သဘာဝစွမ်းရည်ဆိုတာ ဘာလဲ
Vol. 2 Ch. 20
ကောင်းကင်ထက်က ဓားသမား?
ကျန်းမန်ထင်သည် ဟာသကိုတောင် စိတ်မဝင်စားနိုင်ဘဲ ဖုန်းစကရင်ကိုသာ အာရုံစိုက် ကြည့်နေခဲ့သည်။
ထိုအချိန်တွင် စုယီ နောက်ထပ် ပြသမည့် ကမ္ဘာကို ထက်ခြမ်းခွဲသည့် မြင်ကွင်းကို ကြည့်ရန် တစ်မြို့လုံးသည် အသက်ပင် မရှုနိုင် ဖြစ်နေကြသည်။
ဒီအမြင့်!
ဒီ ကိုယ်နေဟန်ထား!
သေချာတယ်။သူ ဓားကွက် ကြီးကြီး တစ်ခု ထုတ်တော့မှာ!
လူငယ်အများစု၏ စိတ်ဝိဉာဉ်သည် လောင်ကျွမ်းသွားကာ စိတ်လှုပ်ရှားမှုကြောင့် သူတို့၏ သွေးများ ပွက်ပွက်ဆူနေသည်။
လူတိုင်း အံ့ဩကြသည်မှာ စုယီက သူ၏ဓားနှင့်အတူ မိစ္ဆာသားရဲစစ်တပ်၏ အလယ်ဗဟိုသို့ ထိုးဆင်းလိုက်သည့်အချိန်တွင် ကြီးကျယ်ခမ်းနားသော တိုက်ပွဲ တစ်ခုတစ်လေမျှ ပေါ်ထွက်မလာပါ။
ထိုမြင်ကွင်းသည် လူငယ်တွေကို ပါးစပ် အဟောင်းသား ဖြစ်သွားစေသည်။
ဓားကွက် ကြီးကြီးမားမားမရှိဘဲ ဘာလို့ အမြင့်ကြီး ခုန်ရတာလဲ?
သူတို့တွင် သံသယများ ရှိသော်လည်း စုယီကို အားထားနေဆဲပင် ဖြစ်သည်။ဆိုးရွားသည့် အခြေအနေများတွင်သာ သူရဲကောင်းက ပေါ်ထွက်လာသည်ဟု ယုံကြည်ကြသည်။
စုယီသည် ထိုသို့သော သူရဲကောင်းဖြစ်သည်!
ဒီတိုက်ပွဲပေါ်တွင် ရှီဝမ်မြို့၏ ကံကြမ္မာသည် မူတည်နေသည်။လူအားလုံးသည် စုယီ နိုင်ဖို့ မျှော်လင့်နေကြသည်။
ပေါက်ကွဲသံနှင့်အတူ!
စုယီသည် မိစ္ဆာစစ်တပ်ကြီးကို ဖြတ်ကာ သူတို့ကို ချုပ်ကိုင်ထားသည့်နေရာသို့ ဦးတည်လာနေသည်။သူ၏ အဖြူရောင် ရှပ်အင်္ကျီတွင် နေရာတိုင်း၌ စုတ်ပြဲနေကာ ပန်းထွက်လာသည့် မိစ္ဆာများ၏ သွေးများသည် သူ့ခန္ဓာကိုယ်ပေါ် စိုရွဲနေကာ သူ၏ပုံစံသည် ပို၍ပင် အေးစက်သည့်ပုံ ပေါ်လာသည်။
လူတစ်ယောက်ထဲနှင့် သိန်းချီတဲ့ မိစ္ဆာသားရဲတွေကို တိုက်ခိုက်နေတာ ယုံကြည်ချင်စရာ မကောင်းတဲ့ စွမ်းအားဘဲ။ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းပင်။
“လုပ်စမ်းပါ!”
“စုယီ သေချာပေါက် နိုင်မှာ!”
“သူတို့အကုန်လုံးကို သတ်ပစ်လိုက်!”
“တောင့်ထား!”
မြို့စွန်ရှိ စစ်သားများသည် ကျယ်လောင်စွာ အော်နေခဲ့သည်။အားစိုက်အော်ရသဖြင့် သူတို့၏အသံများသည် ကွဲအက်နေသည်။ဒီတိုက်ပွဲတွင် သူတစ်ယောက်တည်း မဟုတ်ဘူးဆိုသည်ကို သိစေရန်အတွက် စုယီကြားအောင် သေချာ အားပေးနေခြင်း ဖြစ်သည်။သူ လဲကျခဲ့လျှင် သူတို့လည်း အဆုံးသတ်ကာ အဝါရောင်နွေဦးစီသို့ သူနှင့်အတူတူ လိုက်ပါမည်။
သူတို့၏ အသံမျသည် ကျယ်လောင်ကာ ပဲ့တင်ထပ်နေသည်။သူတို့နေရာသည် တက်ဘလက်နှင့် သိပ်မဝေးသဖြင့် နောက်ခံဂီတကဲ့သို့ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပါလာသည်။
ရှီဝမ်မြို့ထဲရှိ အမျိုးသမီးများစွာသည် ငိုကြွေးကြကုန်သည်။
ကမ္ဘာမှာတုန်းက သူတို့သည် ကိုယ်ပိုင်ဘဝများနှင့်သာ နေထိုင်သဖြင့် အချင်းချင်း မသိခဲ့ကြပါ။ယခုမူ စုယီအတွက် မြို့သည် တစုတစည်းတည်း ပေါင်းစည်းသွားသည်။တစ်ခါမှ မကြုံဖူးသည့် စည်းလုံးညီညွတ်မှုသည် ထွက်ပေါ်လာသည်။
ရုတ်တရက် တက်ကြွသော အမျိုးသားများသည် သူတို့၏ဖုန်းများကို အိမ်တွင် ထားခဲ့ကာ မြို့၏မြောက်ဘက်သို့ စုဝေးလာကြသည်။
ယောကျာ်းတွေတင် သာမက မိန်းမများပါ ပါဝင်လာကြသည်။
သိန်းချီသော မိစ္ဆာသားရဲ စစ်တပ်နှင့် ယှဉ်လျှင် သေမျိုးများ၏ ခွန်အသည် မသာလွန်ပါ။သို့သော် တစ်ခါတစ်ရံတော့ လူသားတို့၏ စိတ်စွမ်းအားသည် သိန်းချီသော မိစ္ဆာသားရဲ စစ်တပ်ထက် သာလွန်သည်။
“သူ၊ စုယီ ၊ လူငယ်လေးက ငါတို့ တစ်မြို့လုံးအတွက် တိုက်ပွဲဝင်နေတယ်။ငါတို့ကရော ဘာလုပ်ကြမလဲ?ငါတို့ ဒီမှာ အမြီးကုပ်ပြီး ငြိမ်နေကြမှာလား!”
“ငါတို့က လူသားတွေဆိုရင်တောင်!”
အမျိုးသားတစ်ယောက်သည် လမ်းမအလယ်တွင် မတ်တပ်ရပ်ကာ အဆောက်အအုံများမှ လူများ ထွက်လာစေရန် မိုက်ကရိုဖုန်းမှတစ်ဆင့် အော်ကာ စည်းရုံးနေခဲ့သည်။
“သတ္တိရှိတဲ့ လူတိုင်း အားပေးဖို့ ကျွန်တော်နဲ့ အတူတူ မြို့မြောက်ဘက်ကို လိုက်ခဲ့ပါ!သေရမယ်ဆိုရင်တောင် သိက္ခာမဲ့ပြီး မသေချင်ဘူး!”
သူ၏အသံသည် တက်ကြွစေရန် လှုံ့ဆော်ပေးနေရာ အခြားသူများသည်လည်း သူနှင့်အတူ စတင် အော်ကြတော့သည်။
၎င်းမှာ မြို့အနှံ့ရှိ အလားတူမြင်ကွင်းများထဲမှာ တစ်ခုသာ ဖြစ်သည်။
ယခုအကြိမ်သည် မိစ္ဆာများ၏ ပထမဆုံး တိုက်ခိုက်ခြင်းကို ခံရခြင်းမဟုတ်သဖြင့် လူတစ်ယောက်ချင်းစီသည် မိစ္ဆာများကို ရွံရှာမုန်းတီးနေကြသည်။ရှီဝမ်မြို့ ပထမဆုံး ကူးပြောင်းလာစဉ်က လူ ဘယ်လောက်များများ သေဆုံးခဲ့ရပြီးပြီလဲ?
အသက်ရှင်သည့် လူတိုင်းနီးပါး၏ သူငယ်ချင်းများနှင့် မိသားစုများသည် မိစ္ဆာများ၏ လက်ချက်ကြောင့် သေကြေခဲ့ရသည်။
စုယီ၏ သတ္တိသည် သူတို့အားလုံးကို များစွာ လှုံ့ဆော်နိုင်ခဲ့သည်။
တခြားတစ်ဖက်တွင် စုယီသည် ဆက်လက် တိုက်ခိုက်နေခဲ့သည်။
မသေမျိုးကို သတ်နိုင်သည့် နှလုံးသားဓားသိုင်းကိုလည်း ပိုပြီး နက်နက်နဲနဲ သိလာခဲ့သည်။သူ့ဓားချက် တစ်ချက်ချင်းစီသည် စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။
ဓားချီ အစပျိုးခြင်း!
ဆယ်ရက်ပတ်ချာလည် အချိန်တိုအတွင်း စုယီသည် ပြီးပြည့်စုံသော အတွေ့အကြုံ မရှိသေးသူ အဖြစ်မှ ဓားချီကို ထုတ်လွှင့်သူ ဖြစ်လာသည်။တကယ့်ကို အံ့ဖွယ် ဓားသမားပင်!
သခင်ကြီးချီယန်သည် အဝေးတစ်နေရာမှ ကြည့်ရင်း ထိုစွမ်းရည်ကို အံ့အားသင့်နေခဲ့သည်။ဧကရာဇ်စု သူ့ကို စိတ်ဝင်စားခြင်းမှာ မထူးဆန်းတော့။
အနက်ရောင် အကြေးခွံဘုရင်သည် စုယီက (၁၂)ရက်အတွင်းသာ လေ့ကျင့်ထားသည် ဆိုသည့်အချက်ကို မသိသဖြင့် အံ့တော့မအံ့ဩပေ။နတ်ဆိုးတစ်ပိုင်းကို လှောင်ပြောင်သည့် အကြည့်ဖြင့်သာ ကြည့်နေခဲ့သည်။
ဘုန်း! ဘုန်း! ဘုန်း…
စုယီသည် စစ်မြေပြင်ကို ဖြတ်ကျော်သွသည်။သူ ဖြတ်သွားလိုက်တိုင်း မိုးကြိုးသဖွယ် မြန်ဆန်ပြီး မိစ္ဆာများသည် ဆယ်မီတာထိ ပျံတက်သွားသည်။သူသည် ဓားပေါ်တွင် မတ်တပ်ရပ်လိုက်ပြီး ဝေ့ယမ်းလိုက်ရာ မိစ္ဆာများသည် အသားလွှာများကဲ့သို့ ဖြစ်သွားသည်။
သူ၏ ဓားချီသည် ပို၍ပင် အားကောင်းလာသည်!
တိုက်ပွဲကြားတွင် သူ၏ တိုက်ခိုက်ရေးစွမ်းရည်နှင့် ဓားချီကို ပေါင်းစပ်လိုက်သည့်အခါ မျှော်လင့်သည့်အတိုင်းပင် စုယီသည် သေချာပေါက် အောင်ပွဲခံနိုင်လိမ့်မည်။
…
တိုက်ပွဲကို လာတိုက်ရသည့် အချက် နှစ်ချက် ရှိသည်။တစ်ချက်မှာ ရှီဝမ်မြို့အတွက် ဖြစ်ပြီး နောက်တစ်ချက်မှာ သူ့ကိုယ်သူ လေ့ကျင့်ဖို့ရန် ဖြစ်သည်။
သူ့တွင် နဂါးတစ်ရာ၏ စွမ်းအား ပိုင်ဆိုင်ထားသော်လည်း သူ့တိုက်ခိုက်ရေး အတွေ့အကြုံသည် အလွန် နည်းသည်။ထို့ပြင် သိန်းချီသော မိစ္ဆာသားရဲ စစ်တပ်ကို တစ်ယောက်တည်း တိုက်ရသကဲ့သို့ အသက်အန္တရာယ်ရှိသည့် တိုက်ပွဲမျိုးကိုလည်း တစ်ခါမှ ရင်မဆိုင်ဖူးပေ။
သူ့တိုက်ခိုက်ရေးစွမ်းရည်က တကယ့်ကို ထူးချွန်တယ်ဟု ပြောလို့ရသည်!
သူ့ကိုယ်သူတောင် အံ့ဩသွားရသည်!
တာအို ဆက်သွယ်ရေးစက်ရဲ့ လွှမ်းမိုးမှုကြောင့်များလား?
“ဒီကောင်…”
အနက်ရောင် အကြေးခွံဘုရင်သည် သူ၏မျက်လုံးများကို မှေးကျဉ်းလိုက်သည်။သူလည်း စုယီ၏စွမ်းရည်ကို မြင်သည်။
သူ ထပ်မစောင့်နိုင်တော့ပါ!
တိုက်ပွဲ ဆက်ဖြစ်နေရင် စုယီက သူ့ရဲ့သိန်းချီတဲ့ စစ်တပ်တစ်တပ်လုံးကို သတ်ပစ်လိမ့်မယ်။
အနက်ရောင် အကြေးခွံဘုရင်သည် ချက်ချင်း လေထဲသို့ ခုန်တက်သွားသည်။သူ့ဝတ်ရုံသည့် ပွင့်သွားကာ သူ၏ လက်မောင်းတစ်လျှောက်တွင် အနက်ရောင် အကြေးခွံများ ထွက်ပေါ်လာသည်။ထိတ်လန့်စရာပင်!
သူသည် ဒါဇင်နှင့်ချီသည့် မြေခွေး၊ကျားနှင့်ကျားသစ်များဖြင့် ရှုပ်ယှက်ခတ်နေသည့် စုယီထံသို့ လှမ်း ထုးသုတ်လိုက်သည်။ရုတ်ချည်းဆန်တဲ့ ဖြစ်ရပ်ဖြစ်သောငြား သူ၏အမြင်အာရုံသည် စူးရှသည့်အတွက် ချက်ချင်းပင် ခုန်ကျော်ကာ ရှောင်လိုက်သည်။
ပေါက်ကွဲသံနှင့်အတူ!
အနက်ရောင် အကြေးခွံဘုရင်၏ ခြေသည်းသည် လမ်းတွင် ပိတ်ဆို့ထားသော အဝါရောင် နွားဝိဉာဉ်ကို သတ်ပစ်မိသွားကာ သူ၏ အသွေးအသားများသည် လမ်းတစ်လျှောက် ပျံ့နှံ့သွားသည်။သူ၏မျက်လုံးထဲတွင် ရက်စက်သော အကြည့်ပေါ်လာကာ စုယီနောက်သို့ မဆုတ်မနစ် လိုက်လေသည်။
သူ၏ ခုန်ပျံကျော်လွှားမှုကို တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် မြင်လိုက်ပြီး တစ်မြို့လုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
အနက်ရောင် အကြေးခွံဘုရင်က သူကိုယ်တိုင် တိုက်ပွဲဝင်တယ်!
စုယီသည် ပို၍ ခက်ခဲလာသည်!
“သွားပြီ…စုယီက အနက်ရောင် အကြေးခွံဘုရင်ကို နိုင်ပါ့မလား?”
“အာ့တာ အနက်ရောင် အကြေးခွံဘုရင်လား?ပြင်းထန်လိုက်တဲ့ အရှိန်အဝါ!”
“သေစမ်း။စုယီကို ကြည့်ရတာ လွယ်မယ်တော့ မထင်ဘူး”
“ဘုရားရေ ငါတို့လည်း သူ့ကို ကူညီလို့မရဘူး”
“မကူညီနိုင်ဘူးဆိုတာ ဘာကိုပြောတာလဲ?အားလုံးဘဲ ငါနဲ့အတူ မြို့မြောက်ဘက်ကို လိုက်ခဲ့ကြ!”
မြို့ထဲရှိ လူများသည် အနက်ရောင် အကြေးခွံဘုရင်က တိုက်ပွဲထဲ ပါလာသည်ကို မြင်တဲ့အခါ ပို၍ စိတ်ပူလာပြီး ချင်ချင်းပင် ပိုများသော လူတွေသည် မြို့မြောက်ဘက်သို့ ဦးတည်လာကြသည်။
တကယ်တော့ ရှီဝမ်တစ်မြို့လုံးနှင့် ယှဉ်လျှင် ထိုလူများသည် သိပ်များတဲ့ ပမာဏ မဟုတ်ပါ။
လူ့သဘာဝအလျောက် သေမှာကြောက်သည့်သူများက ပို၍များသည်။
နန်ရှောင်ပေါင်သည် မကူညီနိုင်ပေမယ့် ထွက်လည်းမပြေးချင်ပါ။သူမသည် မြို့မြောက်ဘက်ကို သွားမည်။စုယီကို တစ်ယောက်တည်း တိုက်ခွင့် မပြုနိုင်ပါ။
သူမသည် နဂါးတစ်ကောင်စွမ်းအားကို ပိုင်တိုင်ထားသည့်အတွက် ကျန်းမန်ထင်တို့ မိသားစုသည် သူမကို မတားဆီးနိုင်ပါ။
နန်းရှောင်ပေါင် ထွက်သွားသည့်အခါ သူတို့၏ဖုန်းများကို ထုတ်ကာ တိုက်ပွဲကို ဆက်ကြည့်ကြသည်။
နန်းရှောင်ပေါင်နှင့် လိုက်ဖို့ကတော့ မဖြစ်နိုင်ပါ။
ဘဝဆိုတာ တိုတိုလေးပါ။
…
ချွမ်—
စုယီ၏ဓားသည် အနက်ရောင် အကြေးခွံဘုရင်၏ ညာဘက်လက်မောင်းကို ခုတ်ပိုင်းလိုက်ရာ မီးပွားများ ထွက်ပေါ်လာပြီး အကြေးခွံများပင် ကွာကျသွားသည်။အနက်ရောင် အကြေးခွံဘုရင်သည် ကြောက်လန့်ပြီး အလျင်အမြန် ဆုတ်သွားသည်။
ကျူးဝူဓားဆိုတာက ကြီးမြတ်သော မသေမျိုးဓား(၇)စင်းထဲက တစ်ပါးလေ။သူ့အကြေးခွံတွေက ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။
“ဒီဓားက…”
အနက်ရောင် အကြေးခွံဘုရင်သည် စုယီလက်ထဲရှိ ကျူးဝူဓားကို စိုက်ကြည့်ရင်း လိုချင်တပ်မက် လာခဲ့သည်။
ကျူးဝူဓားမှန်းသာ သိခဲ့ရင် သူ မကြောက်မရွံ့ လိုချင်ခဲ့မှာ မဟုတ်ဘူး။
မသေမျိုး ဓားခုနစ်စင်းသည် ကျားနက်ဧကရာဇ်ကဲ့သို့ပင် ခေတ်အဆက်ဆက် ထွန်းလင်းတောက်ပနေသည့် တည်ရှိမှုတစ်ခုဖြစ်သည်။ ရရှိခဲ့လျှင်ပင် ကိုင်တွယ်ဖြေရှင်းရန် အလွန်ပူလောင်ရသဖြင့် အမြန်စွန့်ပစ်မည်ဖြစ်သည်။
တစ်ချို့ ရတနာများသည် အလွန်အားကောင်းသဖြင့် လိုချင်သူများကို အန္တရာယ် ရှိစေသည်။
တောင်လို ပုံထားသည့် မိစ္ဆာသားရဲအသေကောင်တွေ၏ ထိပ်တွင် ဂုဏ်ယူစွာ ရပ်ရင်း စုယီက အနက်ရောင် အကြေးခွံဘုရင်အား သူ၏ဓားကို မြှောက်ပြလိုက်သည်။ “ဆုတ်ခွာမလား ဒါမှမဟုတ်?”
ထိုမြင်ကွင်းက တိုက်ရိုက်ထုတ်လွှင့်မှု မှတစ်ဆင့် ရှင်းရှင်းလင်းလင်း မြင်ရသည်။စုယီ၏ ကြွေးကြော်သံနှင့်အတူ မရေမတွက်နိုင်သော လူများ သွေးဆူလာခဲ့သည်။
အကြောက်အလန့်မရှိလိုက်တာ။သေချာပေါက် လူသားမဟုတ်ဘူး!
“ဒီလူငယ်လေးက ငါတို့ရဲ့ သူရဲကောင်းလို့ တကယ့်ကို ခေါ်ထိုက်ပါတယ်”မြို့တော်ဝန် ထန်ချွမ်မင်က ပြောလိုက်ရာ သူ့ဘေးရှိ ကိုယ်ရံတော်များသည် ရှောခ့်ရသည့် မျက်နှာဖြင့် အလိုလို ခေါင်းငြိမ့်မိလေသည်။
သူတို့နောက်တွင် သောင်းချီသော မိစ္ဆာအလောင်းများ အပုံလိုက် ရှိသည်။ထိုအသေကောင်တောင်ထိပ်တွင် စုယီက မတ်တပ်ရပ်နေသည်။ဖော်ပြမရလောက်အောင် ကြီးကျယ်ခမ်းနားသည့် မြင်ကွင်းပင်။
သူတို့သာမက သူတို့နောက်ရှိ စစ်သားများသည်လည်း မထိန်းနိုင် မသိမ်းနိုင် စိတ်လှုပ်ရှားနေခဲ့သည်။
စုယီသည် သူတို့ တွေးထားတာထပ်ပင် ပို၍ သန်မာနေသည်။
…