

“ရပ်လိုက်!”

ထို့နောက်တွင် လီဖေးသည် ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီး ထိုကျောင်းသား (၅)ယောက်အား တားဆီးရန် ကြိုးစားသည်။

သူသည် လောဘကြီးပြီး အားနည်းသူကို လှောင်ပြောင်တတ်သော်ငြား စုယီသည် သူ၏ကျောင်းသားသာ ဖြစ်သည်။သူ၏ကျောင်းသားကို သေတွင်းထဲ တွန်းပို့သည့် ဖြစ်ရပ်ကိုတော့ ရပ်မကြည့်နိုင်ပါ။

“ဟမ်?”

ကြက်သွေးရောင် မြွေဘုရင်သည် လီဖေးကို ရုတ်တရက် စိုက်ကြည့်လိုက်သည်။ကျောရိုးတစ်လျှောက် အေးစိမ့်လာကာ အလိုလို လှည့်ကြည့်မိလိုက်သည်။ကြက်သွေးရောင် မြွေဘုရင်က သူ့အား စိုက်ကြည့်နေသည်ကို မြင်သည့်အခါ ချွေးစေးများ ပြန်လာပြီး လူအုပ်ကြားထဲ ပြန်တိုးဝင်သွားသည်။

“သူတို့…”

လူအုပ်ထဲတွင် ဆံပင်တိုနှင့် မိန်းကလေးသည် သူ့အချစ်ဆုံး သူငယ်ချင်း၏ လက်မောင်းကို တင်းတင်းဆုပ်ကိုင်ထားသည်။သူတို့နှစ်ယောက်သည် အစောပိုင်းက စူပါမားကတ်ထဲတွင် စုယီတွေ့ခဲ့သည့် နှစ်ယောက်ဖြစ်သည်။

ဆံပင်တိုနှင့် မိန်းကလေးသည် လျှိုရွှမ်းဖြစ်ပြီး သူ့အချစ်ဆုံး သူငယ်ချင်းမှာ ဟန်ဖေးဖေး ဖြစ်သည်။သမာရိုးကျ မိန်းကလေးများသာ ဖြစ်သဖြင့် သူတို့ကို မှတ်မိနိုင်မည် မဟုတ်ပါ။စုယီနှင့်နန်ရှောင်ပေါင်ကို ကြည့်ရင်း သူတို့လုပ်နိုင်သည်မှာ သက်ပြင်းချရုံသာ ရှိတော့သည်။

“နောက်ဆုတ်စမ်း!”

ရုတ်တရက် စုယီသည် နဂါးဟိန်းသံကဲ့သို့ ဟိန်းဟောက်လိုက်ရာ ကျောင်းသား(၅)ယောက်၏ နားစည်များ ပေါက်ကွဲသွားပြီး သွေးများ ပန်းထွက်လာသည်။ကျောင်းသား(၅)ယောက်လုံးသည် ကြောက်လန့်တကြားဖြင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။

“မင်းတို့…”

ကျောင်းသား(၅)ယောက်သည် တုန်ရီနေကြသည်။စုယီကို အလန့်တကြားဖြင့် ကြည့်လိုက်ပြီး နောက်သို့ထပ်ဆုတ်သွားကြသည်။

ယခုအခိုက်အတန့်တွင် နဂါးနတ်ဆိုးက သူတို့အား ဟိန်းဟောက်သကဲ့သို့ ခံစားလိုက်ရပြီး သူတို့၏ သတ္တိများ လုံးလုံးလျားလျား ပျက်စီးသွားကာ စုယီနှင့် နန်ရှောင်ပေါင်နားသို့ နောက်တစ်ကြိမ် ထပ်မကပ်ရဲတော့ပေ။

စုယီသည် သူတို့ကို လစ်လျူရှုလိုက်ပြီး ကြက်သွေးရောင် မြွေဘုရင်စီသို့ တန်းတန်းမတ်မတ် လျှောက်သွားသည်။

နန်ရှောင်ပေါင်သည် သူ့နောက်မှ လိုက်ရင်း ကျောင်းသား(၅)ယောက်အား တစ်ချက်စီ ကန်လိုက်သည်။ထို့နောက် စုယီနောက်သို့ အမြန် အမီလိုက်သည်။

သူတို့ငါးယောက်သည် ကြောက်လွန်းသဖြင့် ခြေထောက်များ ထုံကျင်နေကာ မတ်တပ်ပင် မရပ်နိုင်ကြပေ။သူတို့စုံတွဲ ‌ကြက်သွေးရောင် မြွေဘုရင်စီသို့ လျှောက်သွားသည်ကိုသာ သေချာစိုက်ကြည့်နိုင်ခဲ့သည်။

ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်နေသည်။

ထောင်ချီသော ဆရာ၊ဆရာမများနှင့် ကျောင်းသားများ အားလုံးသည် တစ်ယောက်တစ်မျိုးဖြင့် စုယီအား စိုက်ကြည့်နေခဲ့သည်။

စုယီ၏ ဟိန်းဟောက်သံသည် သူတို့အား ခြိမ်းခြောက်ခဲ့သည်။ယခုတွင် သူတို့သည် စုယီ ဘာလုပ်မည်ဆိုတာကို ကြည့်ရန်အတွက် မသိစိတ်ကပင် ရပ်တန့်သွားကြသည်။

“အာ့တာ စုယီမလား…ဘာလို့ သူလဲ?”

“သူက ဘာလုပ်မလို့လဲ?သူက သေချင်နေတာလား?”

“သူက တခြားတစ်ယောက်လို ဖြစ်လာတယ်ဆိုပြီး ဘာလို့ ခံစားမိနေပါလိမ့်?”

“ကြက်သွေးရောင် မြွေဘုရင်ကို စိန်ခေါ်တာ သူလား?”

စုယီ၏ အတန်းဖော်အားလုံးသည် ရှော့ခ်ရသွားသည်။မနေ့ကနဲ့ယှဉ်လျှင် စုယီသည် သိသိသာသာပင် ပို၍ သန်မာလာခဲ့ကာ သူတို့အား ပဟေဠိ ဖြစ်စေခဲ့သည်။

လူအုပ်ထဲတွင် ပုန်းနေသော လီဖေးသည်ပင် စိတ်လှုပ်ရှားကာ ရေရွတ်နေမိသည်။ “ဒီကောင်လေး သေချင်နေတာလား?”

ကြက်သွေးရောင် မြွေဘုရင်သည် စုယီအား လှောင်ပြောင်သော အမူအရာဖြင့် စိုက်ကြည့်နေခဲ့သည်။သူ့နောက်ရှိ မြွေအုပ်ကြီးသည် သူတို့နှစ်ဦးပေါ်တွင် အာရုံစိုက်ထားကြသည်။သူတို့၏ မြွေမျက်လုံးအစုံသည် အေးစက်လှသည်။

“ကောင်လေး၊မင်းက ဒီဘုရင်ကို စိန်ခေါ်ချင်တာလား?”

ကြက်သွေးရောင် မြွေဘုရင်သည် စုယီ၏ သတ်ဖြတ်ချင်စိတ်ကို အာရုံခံမိသဖြင့် လှောင်ရယ်ကာ ပြောလိုက်သည်။

စုယီသည် ပြန်မဖြေပါ။မနေ့က သူသည် သာမန် လူတစ်ယောက်သာ ဖြစ်ခဲ့သည်။သူ့အတွက် လူတစ်ယောက်ကို အချိန်တိုအတွင်း သတ်ရန်မှာ မလွယ်ကူပါ။သို့သော် နတ်ဆိုးတစ်ကောင်ကို သတ်ရန်အတွက်တော့ သူ့တွင် စိတ်ဖိအား ရှိမည် မဟုတ်။

“ဆက်မလိုက်နဲ့တော့”

စုယီသည် ညင်သာစွာ ပြောလိုက်သည်။သူသည် ကြက်သွေးရောင် မြွေဘုရင်နှင့် မီတာသုံးဆယ်ပင် မကွာတော့ပါ။ဒီ့ထပ် ပိုနီးကပ်လျှင် နန်ရှောင်ပေါင်အတွက် အန္တရာယ် ရှိနိုင်ပေသည်။

“လုပ်လိုက်တော့။နင်အနိုင်ရရင် ငါ နင့်ကို လက်ထပ်မယ်။ငါက ကမ္ဘာမှာ အလှဆုံး မိန်းကလေးလေ။နင် သေချာပေါက် နိုင်မှာ”

နန်ရှောင်ပေါင်သည် သူ၏လမ်းကြောင်းတွင် ပိတ်ရပ်လိုက်ပြီး လက်သီးဖြင့် အသာအယာထိုးကာ အားပေးလိုက်သည်။

စုယီသည် ခေါင်းငြိမ့်ကာ ပြုံးပြလိုက်သည်။စက္ကန့်ပိုင်းအတွင် သူ့အကြည့်သည် အေးစက်သွားခဲ့သည်။

လေ့ကျင့်ရေး ညတစ်ညက သူ့အား နဂါး(၁၁)ကောင်၏ ခွန်အားကို ပေးသည်။အစွမ်းတွေထုတ်ဖို့ ပြည့်စုံတယ်!

နဂါးတွေ၊ အဆင့်မြင့်ဆုံးသော သတ္တဝါတွေဘဲ!

သူတို့က သတ္တဝါတွေ အားလုံးကို အထူးသဖြင့် မြွေတွေကို ငုံ့ကြည့်ကြတယ်!

စုယီ၏ စိတ်သဘောထားသည် သိမ်မွေ့စွာ ပြောင်းလဲသွားပြီး မြွေများကိုလည်း စက်ဆုပ် ရွံရှာလာသည်။

“ဒီဘုရင်ကို ရန်စရဲတယ်ပေါ့။ချီလင်ပြည်ရဲ့ ဘုရင်ဟောင်းကလွဲရင် ငါဘုရင်ကို ဘယ်သူမှ အာ့လို စိုက်မကြည့်ဝံ့ဘူး!”

ကြက်သွေးရောင် မြွေဘုရင်သည် လျှာသပ်လိုက်ပြီး စုယီစီသို့ လျှောတိုက်သွားသည်။

သူသည် စုယီ၏ စွမ်းအား သန်မာကြောင်းကို ခံစားမိသည်။သူ့ လက်အောက်ငယ်သားများသည် စုယီအတွက် မသင့်တော်သဖြင့် သူတို့အား သေဖို့ သပ်သပ် မလွှတ်တော့ပေ။

ရှူးးးးး—

ထောင်ချီသော ဆရာများနှင့် ကျောင်းသားများသည် လန့်သွားကြပြီး အများစုသည် စုယီအား ကြက်သွေးရောင် မြွေဘုရင် ကိုက်စားတာကို မမြင်လိုသဖြင့် မျက်လုံးများ ပိတ်ထားကြသည်။

ကြက်သွေးရောင် မြွေဘုရင်သည် အရှိန်အဟုန်ဖြင့် လျင်မြန်စွာ ရွေ့လျားလာသည်။သို့ရာတွင် စုယီ၏ မျက်လုံးထဲတွင်တော့ အရမ်းပင် နှေးလွန်းသည်။

ပုံသဏ္ဍာန် ပြောင်းလဲနေသည့် နတ်ဆိုးကို ပထမဆုံးအကြိမ် တိုက်ခိုက်ခြင်း ဖြစ်သည်။စုယီသည် ကြောက်ရွံ့မနေဘဲ သွေးများပင် ဆူပွက်နေသည်။

ကြက်သွေးရောင် မြွေဘုရင်သည် စုယီနှင့် ငါးမီတာပင် မကွာတော့ပါ။သူသည် စုယီကို မျိုချရန်အတွက် သူ၏ဦးခေါင်းသည် ရုတ်တရက် ရှည်လာပြီး ကြီးမားသော ဧရာမ မြွေဟောက်ကြီးကဲ့သို့ ဖြစ်လာသည်။

အဖြစ်အပျက် အလုံးသည် မြန်ဆန်လွန်းလှသည်။ထောင်ချီစော ဆရာ၊ဆရာမများနှင့် ကျောင်းသားများသည် မျက်တောင်ခပ်ချိန်ပင် မရကြပေ။

နန်ရှောင်ပေါင်သည် သူမ၏ လက်များကို တင်းတင်းဆုပ်ထားသည်။တစ်စက္ကန့်မျှ မလွတ်စေရန် သူမ၏ လှပသော မျက်လုံးများကို ကျယ်ကျယ် ဖွင့်ထားသည်။

“ဒီဘုရင်ရဲ့ အစာ ဖြစ်လိုက်စမ်း!”

ကြက်သွေးရောင် မြွေဘုရင်သည် ရူးမိုက်စွာ ရယ်နေခဲ့သည်။သူ၏ကြီးမားလှသော ပါးစပ်ကြီးသည် စုယီ၏ခေါင်းနှင့် နီးကပ်လာသည်။

ဘုန်း—

စုယီသည် ရုတ်တရက် လက်သီးဖြင့် ထိုးလိုက်သည်။နဂါးဆယ့်တစ်ကောင်၏ စွမ်းအားများ အပြည့်အဝ ထွက်ပေါ်လာသည်။ပေါက်ကွဲသံနဲ့အတူ သူ၏ကြွက်သားများကြောင့် အဖြူရောင် ရှပ်အင်္ကျီသည်လည်း ပြဲထွက်သွားသည်။သူ့လက်သီးသာ် မရပ်တန့်နိုင်သော စွမ်းအားများကို သယ်ဆောင်လာပြီး သူ့လမ်းကြောင်း တစ်လျှောက်ရှိ အရာအားလုံးကို ဖြိုခွဲလိုက်သည်။

ထိုအချိန်တွင် သူ၏ကြွက်သားများ ပေါက်ကွဲသွားပြီး ထင်မှတ်မထားသော စွမ်းအင်များ ထွက်ပေါ်လာသည်။

သူ့လက်သီးချက်ကြောင့် ကြက်သွေးရောင် မြွေဘုရင်၏ ကြီးမားသော ခန္ဓာကိုယ်ကြီးသည် ပေါက်ကွဲသွားပြီး နေရာအနှံ့ ပြန့်ကျဲသွားသည်။သူ့လက်သီးသည် ရက်စက်ပြီး ပြိုင်ဘက်ကင်းစွာ အနောက်ရှိ မြွေများကို ဖျက်စီးလိုက်သည်။ကွင်းပြင်၏ ကြမ်းပြင်ကိုတောင် ရှည်လျားသော အက်ကွဲကြောင်း ဖြစ်ပေါ်စေခဲ့သည်။

တံတားဖြူ တက္ကသိုလ်ဝင်ပေါက်၏ ကျောက်တိုင် နှစ်တိုင်ပင်လျှင် သူ့လက်သီးချက်ကြောင့် ပျက်စီးသွားသည်။သူ၏လမ်းကြောင်းသည် အတောမသတ်နိုင်ကာ မီတာရာပေါင်းများစွာ သွားနိုင်ပြီး ကျောင်းအပြင်ရှိ သစ်ပင်အရှည်များကိုပင် လဲကျစေသည်။ဖုန်မှုန့်များ လွင့်မျောနေကာ ပေါက်ကွဲသံသည် ကောင်းကင်ပြာတွင် ပဲ့တင်ထပ်နေသည်။

တိတ်ဆိတ်နေသည်!

အရာအားလုံး တိတ်ဆိတ်နေကြသည်!

ဝူးးးး—

လေပြင်းတစ်ချက် တိုက်ခတ်သွားသည်။ထောင်ချီသော ဆရာ၊ဆရာမများနှင့် ကျောင်းသားများသည် ကြက်သေ သေသွားကြသည်။အားလုံး၏ ပါးစပ်များသည် ကြက်ဥတစ်လုံး ထည့်၍ရအောင်ပင် ကျယ်ကျယ်ပွင့်နေကာ လုံးလုံးလျားလျား အံ့အားသင့်နေကြသည်။

စ်မြို့ လို့တော့ ပြောကြတာဘဲ။ဧကရာဇ်စုတောင် ဒီကိစ္စကို စိတ်ဝင်စားနေတာ။

All Chapters