← Chapters

သာလွန်သော နတ်စွမ်းအား

Vol. 1 Ch. 11

သာလွန်သော နတ်စွမ်းအား

Vol. 1 Ch. 11

“တကယ်လား?”

သခင်ကြီး ချီယန်သည် မျက်မှောင်ကြုတ်ကာ အသံနက်ကြီးဖြင့် မေးလိုက်သည်။မိုဟောင်ရှန့်နှင့် အခြားသူများကိုလည်း အတင်းအကြပ် မလုပ်ချင်သလို လောရွှေဂိုဏ်းကိုလည်း လစ်လျူမရှုထားနိုင်ပါ။

ရှေးရိုးစွဲလမ်းစဉ်၏ ကျော်ကြားသော ဂိုဏ်းတစ်ခုအနေနှင့် လောရွှေဂိုဏ်းတွင် သူ မစဉ်းစား မဆင်ခြင်ဘဲ ထိလို့မရသည့် လေးနက်သော အမွေအနှစ်တစ်ခု ရှိသည်။

“မှန်ပါတယ်။ကျွန်တော်တို့ လောရွှေဂိုဏ်းက သင့်ကိစ္စတွေကို အနှောင့်အယှက် မပေးပါဘူး။ကျွန်တော်တို့ နောက်လိုက်တွေကလည်း ဂိုဏ်း ပြသာနာတက်စေမယ့် လုပ်ရပ်မျိုး မလုပ်ဝံ့ပါဘူး”

မိုဟောင်ရှန့်သည် တည်ငြိမ်စွာ ပြောသည်။သူ၏စကားများတွင် သခင်ကြီးချီယန်အပေါ် လေးစားမှုများ အပြည့်ဖြစ်သည်။

သခင်ကြီး ချီယန်၏ အမူအရာသည် အနည်းငယ် ပျော့ပျောင်းလာပြီး သူသည် တံတားဖြူတက္ကသိုလ် တစ်ခုလုံးကို ဝေ့ဝဲကြည့်လိုက်သည်။သူ၏အကြည့်သည် အမျိုးသမီး အိပ်ဆောင်သို့ ရောက်သည့်အခါ ရပ်တန့်သွားသည်။

“ဟမ်?အလွန် အားပြင်းတဲ့ အသက်စွမ်းအင်ဘဲ။ဒီမှာ နတ်ဆိုးချီ လမ်းကြောင်းရှိတာလား?”

သခင်ကြီးချီယန်သည် အံ့အားသင့်စွာ အော်ပြောသော်လည်း ကွင်းပုင်ထဲရှိ သာမန်လူများသည် နားမထောင်ပါ။သို့သော် မိုဟောင်ရှန့်နှင့် အပေါင်းအပါများသည် ထိုစကား ကြားသည့်အခါ စိတ်လှုပ်ရှားစွာဖြင့် အိပ်ဆောင်စီသို့ လှမ်းကြည့်ကြသည်။

အာ့မှာ မိစ္ဆာတစ်ကောင် ပုန်းနေတာများလား?

မိုဟောင်ရှန့်သည် မျက်မှောင်ကြုတ်လိုက်သည်။နယ်မြေသည် နတ်ဆိုးချီများ ပြည့်နှက်နေသဖြင့် တံတားဖြူတက္ကသိုလ်ဝင်းထဲတွင် အခြား နတ်ဆိုး ရှိ၊မရှိကို သူ မခန့်မှန်းနိုင်ပါ။

သူတို့၏ အကြည့်များသည် သောင်းချီသော လူများကိုလည်း လှည့်ကြည့်စေခဲ့သည်။

ရုတ်တရက် သခင်ကြီးချီယန်သည် သူ၏လက်ကို မြှောက်ကာ သူ့လက်ဖဝါးထဲတွင် မီးလုံးတစ်လုံး ပေါ်ပေါက်လာသည်။အချင်းအားဖြင့် ဆယ်မီတာခန့်ရှိပြီး နေအသေးစားတစ်ခုနှင့်ပင် တူသည်။အမျိုးသမီး အိပ်ဆောင်ရှိရာစီသို့ ပစ်လွှတ်လိုက်ရာ သောင်းချီသော လူများ၏ မျက်လုံးထဲတွင် မီးရောင်များ ဖိတ်ဖိတ်တောက်နေသည်။အလွန်အမင်း ကြောက်လန့်ကုန်ကြသည်။

ဘယ်လောက်တောင် ကျယ်လိုက်တဲ့ ပေါက်ကွဲသံကြီးလဲ!

မီးလုံးနှင့် ရိုက်ခတ်သည့်အခါ အမျိုးသမီး အိပ်ဆောင်သည် တစ်စစီ ပေါက်ကွဲသွားသည်။ခြောက်ထပ်လုံး ပြိုကျကာ ကျောက်တုံးများ လွင့်ပျံလာသည်။ဖုန်မှုန့်များသည်လည်း တိမ်တိုက်များကဲ့သို့ လိပ်တက်လာသည်။တံတားဖြူတက္ကသိုလ်တစ်ဝင်းလုံး ကြောက်လန့်တကြား နောက်ဆုတ်သွားကြသည်။

ထိုအချိန်တွင် စုယီသည် နန်ရှောင်ပေါင်ကို သယ်ကာ မီးပင်လယ်ထဲမှ အလျင်အမြန် ပျံဝဲလာပြီး ဆယ်မီတာအကွာတွင် ဆင်းသက်လိုက်သည်။

သခင်ကြီးချီယန်သည် သူတို့စီသို့ ချက်ချင်း အကြည့်ရောက်သွားကာ သူ၏မျက်နှာတွင် အံ့ဩရိပ်များ အထင်းသား ပေါ်နေသည်။

“လူသားတစ်ဝက် နတ်ဆိုးတစ်ဝက်?”

သူသည် အကြည့်တစ်ချက်ဖြင့် စုယီသည် လူသားဖြစ်ပြီး နတ်ဆိုး၏ စွမ်းအားကျင့်ကြံခြင်း နည်းလမ်းကို ကျင့်သုံးနေမှန်း သိလိုက်သည်။

“အဲ့ဒါက…”

လောရွှေဂိုဏ်း၏ နောက်လိုက်များသည်လည်း စုယီကို မြင်လိုက်သည်။မီးပယ်လယ်ထဲကနေ ထွက်လာနိုင်တဲ့ ဘယ်သူမှ သာမန်လူ မဖြစ်နိုင်ဘူး။

မိုဟောင်ရှန့်သည် မျင်မှောင်ကြုတ်လိုက်သည်။သူ၏ အမြင်အာရုံသည် သိမ်းငှက်တစ်ကောင်လိုပင် စူးရှကာ စုယီ ရင်ခွင်ထဲရှိ နန်ရှောင်ပေါင်ကို မြင်လိုက်သည်။သူသည် တိတ်တဆိတ် အလွန် အံ့ဩသင့်သွားသည်။

“အဲ့ဒါ စုယီတို့လား!”

“အရမ်းမြင့်တာဘဲ!သူ ခုန်ချတာတောင် ဘာမှ မဖြစ်ဘူးလား?”

“အဲ့ဒါ စုယီဘဲ။သွားပြီ။ကြီးမြတ်တဲ့နတ်ဆိုးက လက်စားချေဖို့ ရောက်လာပြီ!”

“ဟက် ငါတို့ကို မကူညီလို့ သူ ထိုက်တန်တာ သူရတာ!”

“သူ့ကို သနားလိုက်တာ”

သောင်းချီသော လူများသည် အံ့ဩသဖြင့် တီးတိုးပြောဆိုနေကြသည်။သူတို့၏ အသံများမှတစ်ဆင့် သခင်ကြီးချီယန်သည် အမှန်တရားကို ကောက်ချက်ချမိပြီး သူ့ပုံစံသည် မည်းမှောင်သွားသည်။

စုယီသည် ငုံ့ကြည့်ကာ နန်ရှောင်ပေါင်ကို မေးလိုက်သည်။ “ အဆင်ပြေရဲ့လား?”

မီးခိုးများ ပေကျံနေသော မျက်နှာဖြင့် နန်ရှောင်ပေါင်သည် သူ့ရင်ခွင်ထဲကနေ မော့ကြည့်ကာ တောက်ပစွာ ပြုံးလေသည်။ “ဒါပေါ့ ငါ အဆင်ပြေပါတယ်။အရင်ကလို အထိအခိုက် မခံနိုင်တဲ့‌ နန်ရှောင်ပေါင် မဟုတ်တော့ပါဘူးနော်!”

စုယီသည် အလွန် လန့်သွားသော်လည်း သူ၏ခေါင်းကို ခါယမ်းပြီး တခစ်ခစ်ရယ်လိုက်သည်။

နန်ရှောင်ပေါင်သည် ယခုအခါ နဂါးတစ်ကောင်၏ စွမ်းအားမျိုး ပိုင်ဆိုင်ထားသည့်အတွက် အလွယ်တကူ မလောင်ကျွမ်းနိုင်ပါ။

ထိုအရာကို တွေးမိပြီး စုယီသည် သူမကို မတ်တပ်ရပ်နိုင်အောင် ထူပေးကာ အသံနိမ့်ပြီး သေချာမှာလေသည်။”ဒီမှာဘဲနေ ထွက်မလာနဲ့”

ထိုသို့ ပြောပြီးနောက် သူသည် လှည့်လာကာ သူ့အမူအရာသည်လည်း ချက်ချင်း ပြောင်းလဲသွားသည်။ခုနက သူ ဆင်မြန်းထားသည့် ဂရုစိုက်သော အပြုံးသည် ယခုအခါတွင် အေးစက် စိမ်းကားသည့် အသွင်အပြင် အဖြစ် ပြောင်းလဲသွားသည်။

“ဂရုစိုက်နော်”

နန်ရှောင်ပေါင်သည် သတိထားဖို့ လှမ်းပြောပြီးနောက် တိမ်တိုက်များပေါ်တွင် ပျံဝဲနေသည့် သခင်ကြီးချီယန်စီသို့ အကြည့်ရောက်သွားကာ ကြောက်ရွံမှုသည် စိတ်ထဲ အလိုလို မြင့်တက်လာသည်။

ဒီ သခင်အိုကြီးသာ် ကြက်သွေးရောင် မြွေဘုရင်ထပ် ပို၍သန်မာမည်မှာ အသိအသာပင် ဖြစ်သည်။

စုယီသည် ဘာမှ ပြန်မပြောဘဲ ရှေ့‌ဆက်လျှောက်သွားသည်။သူ့အကြည့်များသည် သခင်ကြီးချီယန်စီသို့သာ စူးစိုက်နေသည်။

သူ့အကြည့်ကို မြင်သည့်အခါ သခင်ကြီးချီယန်သည် အနည်းငယ် လန့်သွားသည်။ချီလင်နယ်မြေတစ်ခွင်တွင် မည်သူကမှ သူ့အား ယခုလိုမျိုး မကြည့်ဝံ့ပေ!

“သခင်ကြီး သင့်ရဲ့လက်အောက်ငယ်သားကို သတ်တာ သူဘဲ ဖြစ်ရမယ်။သူ့စွမ်းအားက အလွန်သန်မာတယ်။သေချာပေါက် သာမန်လူတော့ မဟုတ်လောက်ဘူး!”

စုယီက ပြီးပြည့်စုံသော လူသတ်သမားအဖြစ် ရောက်လာသည်ကို အသုံးချကာ မိုဟောင်ရှန့်က ပြောလိုက်သည်။သူ့အကြည့်များကတော့ နန်ရှောင်ပေါင်ထံတွင်သာ။

ထိုစကား ကြားသည့်အခါ ကွင်းပြင်ထဲရှိ လူတိုင်းသည် သူ့အား ထိတ်လန့်စွာ လှည့်ကြည့်ကြသည်။

သူက ရှေးရိုးစွဲ ကျင့်ကြံသူရော ဟုတ်သေးရဲ့လား?

ဒီနေ့ သူက စုယီကို သစ္စာဖောက်တယ်။နောက်ဆိုရင် သူတို့အားလုံးကို အမှိုက်လိုမျိုး ဖယ်ရှားပစ်လိမ့်မယ် မဟုတ်ရင်တောင် သေတွင်းပို့မှာဘဲ။

တစ်ခဏချင်းပင် လူအများ၏ လောရွှေဂိုဏ်းအပေါ် နှစ်သက်သည့် သဘောထားများသည် ကျဆင်းသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် သူတို့သည် ရှေးဟောင်းတော၏ အကြောင်းကို နားလည်စပြုလာသည်။

ဤနေရာတွင် သူတို့ကို ဥပဒေက မကာကွယ်ပေးသလို ကာကွယ်ပေးမည့် ခွန်အားကြီးသည့်သူလည်း မရှိပါ။

စုယီသည် သခင်ကြီးချီယန်ကို စိုက်ကြည့်နေသည်။သူ၏မျက်လုံးထဲတွင် သတ်ဖြတ်ချင်စိတ်များ အပြည့်။

ယခုအချိန်တွင် သူ့မှာ ခြောက်ဆယ့်ငါးကောင်သော နဂါးစွမ်းအားများ ပိုင်ဆိုင်နေပြီ ဖြစ်ရာ သူ၏ခွန်အားသည် တုနှိုင်းမရှ်ိ ကြောက်စရာ ကောင်းလေသည်။

သခင်ကြီးချီယန်သည် သူနဲ့ နန်ရှောင်ပေါင်ကို အခုချက်ချင်း သတ်တော့မလို လှုပ်ရှားလာသည်။သူ ဘယ်လိုလုပ်ပြီး အာ့တာကို တိုက်နိုင်မှာလဲ?

လူအများရှေ့တွင် စုယီအတွက် သူ၏ဖုန်းကို ထုတ်ပြီး သခင်ကြီးချီယန်ကို ဒီတိုင်းရှင်းပစ်ဖို့ကလည်း မသင့်တော်။တစ်ချိန်တည်းမှာပင် စုယီသည် သူ၏စွမ်းအားကိုလည်း စစ်ဆေးကြည့်ချင်သည်။

ဘုန်း! ဘုန်း! ဘုန်း…

စုယီ ခြေလှမ်း လှမ်းလိုက်တိုင်း မြေကြီးသည် တသိမ့်သိမ့် တုန်နေသည်။သူ ချန်ထားခဲ့သည့် ခြေရာများသည် နက်သထပ် ပိုနက်လာသည်။လူတိုင်းသည် အံ့အားသင့်စွာ သူ့ကို ‌လှည့်ကြည့်နေကြသည်။

ထိုအချိန်တွင် သူတို့၏ မျက်လုံးထဲ၌ စုယီသည် လူသားတစ်ယောက် မဟုတ်တော့ဘဲ လူသားပုံစံနဲ့ နဂါးတစ်ကောင်လို ဖြစ်နေသည်။

မိုဟောင်ရှန့်တောင်မှ ထိုသာလွန်သည့် ဖိအားကြောင့် မတည်ငြိမ်နိုင်တော့ပါ။

“သူ့ရဲ့စွမ်းအားက…အဲ့ဒါက ထင်မှတ်မထားလောက်အောင် သန်မာတာဘဲ…”

မိုဟောင်ရှန့်ဘေးရှိ ယောကျာ်းလေးနောက်လိုက်သည် စိတ်လှုပ်ရှားစွာ ရေရွတ်နေသည်။သူတို့အမြင်တွင် စုယီ၏ ကျင့်ကြံရေးနယ်ပယ်သည် အားနည်းသည်မှာ ထင်ရှားသည်။ဒါဆို သူက ဘယ်လိုဖြစ်ပြီး ဒီလို သာလွန်တဲ့ စွမ်းအားမျိုး ရှိနေရတာလဲ?

ထိုအရာကို နားမလည်နိုင်ကြသလို သူတို့အဆင့်နဲ့ နဂါးစွမ်းအင် ဆေးပြားရဲ့ တည်ရှိမှုကိုလည်း မသိနိုင်ကြပါ။

သခင်ကြီးချီယန်သည် စုယီ၏ မူလတည်ရှိမှုကို ကောက်ချက်ချရန် သူ၏ လက်ချောင်းများဖြင့် တွက်ချက်နေလေသည်။သို့သော် ထူးခြားသည့်မြို့တော်မှ လူတွေသည် အချိန်ခရီးသွားကာ ရောက်လာကြခြင်း ဖြစ်သဖြင့် သူ တွေးကြည့်၍ မရနိုင် ဖြစ်နေသည်။

“မိစ္ဆာအိုကြီး!ငါ မင်းကို သေစေချင်တယ်!”

စုယီသည် အသံနက်ကြီးဖြင့် ဟိန်းဟောက်လိုက်ပြီး သူ၏မျက်လုံးများသည် နဂါးမျက်လုံးကဲ့သို့ အသွင်ပြောင်းသွားသည်။ဒူးတစ်ဖက်ကို ကွေးလိုက်ရာ ပြင်းထန်သော အတွင်းအားသည် သူ့အောက်ရှိ မြေကြီးကို အက်ကွဲကာ ကျွံဝင်သွားစေသည်။သူသည် ဒုံးကျည်တစ်စင်းလို အရှိန်ဖြင့် ပြေးထွက်သွားသည်။

သူ၏ နတ်ဆိုးစွမ်းအားသည် အလွန်အားနည်းသဖြင့် မပျံသန်းနိုင်ပါ။ထို့ကြောင့် သူ၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားကို အသုံးပြုပြီး ခုန်ဘဲခုန်နိုင်သည်။

မျက်စိတစ်မှိတ်အတွင်းတွင် သူသည် အကယ်ဒမီ အဆောက်အအုံသို့ ခုန်တက်သွားသည်။အရှိန်မလျှော့ဘဲ မီတာ ရာနှင့်ချီမြင့်သည်အထိ ခုန်တက်သွားပြီး သခင်ကြီးချီယန်စီသို့ ဦးတည်သွားလေသည်။

“အရမ်းမြန်တယ်!”

သခင်ကြီးချီယန်၏ အကြည့်များသည် စူးရှလာသည်။သူ၏ညာဘက်လက်ဖြင့် စုယီ ရှိရာစီသို့ ပြင်းထန်စွာ ရိုက်ခတ်လိုက်ရာ နတ်ဆိုးတိမ်တိုက်များသည် မည်းနက်နေသည့် လက်တစ်ဖက်အဖြစ် စုစည်းသွားပြီး စုယီကို ရိုက်ချလိုက်သည်။

စုယီသည် အမည်းရောင်လက်ကြီးကို ကြမ်းကြုတ်စွာ ဖျက်စီးလိုက်ပြီး သခင်ကြီးချီယန် ရှိရာစီသို့ အလျင်အမြန် ရောက်လာခဲ့သည်။သူ၏ ညာလက်သီးကို မြှောက်လိုက်သည့်အခါ နတ်ဆိုးချီသည် နောက်သို့ဆုတ်ကာ လဲကျသွားသည်။

သခင်ကြီး ချီယန်သည် အလိုလို နောက်ပြန်ဆုတ်သွားကာ စုယီနှင့် အပြင်းအထန် တိုက်ခိုက်တော့သည်။

ဒုန်း—ကျွတ်—

လက်သီးနှင့် လက်ဖဝါး ရိုက်ခတ်မိသည့်အခါ သခင်ကြီးချီယန်၏ ညာလက်သည် ချက်ချင်း ကျိုးသွားသည်။အရိုးများ ပြင်းပြင်းထန်ထန် ကျိုးပဲ့သွားသည့်အသံသည် ခေါင်းကြောများပင် ထောင်လာစေသည်။စုယီ၏ ညာလက်သီးသည် အရှိန်အဟုန်ဖြင့် ဆက်တိုက် ထွက်လာခဲ့ပြီး သခင်ကြီးချီယန်၏ ရင်ဘတ်ကို ထိုးချင်းပေါက်သွားပြီး သွေးများ ပန်းထွက်လာခဲ့ကာ တိမ်တိုက်ပေါ်ကလည်း ပြုတ်ကျသွားလေသည်။ထို့နောက် တံတားဖြူတက္ကသိုလ် အပြင်ဘက်ရှိ တောအုပ်ထဲတွင် ပျောက်ကွယ်သွားကာ သူ ဘာဆက်ဖြစ်မည်ဆိုသည်ကိုတော့ မည်သူမျှ မသိနိုင်ပေ။

အင်အားကြီးလိုက်တာ!

ဒါက မြင့်မြတ်တဲ့ စွမ်းအားဘဲ!

တံတားဖြူတက္ကသိုလ် တစ်ခုလုံး ငြိမ်သက်သွားသည်။သောင်းချီသော လူများသည် စုယီအား ငေးကြည့်ကာ ကြောင်အ သွားကြသည်။

လူသစ်များ သာမက တံတားဖြူတက္ကသိုလ်၏ ကျောင်းသားများနှင့် ဆရာများပါ ရှောခ့်ရကုန်ကြသည်။စုယီ ကြက်သွေးရောင် မြွေဘုရင်အား သုတ်သင်သည်ကို မြင်ဖူးကြသော်လည်း သူ၏ လုပ်ရပ်ကြောင့် ယခုအခါတွင်လည်း တုန်လှုပ်ခြောက်ခြားမှုကို ထိန်းချုပ်၍ မရကြပါ။

သူတို့၏ အမြင်တွင် စုယီသည် လျင်မြန်စွာ ခုန်တက်သွားပြီး တိမ်တိုက်များပေါ်တွင် သခင်ကြီးချီယန်အား သာလွန်သည့်စွမ်းအားများဖြင့် ထိခိုက်အောင် လုပ်သည်ဟု ထင်သည်။ဖြစ်စဉ်တစ်ခုလုံးသည် တိမ်တိုက်များကဲ့သို့ မျောလွင့်နေသော်လည်း အလွန် လွှမ်းမိုးမှုရှိသည်။အရာအားလုံးသည် မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့သည်။

ထို့နောက် စုယီသည် အားကစားကွင်းထဲသို့ ဦးတည်ပြီး ဆင်းလာခဲ့သည်။သူသည် မိုဟောင်ရှန့်နှင့် အခြားလူများ၏ရှေ့တွင် ဆင်းသက်လေသည်။မြေကြီးသည် တုန်ခါသွားကာ ဖုန်မှုန့်များသည်လည်း မီးလှိုင်းများကဲ့သို့ လွင့်ထွက်လာပြီး သူ့ပုံသဏ္ဍာန်ကိုပင် လွှမ်းခြုံသွားလေသည်။

All Chapters