ဉာဏ်ကြီးရှင် ဓားနတ်ဆိုး
Vol. 2 Ch. 15
ကျားနက်ဧကရာဇ်၊ ရှားထန်ယီနှင့် အခြားသူများ၏ ကစားဝိုင်းများ မှတစ်ဆင့် ရှီဝမ်မြို့သို့ ရောက်ရှိလာခြင်းသည် ဘက်ပေါင်းစုံမှ အာရုံစိုက်ခံနေရပြီ ဖြစ်ကြောင်း သိလိုက်သည်။
လောရွှေဂိုဏ်းသည် ပထမဦးဆုံးသော လူသားမျိုးနွယ်စု ဂိုဏ်းတစ်ခုဖြစ်ပြီး သူ့နောက်တွင် အခြားဂိုဏ်းများ အရှိန်အဟုန်ဖြင့် လိုက်လာခဲ့သည်။နတ်ဆိုးလမ်းစဉ် ကျင့်ကြံသူများနှင့် အခြား နတ်ဆိုးမျိုးနွယ်စုများပါ လှုပ်လှုပ်ရှားရှား ဖြစ်လာရသည်။
“လူသားဧကရာဇ်က သူ့ရဲ့စွမ်းအားတွေကို ငါတို့ကို လွှဲပေးတယ်ဆိုတာ အံ့ဩစရာတော့ မဟုတ်ဘူး”
စုယီသည် သက်ပြင်းချလိုက်သည်။နတ်ဆိုး ဧကရာဇ်၏ နတ်စွမ်းအင်ကို ကျင့်ကြံခြင်းသည် မှန်ကန်သည့် ဆုံးဖြတ်ချက် ဟုတ်ရဲ့လားဆိုတာ သူ သေချာမသိတော့ပါ။
နဂါးစွမ်းအင် ဆေးပြားကို အသုံးပြုပြီး ရက်အနည်းငယ်ပင် လေ့ကျင့်ရသေးသော်လည်း သူ၏ခန္ဓာကိုယ်သည် နတ်ဆိုးအသွင်သို့ စတင် ကူးပြောင်းနေပြီ ဖြစ်သည်။
ပြန်လည် စတင်ရန်အတွက် သူ့ရဲ့ ကျင့်ကြံခြင်းနည်းလမ်းကို ရပ်တန့်လိုက်မည်ဆိုလျှင်လည်း သူ့အတွက် ဆုံးရှုံးမှု ကြီးမားပေလိမ့်မည်။နဂါးအကောင်တစ်ရာ၏ စွမ်းအားသည်လည်း သေချာပေါက် ပျက်စီးသွားလိမ့်မည်။ခဏအကြာတွင် သူသည် ငြိမ်သက်သွားသည်။ဖြစ်စဉ်သည် သူ့အတွက် အရမ်း နာကျင်ပေလိမ့်မည်။
ဒီနေရာမှာ သူသည် သူ့ ကျင့်ကြံခြင်းလမ်းစဉ်နောက်ကို အဆုံးထိလိုက်ကာ နောက်ပိုင်းတွင် ပြောင်းလဲဖို့ အခွင့်အရေး ရှိလာမည်လား ဟူ၍ စောင့်ကြည့်ရုံသာ ရှိသည်။
အချိန် အတန်ကြာပြီးနောက် နန်ရှောင်ပေါင်နှင့် အခြားသူများ ပြန်နိုးလာခဲ့သည်။
“တကယ်ကြီးလား?ငါတို့ စပြီး စွမ်းအား ကျင့်ကြံနိုင်တော့မှာလား?”
ကျန်းမန်ထင်သာ် စိတ်လှုပ်ရှားစွာ ရေရွတ်နေလေသည်။သူမသည် ကျောင်းသူတစ်ယောက် ဖြစ်သည့်အတွက် နိုဘယ်များကို ဖတ်ကာ စွမ်းအားကျင့်ကြံခြင်းကို အချိန်အတန်ကြာ စွဲလမ်းနေလေသည်။
သူမ၏မိဘများသည်လည်း ထိုနည်းတူပင် စိတ်လှုပ်ရှားနေကြသည်။သူတို့သာ ကျင့်ကြံခြင်းနည်းလမ်းကို တတ်မြောက်ပြီး ကျင့်ကြံသူ ဖြစ်လာလျှင် နတ်ဆိုးတွေကို ခုခံနိုင်မည် ဖြစ်သည်။
“ဝါး ငါလည်း ကျင့်ကြံလို့ရပြီ!ငါ သန်မာလာတာနဲ့ နင့်ကို ကာကွယ်နိုင်ပြီ!”
နန်ရှောင်ပေါင်သည် စုယီကို ထိုသို့ ပြောပြီးနောက် တခစ်ခစ် ရယ်ကာ ရှက်ကိုးရှက်ကန်းဖြင့် လျှာထုတ်ပြလေသည်။စုယီက ဒီလောက် သန်မာတာ—သူ့ကို မှီဖို့ဆို သူမ ဘယ်လောက်ထိများ ကျင့်ကြံရမှာပါလိမ့်?
“ဒါဆို ကိုယ် မင်းကို စောင့်မယ်။မင်း ဒီမှာ ကျင့်ကြံပြီး နေခဲ့သင့်တယ်။ငါ သွားစရာ ရှိသေးတယ်။အတူရှိရင် မင်းမိသားစုအတွက်လည်း ကောင်းတာပေါ့။တစ်ယောက်နဲ့ တစ်ယောက် ကာကွယ်ပေးလို့ရတယ်”
စုယီသည် ပြုံးလိုက်သည်။နန်ရှောင်ပေါင်တွင် နဂါးတစ်ကောင်၏ စွမ်းအား ရှိသည်ဖြစ်ရာ သူမ စတင်ပြီး ကျင့်ကြံမည်ဆိုလျှင် မြို့ထဲရှိ မည်သူမှ သူမျှနှင့် ပြိုင်လို့ရမည် မဟုတ်တော့။ထို့ပြင် သူမတွင် အကာအကွယ် အတွက် လက်ရာမြောက်ဝတ်စုံလည်း ရှိသေးသည်။
အခြားတစ်ဖက်တွင် သူသည် ကျင့်ကြံရန် တိတ်ဆိတ်သည့် နေရာကို ရှာချင်သည်။သူ၏ မသေမျိုးကို သတ်နိုင်သည့် နှလုံးသား ဓားကျမ်းနှင့် သခင်ကြီး ချီယန် ပေးထားသည် နတ်စွမ်းအင် ပေလိပ်ကို လေ့ကျင့်ရန် ဖြစ်သည်။
“ဘယ်သွားမလို့လဲ? ရှင့်ဇနီးကို ထားခဲ့ပြီး ထွက်သွားမလို့လား?”
နန်ရှောင်ပေါင်သည် ရုတ်တရက် စိုးရိမ်လာသည်။သူမ၏ စကားလုံးများသည် သူမ၏အဒေါ်နှင့် ဦးလေးကို ရှက်ရွံ့မှုကြောင့် ပါးများနီလာစေသည်။
ဒီမိန်းကလေး မသင့်တော်တာတွေ ပြောနေတာဘဲ။
“မဟုတ်တာ။သေချာပေါက် လုပ်စရာ ရှိလို့ပါ။ဒါပေမယ့် မင်းစီ ပြန်လာမှာပါ”
စုယီသည် သူမ၏ ဆံနွယ်များကို ဆော့ကစားရင်း ပြုံးရွှင်ကာ ပြောလေသည်။ရှီဝမ်တစ်မြို့လုံးတွင် သူ ဂရုစိုက်သည့်အရာမှာ နန်ရှောင်ပေါင်တစ်ဦးတည်းသာ ရှိသည်။ရှေးဟောင်းတောသို့ ရောက်လာကတည်းက သူမကို အသေအချာ ကာကွယ်ပေးရန်မှာ သူ၏တာဝန်ဖြစ်သည်။သို့ရာတွင် မြို့အတွင်း၌ သူ ကျင့်ကြံဖို့ရန် အဆင်မပြေပါ။
ခဏကြာ တွေးပြီးနောက် နန်ရှောင်ပေါင်သည် သဘောတူစွာ ခေါင်းငြိမ့်လိုက်သည်။
ကျန်းမန်ထင်၏ မိသားစုများသည်လည်း မကန့်ကွက်ကြပါ။ကမ္ဘာပျက်ရန် လက်တစ်ကမ်းအလိုသာ ကျန်တော့ရာ စုယီအပေါ်ကိုသာ အလုံးစုံ မှီခိုထားလို့ မရပါ။
ထို့နောက် စုယီသည် ထွက်ခွာသွားခဲ့သည်။
“အစ်မ စုယီက ဘယ်လောက်ထိ သန်မာတာလဲ?”
ကျန်းမန်ထင်သည် နန်ရှောင်ပေါင်နှင့်အတူ စုယီ ထွက်သွားသည်ကို လသာဆောင်မှ ငေးကြည့်ရင်း မေးလိုက်သည်။
နန်ရှောင်ပေါင်သည် စူးစိုက်ကြည့်ရင်း “သူက အရမ်းသန်မာတာပေါ့။နင့်ကို ရှင်းပြဖို့ မလွယ်ဘူး”
“ဟဟ!”
ကျန်းမန်ထင်သည် လှောင်ပြောင်ပြီး အထဲသို့ ပြန်ဝင်သွားသည်။သူမ၏ မိဘများသည် စတင် စွမ်းအားကျင့်ကြံနေပြီဖြစ်ရာ သူမသည်လည်း အချိန်မဖြုန်းချင်ပါ။
ထိုစဉ် တစ်မြို့လုံး စွမ်းအားကျင့်ကြံနေကြသည်။
တံတားဖြူ တက္ကသိုလ်စီသို့ သွားသည့် လူ အရေအတွက်သည်လည်း ချက်ချင်းပင် လျော့ကျသွားသည်။ကွင်းပြင်ထဲတွင် သောင်းချီသော လူများသည်လည်း စတင် စွမ်းအားကျင့်ကြံနေကြရာ မိုဟောင်ရှန့်နှင့် အခြားသူများ အတွက် ကြီးမားသော ကြောက်ရွံ့မှု ဖြစ်စေခဲ့သည်။လူတွေ နိုးလာသည့်အခါ အခြေအနေကို အလျင်အမြန် စုံစမ်းမေးမြန်ကြသည်။
“ရွှမ်ယွမ် လူသား ဧကရာဇ်? မဖြစ်နိုင်တာ!”
မိုဟောင်ရှန့်သည် အံ့အားသင့်သွားသည်။လောရွှေဂိုဏ်း၏ အခြားနောက်လိုက်များသည်လည်း ထိုနည်းတူပင်။
“ဒဏ္ဍာရီလာ လူသားဧကရာဇ်က တကယ်ကြီး ရှိတာလား?”
“မဖြစ်နိုင်တာ…အာ့တာ ဒဏ္ဍာရီသပ်သပ် မဟုတ်ဘူးလား?”
“ဆိုးတာဘဲ။ဒီမြို့ကို လူသားဧကရာဇ်က ခေါ်လာတာတဲ့။ငါတို့ ဝင်စွက်ဖက်တာက သူ့ကို မထိခိုက်စေဘူးလား?”
“ခု ငါတို့ ဘာဆက်လုပ်ကြမလဲ?”
လောရွှေဂိုဏ်း၏တပည့်များသည် ပို၍ပင် ထိတ်လန့်ကုန်ကြသည်။လောရွှေဂိုဏ်းသည် အင်အားကြီးသည် မှန်သော်လည်း လူသားဧကရာဇ်နီင့် နှိုင်းယှဉ်လျှင် ဘာမျှ မဟုတ်ပါ။
“မင်းတို့အားလုံး ဒီမှာ စောင့်နေခဲ့။ငါ ဂိုဏ်းချုပ်ကိုပြန်ပြီး ဒီသတင်းအသစ် သွားပို့လိုက်အုံးမယ်”
မိုဟောင်ရှန့်သည် ထိုသို့ပြောကာ သူ၏ဓားပေါ်တက်ပြီး ပျံကာ ထွက်သွားလေသည်။
အခြား လောရွှေဂိုဏ်းသားများသည် အံကြိတ်ကာ ကျန်ခဲ့သည်။ထိုလူသည် သူတို့ကို ဆွေးနွေးခြင်း တစ်စုံတစ်ရာ မရှိပါဘဲ အလျင်အမြန် ထွက်ပြေးသွားသည်။
သို့သော် သူတို့၏ ခံစားချက်ကို ထုတ်မပြောဝံ့သဖြင့် တိတ်တဆိတ်ပင် နေလိုက်ရသည်။
နာရီဝက်ကြာပြီးနောက် စုယီသည် မြို့မှ ထွက်ခွာပြီးဖြစ်သည်။
ရှီဝမ်မြို့သည် ကျယ်ပြောကာ ရှုပ်ထွေးလေသည်။ရှည်လျားသည့် သစ်တောများသည်လည်း အချိန်ခရီးသွားခဲ့ရာ အတော်အတန် ကြီးထွားနေကြပေပြီ။
သူ၏ ပုံသဏ္ဍာန်သည် ကျားတစ်ကောင်နီင့် တူသည်။သစ်တောများနှင့် ပိတ်ဖုံးကာ တောင်ထိပ်သို့ပင် ရောက်နေပေပြီ။
အဆုံးတွင်ရပ်ရင်း သူသည် ရှီဝမ်မြို့စွန်ကို လှမ်းကြည့်နေခဲ့သည်။ရုပ်ပုံများကို လှမ်းကြည့်လိုက်ရာ ခေါင်မိုးထပ်များနှင့် တိုက်တန်းများတွင် ကျင့်ကြံနေကြသည့် လူအချို့ကို မြင်ရသည်။
စုယီသည် ကျူးဝူဓားနှင့် မသေမျိုးကို သတ်သည့် နှလုံးသား ဓားကျမ်းကို တာအိုထဲမှ ထုတ်လိုက်သည်။ညာဘက်လက်တွင် ဓားကို ကိုင်ကာ သူ၏ ဘယ်ဘက်လက်မှ ကျင့်စဉ်ကို လှန်လောလေသည်။
အခြေခံ ဓားသိုင်းကပင် မသေမျိုးကို သတ်နိုင်သည့် နှလုံးသားဓားကျမ်း၌ အထူးအကွက်များ ပါလေသည်။
အသေးအဖွဲအောင်မြင်မှုအဆင့်တွင် ဓား၏အရှိန်ဖြင့် ရန်သူများကို ကျော်လွှားနိုင်လိမ့်မည်။
အဓိက အောင်မြင်မှုအဆင့်တွင် ဓားကို စိတ်ဖြင့် ကိုင်ဆောင်နိုင်လိမ့်မည်။
မသေမျိုးများကိုပါ သတ်နိုင်လိမ့်မည်!
အထင်ကြီးစရာ ကောင်းသည်။ စုယီသည် ဓားကွက်များကို မှတ်ထားကာ စတင် လေ့ကျင့်လေသည်။
အစပိုင်းတွင် ခက်ခဲသော်လည်း နဂါးစွမ်းအား ဆေးပြားသည် သူ့ ခန္ဓာကိုယ်အား ချိန်ညှိပေးကာ သင်ကြားမှုကို မြန်ဆန်စေသည်။
အချိန်တိုအတွင်းမှာပင် သူသည် ကျွမ်းကျင်ပိုင်နိုင်စွာ လှုပ်ရှားမှုအစုံကို တတ်မြောက်သွားပြီ ဖြစ်သည်။တောင်ထိပ်ကိုပင် အရိပ်ဖြူတစ်ခုကဲ့သို့ လျင်မြန်စွာ ပျံသန်းသွားနိုင်ပြီ ဖြစ်သည်။
ထိုကဲ့သို့ပင် စုယီသည် သူ့၏ ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ ရောက်လာခဲ့သည်။
နေ့ဘက်တွင် ဓားသိုင်း လေ့ကျင့်ကာ ညဘက်တွင်မူ သူ၏ ကျင့်ကြံခြင်းကို မြင့်တင်ရန်အတွက် လရောင်ကို စုပ်ယူလေသည်။
အချိန်များ ကုန်လွန်သွားခဲ့သည်။
ဆယ်ရက်တာအချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
စုယီသည် မသေမျိုးကို သတ်နိုင်သည့် နှလုံးသားဓားကျမ်းကို ကျွမ်းကျင်သည့်အဆင့်သို့ ရောက်လာပြီဖြစ်ရာ ကျွမ်းကျင်ဓားသမားလည်း စတင် ဖြစ်လာပြီ ဖြစ်သည်။သူ၏ ကျင့်ကြံခြင်းဖြစ်စဉ်သည် မြင့်မားစွာ တိုးတက်နေပြီး သူ့စိတ်စွမ်းအားထဲရှိ နတ်ဆိုးစွမ်းအားကိုလည်း အာရုံခံမိနေပြီ ဖြစ်သည်။
တစ်ရက်တွင် စုယီသည် သူ၏ဖုန်းကို ထုတ်ကာ ဧကရာဇ်စုဂိုဏ်း စကားပြောဝိုင်းထဲသို့ ဝင်လိုက်သည်။
ဧကရာဇ်စု: ဆယ်ရက်ထဲနဲ့ အသေးအဖွဲ အောင်မြင်မှုအဆင့်စီ ရောက်ခဲ့တဲ့ သေမျိုးကို ငါ မသေမျိုးကို သတ်နိုင်တဲ့ ဓားကျမ်းပေးခဲ့တယ်။သူ့စွမ်းရည်က ဘယ်လိုရှိမယ်ထင်လဲ?
ရှားထန်ယိ: ဆယ်ရက်? မဖြစ်နိုင်တာ!
ကျားနက်ဧကရာဇ်: တကယ်ကြီးလား?မသေမျိုးကို သတ်နိုင်တဲ့ နှလုံးသားဓားသိုင်းဆိုတာက ဓားဝိဇ္ဇာရဲ့ ကျော်ကြားတဲ့ လက္ခဏာရပ် တစ်ရပ်ဘဲဟာ!
သခင်ကြီးချီယန်: သေမျိုးတစ်ယောက်? ဧကရာဇ်စု ဘာလို့ သေမျိုးတစ်ယောက်ကို လေ့ကျင့်ပေးနေရတာလဲ?
ဝူချင်းယောင်: ဉာဏ်ကောင်းလိုက်တဲ့ နတ်ဆိုး, သူက တကယ် သေမျိုးလား?
စုယီသည် မက်ဆေ့ဂ်ျများကို ပြုံးကာ ဖတ်နေသည်။သူက ဉာဏ်ကြီးရှင် ဖြစ်ပုံရသည်!
စတင်ကျင့်ကြံကတည်းကပင် သူ၏စွမ်းရည်သည် ထူးကဲသည်ကို စုယီ ခံစားမိသည်။နဂါးစွမ်းအင် ဆေးပြားကြောင့်တင် မဟုတ်ပါ။သူ၏ဖုန်းကလည်း သူ့အပေါ် သက်ရောက်မှု ရှိတာလား?
စုယီသည် သူ့ကို ဉာဏ်ကြီးရှင်ဟု ခေါ်သည့် အခေါက် အရေအတွက်ကို မှတ်ကာ စတင် ကြွားဝါလေသည်။အသန်မာဆုံးဂိုဏ်းကို ဖန်တီးသည်တဲ့။ဧကရာဇ်စုဂိုဏ်းကို ပါဝင်ခွင့်ရတာကိုက သူတို့အတွက် ဂုဏ်ယူစရာတစ်ခုတဲ့!
ဧကရာဇ်စုဂိုဏ်းမှ အဖွဲ့ဝင်များက စိတ်လှုပ်ရှားစွာ ရေရွတ်သည်များက သူ့ကို ဂုဏ်ယူစေသည်။
စုယီကို သံသယမ၀င်ရခြင်း အကြောင်းရင်းမှာ သူဒေါသထွက်နေစဥ်က သူလုပ်ဆောင်ခဲ့သော ဖိအားသည် အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းပြီး မသေနိုင်သောမြေနတ်ဘုရား၏ ရိုးရှင်းမှုထက်ပင် ကျော်လွန်သွားခြင်းကြောင့်ဖြစ်သည်။
ခဏတာ ဂုဏ်ယူပြီးနောက် စုယီသည် ဓားသိုင်း ဆက်ကျင့်လေသည်။
သူသည် တတ်နိုင်သမျှ အမြန်ဆုံး မသေမျိုးကို သတ်နိုင်သည့် နှလုံးသားဓားကျမ်းတွင် ဆရာတစ်ဆူ ဖြစ်ချင်သည်။စိတ်ဖြင့်ပင် ဓားကိုထိန်းချုပ်ကာ ရန်သူအားလုံးကို ချေမှုန်းပစ်မည်!
သူသည် သခင်ကြီးချီယန် ပေးသည့် နတ်စွမ်းအင် ပေလိပ်ကိုလည်း ကြည့်သေးသည်။သို့သော် သူ တစ်ခုမှ နားမလည်ပါ။ပေလိပ်ကို ဖွင့်လိုက်သည့်အခါ အတွင်းတွင် စာတစ်လုံးသာ ပါသည်။
နှစ်ရက်ကြာပြီးနောက်
ချီလင် သဲကန္တာရ၏ မြောက်ဘက်စွန်းတွင် အမှောင်လိုင်းတသ်ခု ပေါ်လာကာ ကောင်းကင်နှင့် မြေကြီးကို ပိုင်းခြားထားသည်။
ချဲ့ကြည့်လိုက်သည့်အခါ မရေမတွက်နိုင်သော နတ်ဆိုး မကောင်းဆိုးဝါးများသည် ဖုန်များ တလိပ်လိပ်တက်လာသည်အထိ ရှေ့သို့ ချီတက်လာကြသည်။ မြေကြီးနှင့် တောင်များပါ လှုပ်ခါသွားလေသည်။စစ်တပ်ထဲတွင် ဆယ်မီတာရှည်သော နတ်ဆိုးဝံပုလွေများ၊ ကြီးမားသော အရွယ်ရှိ သတ္တဝါများနှင့် ဘီလူးမျိုးစုံ ပါဝင်သည်။အားလုံးသည် ဟိန်းဟောက်နေကြပြီး ရှီဝမ်မြို့သည် ထိတ်လန့်ဖွယ်ရာ အတိပင်။
“ဒီအသံက…”
“မိစ္ဆာတွေလာပြီ! မိစ္ဆာတွေ ဒီရောက်နေကြပြီ!”
“ကြောက်စရာ ကောင်းလိုက်တဲ့ အသံကြီး။ မကောင်းဆိုးဝါးလှိုင်းများလား?”
“အာ့အသံက မြို့ပြင်က လာတာ။ကမ္ဘာကြီးက ဘာတွေ ဖြစ်ကုန်ပြီလဲ?”
ဝီရိယရှိရှိ လေ့ကျင့်နေသော မြို့တွင်းရှိလူများ အားလုံးစည် ရုန်းရင်းဆန်ခတ် ဖြစ်သဖြင့် ထိတ်လန့်သွားကြသည်။မကြာသေးမီက ရှီဝမ်မြို့သည် လမ်းပေါ်တွင် လူအနည်းငယ်သာ ရှိသည့် မြို့အနှံ့ ကျင့်ကြံသူ ပေါများသည့် မြို့တော်တစ်ခု ဖြစ်ခဲ့သည်။
ငြိမ်းချမ်းရေး ရပြီဟု ထင်ခဲ့သော်လည်း ငြိမ်သက်မှုသည် အလျင်အမြန်ပင် ပျက်စီးသွားခဲ့သည်။
စစ်သားအများစုကို ရှီဝမ်မြို့၏ မြောက်ဘက်စွန်းတွင် နေရာချထားလေသည်။အများစုမှာ ရှီဝမ်မြို့၏ လုံခြုံရေးအတွက် မိမိကိုယ်တိုင် ဖွဲ့စည်းထားသည့် လက်နက်ကိုင်ရဲများနှင့် အရပ်ဘက်ရဲများသာ ဖြစ်သည်။သို့သော် ရှေ့တွင် နတ်ဆိုးသားရဲများ၏ ကြီးမားသောတပ်ကို မြင်လိုက်ရသည့်အခါ တုန်လှုပ်သွားကြကာ လက်နက်များကို လက်ထဲတွင် ကိုင်ဆောင်ထားကြသည်။
…