နတ်ဆိုးများကို သတ်ရန် ထွက်ပေါ်လာခြင်း
Vol. 2 Ch. 17
အမွှေးတိုင် နှစ်ချောင်းစာ!
ဘယ်ရွေးချယ်မှုကို လုပ်လုပ် ထန်ချွမ်မင်၏ နှလုံးသားသည် သူ့ဘဝ နောက်ဆုံးအချိန်ထိတိုင် အေးချမ်းနိုင်မည် မဟုတ်တော့။
ရဟတ်ယာဉ်ထဲရှိ အခြားလူများသည်လည်း တိတ်ဆိတ်နေကြသည်။
အနက်ရောင် အကြေးခွံဘုရင် သူ၏ဝေါယာဉ်ပေါ်တွင် စိတ်ရှည်စွာ ထိုင်စောင့်နေသည်။သောင်းချီသော နတ်ဆိုးတပ်သည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေရာ မြို့စွန်တစ်ခုလုံး မည်းသည်းနေသည်။
“မြို့တော်ဝန် မြို့သူမြို့သားတွေ အကုန်လုံးကို ဆုံးဖြတ်ချက် ချခိုင်းလိုက်ပါ!”
လေယာဉ်မှူးက ပြောလိုက်ခြင်း ဖြစ်သည်။မြို့တော်ဝန် တစ်ယောက်ထဲ ရှိသမျှ ဖိအားတွေ အကုန်လုံးကို မထမ်းပိုးစေချင်ပါ။
ထိုစကားကို ကြားသည့်အခါ ထန်ချွမ်မင်သည် သက်ပြင်းသာချနိုင်သည်။ “မြို့အနှံ့ အသံလွှင့်ချက်ကို ချိတ်ဆက်လိုက်”
ရှီဝမ်မြို့၏ ခရိုင်အသီးသီးတွင် အသံလွှင့်ဌာနများ တည်ထောင်ထားပြီး တစ်လခွဲအတွင်းမှာပင် ထုတ်လွှင့်မှုအားလုံးကို ပုံမှန်အတိုင်း ပြန်လည်ရရှိလာခဲ့သည်။ထို့ကြောင့်ပင် မြို့သူမြို့သားများကို လျင်မြန်စွာ စည်းလုံးနိုင်ခဲ့သည်။
သူ့ဘေးနားရှိ နားကြပ်တပ်ထားသော အမျိုးသားတစ်ဦးသည် ခေါင်းညိမ့်ကာ ခြေထောက်နားရှိ လုပ်ငန်းသုံးသေတ္တာတစ်ခုကို ထုတ်လိုက်သည်။ထိုသေတ္တာအတွင်းတွင် အီလက်ထရွန်းနစ် ဆားကစ်များဖြင့် ပြည့်နေပြီး သေတ္တာ၏အဖုံးတွင် တက်ဘလက် ကွန်ပြူတာတစ်ခု ရှိသည်။
သူသည် မြို့အနှံ့ အသံလွှင့်မှုကို စတင် ချိတ်ဆက်သည်။
ခဏအကြာ
ရှီဝမ်မြို့၏ ခရိုင်တစ်ခုစီရှိ အသံလွှင့်ရုံများတွင် ထန်ချွန်မင်၏ အသံနက်ကြီးသည် ကျယ်လောင်စွာ အသံထွက်ပေါ်လာသည်။ “မြို့သူမြို့သားတို့ ကျွန်ုပ် ထန်ချွမ်မင်ပါ။ကျွန်ုပ်မှာ လေးနက်တဲ့ ကြော်ငြာချက်တစ်ခြ ထုတ်ပြန်စရာ ရှိတယ်”
“အနက်ရောင် အကြေးခွံဘုရင်နှင့် သိန်းချီတဲ့မိစ္ဆာတွေက မြို့ပြင်မှာ စောင့်နေကြတယ်။ကျွန်ုပ်တို့ တိုက်လို့လည်းရသလို အရှုံးပေးလို့လည်း ရတယ်။ကျွန်ုပ်တို့သာ အရှုံးပေးမယ်ဆိုရင် သူ့အတွက် နေ့တိုင်း လူအယောက်တစ်ရာကို အစားအစာအနေနဲ့ ပို့ပေးရမှာ ဖြစ်တယ်”
“အနက်ရောင် အကြေးခွံဘုရင်ရဲ့ စစ်တပ်က အရမ်းအင်အားကြီးတယ်။ကျွန်ုပ်တို့က လေ့ကျင့်ပြီးသား ဖြစ်ပေမယ့်လည်း ဘယ်လိုမှ ယှဉ်လို့ရမှာ မဟုတ်ဘူး။
“တိုက်ခိုက်မလား၊ အရှုံးပေးမလားဆိုတာ မင်းတို့ကို ရွေးချယ်စေချင်တယ်။ဘယ်လိုပင် ဆုံးဖြတ်ပါစေ ဆုံးဖြတ်ချက်ကို လေးစားပြီး လိုက်နာမယ်။သေဖို့ တိုက်ခိုက်ရမယ်ဆိုရင်တောင် ငါ နောက်ဆုတ်မှာ မဟုတ်ဘူး!”
“ဆုံးဖြတ်ဖို့ ငါးမိနစ် အချိန်ရမယ်။ငါးမိနစ်ကြာရင် အရှုံးပေးချင်တယ် ဆိုတဲ့လူတွေက နီးစပ်ရာ အသံလွှင့်ရုံကို သွားပြီး ဆုံးဖြတ်ချက်ကို ကြော်ငြာပါ”
မြို့ထဲတွင် အကုန်လုံး တိတ်ဆိတ်နေသည်။
ထန်ချွမ်မင်၏အသံသည် ကြေကွဲဖွယ်ကောင်းလှရာ လူတိုင်းသည် ကြောက်လန့်ကာ စိတ်ပျက်အားငယ် ကုန်ကြသည်။
ရှီဝမ်မြို့ထဲရှိ လူနေအိမ် ငါးထပ်တိုက်တစ်ခု၏ ခေါင်မိုးပေါ်တွင် လူတစ်ယောက်သည် ကြမ်းပြင်ပေါ်တွင် ခြေတစ်ဖက်ကို ချိတ်ကာ ထိုင်နေသည်။သူ့ခြေထောက်ဘေးတွင် ကြေးဓားတစ်ချောင်း ရှိသည်။ထိုဓား၏ နောက်ကျောတွင် နဂါးပုံစံကို ရိုက်နှိပ်ထားသည်။ရွှမ်ယွမ်လူသားဧကရာဇ်မှ ချန်ထားခဲ့သည့် ရတနာဆယ်ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သည့် နဂါးဟိန်းဓားပင် ဖြစ်သည်။
ထိုလူသည် ကျူထျဲနန်မှတစ်ပါး အခြားသူ မဟုတ်နိုင်!
ကျူထျဲနန်သည် သူ့မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်ပြီး ညစ်ညမ်းသောလေကို ရှူရှိုက်ကာ မြို့၏မြောက်ဘက်သို့ လှမ်းကြည့်လိုက်သည်။ "နတ်ဆိုးစစ်တပ်က မြို့ကို တိုက်ခိုက်နေပြီ။ ကြီးစွာသော သုတ်သင်ရှင်းလင်းမှုက ရောက်လာပြီ”
သူ့အမြင်တွင် ရွှမ်ယွမ်လူသားဧကရာဇ်က သူတို့ကို ဒီနေရာ ပို့လိုက်ခြင်းမှာ မြို့ထဲရှိလူတိုင်းကို ရှေးဟောင်းတော လူမျိုးစု၏ ကယ်တင်ရှင်အဖြစ် ပြုလုပ်ရန်မဟုတ်ဟု ထင်သည်။
ကယ်တင်ရှင်များသည် လူနည်းစုမျှသာ ဖြစ်သည်။
ရွှမ်ယွမ်လူသားဧကရာဇ်၏ လုပ်ရပ်သည် သဲကန္တာရကို ဖြတ်လျှောက်ရသလိုပင်။
အသက်ရှင်ကျန်သည့် လူအနည်းစုသည်သာ ရွေးချယ်ခံများ ဖြစ်သည်။
သူသည် ဓားကို ကောက်ကာ မတ်တပ်ရပ်လိုက်သည်။အချိန်မရွေး ထွက်ခွာရန် အဆင်သင့် ဖြစ်နေခဲ့သည်။
သို့ရာတွင် သူသည် ခဏတော့ ထပ်စောင့်ချင်သေးသည်။စစ်ပွဲစတင်မှ ထွက်ခွာခြင်းသည် ပို၍ ကောင်းမည် ထင်သည်။
အံ့ဖွယ်တစ်ခုခု ဖြစ်ခဲ့မယ်ဆိုရင်ရော?
အခြားတစ်ဖက်တွင်
ကျန်းမန်ထင်နှင့် သူမ၏မိသားစုသည် ထိတ်လန့်တကြား ဖြစ်နေကာ နန်ရှောင်ပေါင်သည်လည်း ဧည့်ခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေခဲ့သည်။
ယခုအခြေအနေသည် တံတားဖြူတက္ကသိုလ်တုန်းကနှင့် တစ်ပုံစံတည်း ဖြစ်သည်။သို့သော် ကြက်သွေးရောင် မြွေဘုရင်နှင့် နှိုင်းယှဉ်လျှင် အနက်ရောင် အကြေးခွံဘုရင်က ပို၍ သန်မာသည်။တစ်မြို့လုံး အကျပ်အတည်းထဲ ရောက်နေကြရသည်။
“ထွက်ပြေးဖို့ ပြင်ဆင်ကြ။အရှုံးပေးမယ်ဆိုရင်တောင် ငါတို့ ကြာကြာ အသက်ရှင်နိုင်မှာမဟုတ်ဘူး”ကျန်းမန်ထင်က တုန်ရင်စွာ ပြောလိုက်သည်။
တစ်နေ့မှာ လူတစ်ရာ သေရမယ်ဆိုရင် တစ်လဆိုပါလျှင် လူအယောက် သုံးထောင်။ထိုအရာသည် အနည်းဆုံး အခြေအနေသာ ဖြစ်သည်။အကယ်၍ အနက်ရောင် အကြေးခွံဘုရင်ကသာ ကောက်ကျစ်ခဲ့မည်ဆိုလျှင်။
“ထွက်ပြေးမယ်…ဘယ်ကိုလဲ?မြို့ပြင်မှာ မိစ္ဆာတွေ ဝိုင်းနေတာလေ…”
ကျန်းမန်ထင်၏ဖခင်သည် ဆိုဖာပေါ်တွင် စိတ်ပျက်လက်ပျက် ထိုင်ချလိုက်လေသည်။သူ၏မျက်နှာသည် လုံးဝရှုံးနိမ့်ကာ လဲပြိုနေသည့် လူတစ်ယောက်ကဲ့သို့ပင်။
နန်ရှောင်ပေါင်သည် ဘာမျှ ဝင်မပြောပါ။သူမသည် စုယီအတွက်သာ စိတ်ပူနေခဲ့သည်။နတ်ဆိုးစစ်တပ်က အပြင်မှာ ဝန်းရံထားရာ စုယီသာ သူတို့နှင့် တွေ့ခဲ့လျှင် ပြသာနာတက်ပေလိမ့်မည်။
စုယီသည် သန်မာသော်လည်း မိစ္ဆာပေါင်း သိန်းချီကိုတောင် ခုခံနိုင်ပါ့မလား?
ပြီးတော့ သခင်ကြီးချီယန်ထပ်တောင် သန်မာတဲ့ အနက်ရောင် အကြေးခွံဘုရင်လည်း ရှိသေးတယ်။
အချိန်က တရွေ့ရွေ့ ကုန်လာလေပြီ။
ဖိအားများနှင့် စိတ်ပျက်အားငယ်မှုများသည် ရှီဝမ်မြို့တစ်ခွင်တွင် ပျံ့နှံ့သွားပြီး လမ်းများပေါ်တွင်ပင် လူသွားလူလာ အနည်းငယ်သာ ရှိတော့သည်။
မြို့၏မြောက်ဘက်ရှိ စစ်သားများသည် ချွေးစေးများပြန်ကာ သူတို့၏သေနတ်များကို စိုးရိမ်တကြီး ဆုပ်ကိုင်ထားသည်။သူတို့သည် နတ်တိုးစစ်တပ်က ရုတ်တရက် တိုက်ခိုက်လာမည်ကို စိုးသဖြင့် ရှေ့တူရှုသို့ သေချာ အာရုံစိုက်ကာ ကြည့်နေခဲ့သည်။
ရဟာတ်ယာဉ်သည်လည်း မြို့ပြင်တွင် ဆင်းသက်လာခဲ့ပြီ။ထန်ချွမ်မင်သည် သိန်းချီသော နတ်တိုးစစ်တပ်၏ရှေ့တွင် ရပ်လိုက်သည်။သူ့ပုံစံသည် အားနည်းသည်ဟု ထင်ရသော်လည်း ပြတ်သားသည်။သန်မာသည်။သိန်းချီသော နတ်ဆိုးစစ်တပ်ကြားတွင် ဖြတ်လျှောက်ရဲသည့် တစ်ဦးတည်းသောလူ ဖြစ်သည်။
တချို့လူများသည် အားနည်းသော်ငြား သူတို့၏ စိတ်ဝိဉာဉ်ကတော့ မြင့်မားသည်!
“ခန့်မှန်းကြည့်။ဒီသေမျိုးတွေ အရှုံးပေးလောက်လား?”
အနက်ရောင် အကြေးခွံဘုရင်ကြီးသည် မေးထောက်ရင်း သမ်းဝေလျှက် ပေါ့ပေါ့တန်တန် မေးလိုက်သည်။
သူ့ခြေရင်းရှိ ဆံပင်အနီနှင့်ယုန်သည် ကျေနပ်စွာ ပြောသည်။ “သေချာပေါက် အရှုံးပေးမှာပေါ့။အဖွဲ့လိုက် ရှင်သန်ဖို့အတွက် သူတို့မျိုးနွယ် အနည်းစုကို စတေးတတ်တာ လူ့သဘာဝဘဲဟာ။ဒါ သူတို့အတွက် လွယ်ကူတဲ့ ရွေးချယ်မှုပါဘဲ”
အနက်ရောင် အကြေးခွံဘုရင်သည် ပြုံးလိုက်သည်။ထိုအပြုံးသည် အေးစက်ကာ အလွန်ကြောက်စရာ ကောင်းသည်။
ထိုအချိန်တွင် မြို့၏မြောက်ဘက် ဟိုင်းဝေးလမ်းပေါ်တွင် ပုံရိပ်တစ်ခု ပေါ်လာသည်။
သူသည် အဖြူရောင်ရှပ်အင်္ကျီနှင့် အနက်ရောင်ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားကာ ဓားတစ်ချောင်းကို ကိုင်ဆောင်ထားသည်။မြန်လည်းမမြန် နှေးလည်းမနှေးဘဲ ပုံမှန်ပင် လျှောက်လာခဲ့သည်။
၎င်းသည် စုယီပင် ဖြစ်သည်။
သူ့မျက်နှာသည် တည်ငြိမ်နေသည်။သူ့မျက်လုံးများသည် ရှေ့ကိုသာ ကြည့်နေခဲ့သည်။သူ၏ညာဘက်လက်ထဲတွင် ကျူးဝူဓားကို တင်းကြပ်စွာ ကိုင်ထားသည်။
သူ့တွင် နဂါးအကောင်တစ်ရာ၏ စွမ်းအား ရှိသော်ငြား သူသည် သေမျိုးသာ ဖြစ်သည်။
သူသည် စိုးရိမ်သလို ကြောက်လည်း ကြောက်သည်။
သို့သော် ရှီဝမ်မြို့သည် ယခုလို အကြပ်အတည်းနှင့် ရင်ဆိုင်နေရသဖြင့် သူဝင်ပါဖို့ လိုအပ်သည်ဟု ထင်သည်။
အမြဲလိုလို သူသည် သူ့အတွက်သာ တွေးခဲ့သည်။သို့သော် ယနေ့တွင်တော့ သူတစ်ယောက်ထဲ၏ သေခြင်း ရှင်ခြင်း မဟုတ်တော့ပေ။
ရှင်သန်ခြင်းပြိုင်ပွဲ!
ရှီဝမ်မြို့၏လူများသည် ရှေးဟောင်းတောထဲတွင် ပြိုင်ပွဲဝင်နေကြရသည်။ကမ္ဘာပေါ်က လာသည်မှာ သူတို့သာ ရှိသည်။
“တိုက်ရမယ်။ တိုက်ရမယ်။ငါသာ ရှောင်ပြေးလိုက်ခဲ့မယ်ဆိုရင် ဒီဘဝမှာ ငါဟာ အသက်ရှင်ဖို့ မတန်တော့ဘူး!”
“ယောကျာ်းဆိုတာ အနည်းဆုံး တစ်ကြိမ်တော့ ရူးသွပ်ရတယ်ကွ!”
“ယောကျာ်းတစ်ယောက်က သူ့နှလုံးသားထဲမှာ ဘာ နောင်တတရားမှ မရှိဘဲ ရှင်သန်သင့်တယ်!”
စုယီသည် ကျူးဝူဓားနှင့် သူ့ကိုယ်သူ နှစ်သိမ့်ပေးရင်း တစ်ယောက်တည်း ရေရွတ်နေခဲ့သည်။နေရောင်ခြည်ထဲတွင် ရွှေရောင်အလင်းတန်းတစ်ခု ပေါ်လာပြီး သူ၏ လက်ဖဝါးထဲသို့ ထူးခြားသော စွမ်းအင်တစ်ခု စီးဝင်သွားသည်။
သူ့စိတ်ဝိဉာဉ်အတွင်းထဲထိ လှိုက်လှိုက်လဲလဲ ဂုဏ်ယူနေခဲ့သည်။
အကြောက်တရားတွေ အားလုံး လွင့်စင်သွားသည်။
မကြာမီ သူသည် ရှီဝမ်မြို့ပြင်သို့ ရောက်လာခဲ့သည်။မြို့စွန်က စစ်သားများသည် သူ့ကို မှတ်မိကြသည်။သက်လတ်ပိုင်း အမျိုးသားတစ်ဦးက အလျင်အမြန် လှမ်းအော်လိုက်သည်။ “သားလေး! ဒီ ပြန်လာခဲ့! သေချင်လို့လား?”
သက်လတ်ပိုင်းအရွယ် အမျိုးသား၏ သားဖြစ်သူသည် စုယီနှင့် ရွယ်တူပင် ဖြစ်သည်။သူ၏မျက်လုံးထဲတွင် စုယီသည် ကလေးသာ ရှိသေးသဖြင့် သူ့ကို အသေခံပြီး မတိုက်စေချင်ပါ။
သို့သော် စုယီသည် သူ့ကို လစ်လျူရှုကာ ဆက်လျှောက်လေသည်။
“သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ?”
“သူ ဓားကိုင်ထားတာလား?ဖြစ်နိုင်တာက…”
“သူ ရူးသွားပြီလား?သူ တကယ်ကြီး နတ်ဆိုးစစ်တပ်ကို စိန်ခေါ်ချင်နေတာဘဲ!”
“အာ၊ လူငယ်တွေမှာ သူတို့ရဲ့ တက်ကြွမှုဆိုတာ ရှိတယ်”
“အပြောတွေကို မယုံဘူး။ သူတို့နဲ့အတူတူ ငါလည်း ထွက်တိုက်မယ်!”
စုယီ ရှေ့ဆက်လျှောက်သွားသည်ကို ကြည့်ကာ စစ်သားများသည် စိတ်ဓာတ် အားမာန်များ အရိုးထဲထိ ပျံ့နှံ့သွားခဲ့သည်။
ကြောက်လန့်ပြီး အသက်ရှင်ရတာထပ် တိုက်ပွဲဝင်ပြီး သေသွားတာကမှ ပိုမြတ်တယ်!
ထို့နောက် တစ်ယောက်ပြီးတစ်ယောက် စစ်သားများသည် သူတို့၏ သေနတ်များကို ကိုင်ကာ စုယီ၏နောက်သို့ လိုက်လာခဲ့သည်။
ရဟတ်ယာဉ်ထဲရှိ လူများသည်လည်း သူတို့ရောက်လာတာကို သတိထားမိသွားသည်။
“အာ့တာ ဘယ်သူလဲ?”
စုယီ၏ နုပျိုပြီး သိမ်မွေ့သော မျက်နှာသည် အပြစ်ကင်းသော အငွေ့အသက်ကို ပေးစွမ်းသောကြောင့် သက်တော်စောင့်တစ်ဦးက အံ့အားသင့်စွာ မေးလိုက်သည်။မြို့၏ ဆိုးရွားလှသော အကျပ်အတည်းတွင် သူ ရှေ့ထွက်လာပေးသည့်အတွက်လည်း ခံစားသွားရသည်။
ထန်ချွမ်မင်သည်လည်း သူ့နောက်ရှိ ပွက်လောရိုက်နေသည်များကို ကြားသဖြင့် လှည့်ကြည့်လိုက်သည်။
စုယီကို မြင်သည့်အခါ သူသည် ချက်ချင်းပင် စိုးရိမ်တကြီး အော်လေသည်။ “ဒီကို ထွက်ပြီး ဘာလာလုပ်တာလဲ ကလေး? နောက်ပြန်လှည့်!”
ထိုစကားကို ကြားသည့်အခါ စုယီသည် သူနှင့် မတူတော့ဘဲ နူးညံ့စွာ ပြောလေသည်။ “နတ်ဆိုးတွေကို သတ်ဖို့ ထွက်လာတာ!”
နတ်ဆိုးတွေကို သတ်ဖို့!
ထိုစကားနှစ်လုံးသည် သတ်ဖြတ်ချင်စိတ်များ ပြည့်နေရာ သိန်းချီသော နတ်ဆိုးများသည် တုန်လှုပ်သွားသည်။သူတို့သည် အလွန် ကြောက်လန့်ကာ ဒီရေအလား နောက်သို့ ပြန်ဆုတ်သွားသည်။မြေကြီးများပင် တုန်ခါလာခဲ့သည်။
ထန်ချွမ်မင်သည် စုယီ၏အကြည့်ကို သေထ
ချာကြည့်လိုက်သည်။ဒီလို စိတ်ဓာတ်ခိုင်မာတာမျိုး သူ ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးပါ။
စုယီ၏ခြေလှမ်းများကို ဘယ်အရာကမှ မတားဆီးနိုင်ပါ။
“အာ?ဒီ အရှိန်အဝါကြီးက…”
ဝေါယာဉ်ထဲရှိ အနက်ရောင် အကြေးခွံဘုရင်ကြီးသည် အံ့ဩစွာ ရေရွတ်လိုက်သည်။သူ၏မျက်နှာတွင် တွေးတောသည့် အရိပ်အယောင်များ ပေါ်လာသည်။
…