← Chapters

နှစ်တစ်ထောင် နတ်ဆိုးဘုရင်

Vol. 1 Ch. 9

နှစ်တစ်ထောင် နတ်ဆိုးဘုရင်

Vol. 1 Ch. 9

ဆင်းသက်ပြီးနောက် မိုဟောင်ရှန့်သည် စိတ်ပျက်စွာ မျက်မှောင်ကြုတ်လိုက်သည်။ “နတ်ဆိုးချီက ဘယ်လိုဖြစ်ပြီး ဒီရောက်နေတာလဲ”

လောရွှေဂိုဏ်းသည် နှစ်တစ်ထောင်ကြာ မြင့်မြတ်သည့်ဂိုဏ်းတစ်ခု ဖြစ်သည်။မိစ္ဆာများနှင့် နတ်ဆိုးများကို ရန်လိုကာ နက်နက်ရှိုင်းရှိုင်း မုန်းတီးလေ့ရှ်ိသည်။ဂိုဏ်း‌အဖွဲ့ဝင်အားလုံးသည် စိတ်သဘောထားချင်း တူညီကြသည်။အကယ်၍ နောက်လိုက်တစ်ဦးသည် နတ်ဆိုးများနှင့် ပတ်သက်ခဲ့ပါက ဂိုဏ်းမှ နှင်ထုတ်ကာ စွမ်းအားများကိုလည်း ဖယ်ရှားမည် ဖြစ်သည်။

သူ့နောက်ရှိ အမျိုးသမီးနောက်လိုက်ထဲမှ တစ်ယောက်သည် စတင် ရယ်မောလေသည်။ “နောင်တော်မိုရယ် ဒီကိုလာတာက မင်းရဲ့ကိုယ်ပိုင်ရွေးချယ်မှုပါ။ဒီကိစ္စကို ကောင်းကောင်း ကိုင်တွယ်နိုင်မယ်ဆိုရင် နင့်အနာဂတ်က ပိုပြီး ကောင်းမွန်လာမှာ။နောက်ပြီး အစ်မတော်ဝူကလည်း နင့်ကို အမြင်ကြည်လာမှာလေ”

အစ်မတော်ဝူဆိုသည့် အသံကို ကြားသည့်အခါ မိုဟောင်ရှန့်၏မျက်နှာပေါ်ရှိ အပြုံးသည် ပျောက်ကွယ်သွားခဲ့သည်။လောရွှေဂိုဏ်း၏ အခြားနောက်လိုက်များသည်လည်း စတင် ကျီစယ်လာကြသည်။

“အစ်မတော် ဝူချင်းယောင်သည် နှစ်တစ်ထောင်အတွင်း လောရွှေဂိုဏ်းတွင် တစ်ခါမှ မတွေ့ဖူးသည့် အရည်အချင်းရှိသူ တစ်ယောက်ဘဲ။နောင်တော်မိုသာ သူမနဲ့ ထိုက်တန်တယ်!”

“ဟားဟားဟား ဒီကိစ္စကို ကောင်းကောင်း ကိုင်တွယ်နိုင်သ၍တော့ အာ့တာက သေချာတယ်လို့ ငါထင်တယ်”

“ဒီ ထူးခြားတဲ့မြို့ကို အစ်မတော်ဝူက သေချာ အနီးကပ် စောင့်ကြည့်ပြီးပြီ”

“ဒါပေမယ့် ငါတို့အားလုံး သတိရှိဖို့တော့ လိုတယ်။ချီလင်နယ်မြေက နတ်ဆိုးတွေ အပြည့်ဘဲ”

နောက်လိုက်များသည် ပြောဆို ရယ်မောနေကြသည်။ချီလင်နယ်မြေမှာရှိနေသော်လည်း သူတို့၏ အမူအရာသည် အေးဆေးတည်ငြိမ်နေသည်။

မကြာမီတွင် ကျောင်းအုပ်မုန့်ကျဲပန့်သည် ဆရာမများနှင့် ကျောင်းသားများ အဖွဲ့လိုက်နှင့်အတူ သတိထားကာ လျှောက်လာခဲ့သည်။

သူတို့သည် မိုဟောင်ရှန့် ပြောသည်ကို အပြည့်အဝ မယုံကြည်ကြပါ။မိုဟောင်ရှန့်နှင့် သူ၏အဖွဲ့သည် အယောင်ဆောင်ထားသော မိစ္ဆာများ ဖြစ်နေမည်ကို စိုးရိမ်နေကြသည်။

သို့ရာတွင် သူတို့ပြောသည်မှာ အမှန်တကယ် ဆိုပါက သူတို့အတွက် အသက်ရှင်ဖို့ မျှော်လင့်ချက် ရောင်ခြည်သမ်းလာပြီ ဖြစ်သည်။ထို့ကြောင့် မုန့်ကျဲပန့်သည် ဆရာများနှင့်ကျောင်းသားများအချို့ကိုသာ ခေါ်လာခြင်း ဖြစ်သည်။

“အရမ်း ချောတာဘဲ…”

လူအုပ်ထဲရှိ မိန်းကလေးတစ်ယောက်၏ မျက်လုံးများသည် ပြူးကျယ်နေသည်။လောရွှေဂိုဏ်းမှ ယောကျာ်းလေးနောက်လိုက် အားလုံးသည် အရပ်ရှည်ကာ ချောမောကြသည်။စိတ်ဝိဉာဉ်စွမ်းအားကြောင့် အညစ်အကြေး ကင်းစင်ကြရာ မော်ဒယ်များထပ်ပင် ပို၍ ချောမောနေကြလေသည်။

သူမနောက်ရှိ ကောင်လေးတစ်ယောက်သည် မနာလိုစွာ ထပြောသည်။ “ ‘အရိုးဖြူဝိဉာဉ်တိုက်ပွဲသုံးခု’အကြောင်းကို နင် မေ့သွားပြီလား?”

“အာ?နင် ဆိုလိုတာက သူတို့က…”

မိန်းကလေးသည် ကြောက်ရွံ့သွားကာ လောရွှေဂိုဏ်း၏နောက်လိုက်များကို နောက်တစ်ကြိမ် ထပ်မကြည့်ရဲတော့ပါ။

လသာဆောင်ပေါ် ရပ်ရင်း စုယီသည် တိတ်တဆိတ် ကြည့်နေခဲ့သည်။ခဏအကြာတွင် သူသည် စွမ်းအင်များကို စတင် စုစည်းလေသည်။

လောရွှေဂိုဏ်းနောက်လိုက်များ၏ စွမ်းအားအဆင့်သည် နိမ့်ကျမည် မဟုတ်ပါ။သူ အကြာကြီး စိုက်ကြည့်နေလျှင် သေချာပေါက် သူတို့ အာရုံစိုက်မိသွားလိမ့်မည်။

အရေးကြီးဆုံးအရာမှာ နဂါးစွမ်းအင်ဆေးပြားကို အကြည့်အဝ စုပ်ယူရန် ဖြစ်သည်!

ကြက်သွေးရောင် မြွေဘုရင်၏ နတ်ဆိုးအမြုတေသည် နဂါးတစ်ကောင်၏ စွမ်းအားကို သေချာပေါက် ပိုင်ဆိုင်လေသည်။နတ်ဆိုးတစ်ကောင် ဖြစ်သည့်အတွက် နဂါးအကောင်တစ်ရာ၏ စွမ်းအားကို ဖြည့်တင်းရန် အပြည့်အဝ လုံလောက်ပေသည်။

ထိုအချိန်တွင် နန်ရှောင်ပေါင်သည် နဂါးစွမ်းအင် ဆေးပြားကို စုပ်ယူနေဆဲ ဖြစ်သည်။

အချိန်သည် အလျင်အမြန်ပင် ကုန်ဆုံးသွားသည်။

ညနေဘက်တွင် တံတားဖြူ တက္ကသိုလ်အတွင်းသို့ လူများ ပိုမိုဝင်ရောက်လာကြပြီး မြို့တစ်မြို့လုံး ကူးပြောင်းခြင်း ခံရသည်ဆိုသည်မှာ အမှန်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

သေပြီ—

အိပ်ဆောင်ထဲတွင် အိပ်ယာပေါ် လဲရင်း နန်ရှောင်ပေါင်၏ အဝတ်အစားများသည် တုန်ခါမှုကြောင့် စုတ်ပြဲနေခဲ့သည်။ချွေးများကြောင့် သူမ၏ အဝတ်အစားများသည် ခန္ဓာကိုယ်ပေါ် ကပ်နေခဲ့သည်။

စွမ်းအားများကို စုဆောင်းရင်း စုယီသည် နောက်သို့ လှည့်ကြည့်လိုက်သည့်အခါ နန်ရှောင်ပေါင်၏ အဝတ်မပါသည့် ခန္ဓာကိုယ်ကို မတော်တဆ မြင်လိုက်ရသည်။အလွန်ထိတ်လန့်သွားကာ သူ့မျက်နှာတစ်ခုလုံး နီရဲလာပြီး အလျင်အမြန်ပင် အကြည့်လွှဲလိုက်ရသည်။

နန်ရှောင်ပေါင်သည် သူမ၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည့်အခါတွင် ရွှေရောင်အလင်းတန်း တစ်ပိုင်းတစ်ကို မြင်လိုက်ရသည်။သူမ ခန္ဓာကိုယ်အတွင်းတွင် အရှိန်ပြင်းသည့် စွမ်းအင်ကို ခံစားမိသည်။သူမသည် ချက်ချင်းပင် အပျော်လွန်သွားကာ အလျင်အမြန်ပင် ထရပ်လိုက်သည်။နောက်မှ သူမ အဝတ်ဗလာဖြစ်နေတာကို သတိထားမိကာ ရှော့ခ်ရသွားသည်။

“အာ—”

နန်ရှောင်ပေါင်သည် သူမဘေးရှိ အိပ်ယာပေါ်သို့ အမြန်ပြေးတက်သွားပြီး အကာတွေထဲသို့ ခုန်ဆင်းလိုက်သည်။သူမ၏ခေါင်းကို ငှက်ကုလားအုတ်တစ်ကောင်လို ဖွက်ထားလေသည်။

စုယီသည် သူ ဘာမှ မမြင်ခဲ့ မကြားခဲ့သလို ဟန်ဆောင်ကာ စွမ်းအင်များကို ဆက်လက်စုစည်းနေခဲ့သည်။သို့သော် သူမြင်လိုက်ရသည့် ပုံရိပ်သည် သူ့စိတ်ထဲတွင် စွဲနေခဲ့သည်။ ထိုအကြောင်းကို တွေးတောမိတိုင်း သူ့စိတ်အတွင်း၌ တပ်မက်မှု အရှိန်အဟုန်သည် မြင့်တက်လာသည်။

“ဟိုး ဟိုး…”

စုယီသာ် သူ၏စိတ်ကို တည်ငြိမ်အောင် ကြိုးစားရင်း သူ့ကိုယ်သူ အာရုံပြောင်းနေခဲ့သည်။သူသည် ဖုန်းကို အလျင်အမြန်ထုတ်ပြီး ဧကရာဇ်စုဂိုဏ်းရဲ့ အဖွဲ့ဝင်တွေ ဘာတွေ ပြောနေကြသလဲဟု ကြည့်လိုက်သည်။

သခင်ကြီးချီယန်သည်လည်း ကျားနက်ဧကရာဇ်နှင့်အတူ လေပေါလာပြီး စကားဝိုင်းကို နှစ်သက်လာသည်။

ကျားနက်ဧကရာဇ် : မိတ်ဆွေဟောင်းကြီး မင်းရဲ့ ချီလင်နယ်မြေက မကြာသေးခင်အချိန်က နတ်ဆိုးဘုရင်တွေများ ထွက်ပေါ်လာသေးလား?

သခင်ကြီးချီယန် : မထွက်ပါဘူးကွာ။နှစ်တစ်ရာတောင် ကြာပြီ။ခရမ်းရောင် မြေခွေးဘုရင်က ငါတို့စီက ကံကောင်ခြင်းကို ခိုးယူသွားခဲ့တာ။”

နတ်ဆိုးဘုရင် ချင်းယန် : အို တော်စမ်းပါ။မင်းတို့ချီလင်နယ်မြေက အားနည်းလို့ဆိုတာ အသိသာကြီးဘဲ။ခရမ်းရောင် မြေခွေးဘုရင်ကို နှစ်တစ်ရာကြာအောင် မင်းတို့ နှောင့်ယှက်နေခဲ့တာလေ။သူတို့ကဖြင့် မင်းစီက ဘာမှ ယူသွားတာ မဟုတ်ဘူး”

ဝူချင်းယောင် : ခရမ်းရောင် မြေခွေးဘုရင်? နှစ်တစ်ထောင်ကြာမှ တစ်ကြိမ်သာ မွေးဖွားပြီး အမြီးခြောက်ချောင်းရှိတဲ့ ခရမ်းရောင်မြေခွေးကို ပြောတာလား?

...

စုယီသည် စခရင်ကို တိတ်တဆိတ် ငုံ့ကြည့်ကာ သူတို့၏ စကားဝိုင်းမှတစ်ဆင့် ရှေးဟောင်းတော၏အကြောင်းကို လေ့လာချင်သည်။သူ့တွင် မေးချင်သည့် မေးခွန်းပေါင်းများစွာ ရှိသော်လည်း သေမျိုးဟူသည့် သူ၏ ကိုယ်ပိုင်လက္ခဏာကို ဖော်ပြရန်လည်း ကြောက်ရွံ့နေမိသည်။

ခဏကြာပြီးနောက် နန်ရှောင်ပေါင်သည် အကာတွေကြားမှ ခေါင်း ပြူထွက်လာပြီး ချောင်းကြည့်လေသည်။စုယီက နောက်လှည့် ကြည့်မနေသည်ကို တွေ့သည့်အခါ တိတ်တဆိတ် အဝတ်လဲပြီး သူ့နောက်သို့ လျှောက်လာလိုက်သည်။စုယီ၏ နားရွက်ကို လိမ်ဆွဲရင်း “ပြောစမ်း!နင် ဘာမြင်လိုက်သေးလဲ?”ဟု ဆူပူတော့သည်။

စုယီသည် သူ၏ဖုန်းကို အလျင်အမြန် သိမ်းလာပြီး နာချင်ယောင် ဆောင်လိုက်သည်။ “ငါ ဘာမှ မမြင်လိုက်ပါဘူး!”

နန်ရှောင်ပေါင်က မယုံမကြည်ဖြင့် စိတ်ကောက်လေသည်။ “ကိစ္စမရှိပါဘူး။မကြာခင် ငါက နင့်ဇနီး ဖြစ်တော့မှာဘဲ။နင် မြင်သွားလည်း ဘာမှ ဆုံးရှုံးစရာ မရှိဘူး”

ချွေးစေးများ ပြန်လာသည်!

စုယီသည် မည်ကဲ့သို့ တုံ့ပြန်ရမည် မသိ‌သဖြင့် ဟန်ဆောင် ချောင်းဆိုးကာ “မင်းရဲ့စွမ်းအားနဲ့ လိုက်လျောညီထွေဖြစ်အောင် အရင် လေ့ကျင့်သင့်တယ်။ငါလည်း ဆက်ပြီး စွမ်းအားတွေ စုစည်းရအုံးမယ်”

“မှန်တယ်။အခုဆို ကျောင်းက လုံခြုံသွားပြီ။မသေမျိုး စွမ်းအား ပျိုးထောင်သူတွေက နောက်လိုက်တွေ လာခေါ်နေကြတယ်။နင်လည်း ပျင်းနေရင် အပြင်ထွက်ပြီး ပျော်သင့်တယ်”

သူသည် လောရွှေဂိုဏ်း၏ နောက်လိုက်များနှင့် မပတ်သက်ချင်သော်လည်း ယင်းသည် နန်ရှောင်ပေါင်အား အပြင်မထွက်ရန် တားဆီး၍ ရမည် မဟုတ်ပေ။

ထိုအရာကို ကြားသည်နှင့် နန်ရှောင်ပေါင်သည် ချက်ချင်းပင် စိတ်ဝင်စားသည့် အမူအရာကိုပြကာ သူမ၏ ပါးစပ်ကို လက်ဖြင့်အုပ်ရင်း တခစ်ခစ် ရယ်လေတော့သည်။ “ဒါဆို ငါ နင့်ကို မနှောင့်ယှက်တော့ပါဘူး”

သူမသည် စွမ်းအင်ပျိုးထောင်ခြင်းကို စိတ်ဝင်စားသော်လည်း စုယီကို နည်းလမ်းမေးရန်အတွက်တော့ အရမ်းရှက်နေသည်။အခု ဂိုဏ်းတစ်ခုက ရောက်လာသဖြင့် သူမသည် အလိုလို စိတ်လှုပ်ရှားနေမိသည်။

စုယီက နဂါးစွမ်းအင်ဆေး‌ပြားများကို ဆက်လက်ပြန်သုံးစွဲကာ နန်ရှောင်ပေါင်သည်လည်း သူမ၏ စွမ်းအားများကို စတင် ချိန်ညှိလေသည်။သူမ အဆောင်မှ မထွက်ခွာခင် နာရီဝက်ခန့် ကြာသည်။သူမ၏ခွန်အားသည် ကြီးမားလာကာ အသာအယာ တွန်းရုံဖြင့်ပင် နံရံများကို ဖြိုချနိုင်နေပြီ ဖြစ်သည်။ထို့ကြောင့်ပင် သူမ ပိုမို ဂရုစိုက်ရတော့မည်။

ထိုစဉ် မိုင်ထောင်ချီ ဝေးသော တောင်ထိပ်များတွင် ထောင်ချီသော ကျီးကန်းနက်များ ခိုအောင်းနေကြသည်။

အောက်တွင်မူ ပြိုကျနေသော နန်းတော်ဟောင်းတစ်ခုရှိပြီး ထိုနေရာတွင် လူခန္ဓာကိုယ်နှင့် ဆိတ်ခေါင်း ရှိသော လူကြီးတစ်ယောက်သည် စွမ်းအားများ ကျင့်ကြံနေသည်။သူ့ရှေ့ရှိ ကျောက်လှေကားထစ်များ၏ အောက်ခြေတွင် ဒါဇင်နှင့် ချီသော အရိုးစုများကို စုပုံထားသည်။ကြောက်စရာကောင်းပြီး သွေးပျက်ဖွယ် မြင်ကွင်းတစ်ခုပင် ဖြစ်သည်။ခန္ဓာကိုယ်တစ်ဝက်လောက်သာ ကျန်တော့သည့် မှင်စာလေးသည် တွန့်လိမ်နေပေသည်။သွေးများစိုရွှဲနေသည့် သူ၏မျက်နှာသည် စိတ်ပျက်အားငယ်နေသည်။ထိတ်လန့်စရာကောင်းလိုက်သည့် မြင်ကွင်း။

ဆိတ်ဦးခေါင်းတို့၏ ခေါင်းဆောင်သည် ချီလင်နယ်မြေတွင် ခွန်အားအကြီးဆုံး ဖြစ်သည့် သခင်ကြီး ချီယန်ပင် ဖြစ်သည်။

နှစ်ထောင်ပေါင်းများစွာ နေပြီးနောက် ကြီးမြတ်သည့် နတ်ဆိုးတစ်ကောင် ဖြစ်လာသည်!

သခင်ကြီး ချီယန်သည် သူ၏ စွမ်းအားကျင့်ကြံခြင်းတွင်သာ အာရုံပြုထားသော်လည်း သူ၏စိတ်ထဲတွင်တော့ စကားဝိုင်းတွင် ဝင်ပြောနေသည်။

သူတင်မက ဧကရာဇ်စုဂိုဏ်း၏ အဖွဲ့ဝင်အားလုံးသည် သူတို့၏ စိတ်အာရုံဖြင့်ပင် စကားပြောသည့် စခရင်ကို မြင်နိုင်သည်။တွေးရုံဖြင့်ပင် သူတို့၏စကားများကို စာသားအဖြစ် ပြောင်းကာ ပို့နိုင်ကြသည်။

သခင်ကြီးချီယန်သည် နှစ်ထောင်ပေါင်းများစွာ နေခဲ့သည့်တိုင် ဤ ဆက်သွယ်ရေး နည်းလမ်းသည် သူ့အပေါ် စွဲဆောင်မှု ရှိနေသေးသည်။

ယေဘူယျအားဖြင့်ဆိုလျှင် နတ်ဆိုးများ၏ နောက်လိုက်များနှင့် ရှေးရိုးစွဲကျောင်းများ ဆက်သွယ်ဖို့ရန် အလွန်ခက်ခဲသည်။တွေ့ဆုံလိုက်လျှင်လည်း သေခြင်းတရား၏ တိုက်ပွဲများဖြင့်သာ အဆုံးသတ်လေ့ရှိသည်။

ထို့နောက် ခွေးလေခွေးလွင့် တစ်ကောင်သည် ပြေးလာပြီး အလောတကြီး ပြောလေသည်။ “သခင်ကြီး! သခင်ကြီး! အရှင်! ကြက်သွေးရောင် မြွေဘုရင်က ထူးခြားတဲ့မြို့ထဲကို သူ့ဘာသာ ဝင်သွားပြီး ခု သေပြီ!”

ထိုစကားကို ကြားသည့်အခါ သခင်ကြီးချီယန်သည် သူ၏မျက်လုံးများကို ချက်ချင်း ဖွင့်လိုက်သည်။သူ၏ ကျဉ်းမြောင်းသော မျက်လုံးအိမ်များသည် ကြောက်မက်ဖွယ် လူသတ်လိုစိတ်များကို ထုတ်လွှတ်နေလေသည်။

“ကြက်သွေးရောင် မြွေဘုရင် သေပြီ ဟုတ်လား?”

သခင်ကြီးချီယန်သည် ဒေါသထွက်နေခဲ့သည်။သူ့တွင် မဟာနတ်ဆိုး များများစားစား မရှိသည့်အတွက် တစ်ယောက်တစ်လေ သေသည်ကပင် သူ့အတွက် နာကျင်ရလေသည်။

နတ်ဆိုးအမြုတေကို စုဆောင်းတယ် ဆိုသည့်သဘောက မဟာနတ်ဆိုးတစ်ကောင် ဖြစ်လို့ဘဲ!

နောက်တစ်ဆင့်ကို တက်လှမ်းဖို့ မဟုတ်ရင် နောက်လိုက် ကြီးကြီးတစ်ခု ရှိတဲ့ မဟာနတ်ဆိုး တစ်ကောင် ဖြစ်လို့ဘဲ!

သခင်ကြီးချီယန်သည် ချီလင်နယ်မြေ၏ နတ်ဆိုးဘုရင် အစစ် ဖြစ်လေသည်။

“ဒါက လောရွှေဂိုဏ်းက လူတွေရဲ့ လုပ်ရပ် ဖြစ်နိုင်လား?”

သခင်ကြီးချီယန်သည် သူ့ဘာသာ တွေးတောနေခဲ့သည်။ထူးခြားတဲ့မြို့ ပေါ်ပေါက်လာတာကို သူကိုယ်တိုင် မြင်ခဲ့တယ်။အာ့မှာလဲ သေမျိုးတွေနဲ့ ပြည့်နေတာပါ။ကြက်သွေးရောင် မြွေဘုရင်နဲ့ ယှဉ်နိုင်လောက်တဲ့ လူမျိုး တစ်ယောက်မှ မတွေ့ဘူး။လောရွှေဂိုဏ်းက လူတွေသာ တရားခံ ဖြစ်နိုင်တယ်။

“ဟက်!သူတို့ အခု ငါ့ကို တကယ်ဘဲ အလေးမထားဖို့ ကြိုးစားနေကြတာလား?”

သခင်ကြီးချီယန်သည် ‌ဖြည်းညင်းစွာ ထလာခဲ့သည်။သူ၏ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးချီသည် တစ်တောင်လုံးကို ပြင်းထန်စွာ လှုပ်ခါသွားစေခဲ့သည်။

ခွေးလေခွေးလွင့်သည် မြေပြင်ပေါ်တွင် ပြားပြားဝပ်ကာ ကြောက်ရွံ့မှုကြောင့် တုန်ရီနေခဲ့သည်။သခင်ကြီးချီယန်နှင့် အကြည့်ချင်းပင် မစုံဝံ့။ချီလင်နယ်မြေတွင် သခင်ကြီးချီယန်သည်။

All Chapters