← Chapters

အံ့ဩဖွယ်ကောင်းသော ဒိုမီနီယမ် စွမ်းအား

Vol. 2 Ch. 18

အံ့ဩဖွယ်ကောင်းသော ဒိုမီနီယမ် စွမ်းအား

Vol. 2 Ch. 18

စုယီသည် ရပ်လိုက်ကာ ကျူးဝူဓားကို မြှောက်လိုက်သည်။သူ၏မျက်လုံးများကို မှိတ်ကာ အသံနက်ကြီးဖြင့် “အကုန် နောက်ဆုတ်ကြ!”ဟု အော်လိုက်သည်။

သူ့နောက် လိုက်လာသည့် စစ်သားများသည် ကြောင်သွားကြပြီး သူ့ကို အံ့အားသင့်စွာ ကြည့်နေကြသည်။သူတို့၏နားကို သူတို့ မယုံနိုင် ဖြစ်နေသည်။

စုယီသည် ထန်ချွမ်မင်နှင့် အခြားသူများကို ကြည့်ကာ “ခင်ဗျားလည်း အထဲဝင်နေ။ကျွန်တော့်အနား ဘယ်သူမှ မကပ်ကြနဲ့!”ဟု ပြောလိုက်သည်။

ထန်ချွမ်မင်နှင့် စစ်သားများသည် လေ့ကျင့်ပြီးသား ဖြစ်သော်ငြား သေမျိုးများသာ ဖြစ်သည်။စစ်ပွဲစတာနဲ့ တစ်ပြိုင်နက် နတ်ဆိုးစစ်တပ် တက်နင်းတာ ခံရလိမ့်မည်။

“ဘာ…ဘာကို ပြောချင်တာလဲ?”

စုယီကို ရူးသွားပြီဟု ထင်ကာ ထန်ချွမ်မင်၏ အသံသည် တုန်ရီနေသည်။

“ထွက်သွား!ဒီကနေ ထွက်သွား။သေချင်လို့လား?”

ရုတ်တရက် စုယီသည် ဒေါသ ပေါက်ကွဲကာ ရုပ်ဖျက်ထားသော သိုးငယ်လေးမှ ကြောက်မက်ဖွယ် ကျားကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ထန်ချွမ်မင်သည် တုန်လှုပ်သွားသည်။

ရဟတ်ယာဉ်ထဲရှိ များစွာသောလူများလည်း ထွက်လာကာ ကိုယ်ရံတော် လေးယောက်သည် ထန်ချွမ်မင်ကို ဆွဲခေါ်ပြီး မြို့သို့ပြန်ရန် ပြင်သည်။

“မြို့တော်ဝန်၊သူက အရမ်းသန်မာတယ်။ကျွန်တော်တို့ သူ့ကို ထပ်ပြီး ထိန်းချုပ်လို့ မရတော့ဘူး!”

လူငါးယောက်၏ ခွန်အားနှင့် စူးရှသည့်အာရုံခံစားမှုကို ပိုင်ဆိုင်သည့် ကိုယ်ရံတော် တစ်ယောက်က ပြောလိုက်သည်။ခု ဟိန်းလိုက်သည့် စုယီ၏ ဟိန်းဟောက်သံသည် သူ၏ သွေးများကို ဆူပွက်စေသည်။

စုယီသည် ရဟတ်ယာဉ်ပေါ်တွင် ခြေထောက်တင်လိုက်ပြီး အားပြင်းပြင်းဖြင့် ကန်လိုက်ရာ ရဟတ်ယာဉ်သည် ဘောလုံးတစ်လုံးလိုပင် လွင့်စင်သွားသည်။

ပေါက်ကွဲသံ ထွက်ပေါ်လာသည်!

ရဟတ်ယာဉ်သည် မီတာရာနှင့်ချီ လွင့်စင်သွားပြီး ကားပါကင်တစ်ခုဘေးရှိ မြက်ခင်းပြင်ပေါ်သို့ ကျသွားသည်။မြက်ပင်များနှင့် အကျိုးအပဲ့များ ထွက်ပေါ်လာသည်။

ထန်ချွမ်မင်နှင့် စစ်သားများသည် ဆွံ့အကုန်သည်။

ဘယ်လိုခွန်အားမျိုးပါလိမ့်?

သူ ခုထိ လူဟုတ်သေးရဲ့လား!

စစ်သားများသည် သဘောတူစွာဖြင့် မြို့ထဲသို့ ပြန်ဝင်သွားကြသည်။

ကိုယ်ရံတော်များသည် ထန်ချွမ်မင် အနားမှာ ရှောင်ဖယ်သွားကြသည်။စုယီ၏အပြုအမူကြောင့် ရှော့ခ်ရသွားကာ သူ့ကို မဟန့်တားဝံ့သလို မည်သည့်စကားမှလည်း မပြောရဲတော့ပါ။

“မင်းနာမည် ဘယ်လိုခေါ်လဲ?”

စိတ် ပြန်တည်ငြိမ်လာသည့်အခါ ထန်ချွမ်မင်သည် နောက်သို့ အမြန် ပြန်လှည့်ကာ စုယီကို အော်ပြောလိုက်သည်။

“ကျွန်တော့်နာမည် စုယီ။စုဟန် ဆိုတဲ့ ‘’စု’၊ အေးချမ်းခြင်းဆိုတဲ့ ‘ယီ’”

နောက်သို့ လှည့်မကြည့်ဘဲ စုယီက ပြောလိုက်သည်။တစ်ကိုယ်တော် သူရဲကောင်းအဖြစ် သူ၏နာမည်ကို ချန်ထားခဲ့ချင်သည်။

ဒါ့အပြင် ဒီစစ်ပွဲတွင် ယုံကြည်ချက်မရှိလျှင် သူ နိုင်လိမ့်မည် မဟုတ်ပါ။

ထိုသို့ တွေ့ပြီးနောက် စုယီသည် အသက်ကို ပြင်းပြင်းရှုလိုက်ပြီး ရှေ့သို့ ခြေဆယ်လှမ်း လှမ်းလိုက်သည်။

“ဂါး—”

ငါးမီတာလောက် မြင့်သော မြောက်ဝံတစ်ကောင်သည် စုယီကို ဟိန်းဟောက်လိုက်သည်။သူ၏အစွယ်များသည် ချွန်ထက်နေကာ ပါးစပ်မှလည်း တရှူးရှူး တရှဲရှဲဖြင့် လေများ မှုတ်ထုတ်နေသည်။ကြောက်လန့်ဖွယ်ပင်။

သောင်းချီသော မိစ္ဆာသားရဲများက စိုက်ကြည့်နေရာ ထန်ချွမ်မင်နှင့် အခြားလူများသည် ဘာမှ မတတ်နိုင်ဘဲ စုယီကို စိုးရိမ်နေရုံသာ တတ်နိုင်သည်။

သူ တကယ် လုပ်နိုင်ပါ့မလား?

“ဒါကို မှတ်ထားပါ။သူ သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ ရှီဝမ်မြို့ထဲက ဘယ်သူဘဲ ရှင်ကျန်ခဲ့ ရှင်ကျန်ခဲ့ သူ့ရဲ့စတေးမှုကို အမြဲ အမှတ်ရနေပါ!”

ထန်ချွမ်မင်သည် အသံထုတ်လွှင့်မှုအတွက် တာဝန်ရှိပြီး အသံလွှင့်စက်နှင့် တက်ဘလက်ကို သယ်ဆောင်ထားသည့် သူ့အနားရှိ အစေခံတစ်ဦးကို ပြောလိုက်သည်။

ထိုစကားကို ကြားသည့်အခါ ထိုအမျိုးသားသည် တက်ဘလက်ကို အမြန်ဖွင့်ကာ စုယီ၏နောက်ကျောမှ ကင်မရာကို ချိန်ထားလိုက်သည်။ထို့နောက် ဆုတ်နေစဉ်အတွင်း မြို့ရဲ့အင်တာနက်နှင့် အသံလွှင့်ချက်ကို ချိတ်ဆက်ရန် ပြင်သည်။

စစ်သားများသည် သူတို့၏ မူလနေရာသို့ ပြန်ရောက်သွားကာ စုယီကို စိုးရိမ်တကြီး ကြည့်နေကြသည်။သူတို့အားလုံး စုယီအတွက် ချွေးပြန်နေကြလေသည်။

စစ်သားတစ်ယောက်အနေနှင့် ကာကွယ်ဖို့ရန်အတွက် လူငယ်လေးတစ်ယောက်ကို မှီခိုရခြင်းက ရှက်စရာကောင်းကာ လိပ်ပြာမလုံ ဖြစ်ရသည်။သူတို့အားလုံးသည် သေသည်အထိ တိုက်ပွဲဝင်ဖို့ ပြင်ဆင်ထားပြီး ဖြစ်သည်။

စုယီ သေခဲ့လျှင် သူတို့သည် အသက်ရှင်ဖို့အတွက် ပုန်းနေမည် မဟုတ်ပါ!

“အားကောင်းလိုက်တဲ့ သွေးနဲ့ ချီဓာတ်ပါလား။မင်းက နတ်ဆိုးတစ်ပိုင်းလား?”

ထိုအချိန်တွင် အနက်ရောင် အကြေးခွံဘုရင်၏ ကြက်သီးထဖွယ် အသံကြီးသည် နတ်ဆိုးစစ်တပ်အတွင်းမှ လွင့်ပျံလာသည်။

စုယီက လေးနက်စွာ ပြောသည်။ “မင်း ငါတို့လူသားမျိုးနွယ်စုကို နှိမ်နင်းချင်ရင် ငါ့ကို အရင်ကျော်မှ ရမယ်!”

“ငါတို့လူသားမျိုးနွယ်စု?ဟာသဘဲ။ မင်းကိုယ်မင်း လူလို့များ ထင်နေလား?”

အနက်ရောင် အကြေးခွံဘုရင်သည် လှောင်ပြောင်လေသည်။ထို့နောက် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် သူ့အသံသည် ထွက်ပေါ်လာသည်။မင်းက ဒီလို ဖြစ်ချင်မှတော့ ငါကလည်း မင်းကို သေအောင် သတ်ပေးရမှာပေါ့!”

သောင်းချီသော မိစ္ဆာများသည် ချက်ချင်း ကြုံးဝါးကြလေသည်။သူတို့၏ ဟိန်းသံများသည် စုပေါင်းသွားပြီး မြို့ထဲရှိ လူတိုင်း ကြားလိုက်ကြသည်။

“သူလား…”

ကောင်းကင်တစ်နေရာတွင် သခင်ကြီးချီယန်သည် နတ်ဆိုးတိမ်တိုက်ပေါ်တွင် မတ်တပ်ရပ်ရင်း တိုက်ပွဲကို ငုံ့ကြည့်နေခဲ့သည်။သူသည် ဧကရာဇ်စု၏ ညွှန်ကြားချက်ကို သတိရသွားကာ လမ်းဆုံသို့ ရောက်သွားလေသည်။

သူ စုယီကို ကူညီသင့်လား?

ထိုစဉ် ထန်ချွမ်မင်သည် အသံလွှင့်နေသည့် လူအနားသို့ ရောက်လာကာ မိုက်ကရိုဖုန်းကို ကောက်ကိုင်ပြီး လေးနက်စွာ ကြော်ငြာလေသည်။ “ရှီဝမ်မြို့သူမြို့သားများ နားထောင်ကြ!ရဲရင့်တဲ့ သူရဲကောင်းတစ်ဦးက ငါတို့အတွက် တိုက်ပွဲဝင်ဖို့ ထွက်ပေါ်လာခဲ့တယ်!မင်းတို့အားလုံး ဖုန်းတွေထုတ်ပြီး ရှီဝမ်အင်တာနက်ကို ချိတ်ဆက်ပြီး ဒီသူရဲကောင်းအတွက် အားလုံး ဆုတောင်းပေးကြပါ!”

သူ၏အသံသည် အသံလွှင့်ရုံများမှတစ်ဆင့် တစ်မြို့လုံးသို့ ပျံ့နှံ့သွားပြီး မြို့သားများအားလုံး ကြောင်အသွားကာ သူတို့၏ဖုန်းများကို ကပျာကယာ ထုတ်လိုက်သည်။

နန်ရှောင်ပေါင်၊ ကျန်းမန်ထင်၊ ကျူထျဲနင်၊ လီဖေးနှင့် အခုားသူများလည်း ထိုနည်းတူပင်။ရှီဝမ်အင်တာနက်ကို ချိတ်ဆက်လိုက်သည်နှင့် တစ်ပြိုင်နက် သူတို့သည် ‌သိန်းချီသေည နတ်ဆိုးတပ်၏ ရှေ့တွင် မားမားမတ်မတ်ရပ်နေသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ကြသည်။နားကန်းလောက်စရာ ဟိန်းဟောက်သံများ အကြားတွင် ကြေးဓားတစ်လက်ကို ကိုင်ဆောင်ကာ ရပ်နေလေသည်။

သူ၏ပုံစံသည် တိကျ ပြတ်သားသည်!

ထိုက်တောင်၏ပြိုကျမှုကို တည်တည်ငြိမ်ငြိမ် ပုံဖော်ထားသည့် အသေးစားပုံရိပ်လေးကဲ့သို့ပင်။

“စုယီ!”

နန်ရှောင်ပေါင်သည် ရေရွတ်ရင်း သူမ၏ပါးစပ်ကို အလျင်အမြန် အုပ်လိုက်ရသည်။သူမ၏ ပါးပြင်ထပ်တွင် မျက်ရည်များ တသွင်သွင် စီးကျလာသည်။ကြေကွဲစရာအတိ။

ကျန်းမန်ထင်နှင့် သူမ၏မိခင်သည်လည်း စိုးထိတ်နေသည်။စာရင်းမဝင်သည့် သူမ၏ဖခင်တောင် ကြည့်ဖို့ရန် ရောက်လာခဲ့သည်။

“သူ့နာမည်ကို မှတ်ထားပါ။သူ့နာမည်က စုယီ။စုဟန်က ‘စု’ ၊ ငြိမ်းချမ်းခြင်းရဲ့‘ယီ’။သူက ငါတို့ရဲ့ သူရဲကောင်းဘဲ!”

ထန်ချွမ်မင်၏ အသံသည် နှမျောတသမှုများ အပြည့်ဖြင့် မိစ္ဆာများ၏ အဆက်မပြတ် ဟိန်းသံကြားမှ ထွက်ပေါ်လာလေသည်။သူတို့၏ ကံကြမ္မာနှင့် ဆက်နွယ်နေသော ကြေကွဲဖွယ်ဖြစ်ရပ်ကို လူသားတိုင်းအား နှိုးဆော်ပေးလေသည်။

“ရွံစရာ မိစ္ဆာတွေ! လာလိုက်စမ်းပါ!”

စုယီသည် ကျူးဝူဓားကို တင်းကြပ်စွာ ဆုပ်ကိုင်ရင်း ဒေါသတကြီး ဟစ်အော်လိုက်ရာ သူ့လည်ပင်းရှိ နီမြန်းသော သွေးကြောများပင် ထောင်တက်လာခဲ့သည်။သူ့ မူလပုံစံနှင့် မတူဘဲ ပြင်းထန်နေခဲ့သည်။

ယခုအခါ နဂါးတစ်ရာ၏ခွန်အားကို ပိုင်ဆိုင်ထားရာ သူ၏ ဟိန်း‌သံသည် မိစ္ဆာသားရဲအားလုံး၏ဟိန်းသံထပ်ပင် ကျော်လွန်သွားခဲ့သည်။

ရှီဝမ်မြို့ထဲတွင်မူ အားလုံးသည် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေကြကာ ကြက်သီးများပင် ထကုန်ကြလေသည်။

ဒိုမီနီယမ်စွမ်းအား!

အံ့ချီးလောက်တဲ့ ဒိုမီနီယမ်!

“သတ်လိုက်!”

အနက်ရောင် အကြေးခွံဘုရင်က ညင်သာစွာ ပြောသည်။သူ့အသံက အေးစက်သောလေကဲ့သို့ပင် စစ်မြေပြင်တစ်လျှောက် ပဲ့တင်ထပ်နေသည်။

ဘုန်း—

ထောင်ချီသော မိစ္ဆာများသည် အရှင်လတ်လတ် နင်းသတ်ရန် ကြံကာ စုယီစီသို့ အရှိန်အဟုန်ဖြင့် ပြေးတက်လာကြသည်။

ကင်မရာသည် နတ်ဆိုးစစ်တပ်ကို တိုက်ရိုက် ချိန်ထားလေသည်။ဤမြင်ကွင်းသည် ခေတ်ပြိုင်သိပ္ပံရုပ်ရှင်များထက် ပို၍ ထိတ်လန့်စရာကောင်းသည်။မရေမတွက်နိုင်သော ယောက်ျားများသည် ကြောက်လန့်မှုကြောင့် ကြောင်အမ်းသွားကြသည်။အမျိုးသမီးများကမူ မကြည့်ရဲသဖြင့် မျက်လုံးကာသူကာ မျက်နှာ အုပ်သူအုပ်ကြသည်။

မကြုံစဖူး အကျပ်အတည်းကို ရင်ဆိုင်ရင်း စုယီက ပြုံးလိုက်သည်။

ဟမ်—

ကျူးဝူဓားသည် ပြင်းထန်စွာ တုန်ခါသွားကာ စုယီသည် သူ၏ ကြွက်သားများကို တောင့်ထားလိုက်သည်။မိစ္ဆာများ ပြေးဝင်လယသည့် အရှိန်ကြောင့် လေသည် စုယီ၏ အင်္ကျီကို တင်းကြပ်စေကာ ကြွက်သားလိုင်းများကို ပိုထင်းစေသည်။

“လာစမ်းပါ! လာစမ်း! လာလိုက်စမ်း!”

စုယီက နူးညံ့စွာ ရယ်မောလိုက်သည်။သူ၏မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နေသည်။

သူ့ဓားစွမ်းရည်ကို လေ့ကျင့်ဖို့ ပြည့်စုံတဲ့ အခွင့်အရေးဘဲ!

ထိုအတွေးဖြင့် သူသည် ရုတ်တရက် သူ၏ ဘယ်ဘက်လက်သီးကို မြှောက်လိုက်သည်။အချိန်တွေက အရမ်းနှေးသည်ဟု ထင်ရသည်။ရှေ့ဆုံးမှ နတ်ဆိုး ဝံပုလွေတစ်ကောင်သည် သူနှင့် သုံးမီတာလောက်သာ ကွာသည်။သူ့လက်သီးဖြင့် ချေမှုန်းရန် လုံလောက်သော အကွာအဝေးပင်။

“ဘုန်း—”

စုယီ၏ ဘယ်ဘက် လက်သီးသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ကျလာကာ မြေကြီးသည် ချက်ချင်းပင် ကွဲအက်သွားသည်။နဂါးအကောင်တစ်ရာ၏ စွမ်းအားသည် ထွက်ပေါ်လာခဲ့ပြီး နဂါးဟိန်းသံသည် မသိမသာ ပဲ့တင်ထပ်သွားသည်။

တစ်ကီလိုမီတာ အချင်းဝက်အတွင်း မြေပြင်သည် ပေါက်ကွဲပြီး မရေမတွက်နိုင်သော ကျောက်တုံးများနှင့် မြေဆီလွှာများ လွင့်စင်သွားသည်။ထောင်ချီသော နတ်ဆိုးများသည် ထိုအပျက်အစီးများနှင့်အတူ လွင့်စင်သွားကာ အချို့ဆိုလျှင် မီတာရာနှင့်ချီသည့် အမြင့်သို့ပင် ရောက်သွားသည်။မြေကြီးများ လှပ်တစ်ပြက် ရေလွှမ်းသလို ဖြစ်သွားသော မြင်ကွင်းသည် အလွန် ခမ်းနားလှကာ ကြည့်လိုက်မိသူတိုင်း တုန်လှုပ်သွားစေသည်။

ဘာစွမ်းအားလဲ?

ဒါက ဒိုမီနီယမ်အားဘဲ!

မြို့စွန်တွင်မူ ထန်ချွမ်မင် ဦးဆောင်သည့် ရာနှင့်ချီသော လူများသည် လုံးဝကို အံ့အားသင့်သွားသည်။

ထိုအချိန်တွင် သူတို့သာမက ရှီဝမ်တစ်မြို့လုံးရှိ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်သည့်သူတိုင်း နတ်ဘုရားတစ်ပါးကို မြင်သည့်အလား အံ့ဩတကြီး ဖြစ်ကုန်သည်!

…

All Chapters