← Chapters

လူတစ်ပိုင်း နတ်ဆိုးတစ်ပိုင်း

Vol. 1 Ch. 12

လူတစ်ပိုင်း နတ်ဆိုးတစ်ပိုင်း

Vol. 1 Ch. 12

“အားလုံး သတိထား!”

မိုဟောင်ရှန့်သည် သူ၏ ဓားကို ဆုပ်ကိုင်ရင်း စုယီ ရုတ်တရက် တိုက်ခိုက်လာမည်ကို စိုးရိမ်သဖြင့် သူ့ရှေ့ရှိ လွင့်နေသော ဖုန်မှုန့်များကို စိုက်ကြည့်ရင်း သတိပေးလိုက်သည်။

ထိုအချိန်တွင် ကွင်းပြင်ထဲရှိ သောင်းချီသော လူများသည် မိုးကြိုးသံတစ်မျှ ကျယ်လောင်စွာ ကြွေးကြော်ရင်း အားပေးကြသည်။

သူတို့အားလုံးသည် ရှေးဟောင်းတောထဲသို့ ကူးပြောင်းခြင်း ခံရသည့် ဟွားရှ လူသားများသာ ဖြစ်ကြသည်။သူတို့ဘုရင်ကို ပြန်သတ်မည့် နတ်ဆိုးဘုရင်နား နေတာထပ်စာလျှင် စုယီနား နေချင်သည် ပို၍ သဘာဝကျသည်။

“သူက ဘယ်သူလဲ? သေစမ်း! သူက အရမ်း အထင်ကြီးစရာ ကောင်းတာဘဲ!”

“သူ့နာမည်က စုယီတဲ့။ငါတို့ တံတားဖြူ တက္ကသိုလ်က ကျောင်းသားလေ။ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းကလည်း မြွေဘုရင်ကို နှိမ်နင်းခဲ့သေးတယ်!”

“စုယီ? သူ့ကို ဘာလို့ အရင်က မကြားဖူးပါလိမ့်?”

“ဒါပေါ့ ကြီးမြတ်တဲ့ လူစွမ်းကောင်းတွေက မကျော်ကြားဘူးလေ!”

“သူ ဒီမှာ ရှိနေမှတော့ လောရွှေဂိုဏ်းနောက်ကို လိုက်စရာ အကြောင်း ဘယ်ရှိတော့မလဲ?”

သောင်းချီသော လူများသည် စိတ်လှုပ်ရှားစွာ‌ ဆွေးနွေးနေကြသည်။မိုဟောင်ရှန့်ဟ လုပ်ရပ်ကြောင့် လောရွှေဂိုဏ်း အပေါ် သူတို့၏ စိတ်သဘောထားများသည်လည်း ပြောင်းလဲသွားပြီ ဖြစ်သည်။

ဖြောင့်မတ်သော ဂိုဏ်းတစ်ခုအဖြစ် အယောင်ဆောင်ကာ မိစ္ဆာများကို မြှောက်ပင့်ပေးပြီး ကိုယ့်လူတွေကိုယ် သစ္စာဖောက်နေခြင်းသည် သာမန်လူဆိုလျှင်တောင် စက်ဆုပ်ဖွယ်ကောင်သည့်အရာမှန်း တွေးနိုင်သည်။

“တော်လိုက်တာ!”

ကျောင်းအုပ်ကြီး မုန့်ကျဲပန့်သည် ဂုဏ်ယူစွာ လက်ခုပ်တီးလေသည်။အိုမင်းနေသော သူ၏မျက်နှာသည် စိတ်လှုပ်ရှားများ အပြည့်ပင်။သူ့အနီးအနားရှိ ဆရာများသည်လည်း ထိုနည်းတူပင် ဖြစ်သည်။

စုယီသည် သူတို့ တံတားဖြူ တက္ကသိုလ်၏ ရတနာတစ်ပါး ဖြစ်သည်။

လောရွှေဂိုဏ်း၏ နောက်လိုက်များသည် အလန့်တကြားဖြစ်ကာ ငေးကြည့်နေကြသည်။စုယီ၏ ယခုလက်ရှိ လုပ်ရပ်သည် သူတို့၏ ကျောရိုးများထိ စိမ့်အောင် ကြောက်သွားစေသည်။

သူသည် သခင်ကြီးချီယန်အား လက်သီးတစ်ချက်တည်းဖြင့် ပြင်းထန်စွာ ဒဏ်ရာရအောင် လုပ်လိုက်သည်!

ဒါ ဘာစွမ်းအား အမျိုးအစားလဲ?

“နဂါးစွမ်းအား…”

မိုဟောင်ရှန့်သည် နန်ရှောင်ပေါင်တွင် နဂါးတစ်ကောင်၏စွမ်းအား ရှိမှန်းသိသည်။စုယီတွင် နဂါးစွမ်းအား ဘယ်လောက်များ ရှိလောက်မလဲ?

သူသည် တွေးကို မတွေးကြည့်ရဲပါ။ပိုတွေးမိလေလေ ပိုကြောက်လာလေလေပင် ဖြစ်သည်။

ထို့နောက် ဖုန်လုံးများထဲမှ ခြေလှမ်းများ ထွက်ပေါ်လာကာ စုယီသည် ‌ဖြည်းညင်းစွာ ထွက်လာခဲ့သည်။သူ့ အဖြူရောင် ရှပ်အင်္ကျီသည် တွန့်ကြေနေသော်လည်း အကောင်းအတိုင်းပင် ဖြစ်သည်။

“မင်းက ဘာလို့ ဒီလောက်တောင် စက်ဆုပ်ရွံရှာစရာ ကောင်းနေတာလဲ?”

စုယီသည် မိုဟောင်ရှန့်ကို စိုက်ကြည့်ကာ တစ်လုံးချင်း ပြောလေသည်။သူ့ခန္ဓာကိုယ်မှ လူသတ်ချင်စိတ်များ တဖွားဖွား ထွက်နေသည်။

မိုဟောင်ရှန့် အစောပိုင်းက ပြောသည့်စကားများကို သူ ကြားခဲ့သည်။

သစ္စာဖောက်တစ်ယောက်က လူသားဖြစ်ဖို့ မထိုက်တန်ဘူး!

မိုဟောင်ရှန့်သည် သူ့အကြည့်ကြောင့် ကြောက်သွားကာ နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားသည်။သူ တန်ဖိုးကြီးသည် ဓားရှည်ကို ဆုပ်ကိုင်ရင်း တုန်ရီစွာ ပြောလေသည်။ “ငါက လောရွှေဂိုဏ်းရဲ့ နောက်လိုက်ဘဲ။မင်း ငါ့ကိုထိတာက လောရွှေဂိုဏ်းကို စော်ကားတာဘဲ!”

ကွင်းပြင်ထဲရှိ သောင်းချီသော လူများသည် တိတ်ဆိတ်နေကြသည်။မိုဟောင်ရှန့်၏ ပုံစံအမှန်သည် စုယီရြှေတွင် ပေါ်ပေါက်သွားပြီး သူ၏ သနားစရာ ပုံစံသည် ထွက်ပေါ်လာခဲ့သည်။

“မင်းမှာ နတ်ဆိုးချီ ရှိတယ်။မင်းက နတ်ဆိုးတစ်ပိုင်းဘဲ!”

လောရွှေဂိုဏ်း၏ ယောကျာ်းလေး နောက်လိုက်တစ်ယောက်သည် ကျယ်လောင်စွာ အော်လိုက်သည်။သူ၏အသံသည် တံတားဖြူတက္ကသိုလ် တစ်ဝန်းလုံး ပျံ့နှံ့သွားပြီး လူအားလုံးသည် မျက်လုံးများ ပြူးကျယ်လာသည်။

စုယီက နတ်ဆိုးတစ်ကောင်လား?

ချက်ချင်းပင် လူအားလုံးသည် ဒီရေအလား နောက်ဆုတ်သွားလေသည်။

ဒီရက်ပိုင်းတွင် သူတို့သည် နတ်ဆိုးများနှင့် မိစ္ဆာများဟ တိုက်ခိုက်မှုကို ခံရပြီး သူတို့၏ ဆွေမျိုးများနှင့် သူငယ်ချင်းများ သေကြေခဲ့ကြရသည်။ထို့ကြောင့် သူတို့သည် နတ်ဆိုးများနှင့် မိစ္ဆာများကို အလွန် မုန်းတီးလေသည်။

နန်ရှောင်ပေါင်သည်လည်း မီတာရာချီအကွာမှ ကြားလိုက်သည်။သူမသည် အခြားသူများလို သနားစရာပုံစံမျိုးနှင့် မဟုတ်ဘဲ အံ့ဩသည့်ပုံစံမျိုးဖြင့် မျက်တောင်ခတ်သွားသည်။

သူမရဲ့ အချစ်ဆုံးသူငယ်ချင်းက တကယ်ကြီး နတ်ဆိုးတစ်ပိုင်းလား!

ခဏအကြာတွင် သူမသည် လူသား-နတ်ဆိုး အချစ်ဇာတ်လမ်းအကြောင်း စိတ်ကူးယဉ်လာခဲ့သည်။

သူမ၏ အတွေးများသည် သမားရိုးကျမဟုတ်သည်မှာ အံ့သြစရာမဟုတ်ပေ။စုယီ၏ အကာအကွယ်အောက်တွင် သူမသည် ကနဦးရောက်ရှိချိန်မှလွဲ၍ တစ်ကြိမ်မျှ ကြောက်ရွံ့စရာ မကြုံခဲ့ရပေ။

စုယီသည် သောင်းချီသော လူများ၏ အကြောက်တရားနှင့် သူ့ကို မေးခွန်းထုတ်နေသည့် မျက်လုံးများကို ခံစားမိသော်လည်း လစ်လျူရှုလိုက်သည်။သူသည် မိုဟောင်ရှန့်နှင့် တစ်မီတာတောင် မကွာသည့် နေရာသို့ ရောက်သည့်တိုင်အောင် ဆက်လျှောက်လာခဲ့သည်။စုယီ၏ စူးရှသော အကြည့်ကြောင့် မိုဟောင်ရှန့်သည် တုန်ရီနေသည်။

“မင်း ဘာလုပ်မလို့လဲ?”

မိုဟောင်ရှန့်သည် တည်ငြိမ်ဟန် ဆောင်နေခဲ့သည်။ကြောက်နေသော်လည်း ထုတ်မပြရဲပါ။

စုယီသည် မိုဟောင်ရှန့်ကို စိုက်ကြည့်ကာ ပြောလေသည်။ “မင်း ငါ့ကို သစ္စာဖောက်ခဲ့တယ်။ငါ့ကို သေစေချင်နေတာလား?”

သူသည် နန်ရှောင်ပေါင်၏ စကားများကို မှတ်မိနေခဲ့သည်။နန်ရှောင်ပေါင်ကို သူ့ရဲ့ ကိုယ်ပိုင်အစေခံ လုပ်စေချင်တာလည်း မိုဟောင်ရှန့်ဘဲ ဖြစ်နေမလား?”

မကူးပြောင်းခင်အချိန်က စုယီသည် အလွန်စကားနည်းသူ ဖြစ်သည်။နန်ရှောင်ပေါင်နှင့်သာ အပြောင်အပျက် ပြောတတ်သူ ဖြစ်သည်။ယခုအခါ နဂါးစွမ်းအား ဆေးပြားကို အသုံးပြုပြီးနောက် သူ့ ကိုယ်ရေးကိုယ်သွေးသည် ပွင့်ဟလာသည်။အထူးသဖြင့် သဘာဝအတိုင်း ပေါက်ဖွားလာသော နဂါး၏မာနသည် သူ့အပေါ် သက်ရောက်ခဲ့သည်။

“မဟုတ်ပါဘူး…”

မိုဟောင်ရှန့်သည် အံကိုကြိတ်လိုက်သည်။သို့ရာတွင် သူ ဘာမှ မလုပ်ခင် စုယီသည် သူ့မျက်နှာကို ထိုးလိုက်ရာ သွေးများ ဖြာထွက်လာသည်။သူသည် နောက်ပြန်လဲကာ မြေပြင်ပေါ်သို့ ဖင်ထိုင်ရပ်သား ကျသွားပြီး သူ့မျက်နှာ သူ ပြန်ကိုင်ထားသည်။

သူသည် ကျွမ်းကျင်သည့် စွမ်းအားကျင့်ကြံသူ တစ်ဦးဖြစ်သော်လည်း စုယီ၏ အတွင်းအားကိုတော့ မခံနိုင်ပါ။

လောရွှေဂိုဏ်း၏ တခြားနောက်လိုက်များသည် ရှောခ့်ရသွားသော်လည်း မည်သူမျှ ကြားမဝင်ပါရဲသလို မိုဟောင်ရှန့်ကိုလည်း မကူညီရဲကြပါ။စုယီကိုသာ ကြောက်ရွံ့စွာ အာရုံစိုက် ကြည့်နေကြသည်။

“ငါ့ကို မသတ်ပါနဲ့…ငါ မှားပါတယ်…နောက်ထပ်ပြီး မထိရဲတော့ပါဘူး?”

မိုဟောင်ရှန့်သည် သူ့မျက်နှာကို ကိုင်ရင်း ကြောက်လန့်တကြား နောက်ဆုတ်သွားလေသည်။

စုယီ၏ ယခင်တိုက်ပွဲကို မြင်ပြီးခဲ့သောကြောင့် သူသည် ပြန်လည်း မခုခံရဲပါ။

“ဒီလက်သီးကို သင်ခန်းစာတစ်ခုအနေနဲ့ မှတ်ထားလိုက်!”

စုယီသည် အေးစက်စွာ ပြောလိုက်သည်။နတ်ဆိုးတစ်ကောင်ကို သတ်ဖို့ မတုန်လှုပ်သော်လည်း လူသားတစ်ယောက်ကို သတ်ဖို့အတွက်တော့ တွန့်ဆုတ်နေမိသည်။

ဒါ့အပြင် သူသာ မိုဟောင်ရှန့်ကို အခု သတ်လိုက်ရင် ဒီကွင်းပြင်ထဲမှာ ရှိတဲ့ လူတွေက ကျင့်ကြံခြင်းနည်းလမ်းကို ဘယ်ကရလို့ ဘယ်လို လေ့ကျင့်ပြီး အသက်ရှင်ကြတော့မလဲ?

စုယီသည် တစ်ကောင်ကြွက် ဖြစ်သော်လည်း သူ့တွင် သနားကြင်နာမှု ရှိသည့်အတွက် တစ်မြို့လုံးကို မထိခိုက်စေချင်ပါ။

တကယ်တော့ မိုဟောင်ရှန့်သာ သူ့ကို နောက်တစ်ကြိမ် ရန်စမည်ဆိုလျှင် သူသည် သေချာပေါက် သတ်ပစ်မိတော့မှာ ဖြစ်သည်။

သူသည် အရင်က လူတစ်ယောက်မှ မသတ်ဖူးပါ။သို့သော် သူ၏ လက်ရှိစွမ်းအားနှင့်သာဆိုလျှင် မိုဟောင်ရှန့်ကို သတ်ရန် ခက်ခဲမည် မဟုတ်ပါ။

ထိုသို့တွေးမိပြီး စုယီသည် နောက်လှည့်ကာ ထွက်သွားလေသည်။

သခင်ကြီးချီယန်သည် ကွင်းပြင်၏ အပြင်ဘက် သစ်တောအတွင်းသို့ ထွက်ပြေးသွားသည်။သူ့ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းနေပြီး သူ့ညာလက်သည် အထိန်းအကွပ်မဲ့ တန်းလန်းကျကာ အရိုးဖြူများပင် ထွက်နေလေသည်။သူသည် ဒေါသစိတ် သတ်ဖြတ်လိုစိတ်များဖြင့် စုယီအား စူးစူးဝါးဝါး စိုက်ကြည့်နေခဲ့သည်။

စုယီ၏စွမ်းအားသည် ကြီးမားသော်လာ်း ယခုအချိန်တွင် သူ့မှာ အစောင့်အကြပ်များ မရှိပါ။သူ စုယီကို သတ်နိုင်မည်မှာ အသေအချာပင်။

စုယီသည် သူ့ကို ကြည့်လိုက်သည်။သူ၏ နှုတ်ခမ်းစွန်းသည် ဘာသံမျှ မထွက်ဘဲ လှုပ်ရှားသွားသည်။

သခင်ကြီးချီယန်သည် မိုးကြိုးတစ်မျှ စူးရှသည့် အမြင်ဖြင့် သူ၏နှုတ်ခမ်းကို ဖတ်လိုက်သည်။

ဧကရာဇ်စုဂိုဏ်း!

“သူလည်း ဧကရာဇ်စုဂိုဏ်းကဘဲလား?”

သခင်ကြီးချီယန်သည် အံ့အားသင့်သွားသော်လည်း အမူအရာမပျက်ရဲပါ။

ကြီးမြတ်သော ဧကရာဇ်စုသည် သာလွန်ကာ ထူးခြားသည်။နတ်ဆိုးဂိုဏ်း၏ ဘုရင်လေးပါးထဲက တစ်ပါးဖြစ်သည့် နတ်ဆိုးဘုရင်ချင်းယန်တောင် သူ့ကို လေးစားရသည်။

နတ်ဆိုးဘုရင်ချင်းယန်က ဘာအမျိုးအစားပါလိမ့်?

သူ့ကို ဖျက်စီးဖို့ရန် မလွယ်ကူပါ။ထို့ကြောင့်ပင် ကျားနက်ဧကရာဇ်သည် နတ်ဆိုးဘုရင်ချင်းယန်အား နေ့စဉ် ချော့မော့နေရခြင်း ဖြစ်သည်။သူ့ကို မစော်ကားဝံ့ပါ။

စုယီ၏ ကျေနပ်အားရသည့် ဟန်ဆောင်အပြုံးသည် ပေါ်လာခဲ့သည်။

ထိုအချိန်တွင် သခင်ကြီးချီယန်ကို ခြိမ်းခြောက်ဖို့အတွက် ကြောက်လန့်‌ယောင်ဆောင်ပြရမည်။

သူသည် နန်ရှောင်ပေါင်စီသို့ ဆက်လျှောက်သွားလေသည်။

သူသည် သခင်ကြီးချီယန်ကို ချေမှုန်းရန် အစက စဉ်းစားမိသော်လည်း တကယ်တမ်း တွေးကြည့်သောအခါ သခင်ကြီးချီယန်သည် အသုံးဝင်နေသေးကြောင်း သိလိုက်သည်။

တကယ်ဆို သခင်ကြီးချီယန်သည် ဉာဏ်ကောင်းသည့် နတ်ဆိုးဘုရင်တစ်ယောက် ဖြစ်သည်။သူသည် စုယီကို စွမ်းအားကျင့်ကြံဖို့ ကူညီပေးနိုင်သည်။နတ်ဆိုးကျင့်စဥ်ကို စတင်ခဲ့ပြီးကတည်းက စုယီသည် နောက်ကြောင်းပြန်လှည့်ရန် ရည်ရွယ်ချက်မရှိပေ။ ပထမအချက်မှာ သူ့တွင် အခြား စွမ်းအားကျင့်ကြံသည့် နည်းစနစ် မရှိသောကြောင့် ဖြစ်သည်။ဒုတိယအချက်မှာ သူ၏ခန္ဓာကိုယ်တွင် နတ်ဆိုးချီများ ခိုအောင်းနေပြီ ဖြစ်သည်။လူသားတွေ၏ ရှေးရိုးစွဲဂိုဏ်းများသည် သေချာပေါက် သူ့ကို လက်ခံတော့မည် မဟုတ်ပါ။

ဒါ့အပြင် သူ့ကို သတ်ဖို့ လာတိုက်ခိုက်ကြမည်ဆိုလျှင် စုယီသည် နိုင်တော့မည် မဟုတ်ပါ။နတ်ဆိုးဘုရင်သည် သူ၏ ရုပ်ပိုင်းဆိုင်ရာစွမ်းအားကို မှီခိုပြီး မတိုက်ခိုက်ပါ။အမျိုးမျိုးသော နတ်ဆိုးနည်းလမ်းများသည် စုယီအား တိုးတက်စေမည် ဖြစ်သည်။သခင်ကြီးချီယန်ပို ဖယ်ရှားရန်အတွက် စုယီသည် သူ့ဖုန်းကိုသာ အားကိုးရမည်။

“သေစမ်း!”

သခင်ကြီးချီယန်သည် လက်သီးများကို တင်းတင်းဆုပ်ထားပြီး အင်္ကျီစကို ခါလိုက်သည်။

သူသည် ပြန်သွားပြီး ဧကရာဇ်စုအကြောင်းကို စုံမြန်းမေးမြန်းရန် အစီအစဉ် ဆွဲလိုက်သည်။

စုယီ၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားသည် အလွန်ကြီးမားနေသော်လည်း သူသည် စုယီကို သတ်နိုင်သည်ဟု ယုံကြည်ချက် ရှိသည်။

ကွင်းပြင်ထဲရှိ အားလုံးသည် သခင်ကြီးချီယန်က စုယီကို ကြောက်၍ ထွက်ပြေးသွားသည်ဟု ထင်ကြသော်လည်း မည်သူမျှ မပျော်ကြပေ။လူတိုင်း၏ ခံစားချက်များသည် ရှုပ်ထွေးနေသည်။

စုယီသည် ကွင်းပြင်ထဲကို ဖြတ်လျှောက်သည့်အခါ လူများသည် အလိုလို ရှောင်ဖယ်သွားကြသည်။သူ့ကို ပလိပ်ရောဂါတစ်ခုလိုမျိုး ကြောက်လန့်စွာ ရှောင်သွားကြသည်။

တံတားဖြူတက္ကသိုလ်၏ ဆရာများနှင့် ကျောင်းသားများကပါ သူ့ကို မတူညီစွာ ကြည့်ကုန်ကြသည်။

နတ်ဆိုး!

စုယီက ဘယ်လောက်ဘဲ စွမ်းအားကြီးကြီး သူက တကယ်တမ်း နတ်ဆိုးတစ်ကောင်ဘဲ!

“သူက နတ်ဆိုးဘဲ…ငါသိတယ်…”

လူအုပ်ထဲတွင် စုယီ၏ အကြံပေးဖြစ်သည့် လီဖေးတောင်မှ ကြောက်လန့်နေသည်။

ဒီမှာ ရှိသည့်လူတိုင်း နတ်ဆိုး၏ ရက်စက်ကြမ်းကြုတ်မှုကို ကြုံတွေ့ဖူးကြသည်။သူတို့သည် စုယီအနားသို့ မကပ်ဝံ့ကြဘဲ အကြောက်တရားသာ ရှိတော့သည်။

All Chapters