ဓားဝိဇ္ဇာ ရှားထန်ယိ
Vol. 1 Ch. 13
စုယီ ထွက်သွားပြီးနောက် လောရွှေဂိုဏ်း၏ နောက်လိုက်များသည် ဝိဉာဉ်ရင်းမြစ် စာမေးပွဲကို ဆက်လက် လုပ်ဆောင်ကြသည်။လေ့ကျင့်ရေးကွင်းပြင်ထဲရှိ လေထုသည် ထူးဆန်းနေခဲ့သည်။လူသားတိုင်း၏ နှလုံးသားကို အရိပ်တစ်ခုက လွှမ်းခြုံထားသည်။
“စုယီသာ နတ်ဆိုးတစ်ကောင်ဆိုရင် သူ့ကို ထိန်းမရ ဖြစ်တော့မှာဘဲ”
သူတို့အားလုံးသည် စုယီ၏ မယုံကြည်နိုင်လောက်စရာ စွမ်းအားကို မျက်မြင်တွေ့ခဲ့ကြသည်။သူ ဒေါသထွက်လာလျှင် မည်သူမျှ သူ့လမ်းကို ပိတ်မရပ်ရဲကြပါ။
မိုဟောင်ရှန့်သည် ထောင့်တစ်နေရာတွင် သူ၏ဒဏ်ရာကို ပြန်ကုစားနေလေသည်။သူ၏မျက်လုံးထဲတွင် ခက်ထန်မှုနှင့် အဆိပ်ပြင်းမှုများ ရှိန်ရှိန်ထွက်နေသည်။ “သေစမ်း…ငါ သေချာပေါက် လက်စားချေပြမယ်!”
တကယ်တမ်းတော့ မဖြစ်နိုင်သည့် အတွေးတစ်ခုသာ ဖြစ်သည်။စုယီရှေ့သို့ ရောက်လျှင် မခန့်လေးစားပင် သူ မလုပ်ဝံ့ပါ။သူသည် သူ၏ ဂိုဏ်းသို့ ပြန်ကာ တစ်ခါတည်း သူ့ဂိုဏ်း၏စွမ်အားများကို ဒီနတ်ဆိုးအား သတ်ဖို့ရန်အတွက် ဖွက်ယူလာမည်ဟု အစီအစဉ် ဆွဲလိုက်သည်။
စုယီနှင့် အခြားတစ်ယောက်သည် ကွင်းပြင်မှ ထွက်ခွာသွားလေသည်။
နန်ရှောင်ပေါင်သည် စိတ်လှုပ်ရှားနေသည်။သူမ၏ မျက်လုံးထဲတွင် ကြယ်များ တောက်ပနေသည့် အကြည့်ဖြင့် စုယီအား ငေးကြည့်နေခဲ့သည်။
စုယီသည် တာအို သိုလှောင်ခန်းမှာ ရေ နှစ်ပုလင်းကို ထုတ်ယူလိုက်သည်။တစ်ပုလင်းသည် နန်ရှောင်ပေ့င်အတွက် ဖြစ်ပြီး နောက်တစ်ပုလင်းသည် သူ့အတွက် ဖြစ်သည်။နန်ရှောင်ပေါင်၏ စိတ်လှုပ်ရှားမှုများသာ တစ်စတစ်စ မြင့်တက်လာသည်။ဒါ ဘယ်လို နတ်ဆိုးမျိုးပါလိမ့်?
ခဏအကြာတွင် နန်ရှောင်ပေါင်သည် မနေနိုင်ဘဲ မေးလိုက်သည်။ “ဒါကို မတူညီတဲ့ မျိုးနွယ်စုကြားက အချစ်ဇာတ်လမ်းလို့ မှတ်ယူရမှာလား?”
ဖူး—
ရေသောက်နေသည့်အတွက် စုယီသည် ရေသီးသွားကာ ပါးစပ်အပြည့် ရေများ ပြန်ထွက်လာသည်။
သူသည် ရှက်ကိုးရှက်ကန့်ဖြင့် တုံ့ပြန်ခဲ့သည်။ “ဘာတွေ တွေးနေတာလဲ။ငါက လူဘဲလေ အိုကေ?ငါက နတ်ဆိုးကျင့်စဉ်ကို လိုက်တာဘဲ ရှိတာ!”
နတ်ဆိုးကျင့်စဉ်၏ ကျင့်ကြံခြင်းလမ်းကို လိုက်ခြင်း၏ နောက်ဆက်တွဲအကျိုးဆက်ကို သူ နားလည်သော်လည်း ထိုအချိန်တုန်းက သူ့တွင် အခြားရွေးချယ်စရာ မရှိခဲ့ပါ။အစွမ်းထက်သော ကျင့်ကြံခြင်းနည်းလမ်းတစ်ခုကို ရရှိရန် အခွင့်အရေးသည် အရာအားလုံးထပ် အရေးကြီးကာ အသက်ရှင်ဖို့သာ အဓိက ဖြစ်ခဲ့သည်။
နန်ရှောင်ပေါင်သည် ရုတ်တရက် သတိရသွားပြီး စိတ်ပူစွာ မေးလိုက်သည်။ “နတ်ဆိုးဖြစ်လာမှာကို မကြောက်ဘူးလား?”
“အတွေးလွန်နေပါပြီ!”
စုယီသည် လှည့်ကြည့်ကာ ဆက်လျှောက်သွားသည်။
သူလည်း ထိုကိစ္စနှင့် ပတ်သက်ပြီး စိုးရိမ်သော်လည်း နောက်မှ ဖြေရှင်းရန် ဖုံးကွယ်ထားသည်။
အဆုံးတွင်တော့ သူတို့သည် စုယီ၏အဆောင်သို့ ပြန်ရောက်လာခဲ့သည်။နန်ရှောင်ပေါင်၏ အမျိုးသမီးအဆောင်သည် ပျက်စီးသွားသည့်အတွက် ပြန်လို့မရတော့ပါ။
တံခါးကို ပိတ်လိုက်ပြီး စုယီသည် နန်ရှောင်ပေါင်အား လက်ရာမြောက်သော ဝတ်စုံတစ်စုံ ထုတ်ပေးလေသည်။
လောလောလတ်လတ် တိုက်ပွဲသည် သူ့အား ကြောက်ရွံ့သွားစေသည်။သူသည် နန်ရှောင်ပေါင်ကို အကာအကွယ်နှင့် ထားဖို့ လိုအပ်သည်။လက်ရာမြောက်ဝတ်စုံသည် သူ့အတွက် အသုံးမဝင်သော်လည်း မိန်းမတစ်ယောက်အတွက်တော့ အသုံးဝင်သည်။
“ဝါး—အရမ်းလှတဲ့ ဝတ်စုံဘဲ!”
နန်ရှောင်ပေါင်သည် အလွန်ပျော်နေပြီး လက်ရာမြောက်ဝတ်စုံကို ချက်ချင်း ဝတ်လေသည်။
စုယီသည် ဧကရာဇ်စုဂိုဏ်းတွင် နတ်ဆိုးကျင့်ကြံခြင်းလမ်းစဉ်ကို မေးရန်နှင့် သခင်ကြီးချီယန်ကို သတိပေးရန် သူ၏ဖုန်းကို ထုတ်လိုက်သည်။
သူသည် ဖုန်းကို ဖွင့်လိုက်လိုက်ချင်း သတင်းကောင်း တွေ့သွားသည်။အဖွဲ့ဝင်အသစ်တွေကို ဖိတ်ခေါ်ဖို့ နောက်ထပ်အခွင့်အရေး!
ဧကရာဇ်စုဂိုဏ်းတွင် ပါဝင်ရန်အတွက် အောက်ပါပုဂ္ဂိုလ်များအနက်မှ တစ်ဦးအား ဖိတ်ခေါ်ပါ!
ဓားဝိဇ္ဇာ ရှားထန်ယိ!
ကြည်လင်သော ကျောက်စိမ်း၏ မြွေဘုရင်!
လီဟွာဟွင်း!
ဖန့်ထျန်း နတ်လက်သီး!
ထန်ချင်းထျန်း!
...
နာမည်ပေါင်း နှစ်ဆယ်မက ရှိသည့်အတွက် စုယီ ခေါင်းများပင် မူးနောက်လာသည်။
သူသည် ထိပ်ဆုံးကနာမည်ကို အကြည့်ရောက်သွားသည်။ဓားဝိဇ္ဇာ ရှားထန်ယိ—နာမည်က ပေါ့သေးသေးတော့ မဟုတ်။ဤအမည်များသည် ခေါင်းစဉ်သပ်သပ် မဟုတ်ပါ။သူ့တွင် ထူးခြားချက်များ ပါဝင်နေသည်။
အတော်လေး တွေးတောပြီးနောက် စုယီသည် ဓားဝိဇ္ဇာ ရှားထန်ယိကိုဘဲ ရွေးချယ်လိုက်သည်။
ဖုန်းစကရင်သည် ဧကရာဇ်စုဂိုဏ်း၏ အဖွဲ့လိုက် စကားဝိုင်းစီသို့ ပြောင်းလဲသွားသည်။
ဧကရာဇ်စုသည် ဓားဝိဇ္ဇာ ရှားထန်ယိကို ဧကရာဇ်စုဂိုဏ်းသို့ ပါဝင်ရန် ဖိတ်ခေါ်ထားသည်။
ကျားနက်ဧကရာဇ်: လခွီး! ရှားထန်ယိ!
နတ်ဆိုးဘုရင် ချင်းယန်: ဓားဝိဇ္ဇာလည်း ဒီမှာရှိတာလား?တောက် ငါ့မှာ ခု ပြိုင်ဘက်တစ်ယောက် ပေါ်လာပြီဘဲ!
ဝူချင်းယောင်: နဂါးကြောကို ဖျက်စီးပြီး အင်အားကြီးတဲ့ထန်ကို တစ်ယောက်တည်း ဝင်စီးခဲ့တယ်ဆိုတဲ့ ရှားထန်ယိလား?
သခင်ကြီးချီယန်: အာ? ရှားထန်ယိ…ကျစ်—ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!
ဧကရာဇ်စုဂိုဏ်း၏ အဖွဲ့ဝင်လေးယောက်လုံး ရှောခ့်ရသွားကာ စုယီ၏ဖုန်းတွင် မက်ဆေ့ဂ်ျများ ဆက်တိုက်ကျလာသည်။
စုယီသည် ပြုံးလိုက်သည်။ဒါ ငါ့ခန့်မှန်းမှုက မှန်ကန်တယ်ဆိုတဲ့သဘောဘဲ။ဒီရှားထန်ယိက တကယ်ထူးခြားတာဘဲ။
ဓားဝိဇ္ဇာ ရှားထန်ယီ: ဟမ်? ဘာလား? ငါ့စိတ်အာရုံထဲ ဘယ်လိုဖြစ်ပြီး ရောက်နေကြတာလဲ?
ကျားနက်ဧကရာဇ်: ဓားဝိဇ္ဇာ! ဘုရားရေ တကယ်ကြီး လူသားမျိုးနွယ်ထဲက ဓားဝိဇ္ဇာလား!
နတ်ဆိုးဘုရင် ချင်းယန်: ဒါက ဧကရာဇ်စု တည်ထောင်ထားတဲ့ ဧကရာဇ်စုဂိုဏ်းဘဲ။ဒီဂိုဏ်းမှာ ပါဝင်ချင်ရင် ရင်းမြစ်တစ်ခုကို ပေးရမယ် ဒါမှမဟုတ် နှင်ထုတ်ခံရမယ်
သခင်ကြီးချီယန်: ဓားဝိဇ္ဇာတောင် လာပြီဆိုတော့ ဧကရာဇ်စုရဲ့ နတ်စွမ်းအားက…
ဝူချင်းယောင်: ဓားဝိဇ္ဇာဆိုတဲ့ နာမည်ကို ဂျူနီယာက သဘောကျနေတာ ကြာပြီ။စီနီယာရော ကျွန်မတို့ လောရွှေဂိုဏ်းအကြောင်းကို ကြားဖူးလားဆိုတာ မေးလို့ရမလား?
ရှားထန်ယိ တစ်ခွန်းပြောလိုက်သည်နှင့် အခြားလူများက ဆက်ပြောရာ စကားဝိုင်းသည် မရပ်မနား ဖြစ်နေတော့သည်။အများအားဖြင့် သီးသန့်နေတတ်သည့် ဝူချင်းယောင်ပင်လျှင် သူမ၏ပုံစံအတိုင်း လစ်လျူရှုမနေတော့ပေ။
စုယီ စကားတစ်ခွန်းမျှ ပြောစရာပင်မလိုဘဲ စိတ်လိုလက်ရ ရှင်းပြနေကြသည်။စုယီက မည်မျှသန်မာကြောင်း ဂိုဏ်း၏ ကြီးမားသည့် အလားအလာဖြစ်ကြောင်း ပြောသည့်အခါ စုယီသည် ရယ်မောလေတော့သည်။
“ဘာရယ်တာလဲဟ?ဒီဝတ်စုံက ငါနဲ့ မလိုက်လို့လား?”
နန်ရှောင်ပေါင်က အပြစ်တင်လေသည်။စုယီက ကြည့်လိုက်သည့်အခါ သူမ၏ အလှကြောင့် စုယီသည် တစ်ခဏမျှ ကျောက်ရုပ်အလား ဖြစ်သွားသည်။
သူမ၏ဆံနွယ်များသည် ပင်ကိုယ် ငွေရောင်ဖြစ်သည်။လက်ရာမြောက်ဝတ်စုံကို ဝတ်ဆင်လိုက်သည့်အခါ သူမသည် ပန်းချီကားချပ်ထဲက ခုန်ထွက်လာသလားဟု ထင်မှတ်ရလောက်အောင် လှပကြော့ရှင်းလွန်းလှသည်။မြေပြင်ပေါ်သို့ ဆင်းသက်လာသည့် နတ်မိမယ်ကဲ့သို့ သူမကို ကြည့်လိုက်မိသူတိုင်း စိတ်ဝိဉာဉ်အစဉ်ကို ဖမ်းစားခြင်း ခံရပေလိမ့်မည်။စုယီသည် ဆွံ့အသွားသည်။
နန်ရှောင်ပေါင်သည် တံတားဖြူတက္ကသိုလ်၏ အလှပဂေးအဖြစ် သတ်မှတ်ထားသည်အထိ လှပြီးသား ဖြစ်သည်။သို့ရာတွင် သူမသည် ကော့စ်ပလေး လုပ်ရသည်ကို နှစ်သက်သူ ဖြစ်သဖြင့် သူမအလှကို ပျက်စီးစေမည့် မိတ်ကပ်များကိုသာ လိမ်းလေ့ရှိသည်။ယခုအခါ လက်ရာမြောက်ဝတ်စုံကို ဝတ်ဆင်ထားရာ သူမသည် လုံးဝ တခြားသူတစ်ယောက်လို ဖြစ်သွားသည်။
“လှတယ် နင်နဲ့ အရမ်းလိုက်တာဘဲ”
စုယီသည် အမြန် လက်တွေ့ကမ္ဘာထဲသို့ ပြန်ရောက်လာပြီး သူမကို ချီးကျူးလိုက်ရာ နန်ရှောင်ပေါင်သည် ပျော်မြူးသွားလေသည်။သူမသည် လေသာခန်းထဲသို့ အလျင်အမြန် လျှောက်သွားပြီး နံရံကပ် မှန်ကြီးထဲတွင် သူမကိုယ်သူမ ပြန်ကြည့်လိုက်သည်။
ထိုအချိန်တွင် စုယီ၏ လက်ဖဝါးထဲတွင် ရှေးဟောင်း သစ်ခေါက် စာအုပ်တစ်အုပ် ပေါ်လာကာ ၎င်းပေါ်တွင် စာလုံးလေးလုံး ထွင်းထားလေသည်။
မသေမျိုးအား သတ်နိုင်သည့် နှလုံးသားဓားကျမ်း!
ဓားသိုင်းကျွမ်းကျင်သူစာအုပ်!
စုယီသည် ချက်ချင်းပင် ဝမ်းသာသွားသည်။ကျူးဝူဓားနဲ့ ဒီဓားသိုင်းကျမ်းကိုသာ ပေါင်းလိုက်မည်ဆိုလျှင် သေချာပေါက် သူ၏ တိုက်ခိုက်ရေးစွမ်းအားကို မြင့်တင်ပေးလိမ့်မည်။သူသည် သူ၏ဖုန်းကို အလျင်အမြန် ကောက်ကိုင်လိုက်သည်။ဒါ သေချာပေါက် ရှားထန်ယိရဲ့ ဓားသိုင်း ဖြစ်ရမယ်။
ဧကရာဇ်စုဂိုဏ်းထဲတွင်
ဓားဝိဇ္ဇာ ရှားထန်ယိ: မသေမျိုးကို သတ်တဲ့ နှလုံးသားဓားကျမ်း ပေးလိုက်တယ်။ဧကရာဇ်စု သဘောကျမယ်လို့ မျှော်လင့်တာဘဲ
ကျားနက်ဧကရာဇ်: မသေမျိုးကိုသတ်နိုင်တဲ့ နှလုံးသားဓားကျမ်း?သူ့ကို—အာ့ဓားကျမ်းကို တကယ်ဘဲ ပေးပစ်လိုက်တာပေါ့?
နတ်ဆိုးဘုရင် ချင်းယန်: စိတ်ဝင်စားစရာဘဲ။မသေမျိုးကို သတ်နိုင်တဲ့ နှလုံးသားဓားကျမ်းက ကျွမ်းကျင်တဲ့ နတ်ဆိုးတွေကိုတောင် သတ်နိုင်တယ်လို့ ပြောကြတယ်။အမှန်လားဆိုတာ သိချင်မိသား
ဓားဝိဇ္ဇာ ရှားထန်ယိ: ဓားခရီးစဉ်တစ်လျှောက်မှာ မသေမျိုးကိုသတ်တဲ့ နှလုံးသားဓားက ထိပ်တန်းတော့ မဟုတ်ဘူး။ပြီးတော့ ပထမဆုံးရောက်တာကို ဘယ်လိုဖြစ်ပြီး အာ့လောက်ရက်ရောတဲ့လက်ဆောင် ပေးမလဲ။
သခင်ကြီးချီယန်: အံ့လောက်စရာဘဲ ဓားဝိဇ္ဇာ
ဧကရာဇ်စုဂိုဏ်း၏ အခြားအဖွဲ့ဝင်များလည်း အံ့ဩသွားကြသည်။မသေမျိုးကိုသတ်နိုင်သည့် နှလုံးသားဓား၏ အံ့ချီးဖွယ်ရာများကို ပြောကြသည့်အခါ စုယီသည် ထိုးဓားကျမ်းကို သိချင်စိတ်များ တဖွားဖွား ဖြစ်လာသည်။
စုယီသည် စတင် ဝင်ပြောလေသည်။သူသည် ဓားဝိဇ္ဇာ ရှားထန်ယိကို တမင်မကာကို မျက်နှာသာမပေးပါ။
ဧကရာဇ်စု: သခင်ကြီးချီယန် ထူးခြားတဲ့မြို့ကို မင်းရဲ့ လက်အောက်ငယ်သားတွေ လွှတ်လိုက်သေးလား?
သခင်ကြီးချီယန်: ဟမ်?ဘာလဲ? ဧကရာဇ်စုက ချီလင်နယ်မြေပေါ်က ထူးခြားတဲ့ မြို့အကြောင်းကို စိတ်ဝင်စားနေတာလား?
ဝူချင်းယောင်: ဟက်! နတ်ဆိုးမျိုးနွယ်တွေရဲ့ လူသားစားခြင်းကို ကောင်းကင်တာအိုက ငြိမ်ခံနေမှာမှ မဟုတ်တာ!
ကျားနက်ဧကရာဇ်: နင်တို့ လူသားမျိုးနွယ်ကရော အသားမစားလို့လား!
သခင်ကြီးချီယန်နှင့် ကျားနက် ဧကရာဇ်သည် ဝူချင်းယောင် စကားဆက်မပြောဖို့ရန်အတွက် သူမကို ပစ်မှတ်ထားပြီး ဖိအားပေးနေကြသည်။
စုယီသည် ဖုန်းကို ရှေ့ထားပြီး မျက်တောင်ခတ်နေသည်။သူ သခင်ကြီးချီယန်ကို သတ်သင့်လား? မသတ်သင့်ဘူးလား?
သခင်ကြီးချီယန်သည် သူ့ကို သေချာပေါက် လက်စားချေလိမ့်မည်။
နောက်တစ်ကြိမ်ဆို သူ အလွယ်တကူ နိုင်တော့မည် မဟုတ်ပါ။
သူ သခင်ကြီးချီယန်ကို သတ်လိုက်မည်ဆိုလျှင်လည်း ချီလင်မြေက နတ်ဆိုးတွေက သေချာပေါက် ဒေါသထွက်ကြလိမ့်မယ်။သူတို့ မြို့တစ်မြို့လုံးလည်း ပိုပြီး အန္တရာယ် ရှိလာနိုင်တယ်။
ဧကရာဇ်စု: ခုကစပြီး မင်းရဲ့နောက်လိုက်တွေ ထူးခြားတဲ့မြို့ကို လာမတိုက်ခိုက်စေနဲ့။ပြီးတော့ ဒီနေ့ မင်းကို အပြင်းအထန် ဒဏ်ရာရစေတဲ့ လူငယ်လေးကို ကျင့်ကြံခြင်းလမ်းစဉ် သင်ပေးပြီး ဒီအင်ပါရာကို ကူညီပေးပါ။အနာဂတ်မှာ သင့်ကို ဂုဏ်ထူးဆောင်တစ်ခုအဖြစ် အသိအမှတ်ပြုပေးမယ်!
သခင်ကြီးချီယန်: ဘာလဲ? ဧကရာဇ်စု…မင်း အကုန်မြင်နေရတာလား?မင်းရော ချီလင်နယ်မြေကဘဲလား?
ဧကရာဇ်စု: မဟုတ်ဘူး။ဒါပေမယ့် ဒီဧကရာဇ်ရဲ့ နတ်စွမ်းအားက ဘုံအကုန်လုံးကို ကူးပြောင်းပြီး အလားအလာရှိတဲ့ သတ္တဝါတွေကို လိုက်ရှာလို့ ရတယ်။မင်း ဘာလုပ်လုပ် ဒီဧကရာဇ်ကို ရှောင်လွှဲမရဘူး။လှည့်စားမှု မရှိဖို့ မျှော်လင့်ပါတယ်။ဒါ့အပြင် ဧကရာဇ်စုဂိုဏ်းရဲ့ တည်ရှိမှုကို လူသိရှင်ကြား ထုတ်မပြောရဘူး။မဟုတ်ရင် ဒီဧကရာဇ်က သူ့ကို ချေမှုန်းရမှာဘဲ!
စုယီရဲ့ ဖွင့်ဟချက်များကြောင့် ဝူချင်းယောင်၊ သခင်ကြီးချီယန်၊ ကျားနက်ဧကရာဇ်၊ နတ်ဆိုးဘုရင် ချင်းယန်၊ ရှားထန်ယိ အားလုံးသည် စိတ်ဖိအားကို ခံစားလိုက်ရပြီး သူတို့ဝိဉာဉ်များ တုန်လှုပ်သွားကာ မူးမေ့ချင်သလိုပင် ဖြစ်သွားသည်။
ဓားဝိဇ္ဇာ ရှားထန်ယိ: ဖိအားကြီးက…ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?ဧကရာဇ်စု တကယ်တမ်း သင် ဘယ်လောက်ထိတောင် သန်မာတာလဲ?
သခင်ကြီးချီယန်: ကောင်းပြီ၊ကောင်းပြီ။ ကျွန်ုပ်ရဲ့နောက်လိုက်တွေ အာ့ဒီမြို့ကို နောက်တကြိမ် မလာစေရဘူး!နောက်ပြီး အာ့လူငယ်လေးကိုလည်း ဂရုစိုက်လိုက်ပါ့မယ်!
နတ်ဆိုးဘုရင် ချင်းယန်: ဒီနေရာမှာ ဘယ်သူ့မှာမှ ဒီလိုဖိအားမျိုး မရှိကြဘူး…
ကျားနက်ဧကရာဇ်: ဂိုဏ်းသခင်! ဒီလို မလုပ်ပါနဲ့။ ကျွန်တော်တို့က ခု သင့်ရဲ့ဂိုဏ်းသားတွေဘဲကို။ သတ်မယ်လို့ မခြိမ်းခြောက်ပါနဲ့…