← Chapters

အနက်ရောင် အကြေးခွံဘုရင်၏ အကြပ်ကိုင်မှု

Vol. 2 Ch. 16

အနက်ရောင် အကြေးခွံဘုရင်၏ အကြပ်ကိုင်မှု

Vol. 2 Ch. 16

နတ်ဆိုးစစ်တပ်၏ အလယ်တွင် တောဝက်လေးကောင်ဖြင့် ဆွဲထားသည့် ကြီးမားသော ထမ်းစင်ကုလားထိုင်တစ်လုံးစီရှိပြီး တစ်ခုချင်းစီသည် ကားငယ်တစ်စီးနှင့် တူသည်။ထိုင်ခုံပေါ်တွင် ထိုင်နေသော အမျိုးသားတစ်ဦးသည် စပါးအုံးပုံစံအကွက်များဖြင့် တန်ဆာဆင်ထားသော အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။သူ၏ပါးပြင်တွင် အနက်ရောင် အကြေးခွံများ ရှိသည်။သူ၏ပုံစံသည် အေးစက်လှသည်။

“အရသာရှိလိုက်တဲ့ အနံ့တွေ”

အနက်ရောင်ဝတ်ရုံ ဝတ်ထားသော အမျိုးသားသည် သူ့ဘာသာ ရေရွတ်ရင်း သူ၏နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်သည်။

သူ့ခြေရင်းတွင် ဆံပင်အနီနှင့် ယုန်တစ်ကောင်သည် ဝပ်နေခဲ့သည်။သူသည် မျက်လုံးပြူးကြီးများဖြင့် စိုက်ကြည့်ကာ မေးလိုက်သည်။ “သခင်ကြီး, ကျွန်တော်တို့ သခင်ကြီးချီယန် စိတ်ဆိုးအောင် တကယ် လုပ်မလို့လား?”

“ဘာ သခင်ကြီးချီယန်လဲ?နတ်ဆိုးဘုရင်တွေထဲမှာ သူက အားပျော့တဲ့ကောင်ထဲက တစ်ကောင်ဘဲ။နောက်ခံကြောင့်သာ”

အနက်ရောင်ဝတ်ရုံ ဝတ်ထားသော သခင်ကြီးချီယန်ကို အသိအမှတ် မပြုဘဲ လှောင်ပြောင် ရယ်မောနေခဲ့သည်။

များမကြာမီတွင် နတ်ဆိုးစစ်တပ်သည် မိုးမျှော်တိုက်များဖြင့် သံမဏိသစ်တောကဲ့သို့ မြင့်မားသော ရှီဝမ်မြို့လယ်ခေါင်တွင် ရပ်တန့်သွားသည်။

မြို့အစွန်က လူတွေက မြင်လိုက်သည့်အခါ ကြောက်ရွံ့သွားကြသည်။သူတို့သည် ထွက်ပြေးချင်သော်လည်း တာဝန်သိစိတ်က ၎င်းတို့အား ထိုဆန္ဒကို ဖိနှိပ်ကာ ဆက်နေရန် တွန်းအားပေးခဲ့သည်။

“ငါက အနက်ရောင် အကြေးခွံဘုရင်ဘဲ။ဒီမြို့ရဲ့ သခင်က ဘယ်သူလဲ? ထွက်လာခဲ့!”

အနက်ရောင်ဝတ်ရုံနှင့် အမျိုးသား၏အသံသည် တစ်မြို့လုံး ပျံ့နှံ့သွားကာ မရေမတွက်နိုင်သော လူများကို အထိတ်တလန့် ဖြစ်စေခဲ့သည်။

နောက်ထပ် နတ်ဆိုးဘုရင်!

ကမ္ဘာပျက်ကပ်၏ ကြောက်လန့်စရာသည် နောက်တစ်ဖန် ပြန်လည် ကျရောက်လာခဲ့သည်။

“မင်းကို အမွှေးတိုင် တစ်ချောင်းစာ အချိန်ပေးမယ်။ထွက်ပြီး ငါနဲ့ မတွေ့ဘူးဆိုရင်တော့ တစ်မြို့လုံးကို သတ်ပစ်မယ်!”

အနက်ရောင် အကြေးခွံဘုရင်၏ အသံသည် နောက်တစ်ဖန် ထွက်ပေါ်လာခဲ့သည်။သူသည် ထူးခြားသည့်မြို့မှ လူများသည် သေမျိုးများဖြစ်မှန်း သိသည်။ထို့အတွက် မြို့ထဲက ထွက်လာရန် အချိန်လိုအပ်ကြောင်းလည်း သိသည်။

တောင်ထိပ်တစ်ခုပေါ်တွင်။

စုယီသည် မျက်မှောင်ကြုတ်ကာ မိုးကုတ်စက်ဝိုင်းကို စိုက်ကြည့်နေခဲ့သည်။

“အားကောင်းလိုက်တဲ့ နတ်ဆိုးချီ…သခင်ကြီး ချီယန်ထပ်တောင်မှ ပိုအားကောင်းသေးတယ်!”

အနက်ရောင် အကြေးခွံ ဘုရင်နှင့် နှိုင်းယှဉ်လျှင် ကြက်သွေးရောင် မြွေဘုရင်သည် လုံးဝမယှဥ်နိုင်လောက်အောင် အားနည်းသည်။စုယီတောင် အန္တရာယ်ကို အာရုံခံမိသည်။

ဝူး ဝူး ဝူး—

သိပ်မကြာခင်တွင် ရဟတ်ယာဉ်တစ်စီးသည် မြို့ထဲမှ ပျံတက်လာသည်။

ရှီဝမ်မြို့သည် မိစ္ဆာများ၏ တိုက်ခိုက်မှုကို မခံရသည်မှာ လဝက်နီးပါးပင် ကြာပြီဖြစ်သည်။ထို့ကြောင့် မြို့သားများသည်လည်း တစ်ဖန် ပြန်ပေါင်းစည်းကာ လျှပ်စစ်စွမ်းအားနှင့် ဆက်သွယ်ရေးများကို ပြန်လည် ထိန်းသိမ်းခဲ့သည်။သူတို့သည် ရှီဝမ်မြို့တွင်း၌သာ ဆက်သွယ်၍ ရလေသည်။

ရဟတ်ယာဉ်ထဲတွင် မြို့တော်ဝန် ထန်ချွမ်မင် ထိုင်နေလေသည်။သူ့ ကိုယ်ရံတော်လေးယောက်၏ မျက်နှာများကဲ့သို့ပင် သူ၏မျက်နှာသည် တင်းမာနေခဲ့သည်။

ထိုလဝက် ကုန်လွန်ပြီးနောက် လူများသည် သူတို့၏စကေးများကို စတင် လေ့ကျင့်ခဲ့ကြပြီး အရည်အချင်းကွာဟချက်များလည်း ထွက်ပေါ်လာသည်။လောရွှေဂိုဏ်းသည် ရှီဝမ်မြို့မှ နောက်လိုက်အဖွဲ့အသစ် နှစ်ဖွဲ့ ခေါ်ထားသော်လည်း အရေအတွက်မှာ မများလှပေ။အရည်အချင်းရှိသော ပုဂ္ဂိုလ်အများစုသည် မြို့ထဲတွင် ကျန်ရစ်ခဲ့ပြီး အားကောင်းသော ပုဂ္ဂိုလ်အချို့ ပေါ်ပေါက်လာသည်။

ထန်ချွမ်မင်၏ ကိုယ်ရံတော်လေးယောက်သည် အရည်အချင်းရှိသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။သူတို့၏ခွန်အားသည် သာမန်လူများထပ် ငါးဆ သာလွန်သည်။

သူတို့၏ခွန်အားကို ချက်ချင်း မြင့်တင်ပေးသည် မှော်ဆန်သော ခရမ်းရောင်သစ်သီးကို စားထယးသည့်အတွက် အရမ်းသန်မာကြခြင်း ဖြစ်သည်။

သူတို့တင်မက အခြားလူများစွာသည်လည်း ထို ရှားပါးသော သစ်သီး၏ အထူးစွမ်းရည်ကို အသုံးပြုထားကြသည်။သို့သော် လူတစ်ယောက်သည် ထိုသစ်သီးကြောင့် အဆိပ်သင့်ကာ သေဆုံးခဲ့သည်။ထိုမှစပြီး မြို့သားများသည် နောက်ထပ် အသုံးမပြုကြရဲတော့ပါ။

လေ့ကျင့်ခြင်းအပြင် မြို့သားများသည် ရွှမ်ယွမ်လူသားဇကရာဇ် ပြောသည့် ရတနာဆယ်ပါးကိုလည်း ရှာဖွေခဲ့ကြသည်။အတော်ကြာသည့်အခါ နဂါးဟိန်းဓားလို့ခေါ်သည့် ရတနာတစ်ပါးကို ရှာတွေ့ခဲ့သည်။ကျူးထျဲနန်အမည်ရှိ ကိုယ်ခံပညာ ဝါသနာရှင်တစ်ဦးမှ ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ထို နဂါးဟိန်းဓားကို လက်ထဲတွင် ကိုင်ဆောင်လိုက်သည့်အခါ သူ၏ တိုက်ခိုက်ရေး စွမ်းအားသည် မြင့်တက်လိုက်ပြီး လူဒါဇင်လောက်ကို အသာလေး တွန်းလှန်နိုင်လာသည်။

“မြို့တော်ဝန်၊ ကျွန်တော်တို့ နတ်ဆိုးတစ်ပိုင်းစီက အကူအညီ တောင်းသင့်လား?”

နောက်ဆုတ်မရသည့်အခါ ကိုယ်ရံတော်တစ်ဦးက ပြောလိုက်သည်။လောရွှေဂိုဏ်းသည် လွန်ခဲ့တဲ့နှစ်ရက်ကတည်းက ထွက်သွားရာ ရက်အနည်းငယ်အထိ ပြန်မလာခဲ့ပါ။သူတို့ဘာသာဆိုလျှင် အနက်ရောင် အကြေးခွံ မြွေဘုရင်ကို ခုခံနိုင်မည် မဟုတ်ပါ။

နတ်ဆိုးတစ်ပိုင်း!

ထန်ချွမ်မင်သည် မျက်မှောင်ကြုတ်သွားသည်။ဒဏ္ဍာရီတွင်လောက်သည့် နတ်ဆိုးတစ်ပိုင်း၏ အကြောင်းသည် ရှီဝမ်တစ်မြို့လုံး ပျံ့နေပြီဖြစ်သည်။နတ်ဆိုးဘုရင်ကို လက်သီးတစ်ချက်ထဲနဲ့ သတ်နိုင်တယ်ဆိုတာ တော်ရုံကြောက်စရာ ကောင်းတာမှ မဟုတ်ဘဲ။

“သူ ဘယ်မှာရှိလဲ မင်းသိလို့လား?သူက အနက်ရောင် အကြေးခွံဘုရင်နဲ့ ပူးပေါင်းကြံစည်တယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ?”

အခြား ကိုယ်ရံတော် တစ်ယောက်က ဖြစ်နိုင်ခြေတစ်ခုကို ထုတ်ပြောလိုက်ရာ အကုန် အသံတိတ်သွားသည်။

“အရင်ဆုံး အနက်ရောင် အကြေးခွံဘုရင်နဲ့ ညှိနှိုင်းကြည့်ရအောင်!”

ထန်ချွမ်မင်သည် စိုးရိမ်စွာ ပြောကာ ခေါင်းများပင် ကိုက်လာသည်။သူသည် တစ်မြို့လုံး၏ တာဝန်ကို ထမ်းပိုးထားရကာ ဆုံးဖြတ်ချက်များစွာသည်လည်း သူ့အပေါ်တွင် မူတည်သည့်အတွက် သူ့မှာ လေ့ကျင့်ချိန်မရှိခဲ့ပါ။

အနက်ရောင် အကြေးခွံဘုရင်သည် ရှီဝမ်တစ်မြို့လုံးကို သတ်လိုက်ပါက သူ၏ ဒုစရိုက်မှုသည် ပိုလို့ပင် ကြီးသွားပေမည်။

မကြာမီ ရဟတ်ယာဉ်သည် မြောက်ဘက်မြို့စွန်၏ ကွင်းပြင်‌ထဲသို့ စိုက်ရောက်လာသည်။

“ဒါက မှော်ရတနာတစ်ပါးလား?သူ့မှာ ဘာလို့ စိတ်ဝိဉာဉ် မရှိရတာလဲ?”

အနက်ရောင် အကြေးခွံဘုရင်သည် ရဟတ်ယာဉ်ကို ကြည့်ရင်း စူးစူးချင်စိတ် ပြင်းပြစွာ တစ်ဦးတည်း ရေရွတ်နေခဲ့သည်။သူ့ဘေးရှိ အနီရောင်ဆံပင်နှင့် ယုန်သည်လည်း စိတ်ဝင်စားစွာ ကြည့်နေသည်။

နတ်ဆိုးသားရဲများ၏ ကြီးမားသော စစ်တပ်ကို ငုံ့ကြည့်ကာ ထန်ချွမ်မင်နှင့် အခြားသူများသည် ကြက်သီးများထလာသည်။

“ငါက မြို့ရဲ့သခင်ဘဲ။မင်း ဘာလိုချင်လို့လဲ?”

ထန်ချွမ်မင်က ငုံ့ပြီး ကျယ်လောင်စွာ အော်ပြောလေသည်။

သောင်းချီသော မိစ္ဆာများသည် သူတို့၏ခေါင်းများကို မော့ကာ သူ့အား ကြည့်ကြသည်။သူတို့၏ ရက်စက်ကြမ်းကြုတ်သော အကြည့်များက သူ့ကို တစ်ကိုယ်လုံး တုန်လှုပ်သွားစေကာ နောက်မှ ထိန်းထားပေးမည့်သူသာမရှိလျှင် လဲကျသွားမည် ဖြစ်သည်။

အနက်ရောင် အကြေးခွံဘုရင်သည် သူ၏ တစ်ချက်လွှတ်အမိန့်ကို ပြောလိုက်သည်။ “နေ့တိုင်း ငါစားဖို့ လူအယောက်တစ်ရာ ပို့ပေးရမယ်။ဒါဆို မင်းတို့မြို့ကို ငါ မသတ်တော့ဘူး!”

ထိုစကားကို ကြားသည့်အခါ ထန်ချွမ်မင်၏ မျက်နှာသည် အလွန်အမင်း ပြောင်းလဲသွားသည်။

မြို့စွန်ရှိ စစ်သားများတောင် ဒေါသထွက်လာကြသည်။အနက်ရောင် အကြေးခွံ ဘုရင်က သူတို့ကို ကျွန်ပြုချင်နေတာလား?”

အနက်ရောင် အကြေးခွံ ဘုရင်သည် မြို့သူမြို့သားတိုင်းက သူ့အသံကို ကြားနိုင်စေရန် တမင်တကာ ကျယ်လောင်စွာ ပြောလေသည်။အကြောက်တရားသည် တစ်မြို့လုံးကို ဖုံးလွှမ်းသွားသည်။

လူနေအိမ် အဆောက်အအုံထဲတွင်။

နန်ရှောင်ပေါင်၊ကျန်းမန်ထင်နှင့် အခြားလူနှစ်ယောက်သည် ကြောက်လန့်နေကြသည်။

“ပြီးသွားပြီ…နောက်ထပ် နတ်ဆိုးဘုရင်က မြို့ကို လာတိုက်နေပြီ…”

ကျန်းမန်ထင်၏ဖခင်သည် စိတ်ပျက်အားငယ်စွာဖြင့် ခေါင်းကိုကိုင်ထားသည်။သူ၏ ကျင့်ကြံခြင်းစွမ်းရည်မှာ သူ့ဇနီးနှင့်သမီးထက်ပင် ညံ့ဖျင်းသောကြောင့် သူ၏စိတ်ခံစားမှုများ ပြင်းထန်စွာပြောင်းလဲကာ သူ့ကိုယ်သူ အခန်းထဲတွင် မကြာခဏ သော့ခတ်ထားလေ့ရှိသည်။

“အဆင်ပြေပါတယ်။အန္တရာယ်ကနေ လွတ်ကင်းပြီး ပြန်လုံခြုံမှာပါ”

နန်ရှောင်ပေါင်သည် နှစ်သိမ့်ပေးလိုက်သည်။သူမ၏ စိတ်ထဲတွင်တော့ စုယီ အန္တရာယ်ကင်းပါစေဟု ဆုတောင်းနေမိသည်။

တစ်ဖက်တွင်တော့ ထန်ချွမ်မင်သည် အကျပ်အတည်းထဲ ရောက်နေခဲ့သည်။

သူ ငြင်းလိုက်လျှင်လည်း ရှီဝမ်မြို့ အန္တရာယ်ရှိလာမည်။လက်ခံလိုက်လျှင်လည်း သူသည် ရာဇဝတ်ကောင်ဖြစ်ကာ ရှီဝမ်မြို့ကို အဖက်ဆယ်မရသည့် မြို့ပျက်တစ်ခုအသွင် ပြောင်းသလို ဖြစ်လိမ့်မည်။

“ဒါ ဘယ်လိုဖြစ်နိုင်…”

ထန်ချွမ်မင်သည် ဤအခိုက်အတန့်တွင် မြို့တော်ဝန် မဖြစ်ပါစေနဲ့ဟူ၍ စိတ်ပျက်လက်ပျက် တွေးမိလိုက်သည်။ထိုသို့ဆိုလျှင် သူသည် အကျပ်အတည်းထဲ ကျရောက်မည်မဟုတ်သလို ရာဇဝတ်ကောင် ဖြစ်စရာ အကြောင်းလည်း ရှိမည်မဟုတ်။

အနက်ရောင် အကြေးခွံဘုရင်၏ အသံသည် ဆက်လက် ပဲ့တင်ထပ်နေသည်။ “မင်းတို့ကို အသက်ရှင်ခွင့်ပေးနေတာ။ဒါက တစ်မြို့လုံး သေရမှာထပ်စာရင် ပိုမကောင်းဘူးလား!ငါ့အပြင် အခြား နတ်ဆိုးဘုရင်အများကြီးကလည်း ဒီလိုဘဲ မင်းတို့မြို့ကို မျက်စိကျနေကြတာ!”

သူ၏စကားလုံးများသည် လူတိုင်း၏ရင်ဘတ်ကို ချွန်ထက်သော ဓားဖြင့် ထိုးလိုက်သလိုပင်။

ရွှမ်ယွမ်လူသားဧကရာဇ်က သူတို့ကို နတ်ဆိုးတွေရဲ့နယ်မြေပေါ်မှာ ထားခဲ့တာလား?

“အနက်ရောင် အကြေးခွံဘုရင်၊မင်း နည်းနည်းများသွားပြီလို့ မထင်ဘူးလား?”

ထိုအချိန်တွင် သခင်ကြီးချီယန်၏ စကားသံသည် ဒေါသအပြည့်ဖြင့် ထွက်ပေါ်လာခဲ့သည်။ဤသည်မှာ သူ့နယ်မြေဖြစ်သည်။

ဝုရှ်—

သခင်ကြီးချီယန်သည် နတ်ဆိုးတိမ်တိုက်ကို စီးကာ တောင်တွေကြားမှ ထွက်ပေါ်လာခဲ့သည်။သူ၏ဝတ်ရုံသည် လေထဲတွင် တဖျပ်ဖျပ် လွင့်နေခဲ့သည်။သူသည် မြို့ပြင်သို့ လျင်မြန်စွာ ရောက်ရှိလာသည်။မိစ္ဆာသားရဲများ၏ ကြီးမားသောတပ်ကြီးကို ငုံ့ကြည့်ကာ သူသည် တုန်လှုပ်သွားသည်။

“အင်အားအများကြီး ယူလာတာဘဲ..”

သခင်ကြီးချီယန်သည် မျက်မှောင်ကြုတိလိုက်သည်။သူ၏အမူအရာသည် တင်းမာနေသည်။

“ချီယန် တခြားသူကိစ္စမှာ ဝင်မပါနဲ့!”

အနက်ရောင် အကြေးခွံဘုရင်သည် အေးစက်စွာ ဟစ်အော်လိုက်သည်။သခင်ကြီးချီယန် ရောက်လာတာတောင် သူ၏သဘောထားကို ပြောင်းလဲမည့် ဆန္ဒ မရှိပေ။

နတ်ဆိုးဘုရင်နှစ်ယောက်ကြားက တင်းမာမှုသည် တစ်မြို့လုံးကို ‌စိတ်အိုက်စေသည်။

“ငါ့နောက်ခံက ဘယ်သူလဲဆိုတာ မင်းသိလား?”

သခင်ကြီးချီယန်သည် အံကြိတ်ထားသည်။ချီလင်တစ်နယ်လုံးမှ နတ်ဆိုးများ စုပေါင်းတိုက်လျှင်တောင် အနက်ရောင် အကြေးခွံ ဘုရင်အား နိုင်မည်မဟုတ်မှန်း သိသောကြောင့် ခြိမ်းခြောက်ရန်သာ ရှိတော့သည်။

ထိုအချိန်တွင် အနက်ရောင် အကြေးခွံဘုရင်သည် သူတို့နှစ်ဦးတည်းသာ ကြားနိုင်သည့် သတင်းစကားတစ်ခုကို သခင်ကြီးချီယန်ထံ ပို့လိုက်သည်။

သခင်ကြီးချီယန်၏မျက်နှာသည် ပျက်ယွင်းသွားပြီး လက်သီးကို တင်းတင်းဆုပ်ထားလေသည်။ထို့နောက် လက်လျှော့သည့် အမူအရာမျိုးဖြင့် အခြားတစ်ဖက်သို့ ပျံသန်းသွသည်။

ချီလင်နယ်မြေရဲ့ နတ်ဆိုးဘုရင်က ပြန်ဆုတ်သွားတယ်!

ထန်ချွမ်မင်၏ မျက်နှာသည် ပို၍ပင် တင်းမာ‌လာခဲ့သည်။

“မြို့သခင်၊ငါ မင်းကို အမွှေးတိုင် နှစ်တိုင်စာ အချိန်ပေးမယ်။ငါ့လက်အောက်မှာ ခိုလှုံမလား တစ်မြို့လုံးကို မြေမြှုပ်ပစ်မလား ဆုံးဖြတ်!”

အနက်ရောင် ‌အကြေးခွံ ဘုရင်၏ အသံသည် နောက်တစ်ဖန် ထွက်ပေါ်လာသည်။မြို့ထဲရှိ လူများသည် သူတို့၏ ကံကြမ္မာကို ထန်ချွမ်မင်၏ လက်တွင်းသို့သာ အပ်နှံလိုက်တော့သည်။

…

All Chapters