ဆဲလ်ဖုန်း၏ ထိတ်လန့်ဖွယ် အသွင်ကူးပြောင်းမှု
Vol. 2 Ch. 21
“ပြန်ဆုတ်မလား?”
အနက်ရောင် အကြေးခွံဘုရင်သည် စိတ်ပျက်ဖွယ် အော်ရယ်လေသည်။စုယီ၏ ခွန်အားသည် ဘယ်လောက် ကြီးမားနေပါစေ သူ၏ မျက်လုံးထဲတွင်တော့ လူငယ်သည် ဟာကွက်များနှင့် ပြည့်နေသည်။ငါ မနိုင်လောက်ဘူးလို့ သူ တကယ်ထင်နေတာလား?
ထိုသို့ တွေးပြီးနောက် အနက်ရောင် အကြေးခွံဘုရင်သည် စုယီကို နောက်တစ်ကြိမ် ထပ်တိုက်လေသည်။
ဒီတစ်ကြိမ်တွင်တော့ သူသည် ပို၍ပင် မြန်လာသည်။
စုယီသည် အငိုက်မိကာ အဝေးသို့ လွင့်ထွက်သွားသည်။ကြီးမားလှတဲ့ အနက်ရောင် အကြေးခွံဘုရင်ရဲ့ စွမ်းအား။
သခင်ကြီးချီယန်နှင့် ယှဉ်လျှင် အနက်ရောင် အကြေးခွံဘုရင်သည် ပို၍သန်မာသည်။
နှစ်ယောက်လုံးက စိတ်တန်ခိုး၏ နတ်ဆိုးဘုရင်တွေဘဲ!
နတ်ဆိုးမျိုးနွယ်စုကို နတ်ဆိုးချီ ဖွဲ့စည်းပုံအလိုက် အမျိုးအစား ခွဲသည်။ဆေးပြားကရတဲ့ နတ်ဆိုးစွမ်းအား၊ပုံစံပြောင်းနိုင်သည့် ကြီးမြတ်တဲ့ နတ်ဆိုးနှင့် စိတ်တန်ခိုး၏ နတ်ဆိုးဘုရင်!
လူသားမျိုးနွယ်စု၏ချီနှင့် အလားတူပင် ဖြစ်သည်။ဒြပ်စင်ရှစ်မျိုးအရ ဝိညာဉ်ပင်လယ်နိုးထခြင်း၊ ဥပဒေအတွင်းမှ ဆေးပြား သုံးစွဲခြင်း၊ နှလုံးနှင့် ပေါင်းစပ်ခြင်း!
မိုဟောင်ရှန့်သည် ဥပဒေအတွင်းမှ ဆေးပြား သုံးစွဲခြင်းကို စတင်သည့်အဆင့် ဖြစ်သည်။စုယီ၏အစွမ်းသည် စိတ်တန်ခိုး နတ်ဆိုးဘုရင် အဆင့်နီးနီးသို့ ရောက်နေပြီဖြစ်ကြောင်း ကောက်ချက်ချလို့ ရသည်။
သို့သော် စုယီတွင် နတ်စွမ်းအင် မရှိသဖြင့် သူသည် ရုပ်ပိုင်းဆိုင်ရာ စွမ်းအားကိုသာ မှီခိုရသည်။
နဂါးဆေးပြားတစ်ရာကိုတောင် အလွယ်လေး ပေးနိုင်တဲ့ နတ်ဆိုးဘုရင် ချင်းယန်၏ စွမ်းအား အစစ်အမှန်ကို သူ မကြာခဏ မှန်းဆမိသည်။
သေချာတာ တစ်ခုကတော့ စိတ်တန်ခိုး နတ်ဆိုးဘုရင် ဖြစ်သည့် သခင်ကြီးချီယန်တောင်မှ နတ်ဆိုးဘုရင် ချင်းယန်ကို သွားမထိရဲဘူး ဆိုတာဘဲ။
အနက်ရောင် အကြေးခွံဘုရင်သည် သူ၏ညာလက်ကို ဆန့်ထုတ်လိုက်သည်။သူ၏ နတ်ဆိုးချီသည် စုယီ၏ပတ်လည်တွင် လေဆင်နှာမောင်းတစ်ခုသဖွယ် ရစ်ပက်ကာ ကောင်းကင်မြင့်စီသို့ စုယီကို သယ်သွားသည်။
ဘာမှ အားမထုတ်လိုက်ရဘဲ စုယီသည် ရှောင်တိမ်းမရ ဖြစ်သွားသည်။
“သေစမ်း…”
စုယီသည် အံကြိတ်ကာ ခါးကို လှည့်ပြီး သူ၏ဓားဖြင့် ဖြတ်တောက်ရန် ပြုသည်။
ချွမ်—
ဓားသည် အနက်ရောင် အကြေးခွံဘုရင်၏ ညာဘက်လက်မောင်း တည့်တည့်သို့ ထိုးစိုက်ရာ အကြေးခွံအပိုင်းအစများ ပြန့်ကျဲသွားသည်။
“မင်း တုံ့ပြန်မှုက အတော် အားကောင်းသားဘဲ!”
အနက်ရောင် အကြေးခွံဘုရင်က ဒေါသတကြီး ပြောလိုက်ကာ စုယီ၏ အောက်တွင် ပေါ်လာခဲ့သည်။သူ၏ ညာဒူးကို ကောင်းကင်ယီစီသို့ တိုင်လုံးသဖွယ် ထောင်ကာ အရှိန်ဖြင့် စုယီ၏ ကျောကို ဝင်တိုက်လိုက်သည်။
“ဟွတ်—”
စုယီသည် အနက်ရောင် အကြေးခွံဘုရင်၏အားကို ခံနိုင်ရည် မရှိပါ။သူ့ကျောရိုးသည် ကျိုးလုဆဲဆဲဖြစ်ကာ သူ၏ပါးစပ်မှ သွေးများ မထိန်းနိုင်ဘဲ ထွက်ကျလာသည်။
ထိုအချိန်တွင် သူတို့သည် ကောင်းကင်မြင့် တစ်နေရာတွင် ရှိသောကြောင့် တိုက်ရိုက်လွှင့်နေသည့် ကင်မရာသည် သေချာ ချိန်လိုက်နိုင်သည်။
မြို့သူမြို့သားများသည် ထိတ်လန့်သွားကြပြီး သူတို့၏ နှလုံးသားများ ရုတ်တရက် ဆုပ်ကိုင်ခံလိုက်ရသည်။
စုယီ ဒဏ်ရာရသည်ကို မြင်သည့်အခါ သူတို့၏ နှလုံးသားသည် သံမဏိ မဟုတ်သဖြင့် ခံစားသွားကြရသည်။
ဘာဖြစ်ဖြစ် စုယီက သူတို့အတွက် တိုက်ပွဲဝင်ပေးခဲ့တယ်။
စုယီသည် အလွန် စွမ်းအားကြီးပေရာ ရှေးဟောင်းတောထဲတွင် သူ့ဘာသာ တစ်ယောက်တည်းသာဆို အသက်ရှင်နိုင်သည်။သို့သော် သူ ထိုသို့ မလုပ်ခဲ့ပါ။ဒီဝိဉာဉ်မျိုးကိုမှ တကယ် မြင့်မြတ်တယ်လို့ ခေါ်တယ်။
“ပြီးသွားပြီ…စုယီ သေတော့မယ်…”
“သေစမ်း။ငါ့မှာ စွမ်းအားမရှိလို့ ဘာမှ မလုပ်နိုင်ဘဲ မြို့ထဲမှာ ပုန်းနေရတာကို မုန်းလိုက်တာ”
“မဟုတ်တာ။ စုယီက အရမ်းသန်မာတာကို!”
“သူသာ တကယ်သေသွားရင် ငါတို့လည်း သွားပြီ။ပိုဆိုးတာက အနက်ရောင် အကြေးခွံဘုရင်က ဒေါသထွက်သွားတာဘဲ”
“ငါတို့ တကယ် ပြီးသွားပြီ…”
ထိုအချိန်တွင် ရှီဝမ်တစ်မြို့လုံး စိတ်ပူသူများ၊ ကြောက်လန့်သူများ၊ စိတ်ပျက်အားငယ်နေသူများဖြင့် ပြည့်သွားသည်။
စုယီကလွဲပြီး ဘယ်သူကများ သိန်းချီတဲ့ နတ်ဆိုးတပ်ကြီးကို ခုခံနိုင်မှာတဲ့လဲ?
အတုမရှိတဲ့ အနက်ရောင် အကြေးခွံဘုရင်ဆို ပြောကို မနေနဲ့တော့။
လမ်းမပေါ်တွင် အရူးတစ်ယောက်လို ပြေးလွှားနေသော နန်ရှောင်ပေါင်သည် ဖုန်းမှတစ်ဆင့် သူမ ကြောက်လန့်နေခဲ့သည့် မြင်ကွင်းကို မြင်လိုက်ရသည့်အခါ ဖုန်းကိုပိတ်ကာ မြို့မြောက်ဘက်စီသို့ အားကုန်သုံး ပြေးလေတော့သည်။
သူမတင်မက ရှီဝမ်တစ်မြို့လုံးရှိ လူများသည် မြောက်ဘက်တွင် စုနေကြသည်။
မြို့ ကျသည်နှင့် တစ်ပြိုင်နက် သူတို့ မိသားစုတွေလည်း ပျက်စီးရမည် ဖြစ်သည်။
ရှီဝမ်မြို့ကထွက်ပြီး ရှေးဟောင်းတောထဲကို ခြေချလျှင်လည်း သေချာပေါက် သေလိမ့်မည်။
သူတို့မြို့အတွက် သူတို့ တိုက်ခိုက်မှရမည်!
ဒဏ်ရာရသွားသော စုယီသည် အရှုံးမပေးခဲ့ပါ။နောက်သို့လှည့်ပြီး အနက်ရောင် အကြေးခွံဘုရင်က အခွင့်ကောင်း မယူနိုင်စေရန် ဓားဖြင့် လှမ်းခုတ်လိုက်သည်။
“ငါ ရှင်ကျန်မှ ဖြစ်မယ် မဟုတ်ရင် ငါ သေချာပေါက် သေလိမ့်မယ်!”
သူ့ခွန်အားက သူ့အားသာချက်ဖြစ်မှန်း သိသည့်အတွက် စုယီသည် သူ့ကိုယ်သူ တွန်းအားပေးနေခဲ့သည်။
မသေမျိုးကို သတ်နိုင်သည့် နှလုံးသားဓားသိုင်းကို ကျင့်ပြီးနောက် သူ့လှုပ်ရှားမှုသည် အလွန့်အလွန် မြန်ဆန်လာပါသော်လည်း အနက်ရောင် အကြေးခွံဘုရင်ထပ် ကျော်လွန်ဖို့ကတော့ အတော် အလှမ်းဝေးသေးသည်။
ထိုအချိန်တွင် တောင်ငယ်တစ်ခုသဖွယ် ကြီးမားသည့် ခေါင်းနှစ်လုံးပါ လင်းတကြီးသည် တိုးဝင်လာခဲ့သည်။
အခွင့်ကောင်းဘဲ!
ခေါင်းနှစ်လုံး လင်းတကြီး တိုးဝင်သည်နှင့် စုယီသည် ၎င်း၏ခန္ဓာကိုယ်ကို သူ၏ဓားဖြင့် ထိုးစိုက်လိုက်သည်။သွေးများသည် ရေပန်းတစ်ခုအလား ပန်းထွက်လာသည်။
ပြင်းထန်သည့် ဒဏ်ရာကြောင့် ခေါင်းနှစ်လုံးပါ လင်းတကြီးသည် အော်မြည်ကာ မြေပြင်ပေါ်သို့ ထိုးဆင်းလေသည်။
“အသုံးမကျလိုက်တာ!”
အနက်ရောင် အကြေးခွံဘုရင်သည် ဒေါသတကြီးကျိန်ဆဲလိုက်ပြီး စုယီ မြေပြင်ပေါ်သို့ ဆင်းသက်တာကို တားဆီးရန် နောက်မှ အမြန်လိုက်လာသည်။သို့ရာတွင် စုယီ၏ ကျူးဝူဓားသည် အလွန် လျင်မြန်သဖြင့် စုယီကို မသတ်အောင် အလျင်အမြန် ကာလိုက်နိုင်သည်။
ပေါက်ကွဲသံနှင့်အတူ!
စုယီနှင့် ခေါင်းနှစ်လုံးပါ လင်းတသည် မြေပြင်ပေါ်သို့ ရိုက်ကျသွားသည်။ဗုံးတစ်လုံး ပေါက်ကွဲသကဲ့သို့ များစွာသော နတ်ဆိုးတွေကို တွန်းတိုက်ကာ ဖုန်မှုန့်များ လိပ်တက်လာသည်။
ဆင်းသက်ပြီးနောက် စုယီသည် ဖုန်လုံးတွေကြားမှ အလျင်အမြန် ခုန်ထွက်လိုက်ပြီး တောရိုင်းတစ်ကောင်လို စတင် သတ်ဖြတ်တော့သည်။
သူသည် အနက်ရောင် အကြေးခွံဘုရင်ကို ရှုံးနိမ့်နိုင်သော်လည်း နတ်ဆိုးသားရဲတွေကိုတော့ တတ်နိုင်သမျှ များများ သတ်မှရမည်။နတ်ဆိုးသားရဲတွေ ပိုပြီး အသက်ရှင်ကျန်လေလေ လူတွေ ပိုသေလေလေဘဲ။
သူ့ကိုယ်သူ သူတော်ကောင်းတစ်ယောက် အနေနဲ့ မမြင်သော်လည်း သူ့တွင် စွမ်းရည်ရှိသောကြောင့် ကမ္ဘာမြေအတွက် သူ တတ်နိုင်သလောက် တာဝန်ထမ်းသွားချင်သည်။
သူသည် နောက်ပိုင်းတွင် ရှေးဟောင်းတောထဲ၌ တစ်ယောက်ထဲ ရှင်ကျန်ခဲ့ရမည့် လူသားတော့ သေချာပေါက် မဖြစ်ချင်ပါ။အထူးသဖြင့် ရှီဝမ်မြို့ထဲတွင် သူ ဂရုစိုက်သည့် လူများ ရှိသေးသည်။
စုယီသည် နောက်ထပ်တစ်ကြိမ် သူ၏ မြင့်မြတ်သောစွမ်းအားကို ထုတ်ဖော်ပြသည်ကို မြင်သည့်အခါ မြို့စွန်ရှိ စစ်သားများသည် အော်ဟစ်ကာ အားပေးကြလေသည်။
“တော်လိုက်တာ!”
“ဒီကလေးက လွယ်လွယ်နဲ့ လဲကျမှာ မဟုတ်ဘူးဆိုတာ ငါ သိပြီးသားကွ!”
“အရှုံးမပေးနဲ့ စုယီ!”
“စုယီ နိုင်ကိုနိုင်မှာကွ! အာ့မိစ္ဆာတွေကို သတ်ပစ်!”
မြို့တော်ဝန် ထန်ချွမ်မင်သည်လည်း စိတ်လှုပ်ရှားကာ လက်သီး လက်မောင်းများပင် တန်းနေလေသည်။
အနက်ရောင် အကြေးခွံဘုရင်သည် စုယီကို ခြေသည်းဖြင့် တစ်ချက်တည်း ထိုးသုတ်ပြီး သတ်ရန် ရည်ရွယ်ကာ ထိုးဆင်းလာခဲ့သည်။
သူ့နောက်တွင် ရှီဝမ်တစ်မြို့လုံး၏ ကြွေးကြော်သံသည် ကောင်းကင်ယံထိ လွင့်ပျံနေသည်။အားလုံးသည် စုယီအတွက် အံ့ဩ ဝမ်းသာ ဖြစ်နေကြသည်။
အနက်ရောင် အကြေးခွံဘုရင်သည် စုယီကို ခြေသည်းဖြင့် တစ်ချက်တည်း ထိုးသုတ်ပြီး သတ်ရန် ရည်ရွယ်ကာ ထိုးဆင်းလာခဲ့သည်။
စုယီသည် ခုန်၍ ရှောင်လိုက်ပြီး တိုက်ရိုက်ထိုးရန်အတွက် ဓားကို မြှောက်လိုက်ရာ အနက်ရောင် အကြေးခွံဘုရင်ကြီးသည် အလျင်စလို ရှောင်တိမ်းသွားခဲ့သည်။
သူ၏ အနက်ရောင် အကြေးခွံများသည် ဖျက်စီး၍ မရဟု ကျော်ကြားသော်လည်း ကျူးဝူဓား၏ ရှေါမှောက်တွင်တော့ နုနယ်လွန်းလှသည်။
စုယီသည် မျက်လုံးပြာနှင့် ကျားကြီးတစ်ကောင်နောက်သို့ လိုက်ကာ ယင်းကို ထက်ပိုင်း ခုတ်ချလိုက်သည်။
“မဖြစ်ဘူး။ဒီလိုဆက်လုပ်နေရင် ငါ့စွမ်းအားတွေ ကုန်သွားလိမ့်မယ်!”
စုယီ၏မျက်နှာသည် အေးဆေးနေသော်လည်း သူ့စိတ်ထဲတွင်တော့ စိုးရိမ်နေခဲ့သည်။
ခုနက ရလိုက်သည့် ရိုက်ချက်သည့် သူ၏ ခါးကို အချိန်မရွေး ကျိုးသွားစေလောက်သည်အထိ အလွန်အမင်း နာကျင်သည်။သို့သော် သူ အာ့တာကို ဆက်ပြီး တောင့်ခံမှ ရမည်။
သေခြင်းနှင့်ရှင်ခြင်းကြားတွင် သူသည် နာကျင်မှုကို ဂရုမစိုက်နိုင်ပါ။
ဝုရှ်! ဝုရှ်! ဝှရှ်…
နတ်ဆိုးချီမှ အသွင်ပြောင်းသွားသည့် မြှားနက်များသည် ကောင်းကင်မှ ကျလာကာ စုယီသည် သွေးရူးသွေးတန်း ဆုတ်ခွာရသည်။သို့သော် သူ၏ပခုံးနှင့် နောက်ကျောတွင် မြှားခြောက်စင်း စိုက်ဝင်သွားသည်။မြှားများ ပျောက်ကွယ်သွားသည့်အခါ ဆန်ခါကဲ့သို့ပင် ကျန်ခဲ့ကာ သွေးများ မနည်းမနော ထွက်လာသည်။
အနားရှိ နတ်ဆိုးသားရဲများသည် သူ့စီသို့ အရူးအမူး ခုန်ဝင်လာကာ သူ့အပေါ်သို့ ဒီရေအလား လွှမ်းမိုးသွားသည်။
သူသည် တိုက်ပွဲ၏အလယ်တွင် ရှိကာ နတ်ဆိုးသားရဲများလည်း များစွာ ရှိသဖြင့် သူ သေလား၊ရှင်လားဆိုတာ ဘယ်သူမှ မသိကြပါ။
“ထွက်သွားစမ်း!”
စုယီသည် အံကိုကြိတ်ကာ ဒေါသတကြီး ဟန်းလေသည်။သူ၏ဓားကို ရေပြေညီအတိုင်း ကိုင်ရင်း သူ၏ခန္ဓာကိုယ်ကို နှစ်ပတ် ပက်လိုပ်သည်။သူ၏ ဓားချီသည် ရေပြေညီအတိုင်း ထွက်ပေါ်လာပြီး လာတိုက်သည့် နတ်ဆိုးများကို သတ်လိုက်သည်။သွေးများနှင့် အသားစများ နေရာအနှံ့ ပြန့်ကျဲသွားသည်။
သူသည် ယိမ်းယိုင်သွားကာ မြေပြင်ပေါ်သို့ လဲကျလုနီးနီး ဖြစ်သွားသည်။
“နတ်ဆိုးတစ်ပိုင်း မင်း အဆုံးသတ်သွားပြီ။ ဘာလို့ ရုန်းကန်နေသေးတာလဲ!”
အနက်ရောင် အကြေးခွံဘုရင်သည် စုယီကို ငုံ့ကြည့်ကာ မထီမဲ့မြင်ပြုလျက် လှောင်ပြောင်လေသည်။
ဘယ်နှင့်ညာကို ဓားဖြင့် အရူးတစ်ယောက်လို ဝှေ့ယမ်းနေသည့် စုယီစီသို့ နတ်ဆိုးသားရဲများသည် ဆက်တိုက် ခုန်ဝင်လာကြသည်။လမ်းဆုံး ရောက်နေသည့် ထောင်ချောက်မိနေသော သားရဲတစ်ကောင်လိုမျိုးပင် ယခင်က သူ ပြခဲ့သည့် ကြီးမြတ်သော ဓားသိုင်းကိုလည်း သူ မပြနိုင်တော့ပါ။
အနက်ရောင် အကြေးခွံဘုရင်၏ လှောင်ပြောင်မှုများကိုလည်း စုယီ မကြားတော့ပါ။
နတ်ဆိုးသားရဲများကို တတ်နိုင်သလောက် များများ သတ်ဖို့အတွေးသာ သူ့မှာ ရှိတော့သည်။
သူ တိုက်နိုင်နေဆဲပင်!
ပေါက်ကွဲသံနှင့်အတူ!
စုယီသည် သွေးစွန်းနေသော ဘယ်ဘက်လက်သီးဖြင့် ထိုးလိုက်သည်။အနည်းငယ် အားပျော့သွားသော်လည်း နဂါးတစ်ရာ၏ စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းဆဲပင် ဖြစ်သည်။သူ့ လက်သီးအားကြောင့် များစွာသော နတ်ဆိုးသားရဲများ အစိတ်စိတ်အမွှာမွှာ ကွဲသွားသည်။
ထိုအချိန်တွင် စုယီသည် သူ၏ ညာဘက်အိတ်ကပ်သည် ပူလာပြီး ပေါက်ကွဲတော့မည်ကဲ့သို့ တစ်စတစ်စ ပို၍ ပူလာသည်ကို ရုတ်တရက် ခံစားမိလိုက်သည်။
အာ့တာက သူရဲ့ ကြီးမြတ်တဲ့ တာအို ဆက်သွယ်ရေး စက်ဘဲ!
ဘာတွေ ဖြစ်နေတာလဲ?
စုယီသည် အတော်လေး ထိတ်လန့်သွားသော်လည်း တိုက်ပွဲအလယ်တွင် ရောက်နေသည့်အတွက် ဖုန်းကို ထုတ်ပြီးစစ်ဖို့ အခွင့်မသာ ဖြစ်နေခဲ့သည်။ထို့ကြောင့်ပင် သူသည် သည်းခံနေလိုက်သည်။
…