ရန်သူ ဆယ်သန်းရှိလျှင်တောင် ငါ ရှေ့ဆက်တိုက်မည်။
Vol. 2 Ch. 19
“အာ!”
နန်ရှောင်ပေါင်သည် စိတ်လှုပ်ရှုားစွာ ရေရွတ်လိုက်သည်။စုယီ၏ တိုက်ပွဲသည် သူမကို စိတ်လှုပ်ရှားစေသလို စိတ်လည်းပူစေသည်။
နန်ရှောင်ပေါင် ပြောတာကို နောက်ဆုံးတော့ ကျန်းမန်ထင် နားလည်သွားသည်။
စုယီသည် တကယ်ကို ထူးခြားသာလွန်ပေသည်!
သူမ၏ မိဘများသည်လည်း မျက်လုံးပြူးနေကြသည်။နူးညံ့အေးဆေးသည်ဟု ထင်ရသော စုယီသည် ခုလောက်ထိ ရက်စက်ကြမ်းတမ်းနိုင်တာကို မယုံနိုင် ဖြစ်နေကြသည်။
ဝေးကွာသော အခြားခရိုင်တစ်ခုတွင် ရောက်နေသည့် ကျူးထျဲနင်သည် ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။သူ၏လက်ထဲရှိ နဂါးဟိန်းဓားသည် မရပ်မနား တုန်ခါနေသည်။
နတ်ဆိုးတစ်ပိုင်း၏ လုပ်ဆောင်ချက်များကို အရင်က ကြားခဲ့ဖူးသော်ငြား ထိုနတ်ဆိုးတစ်ပိုင်းသည် ယခုလောက်ထိ စွမ်းအားကြီးမယ် ဟူ၍တော့ မမျှော်လင့်ထားမိ။နောက်ပြီး ရှီဝမ်မြို့က လူတဲ့!
စာယီ၏ အသွင်အပြင်အရ သူသည် လူသားတစ်ယောက် ဖြစ်မှန်း ထင်ရှားသည်။
“ဒါ ခုထိ လူသားတစ်ယောက်ရဲ့အားလား…?”
သူသည် သူ့ကိုယ်သူ ရှီဝမ်မြို့တွင် စွမ်းအားအကြီးဆုံးသူဟု ထင်ခဲ့သည်။သို့ရာတွင် စုယီနှင့် ယှဉ်လျှင် သူသည် အလွယ်တကူ ရှုံးနိမ့်ပေလိမ့်မည်။
သူတင်မကပါ တံတားဖြူတက္ကသိုလ်ဝင်းထဲတွင် စုယီကို သိသည့် လူတိုင်း ရင်သပ်ရှုမောမဆုံး ဖြစ်နေကြသည်။
စုယီကို နှိမ်ခဲ့ဖူးသည့် အကြံပေးလီဖေးသည် စိတ်လှုပ်ရှားစွာ၊ကြောက်ရွံ့စွာ မြေပြင်ပေါ်တွင် ဒူးထောက်ချလိုက်သည်။ကံကောင်းသည်မှာ အတိတ်ကို ချန်ထားခဲ့ခြင်းပင်။မဟုတ်လျှင် စုယီက သူ့အား လက်ညှိုးလေးဖြင့်ပင် သတ်နိုင်သည်။
စာယီက သူ့အား လက်ခလယ် ထောင်ပြသည့်နေ့ကို မှတ်မိပါသေးသည်။ရွှမ်ယွမ်လူသားဧကရာဇ်က သူ့ကို အချိန်မှီ သတိဝင်အောင် လုပ်ပေးခဲ့သည့်အတွက် စိတ်သက်သာရာရသလို ကျေးဇူးလည်းတင်မိသည်။
မြို့ပြင်တွင်မူ
ဘုန်း ဘုန်း ဘုန်း—
ဖုန်လုံးများ တလိပ်လိပ်တက်လာကာ ထောင်ချီသော နတ်ဆိုးများ မြေပြင်ပေါ်သို့ လဲကျသွားသည်။မြေကြီးသည် ပြင်းထန်စွာ တုန်ခါနေခဲ့သည်။
ထို့နောက် စုယီသည် ကျူးဝူဓားကို ကိုင်ချင်း ရှေ့တက်လာသည်။သူသည် မသေမျိုးကို သတ်သည့် နှလုံးသားဓားသိုင်းကို စတင်အသုံးပြုသည်။သူ့ပုံစံသည် ကြောက်လန့်ဖွယ်ပင်။သူသည် မိစ္ဆာစစ်တပ်ထဲသို့ တိုးဝင်ကာ သူ့လမ်းကြောင်းမှာရှိသည့် မိစ္ဆာအားလုံးကို သတ်သွားသည်။
ရွှီး! ရွှီး! ရွှီး…
သူသည် မိစ္ဆာများထပ်ပင် ပိုလို့ မိစ္ဆာဆန်နေသည်။သွေးများသည် ထိန်းမနိုင် သိမ်းမရ ထွက်လာသည်။သို့ရာတွင် ဘယ်သွေးမှ စုယီ၏ အဖြူရောင် ရှပ်အင်္ကျီကို မစွန်းထင်းပါ။
“ဂါး—”
(၇)မီတာ ရှည်သော ကျားနက်တစ်ကောင်သည် စုယီအား အပိုင်းပိုင်း စုတ်ဖြဲရန် ရည်ရွယ်၍ ခုန်အုပ်လေသည်။
စုယီသည် တစ်ပတ်လှည့်လိုက်ပြီး သူ့ဓားဖြင့် ထိုးလိုက်သည်။နဂါးတစ်ရာ၏စွမ်းအားသည် လန့်စရာ ကောင်းသည်။သူသည် ကျားနက်ကြီးကို ဘာအဟန့်အတားမှ မရှိဘဲ ဖရဲသီးတစ်လုံးကို ခွဲသကဲ့သို့ ထက်ခြမ်း ခြမ်းလိုက်သည်။
သူသည် အတားအဆီးမဲ့ သောင်းကျန်းနေခဲ့ပြီး မကြာမီတွင် မရေမတွက်နိုင်သော နတ်ဆိုးများ ဝန်းရံထားသည့် နတ်ဆိုးစစ်တပ်၏ အလယ်သို့ ရောက်ရှိသွားသည်။မြို့စွန်မှာရှိသည့် တက်ဘလက် ကင်မရာသည် သူ့ကို ရိုက်ဖို့ရန် မဖြစ်နိုင်တော့ပေ။သူတို့သည် လေထဲသို့ လွင့်ပျံလာသည့် မိစ္ဆာသားရဲများကိုသာ မြင်ရသည်။ခြေပျက်လက်ပျက်များနှင့် သွေးများ လေထဲတွင် ပြန့်ကျဲနေသည်။
ထိုအချိန်တွင် တစ်မြို့လုံး ရှောခ့်ရသွားပြီး သူတို့၏ နှလုံးသားထဲတွင် ပြင်းပြသော ခံစားချက်များ စီးဝင်လာသည်။
စုယီ ပြသလိုက်သည့် ထူးခြားသော သတ္တိသည် အလွန် လွှမ်းမိုးသည်။
ရန်သူ သန်းချီ ရှိလျှင်တောင် ငါ တိုက်မည်!
တစ်မြို့လုံး တိတ်ဆိတ်ကာ မည်သူမျှ အသံမထွက်ကြပါ။သူတို့အားလုံး ဖုန်းကိုယ်စီ၊ကိုယ်ပျူတာကိုယ်စီဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုကို စိုးရိမ်တကြီး ကြည့်ရင်း စုယီအတွက် ဆုတောင်းပေးနေကြသည်။
ထိုအချိန်တွင် ကြမ်းကြုတ်ဆုံး လူတွေတောင် စုယီ လုံခြုံဖို့ရန်အတွက် ကောင်းကင်ဘုံသို့ ဆုတောင်းနေကြသည်။စုယီ၏ သတ္တိနှင့်ခွန်အားကြောင့် ရှော့ခ်ရသွားသည့်အပြင် သူတို့ အသက်ရှင်နိုင်ဖို့ရန်အတွက် ဖြစ်သည်။
စုယီသာ သေသွားခဲ့လျှင် တစ်မြို့လုံး ကျပြီဖြစ်သည်!
ဒုန်း—
စုယီသည် သူ့ခြေထောက်ကို ဆောင့်လိုက်ရာ မြေကြီးသည် နောက်တစ်ကြိမ် ထက်ခြမ်းကွဲသွပြီး မရေမတွက်နိုင်သော ကျောက်တုံးများနှင့် ဖုန်မှုန့်များ လေထဲ လွင့်လာသည်။သူသည် လေထဲရှိ ကျောက်တုံးများကို အသုံးပြုကာ လျင်မြန်စွာ ရွေ့လျားသွားပြီး သူ့လမ်းကြောင်းရှိ မိစ္ဆာများကို ဓားတစ်ချက်တည်းဖြင့် သုတ်သင်လိုက်သည်။
မသေမျိုးကို သတ်နိုင်သည့် နှလုံးသားဓားသိုင်းကို ကျွမ်းကျင်လုနီးနီး ဖြစ်နေသည့်အတွက် ဓားချက်များသည် လျင်မြန်ပြီး ထက်လှသည်။ဓားသိုင်းကျွမ်းကျင်သူ မဟုတ်သော်လည်း နဂါးတစ်ရာ၏စွမ်းအား ရှိသည့်အတွက် မည်သည့်မိစ္ဆာမှ သူ့ကို မဟန့်တားနိုင်ပါ။
ရွှီး!
လေကို ဖြတ်တောက်လိုက်သော အသံသည် စုယီ၏ နောက်ဖျားမှ ထွက်ပေါ်လာသည်။လင်းယုန်တောင်ပံများနှင့် လက်ထဲတွင် သုံးခွမှိန်းပါသော သဏ္ဍာန်ပြောင်း မိစ္ဆာသည် စုယီကို ထိုးသုတ်ရန် ရည်ရွယ်ကာ အရှိန်ဖြင့် ထိုးဆင်းလာသည်။ငှက်နှုတ်သီးနှင့် ကောက်ကျစ်သော မျက်နှာဖြင့် နတ်ဆိုးသည် စုယီကို တစ်ချက်တည်းဖြင့်သတ်ရန် ကြံရွယ်ထားသည်။
ယခုအခါတွင် စုယီသည် ခွန်အားအရာတွင်ပါ ကြောက်စရာ ကောင်းရုံမက လျင်မြန်မှုတွင်ပါ အံ့ချီးစရာ ဖြစ်လာသည်။သူသည် တိုက်ခိုက်မှုကို လျင်မြန်စွာ လှည့်ပက်ပြီး ရှောင်တိမ်းသည်။
လင်းယုန်တောင်ပံရှိသည့် နတ်ဆိုးကြီးသည် နောက်ပြန် လှည့်ကြည့်သည့်အခါ စုယီ၏ အေးစက်နေသော အမူအရာကိုသာ မြင်လိုက်သည်။
တိုက်ပွဲအတွင်းတွင် စုယီ၏ပုံစံသည် သူ၏မူလပုံစံနှက့် အလွန်ကွာခြားသည်။ယင်းမှာ နဂါးဆေးပြား၏ လွှမ်းမိုးမှုကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။သို့ရာတွင် သူ၏မျက်နှာသည် မယုံနိုင်လောက်အောင် ခက်ထန်နေသည်။အထူးသဖြင့် သူ၏မျက်လုံးများတွင် သတ်ဖြတ်ချင်စိတ်များနှင့် အရိုးထဲထိ စိမ့်ဝင်လောက်သည့် အေးစက်မှုများဖြင့် ပြည့်နှက်နေသည်။
လင်းယန်တောင်ပံနှင့် နတ်ဆိုး ဘာမှ မလုပ်နိုင်ခင်မှာပင် စုယီက သူ၏ဓားဖြင့် ထိုးသတ်လိုက်သည်။
သွေးများ ပန်းထွက်လာကာ နတ်ဆိုးသည် ချက်ချင်း သေဆုံးသွားသည်မှာ သံသယဖြစ်စရာပင်မလို။
…
ဧကရာဇ်စုသည် ရပ်တန့်လို့မရပါ။မိစ္ဆာများသည် အဘက်ဘက်မှ ပြေးဝင်လာကြသည်။
နတ်ဆိုးတိမ်တိုက်ပေါ်တွင် သခင်ကြီးချီယန်သည် မှင်သက်နေမိသည်။
“ဒီဓားသိုင်းက ဘယ်လိုလုပ် ဖြစ်နိုင်…”
သခင်ကြီးချီယန်သည် ဧကရာဇ်စု ပြောတာကို တွေးမိသွားသည်။သေမျိုးတစ်ယောက်က (၁၂)ရက်အတွင်း မသေမျိုးကို သတ်နိုင်တဲ့ နှလုံးသားဓားကျမ်းကို အငယ်စား ကျွမ်းကျင်အဆင့်ထိ ရောက်နိုင်ခဲ့တယ်—အာ့တာက စုယီလား?
ထိုအတွေးကို တွေးမိပြီးနောက် သူသည် ဗျာများလာသည်။သူ စုယီကို ကူညီသင့်လား မကူညီသင့်ဘူးလား။
ဓားဝိဇ္ဇာရဲ့ မသေမျိုးကို သတ်နိုင်သည့် နှလုံးသားဓားကျမ်းကိုတောင် လွယ်လင့်တကူ ပေးတယ်ဆိုရင် ဧကရာဇ်စုက စုယီကို အရမ်းတန်ဖိုးထားပုံရသည်။
သူက ရပ်ကြည့်နေပြီး ဘာမှ မကူခဲ့ရင် ဧကရာဇ်စုက ဒေါသထွက်လောက်လား?
ဧကရာဇ်စု ဒေါသထွက်စဥ်က သူ ခံစားခဲ့ရသည့် တုန်လှုပ်ခြောက်ခြားမှုကို ပြန်သတိရကာ သူသည် တစ်ကိုယ်လုံး တုန်ရီလာခဲ့သည်။
“နားထောင်လိုက်မယ်။ဒီနတ်ဆိုးတစ်ပိုင်းက မနိုင်ခဲ့ရင် ငါ့ရဲ့တည်ရှိမှုကို ထိခိုက်စေမယ်ဆိုရင်တောင် သူ့ကိုကယ်မယ်!”
သခင်ကြီးချီယန်သည် သူ့စိတ်သူ ပြင်ဆင်ကာ စွန့်စားလိုက်သည်။
ဘယ်သူက ပိုပြီးစွမ်းအားကြီးလောက်မလဲ။ဧကရာဇ်စုလား ၊ အနက်ရောင် အကြေးခွံမြွေဘူရင်လား?
သူသည် နဂိုလူကိုဘဲ မှီခိုလိုက်သည်။
စုယီသာ ဧကရာဇ်စုမှန်း သိလျှင် သူ သွေးအန်လိမ့်မည်။
ထိုစဉ် ဝေါယာဉ်ပေါ်တွင် ထိုင်နေသည့် အနက်ရောင် အကြေးခွံဘုရင်သည်လည်း စုယီ၏ ခွန်အားကြောင့် အံ့အားသင့်သွားသည်။
“ဒီ နတ်ဆိုးတစ်ပိုင်းက သာမန်မဟုတ်ဘူး။သူ့ရဲ့စွမ်းအားက အနည်းဆုံး နဂါး အကောင်ငါးဆယ်တော့ ရှိတယ်။ပြီးတော့ သူ့ရဲ့ဓားက…”
အနက်ရောင် အကြေးခွံဘုရင်သည် သူ့ဘာသာ ရေရွတ်ရင်း ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်သည်။ထို့နောက် ဝေါယာဉ်ပေါ်မှ ဆင်းလိုက်သည်။
စုယီ၏ဓားမှတစ်ဆင့် သူသည် အားပျော့သလို ခံစားလာရပြီး အနီးကပ် လေ့လာကြည့်လိုက်ရာ ရိုးတွင်းချင်ဆီထဲထိ တုန်လှုပ်သွားသည်။
သူတင်မက သခင်ကြီးချီယန်သည်လည်း စုယီ၏ဓားကို သတိထားမိသွားသည်။
“မဖြစ်နိုင်တာ…”
သခင်ကြီးချီယန်၏နဖူးတွင် ချွေးများထွက်လာသည်။ကျားနက်ဧကရာဇ်က ကျူးဝူဓားကို ဆက်သလိုက်မှန်း သူ ကြားသည်။
ဧကရာဇ်စုက ဒီနတ်ဆိုးတစ်ပိုင်းကို ကျူးဝူဓားပါ စွန့်ကြဲလိုက်တာလား?
ဒါသာ တကယ်ဆိုလျှင် သူ စုယီကို သေချာပေါက် ကူညီမှရမည်။မဟုတ်လျှင် ဧကရာဇ်စုက သူ့ကို သေချာပေါက် သတ်လိမ့်မည်။
အခြားတစ်ဖက်တွင်တော့ စုယီသည် နတ်ဆိုးစစ်တပ်ကို ဖြတ်လာနေသည်။နတ်ဆိုးဘုရင်နှစ်ပါးက သူ့ဓားကို မျက်စိကျနေသည့်အချက်ကိုတော့ သတိမပြုမိပေ။
ထိုအချိန်တွင် စုယီသည် ထူးခြားသည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။အစပိုင်းတွင် သူသည် သူ့ခန္ဓာကိုယ်ဖြင့် တိုက်ခိုက်နေသော်လည်း သူ၏ဓားစွမ်းရည်မှာ ပိုမို အဆင့်မြင့်လာကာ တိုက်ခိုက်နေစဉ်တွင် စိတ်အာရုံဖြင့်သည မသေမျိုးကို သတ်နိုင်သည့်နှလုံးသား ဓားသိုင်းကို သုံးနိုင်နေသည်ကို သတိပြုမိသွားသည်။
ပိုထူးခြားသည်က ထိုအခြေအနေတွင် သူသည် ထိခိုက်ဒဏ်ရာ မရတော့ရုံ သာမက သူ၏ တိုက်ခိုက်နှုန်းသည်လည်း ပိုမြန်ဆန်လာကာ သူ၏ ဓားသိုင်းကွက်များသည် ပို၍ ရက်စက်ကာ ပြင်းထန်လာသည်။
တစ်ယောက်ပြီးတစ်ယောက် သူ့အနားသို့ ရောက်လာသည့် မိစ္ဆာများသည် သုတ်သင်ခံလိုက်ရသည်။ကွဲအက်နေသော သဲကန္တာရ၏ နေရာတိုင်းတွင် သွေးများနှင့် မိစ္ဆာသားရဲ အသေကောင်များဖြင့် ပြည့်နှက်နေသည်။ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုပင်။သွေးများသည် မရပ်မနား စီးဆင်းနေပြီး မြေတစ်ပြင်လုံးပင် နီရဲသွားသည်။
“သူ ကျွမ်းကျင်အဆင့်ကို ရောက်သွားပြီတဲ့လား?”
အနက်ရောင် အကြေးခွံဘုရင်သည် မျက်မှောင်ကြုတ်လိုက်သည်။တိုက်ပွဲအတွင်းမှာ ကျွမ်းကျင်အဆင့်ကို တက်သွားတယ်ဆိုတာက ဉာဏ်ကြီးရှင် အစစ်အမှန်ဘဲ။ဓားတာအို ဉာဏ်ကြီးရှင်!
နဂါးငါးဆယ်၏ခွန်အားကို ပိုင်ဆိုင်ခြင်းသည် တန်ဖိုးမဖြတ်နိုင်သည့် ရတနာတစ်ပါးပင်။ဓားတာအို ဉာဏ်ကြီးရှင်ပါ ဖြစ်လျှင်တော့ စုယီက လုံးဝကို သာမန်သက်ရှိတစ်ယောက် မဟုတ်တော့တာဘဲ။
သူ့နောက်မှာ မှန်းဆမရတဲ့ ခွန်အားကြီးတဲ့ နောက်ခံ ရှိရမယ်။
သူသည် ထိတိလန့်သွားသော်လည်း တိုက်ပွဲကိုတော့ မရပ်တန့်ခဲ့ပါ။
သူသည် စုယီ၏ ကျူးဝူဓားကို လိုချင်၍ ဖြစ်သည်။
သူ ထိုအရာကို ပိုင်ဆိုင်ချင်သည်မှာ အတော်ပင်ကြာပြီ!
ဘုန်း—
ရုတ်တရက် စုယီသည် လေထဲသို့ မီတာရာချီ အမြင့်ထိ ခုန်တက်သွားသည်။မြို့စွန်ရှိ ဝန်ထမ်းများသည် ရုတ်တရက် ထိတ်လန့်သွားပြီး စုယီကို ကင်မရာဖြင့် လိုက်ရိုက်ရန် တက်ဘလက်ကို အမြန် လိုက်ချိန်ရသည်။
“သူ ဘာလုပ်မလို့လဲ?”
ကျန်းမန်ထင်သည် သူ၏ ဖုန်းစကရင်ကို စိတ်ဝင်တစား ကြည့်နေရင်းမှ မေးလိုက်သည်။
စကရင်ပေါ်တွင် စုယီသည် ဇောက်ထိုး ခုန်ဆင်းရန် ပြင်ဆင်နေသည်ကို မြင်ရသည်။
နန်ရှောင်ပေါင်သည် စုယီ မထိခိုက်သည်ကို မြင်သည့်အခါ စိတ်သက်သာရသွားပြီး အားစိုက်ကာ ပြုံးလိုက်သည်။ “ကောင်းကင်ယံမှ ဆင်းသက်ခြင်းဆိုတဲ့ ဓားသိုင်းကို မသိဘူးလား?”
သူမသည် စုယီကို ယုံကြည်သည့်အတွက်ကြောင့် စိတ်တည်ငြိမ်ဖို့ရန် ခက်ခက်ခဲခဲ ကြိုးစားနေရသည်။
…