← Chapters

လောရွှေဂိုဏ်း၏ဝိဉာဉ်မြစ် အကဲဖြတ်ခြင်း

Vol. 1 Ch. 8

လောရွှေဂိုဏ်း၏ဝိဉာဉ်မြစ် အကဲဖြတ်ခြင်း

Vol. 1 Ch. 8

ဧကရာဇ်စုသည် သခင်ကြီး ချီယန်အား ဧကရာဇ်စုဂိုဏ်းသို့ ဖိတ်ခေါ်ခဲ့ပါသည်!

နတ်ဆိုးဘုရင် ချင်းယန် : သခင်ကြီးချီယန်?ချီလင်နယ်မြေက နတ်ဆိုးလေးလား?

ကျားနက်ဧကရာဇ် : အာ့ မသေမျိုး လူအိုကြီးက ဘယ်လိုလုပ် ဒီရောက်နေတာလဲ?

ဝူချင်းယောင် : ဟူး နောက်ထပ် ကြီးမြတ်တဲ့ နတ်ဆိုးတစ်ကောင်

နတ်ဆိုးဘုရင် ချင်းယန် : ဟေး၊ ဟေး၊ ဟေး ၊ နတ်ဆိုးလေး ချီယန်။ သေချင်ယောင် ဆောင်မနေနဲ့! ဒီက ထွက်သွား!

သခင်ကြီး ချီယန် : နတ်ဆိုးဘုရင် ချင်းယန်…ကျားနက် ဧကရာဇ်…ဘာလို့ ငါ့ စိတ်အာရုံထဲ ရောက်နေရတာလဲ?

ထိုကဲ့သို့ဖြင့် သခင်ကြီး ချီယန်သည် ဧကရာဇ်စုဂိုဏ်း၏ အဖွဲ့လိုက် စကားပြောဝိုင်းထဲသို့ ဝင်ရောက်လာခဲ့သည်။သူသည် လူတစ်ချို့ကို သိသည့်အတွက် ကြောက်တော့ ကြောက်မနေပါ။

စုယီသည် ဘာမှ ဝင်မပြောဘဲ တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။သခင်ကြီး ချီယန်က နတ်ဆိုးဘုရင် ချင်းယန်နှင့် ကျားနက်ဧကရာဇ်တို့ကို သိနေလိမ့်မည်ဟူ၍တော့ သူ မျှော်လင့်မထားမိခဲ့။

သခင်ကြီး ချီယန်သည် အမှန်တကယ်ပင် ချီလင်နယ်မြေက ဖြစ်သည်။

ကြက်သွေးရောင် မြွေဘုရင် ပြောသည့်အတိုင်းဆိုလျှင် ဤနေရာသည် ချီလင်နယ်မြေ ဖြစ်မည်။

ထို့ကြောင့် သခင်ကြီး ချီယန်သည် ဤနယ်မြေ၏ အုပ်စိုးရှင်ဖြစ်ပြီး နတ်ဆိုးဘုရင် ချင်းယန်နှင့် ကျားနက် ဧကရာဇ်တို့သည်လည်း ဤကမ္ဘာကပင် ဖြစ်သည်ဟု ယူဆနိုင်သည်။

စုယီသည် သခင်ကြီး ချီယန်၏ စကားကို သတိပြုနေသည်။အကယ်၍ ဤနတ်ဆိုးသည် ရက်စက်ကြမ်းကြုတ်လျှင် သို့မဟုတ် ၎င်း၏ငယ်ရွယ်မှုကိုပင် ပြင်းထန်စွာကာကွယ်မည်ဆိုလျှင် သူသည် သခင်ကြီး ချီယန်ကို ချေမှုန်းပစ်မည်ဖြစ်သည်။

ကျားနက် ဧကရာဇ် : ဟေး ဟေး ဟေး။ မင်း မသေမျိုး အဘိုးကြီး။မင်းရဲ့ ဝင်ရောက်မှုအရင်းအမြစ်တွေကို အခုဘဲ လွှဲပြောင်းသင့်တယ်!

သခင်ကြီး ချီယန် : ဘာလဲ ဝင်ရောက်မှု အရင်းအမြစ် ဆိုတာက?

ကျားနက် ဧကရာဇ် : ဒါက တန်ခိုးကြီးမားတဲ့ ဧကရာဇ်စုကနေ ကမ္ဘာတစ်ဝှမ်းက အထူးစွမ်းရည်ရှိတဲ့ ပုဂ္ဂိုလ်တွေကို ဖိတ်ခေါ်ပြီး ဖန်တီးထားတဲ့ ဧကရာဇ်စုဂိုဏ်းဘဲ။ငါက ကျိုးဝူဓားနဲ့ နတ်ဆိုးဧကရာဇ်ရဲ့ မြင့်မြတ်တဲ့စွမ်းရည်ကို လှူဒါန်းခဲ့တယ်၊ နတ်ဆိုးဘုရင် ချင်းယန်က နဂါးခွန်အား ဆေးပြားတစ်ရာ ပေးခဲ့ပြီး အဲဒီအမျိုးသမီး ဝူချင်းယောင်က သူမရဲ့ အကျီင်္ကို ပေးအပ်ခဲ့တယ်။

သခင်ကြီး ချီယန် : ကျိုးဝူဓား! တကယ်ကြီးလား? ကျား နတ်ဆိုး တစ်ကောင်မှာ မသေမျိုးဓားက ဘယ်လိုဖြစ်ပြီး ရှိနေရတာလဲ?

ဆယ်မိနစ်ခန့် ကြာပြီးနောက် သခင်ကြီး ချီယန်သည် လျှို့ဝှက် ဆန်းကြယ်သော ဧကရာဇ်စုဂိုဏ်း၏ အကြောင်းကို အကြမ်းဖျဉ်း နားလည်သွားခဲ့သည်။

ကံကောင်းစွာပင် နန်ရှောင်ပေါင်သည် အထုပ်များကို ဖြည်းဖြည်းချင်း သိမ်းဆည်းနေပြီး စုယီကလည်း အလွန် စိတ်ရှည်လေသည်။

ဧကရာဇ်စု : ချီယန် မင်းရဲ့ ဝင်ရောက်ခြင်း အရင်းအမြစ်ကို အခုချက်ချင်း လွှဲပြောင်းပါ။မဟုတ်ရင် ငါ မင်းကို ထုတ်ပယ်ရလိမ့်မယ်။ဒါဆို ဖန်တီးမှုအတွက် ကောင်းမွန်တဲ့ အခွင့်အလမ်းကောင်းတွေ မင်း လက်လွတ်သွားမှာဘဲ။

နတ်ဆိုးဘုရင် ချင်းယန် : သူ့ကို ထုတ်လိုက်စမ်းပါ။ဒီမှင်စာလေးက ကျက်သရေကို မရှိဘူး!

သခင်ကြီး ချီယန် : မဟုတ်ဘူး!မဟုတ်ဘူး!ငါ ထည့်သွင်းမှာပါ!ငါ့မှာ မြင့်မြတ်တဲ့စွမ်းအင်အလိပ် ရှိတယ်!

ကျားနက် ဧကရာဇ် : မြင့်မြတ်တဲ့ စွမ်းအင်?

တစ်ချိန်တည်းမှာပင် စုယီ၏ လက်ထဲ၌ ကျောက်စိမ်းလိပ်လေး တစ်လိပ် ရောက်လာခဲ့သည်။စုယီသည် နန်ရှောင်ပေါင် မမြင်စေရန်အတွက် ထိုကျောက်စိမ်းလိပ်ကို တာအိုထဲသို့ အလျင်အမြန် ထည့်သိမ်းလိုက်သည်။

ချက်ချင်းပင် စုယီသည် လသာဆောင်သို့ သွားကာ နဂါးခွန်အား ဆေးပြားများကို စုပ်ယူရန် ပြင်ဆင်လေသည်။

နဂါးဆယ့်တစ်ကောင်၏ ခွန်အားသည် ကြက်သွေးရောင်မြွေဘုရင်အား အလွယ်တကူ သတ်နိုင်သော်လည်း ယင်းမှာ မြွေဘုရင်က သတိလက်လွတ်ဖြစ်သွား၍ဆိုတာ သူ သိသည်။သူသည် နောက်တစ်ကြိမ်တွင် ပို၍ သန်မာသည့် နတ်ဆိုးဘုရင်နှင့် တွေ့လျှင် ယခုလို ထပ်ပြီး ကံကောင်းနိုင်လိမ့်မည် မဟုတ်ပါ။

ကလေးဘဝကတည်းကပင် စုယီသည် အမြဲလိုလို စိုးရိမ်မှု လွန်ကဲလေ့ရှိသည်။အခြားသူများကမူ ၎င်းကို အကြောက်လွန်ရောဂါဟု ထင်ကြသော်လည်း သူကမူ ၄င်းကို ချဲ့ကားပြောဆိုသည်ဟုသာ ထင်သည်။သူသည် ဖြစ်လာနိုင်သမျှ ရလဒ်အားလုံးကို ကြိုတင်စဉ်းစားရသည်ကိုနှစ်သက်သည်။

“ထပ်ပြီး စွမ်းအင်တွေ စုဆောင်းမို့လား၊ဟမ်?ဒါဆို ငါလည်း ခနတဖြုတ် အိပ်လိုက်အုံးမယ်။ဒီနေ့ ငါ အရမ်းပင်ပန်းတာဘဲ”

နန်ရှောင်ပေါင်သည် ကျောကိုဆန့်လိုက်ပြီး အိပ်ယာစီသို့ လျှောက်သွားသည်။သူမ၏ဖုန်းကို ကောက်ကိုင်လိုက်ပြီး အချက်ပြခြင်း ရှိသေးလားဆိုတာ ကြည့်လိုက်သည်။

သူမသည် ရှေးဟောင်းတောထဲသို့ ရောက်ရှိလာခြင်းဖြစ်သည်ကို သူမ ကောင်းစွာ နားလည်သော်လည်း သူမသည် မျှော်လင့်ချက် အမျှင်တန်းလေးကို တွယ်ကပ်နေဆဲပင်—သူမ၏ဖုန်းသည် ဘယ်လိုများ အချိန်တွေ၊နေရာတွေကို ဖြတ်ကျော်လာနိုင်တာပါလိမ့်?

သင်သာ ရယ်စရာတစ်ခု မဟုတ်ဘူးဆိုရင် သင့်ငယ်ရွယ်မှုတွေကို သပ်သပ်မဲ့ ဖြုန်းတီးနေဖြင်းပင်!

စုယီသည် ပြုန်းလိုက်ပြီးနောက် လသာဆောင်တွင် ခြေထောက်ကို ချိတ်ထိုင်ရင်း နဂါးစွမ်းအား ဆေးပြားများကို ထုတ်လိုက်သည်။

နေ့အချိန်ပင် ရှိသေးသော်လည်း တက္ကသိုလ်ဝင်းတစ်ခုလုံး အလွန် တိတ်ဆိတ်နေသည်။ထောင်ချီသော ဆရာများနှင့် ကျောင်းသားများသည် နောက်ထပ်လာမည့် နတ်ဆိုး၏ တိုက်ခိုက်မှုကို ကာကွယ်ရန်အတွက် ကျောင်း၏ ရှေ့ဂိတ်နှင့် နောက်ဂိတ်များကို ပိတ်ဆို့ထားရန် ကြိုးစားနေကြသည်။

နှစ်ရက်တာအချိန်သည် အလျင်အမြန်ပင် ကုန်ဆုံးသွားခဲ့သည်။

တံတားဖြူ တက္ကသိုလ်သည် နောက်တစ်ကြိမ် တိုက်ခိုက်မခံရဘဲ တည်ငြိမ် အေးချမ်းနေလေသည်။

စုယီသည် နောက်ထပ် နဂါးစွမ်းအား ဆေးပြား သုံးဆယ့်နှစ်ပြားကို အသုံးပြုပြီးကာ စုစုပေါင်းအားဖြင့် လေးဆယ့်သုံးခုသော နဂါးစွမ်းအားများကို စုဆောင်းပြီးပြီ ဖြစ်သည်။

နောက်ထပ် နဂါးစွမ်းအား ဆေးပြား တစ်ပြားချင်းစီကို သောက်လိုက်သည့်အချိန်တိုင်း သူ၏ခန္ဓာကိုယ်သည် အလျင်အမြန် တိုးတက်လာခဲ့သည်။နောက်ထပ် နဂါးစွမ်းအား ဆေးပြားများကို စုပ်ယူရန် ကြာချိန်သည်လည်း တဖြည်းဖြည်း လျော့ကျလာခဲ့သည်။

လေးဆယ့်သုံးခုသော နဂါးစွမ်းအားများ ပိုင်ဆိုင်ပြီးနောက် စုယီ၏ ခွန်အားသည် သာမန်လူများ တွေးကြည့်၍ မရနိုင်သည့် အဆင့်တစ်ခုအထိ ရောက်ရှိလာခဲ့ပြီး သူသည် လက်သီးတစ်ချက်ထဲဖြင့် တောင်တစ်လုံးကိုပင် အလွယ်တကူ ဖြိုချနိုင်လေသည်။

စုယီသည် မျက်လုံးများကို ဖွင့်လိုက်ပြီး သူ၏ညာဘက်လက်ထဲတွင် နဂါးစွမ်းအား ဆေးပြားတစ်ပြားကို ကိုင်‌ကာ နန်ရှောင်ပေါင်ရှိရာစီသို့ လျှောက်လာခဲ့သည်။

“ဒါကို နဂါးစွမ်းအား ဆေးပြားလို့ ခေါ်တယ်။မင်း ဒါကို သောက်ပြီးရင် နဂါးတစ်ကောင်ရဲ့ခွန်အားမျိုး ပိုင်ဆိုင်လိမ့်မယ်။ခန္ဓာကိုယ်ပျက်စီးပြီး သေဆုံးဖြင်းကနေ ကာကွယ်ဖို့ နဲနဲချင်းစီဘဲ သောက်”ဧကရာဇ်စုသည် သင်ကြားပေးလိုက်သည်။

နန်ရှောင်ပေါင်သည် အခန်းဖော်၏ စာအုပ်တစ်အုပ်ကို စားပွဲပေါ်တွင် လှန်လှောကြည့်နေခဲ့သည်—တိရစ္ဆာန်စွယ်စုံကျမ်း။သူမသည် စုယီ၏စကားကို ကြားလိုက်သည့်အခါ ချက်ချင်းပင် အံ့ဩဝမ်းသာ သွားသည်။

“နဂါးစွမ်းအား?အာ့တာက အရှေ့ဘက်ရဲ့ကောင်းကင်နဂါးလား ဒါမှမဟုတ် အနောက်ဘက်ရဲ့ တွားသွားတတ်တဲ့ နဂါးလား?”

အနောက်ဘက်ရဲ့ တွားသွားတတ်တဲ့ နဂါး?

စုယီ၏ နှုတ်ခမ်းများ ကွေးညွတ်သွားသည်။ဒီမိန်းကလေးမှာ ထူးခြားတဲ့ ဖော်ပြချက်တွေ ရှိနေတာဘဲ။

“သေချာတာပေါ့။ဒါက အရှေ့ဘက်က ကောင်းကင်နဂါးလေ!”

စုယီ၏ တုံ့ပြန်ချက်သည် နန်ရှောင်ပေါင်အား ပို၍ပင် ပျော်မြူးစေခဲ့သည်။သူမသည် နဂါးစွမ်းအား ဆေးပြား၏ မူလအရင်းအမြစ်ကို မမေးဘဲ စုယီ၏အကြံဉာဏ်ကိုသာ လိုက်နာခြဲသည်။ဆေးပြားကို အပိုင်းသေး ရှစ်ပိုင်းခွဲကာ သူမ၏ ပါးစပ်ထဲသို့ တစ်ပိုင်းထဲ၍ ဝါးစားလိုက်သည်။

ပြင်းစွာသော အပူဒဏ်သည် နန်ရှောင်ပေ့င်အား ချက်ချင်းပင် ကြမ်းပြင်ပေါ်သို့ လဲကျစေခဲ့သည်။ချွေးစေးများသည် မိုးရေစက်များလိုပင် ထွက်လာခဲ့သည်။သူမသည် မျက်လုံးများကို တင်းကြပ်စွာ ပိတ်ထားပြီး နာကျင်မှုဒဏ်ကို မသက်မသာ ခံစားနေရသည်။

စုယီသည် သူမအား သက်သာအောင် မလုပ်ပေးဘဲ သူ၏ဖုန်းကိုသာ ကောက်ကိုင်လေသည်။

ရှေးဟောင်းတောထဲတွင် နန်ရှောင်ပေါင်အား သူ အမြဲ မကာကွယ်ပေးနိုင်ပါ။တစ်နေ့တွင် သူမသည် သူမဘာသာ အားကိုးရမည်ဖြစ်ပြီး နာကျင်မှုဒဏ်ကိုလည်း သင်ယူထားသင့်သည်။အထူးသဖြင့် ယခုနာကျင်မှုသည် ဘာမှ မဟုတ်ပါ။

ထိုအချိန်တွင် ဧကရာဇ်စုဂိုဏ်း၏ အဖွဲ့လိုက် စကားဝိုင်းထဲတွင် ယောက်ယက်ခတ်နေဆဲသာ ဖြစ်သည်။

သခင်ကြီး ချီယန် : သာမန်လူတွေနဲ့ ပြည့်နေတဲ့ ထူးခြားတဲ့ မြို့တစ်မြို့က ချီလင်နယ်မြေထဲမှာ ရုတ်တရက် ပေါ်ပေါက်လာခဲ့တယ်။အစကတော့ ငါ့ နတ်ဆိုးနောက်လိုက်တွေက သူတို့ကို ချေမှုန်းမလို့ဘဲ။ငါ တားလိုက်တာ။ဒီ ထူးခြားတဲ့မြို့က သာမန်နေရာတစ်ခု မဖြစ်နိုင်ဘူးလို့ ငါ ခံစားမိနေတယ်။”

နတ်ဆိုးဘုရင် ချင်းယန် : ထူးခြားတဲ့မြို့?

ဝူချင်းယောင် : ဟက် ၊ ရှင့်ရဲ့ မိစ္ဆာတွေနဲ့ နတ်ဆိုးတွေက လူသားတွေကို စားဖို့ဘဲ သိကြတာလေ။ရှင် အပြစ်ပေးခံရလိမ့်မယ်။ကျွန်မတို့ လောရွှေဂိုဏ်းက ခုခံဖို့အတွက် စည်းမျဉ်းတွေ ချမှတ်ပြီးပြီ”

ကျားနက်ဧကရာဇ် : လောရွှေဂိုဏ်း?ဒါဆို မင်းက လောရွှေဂိုဏ်းကပေါ့?”

စုယီသည် စာများကို ဖတ်ကာ မျက်မှောင်ကြုတ်လိုက်သည်။ထူးခြားတဲ့ မြို့တစ်မြို?

ဒီတ်ိုင်းသာဆို ကူးပြောင်းလာတာ သူတို့ကျောင်းတစ်ခုထဲ ဖြစ်ပုံမရ။ရွှမ်ယွမ်လူသားဧကရာဇ်က မြို့တစ်ခုလုံးကို ရှေးဟောင်းတောထဲ ပို့လိုက်တာထင်တယ်။

ရှေးဟောင်းတောက ဘာလို့ တရုတ်စကား ပြောနေရတာလဲ?

စကြာဝဠာတစ်ခုလုံး ဟွားရှ ဘာသာစကားကို ပြောနေကြတာလား?

ဟွားရှ ဒဏ္ဍာရီရဲ့ အဝါရောင် ဧကရာဇ်က ရွှမ်ယွမ်လူသားဧကရာဇ်များ ဖြစ်နေမလား?

ဝါး—

ထိုအချိန်တွင် စက်ရုပ်အသံ ထွက်ပေါ်လာပြီး စုယီ၏ ဆံပင်မွှေးများပင် ထောင်လာကာ အခက်အခဲ၏ အရိပ်အမြွတ်ကို ခံစားလိုက်ရသည်။

သူသည် လသာဆောင်တွင် ရပ်ကာ ကြည့်လိုက်သည်။သူ မြင်လိုက်သည်မှာ ရွှေရောင်သိမ်းငှက်တစ်ကောင်ဖြစ်သည်။ဆယ်ပေခန့်ရှည်လျားသော အတောင်ပံများကို ဖြန့်ရင်း ကောင်းကင်မှ ဆင်းသက်လာပုံမှာ ရွှေရောင်သက်တန့်ကြီးအလားပင် ဖြစ်သည်။၎င်း၏ကျောပေါ်တွင် မိုးပြာရောင်ဝတ်စုံနှင့် အဖြူရောင် ဝတ်ရုံကို ဆင်တူဝတ်ဆင်ထားသည့် ယောကျာ်းနှင့်မိန်းမ ဆယ့်နှစ်ယောက် ရှိသည်။ရှေးခေတ်ပြဇာတ်များထဲမှ စွမ်းအားရှင်များနှင့် တူသည်။

သူတင်မက ကျောင်းဝင်းအတွင်းရှိ အခြား ဆရာမများနှင့် ကျောင်းသားများသည်လည်း ထိုမြင်ကွင်းကို မြင်ကြသည်။

“ဘယ်လိုတောင် ကြီးလိုက်တဲ့ ငှက်ကြီးလဲ!”

“အယ်?သူ့ပေါ်မှာ လူတွေ!”

“အာ?အာ့တာ နောက်ထပ် နတ်ဆိုးများလား?”

“ငါတို့တော့ သွားပြီဘဲ!”

ထောင်ချီသော ဆရာများနှင့် ကျောင်းသားများသည် ကြောက်လန့်ကာ အနီးရှိ အဆောက်အအုံများထဲသို့ အလျင်အမြန် ပြေးပုန်းကြသည်။

မကြာမီပင် ရွှေရောင်သိမ်းငှက်ကြီးသည် တံတားဖြူ တက္ကသိုလ်ပေါ်တွင် ရစ်ဝဲကာ ခန့်ညားသော လူတစ်ယောက်က ပြောလေသည်။ “ငါက မိုဟောင်ရှန့်။လောရွှေဂိုဏ်းရဲ့ နောက်လိုက်တစ်ယောက် ဖြစ်တယ်။ဒီထူးခြားတဲ့မြို့ရဲ့ မူလရင်းမြစ်ကို မသိပေမယ့် ငါတို့ဂိုဏ်းက မင်းတို့ကို မိစ္ဆာတွေ၊နတ်ဆိုးတွေ ဝါးမျို စားသောက်မှာကို မမြင်လိုပေ။ထို့ကြောင့် ဝိဉာဉ်ရင်းမြစ်ရဲ့ ရွေးချယ်ခြင်းကိုခံပြီး ငါတို့ဂိုဏ်းရဲ့နောက်လိုက်တွေ ဖြစ်လာစေဖို့ ငါတို့ ဒီကို လာရောက်ခြင်း ဖြစ်တယ်”

“လောရွှေရဲ့ရွှေရောင်သိမ်းငှက်ကြီး ရစ်ဝဲနေတဲ့နေရာက ငါတို့နောက်လိုက်တွေ ရှိတဲ့နေရာဘဲ။မြန်မြန်လာပြီး ဝိဉာဉ်ရင်းမြစ်ရဲ့ ရွေးချယ်ခြင်းကို ခံယူကြလော့!”

လောရွှေဂိုဏ်း!

ဝိဉာဉ်ရင်းမြစ်ရဲ့ ရွေးချယ်ခြင်း!

တံတားဖြူတက္ကသိုလ်ရှိ ထောင်ချီသော ကျောင်းသားများနှင့် ဆရာများသည် စိတ်လှုပ်ရှားနေကြသည်။သူတို့ကျောင်းတင်သာမက တစ်မြို့လုံး ပြောင်းရွှေ့ခြင်း ခံရသည်ဟူသည့် မက်ဆေ့ဂ်ျအား သူတို့လည်း ရရှိပြီးဖြစ်သည်။

ထိုအချိန်တွင် မိုဟောင်ရှန့်နှင့် နောက်လိုက်ဆယ့်နှစ်ယောက်သည် ဖြည်းဖြည်းချင်း ဆင်းသက်လာကြသည်။နတ်သိကြားကဲ့သို့ တံတယးဖြူတက္ကသိုလ်၏ အားကစားကွင်းထဲသို့ ဆင်းလာကြသည်။

စုယီသည် လသာဆောင်တွင် မတ်တပ်ရပ်ကာ မျက်မှောင်ကြုတ်နေလေသည်။

ဝူချင်းယောင်သည်လည်း လောရွှေဂိုဏ်းက ဖြစ်သည်။ဧကရာဇ်စုဂိုဏ်း၏ အဖွဲ့လိုက် စကားဝိုင်းထဲတွင် သူမသည် မိစ္ဆာနှင့် နတ်ဆိုးများကို တိုက်ခိုက်ရန် ပြောခဲ့သည်။ယခုအချိန်တွင်တော့ နတ်ဆိုးမွေးမြူသူ တစ်ယောက်အနေနှင့် လောရွှေဂိုဏ်း၏ နောက်လိုက်များကို ရှာဖွေတွေ့ရှိခြင်းသည် ကိစ္စများကို ရှုပ်ထွေးစေသည်မှာ သေချာသည်။

သို့သော် လောရွှေဂိုဏ်းရှိ ဝူချင်းယောင်၏ အဆင့်အတန်းကို သူ ပို၍ သိချင်မိသည်။

All Chapters